← Chapters

ကိုယ့်မျက်နှာကိုယ်ပါးရိုက်ခြင်း

Vol. 76 Ch. 1053

ကိုယ့်မျက်နှာကိုယ်ပါးရိုက်ခြင်း

Vol. 76 Ch. 1053

“ဘာပြောတာ”

ကျင့်ကြံသူများနှင့်သွမ်မုလင်တို့က ထူးဆန်းသောအမူအရာများ ဖြစ်သွားကြ၏။

လူတိုင်း၏မျက်နှာပြင်ပေါ်ရှိ ထူးဆန်းသောအမူအရာများကို မြင်ပြီး ဟွင်းစမ်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည် “မင်းတို့ရဲ့အကြည့်က ဘာတွေလဲ၊ ငါ့ကောင်တို့။ ငါ မင်းတို့အားလုံးကို အမှန်အတိုင်း ပြောနေတာပဲ။ ညွှန်ကြားရေးမှူးသွမ်မုလင်၊ ခင်ဗျားက ထန်ရှုကို အရမ်းတန်ဖိုးထားတယ်ဆိုတာ ကျုပ် သိပါတယ်၊ ဒါပေမယ့် သူက ကောင်းကင်နဲ့မြေပြင်ဘယ်လောက်ကြီးမားသလဲဆိုတာ မသိတဲ့ စိတ်ကြီးဝင်နေသူတစ်ယောက်ပဲ။ သူ့မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး အသေးစားစွမ်းရည်အချို့ ရှိပေမယ့် ဒီနေရာမှာ ရှိုးထုတ်တာက သူ့ကို ဇာတ်သိမ်းသွားစေတာပဲ။ ရေကူးကျွမ်းတဲ့သူက ရေနစ်ပြီး သေသွားရတယ်ဆိုတာကို ကြားဖူးကြတယ်မလား”

“ပါးစပ် ပိတ်ထားစမ်း”

ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများနှင့် ထန်ရှုနှင့်သူ့လူများ၏မြင်ကွင်းက သွမ်မုလင်၏စိတ်ထဲသို့ ပြန်လည်ပြသလာသည်။ မကျေမနပ်ဖြစ်နေသောဟွင်းစမ်အား ကြည့်ရင်း သူက ဒေါသထွက်စွာ ပြောလိုက်၏ “ထန်ရှုက မသေဘူး၊ သူ့လူတွေလဲ မသေကြဘူး။ မင်းက လျှို့ဝှက်ကလန်တစ်ခုက ဖြစ်ပြီး မင်းနဲ့အတူ လက်ရွေးစင်စစ်သည်တစ်ဖွဲ့ကို ခေါ်လာတယ်ဆိုတာ ငါ သိပါတယ်၊ ဟွင်းစမ်။ ဒါပေမယ့် မင်းမှာ ကျင့်ကြံသူတစ်ယောက်ရဲ့အရည်အသွေးတွေ ရှိရမယ်၊ အခြားသူတွေကို ဘယ်လိုလေးစားရမယ်ဆိုတာ မင်း သိရမယ်”

“မင်း ငါ့ကို ဘာအဓိပ္ပါယ်နဲ့ ဒီလိုပြောနေတာလဲ၊ သွမ်မုလင်” ဟွင်းစမ်က ဒေါသထွက်စွာ ပြန်ပြောလိုက်သည် “မင်း ပြောချင်တာက ငါ ဟွင်းစမ်က အခြားသူတွေကို ဘယ်လိုလေးစားရမလဲဆိုတာ မသိတဲ့ လူတစ်ယောက်ပေါ့လေ။ ငါ မှားနေတယ်လို့ မင်း ထင်နေတာလား။ ထိုအကောင်က မောက်မာတယ်၊ အဲဒါကပဲ သူ့ကို နတ်ဆိုးသားရဲတွေရဲ့လက်ချက်နဲ့ သေသွားစေတာပဲ။ သူက သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ”

“မင်းက အခြားသူတွေကို သားပုပ်လေလွင့်ပြောတတ်မှန်း ငါ ဘယ်တော့မှ မ ထင်ထားခဲ့ဘူး၊ ဟွင်းစမ်” သွမ်မုလင်က သာမန်မျှစွာ ပြန်ပြောသည် “ငါ ပြောတာကို နားထောင်စမ်းပါအုံး။ ထန်ရှုက မသေဘူး၊ သူ့လူတွေရောပဲ။ လွန်ခဲ့တဲ့ဆယ်မိနှစ်ကပဲ သူ့လူတွေနဲ့ ပြန်ရောက်လာတယ်၊ အားလုံးက ဒဏ်ရာတွေနဲ့၊ နတ်ဆိုးသားရဲတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့မှန်း သိသာတယ်။ ငါ့မျက်လုံးထဲမှာတော့ သူတို့ရဲ့ခွန်အားနဲ့ရဲရင့်မှုတွေကြောင့် သူနဲ့သူ့လူတွေက ငါတို့ရဲ့လေးစားမှုကို ရရှိထားတယ်။ သူတို့က သတ္တိရှိတဲ့သူတွေပဲ၊ သေရမှာကို မကြောက်ကြဘူး၊ ငါတို့တွေ သူရဲကောင်းလို့ ခေါ်ဖို့ ထိုက်တန်တယ်”

ရုတ်တရက် သူ့ဘေးနားရှိ ကျင့်ကြံသူဆယ်ယောက်ကျော်က မခံမရပ်နိုင်သောအကြည့်များနှင့် တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြ၏ -

“ဟုတ်တယ်၊ သူက လူတစ်ကောင်းတစ်ယောက်ပဲ၊ သူ့လူတွေရောပဲ”

“ထန်ရှုက သေချာပေါက် အသက်ရှင်နေသေးတယ်၊ လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပဲ သူ ထွက်သွားခဲ့တာ။ သူ့လူတွေလဲ သူရဲကောင်းတွေပဲ၊ ကလေးငါးယောက်နဲ့ဆယ်နှစ်အရွယ်သူ့တပည့်မလေးလဲ ပါတယ်။ ကလေးမလေးက ဆယ်နှစ်ပဲ ရှိသေးတာ၊ ဟိုကလေးငါးယောက်ဆိုရင် သူမထက်တောင် ငယ်အုံးမှာ။ ဒါပေမယ့် သူတို့အားလုံးအားလုံးက ဒဏ်ရာအပြည့်နဲ့ ပြန်လာခဲ့ကြတာ၊ နတ်ဆိုးသားရဲတွေရဲ့လက်သည်းတွေနဲ့အစွယ်တွေကြောင့်ရတဲ့ဒဏ်ရာမျိုးတွေပဲ”

“ဟမ့်၊ ဒီလို နာမည်ကြီးကလန်တစ်ခုက လာတယ်ဆိုပေမယ့် ပုံပြင်တစ်ပုဒ်လုံးတောင် မသိဘဲ အခြားသူတွေကို မကောင်းပြောရဲတာပေါ့လေ။ ဘယ်လိုတောင် အရှက်မရှိတာလဲ၊ အကြောင်းအရာတွေကို အတုလုပ်လို့ရပေမယ့် ထန်ရှုလူတွေရဲ့ဒဏ်ရာတွေက လုံးဝအတုမဟုတ်ဘူးကွ”

“အိုး၊ ကမ္ဘာကြီးမှာ ဒီလိုလူတွေ ရှိ‌သေးတာပဲ။ မင်းတို့က မနာလိုဖြစ်နေတာလား ဒါမှမဟုတ် သူတို့ကို လိုက်မီဖို့ စွမ်းရည်မရှိတာလား ငါ တကယ်မခန့်မှန်းနိုင်ဘူး။ သူတို့က နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်တာကို မမြင်ခဲ့တာတောင် မင်းတို့က သူတို့က စော်ကားရဲတာပဲ”

“ဟုတ်တယ် ထန်ရှုက လူငယ်သူရဲတစ်ယောက်ပဲ…”

“ဟုတ်တယ်၊ သူက ငါတို့ရဲ့လေးစားမှုနဲ့ ထိုက်တန်တယ်…”

“…”

“…”

ဟွင်းစမ်က လုံးဝအံ့အားသင့်သွားခဲ့သည်၊ သူ့စကားကြောင့် ယခုကဲ့သို့ အများ ဒေါသထွက်ကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ခန်မှန်းမှုအားလုံး မှားယွင်းနေမည်ဟု သူမထင်ထားခဲ့ပေ။ ထန်ရှုနှင့်သူ့လူများက နတ်ဆိုးသားရဲများ၏လက်ထဲ၌ မသေရုံသာမက အသက်ရှင်လျက် ပြန်လာခဲ့၏။

ဖြစ်နိုင်တာက…သူနှင့်ကျန်းရွှေရှန့်တို့ မြင်ခဲ့တဲ့ သွေးတွေနဲ့တိုက်ပွဲအရိပ်အယောင်တွေက ထန်ရှုနဲ့သူ့လူတွေဆီက မဟုတ်ဘူးပေါ့။ ဆိုလိုတာက…အဲဒါတွေက နတ်ဆိုးသားရဲတွေဆီကလား။

“မင်းတို့ကောင်တွေ…”

နှုတ်ခမ်းလှုပ်ရွသွားလျက် ဟွင်းစမ်က ပြန်မချေပနိုင်ပေ။ သူတို့အားလုံးပြောသည်က အမှန်ဆိုလျှင် သူက မဟုတ်တန်ရာ ပြောခဲ့သည်သာ။ ကိုယ်မျက်နှာ ကိုယ်ပါးရိုက်လိုက်သလိုပင်။

ကျန်းရွှေရှန့်က မျက်မှောင်ကြုတ်ထားသည်၊ ခဏက သူ အများကြီး မပြောခဲ့မိသည့်အတွက် စိတ်ထဲ၌ ဝမ်းသာသွား၏။ သို့သော် ဟွင်းစမ်အား လူတိုင်းက လှောင်ပြောင်ခဲ့ကြပြီး အချို့စကားလုံးများက သူ့ကိုလည်း အဆိပ်နှင့် ပစ်ပေါက်သလိုပင်၊ သူလည်း အရှက်ရမိသည်။

“ညွှန်ကြားရေးမှူးသွမ်မုလင်နဲ့ကျင့်ကြံခြင်းကမ္ဘာက မိတ်ဆွေတို့။ ဟွင်းစမ်ပြောခဲ့တာတွေက ထန်ရှုအပေါ် ဘာပျက်ဆီးစေလိုစိတ်မှ မရှိတဲ့ သူ့ရဲ့မှန်းဆချက်သက်သက်ပါပဲ။ အခြားတစ်ဖက်မှာ ထန်ရှုက ဘာမှ မဖြစ်တဲ့အတွက် သူက စိတ်ထဲမှာ ဝမ်းသာနေမှာပါ။ နောက်လာမယ့်တိုက်ပွဲတွေကို ရင်ဆိုင်ဖို့ လူသားကျင့်ကြံသူတွေ ပိုရှိလေလေ အောင်ပွဲရဖို့ ပိုမျှော်လင့်လို့ရတာပဲမဟုတ်လား” ကျန်းရွှေရှန့်က ပြောလိုက်သည်။

“နောက်ဆုံးတော့ လူဆန်တဲ့စကားအချို့ ထွက်လာပြီပေါ့၊ ဟမ့်” ကျင့်ကြံခြင်းကမ္ဘာမှ စိတ်ဆတ်‌သောစီနီယာတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။

ဟွင်းစမ်က သူ့အား စိုက်ကြည့်ကာ အေးစက်စွာ ပြန်ပြောလိုက်သည် “ထန်ရှုက အသက်ရှင်နေသေးတယ်လို့ မင်းတိုအားလုံး ပြောခဲ့တာမလား၊ ဒါဆို သူနဲ့သူ့လူတွေက အခု ဘယ်မှာလဲ။ အခု ငါတို့က ကြောက်စရာကောင်းတဲ့ရန်သူတွေကို ရင်ဆိုင်နေရတာ၊ ဒါဆို ဘာလို့ သူတို့က ဒီနေရာမှာ ရှိမနေရတာလဲ”

“ငါတို့ရဲ့ထောက်လှမ်းမှုအရ လက်ရှိမှာ နတ်ဆိုးသားရဲထောင်ချီက ဟိမဝန္တာတောင်တန်းရဲ့အတွင်းပိုင်းထဲမှာ စုဝေးနေကြတယ်” သွမ်မုလင်က ဖြေလိုက်သည် “အနေအထားကို စူးစမ်းဖို့ ထန်ရှုက တစ်ယောက်တည်း ထွက်သွားတယ်၊ သူ့လူတွေကတော့ ဒဏ်ရာရထားလို့ အားပြန်ဖြည့်ဖို့ ကျန်နေခဲ့တယ်”

“ဟမ်။ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရင်တော့ ဒဏ်ရာရမှာပဲလေ” ဟွင်းစမ်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြော၏ “ဒဏ်ရာအသေးစားတွေ ရရုံနဲ့ သူတို့က ပြန်လာခဲ့တယ်…ဒါ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ”

“အဓိပ္ပါယ်မရှိတာတွေ…” စိတ်ဆတ်သောလူအိုကြီးက တောင်တန်းအတွင်းပိုင်းသို့ လက်ညှိုးထိုးပြကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “အခု မင်းရဲ့မျက်လုံးကျဉ်းကျဉ်းလေးတွေကို ဖွင့်ပြီး ငါ့ကို ပြောစမ်း - ဟိုမှာ ထွက်လာတာ ထန်ရှုရဲ့လူတွေမလား။ သူတို့ရဲ့အသွင်အပြင်ကို တစ်ချက်ကြည့်စမ်း၊ မင်းအတွက် သူတို့က အ‌သေးစားဒဏ်ရာရနေပုံပေါက်နေတာလား”

လျှပ်တစ်ပြက်အတွင်း လူအိုကြီး၏လက်ညှိုးညွှန်ပြရာဉီးတည်ဘက်သို့ လူတိုင်းက အကြည့်ပြောင်းလိုက်ကြသည်။ သူတို့ထံ ပြေးလာနေသည့် သွေးများ စိုရွဲနေသည့် ကျင့်ကြံသူဒါဇင်ကျော်အား မြင်လိုက်ရသည်၏။ အချို့ကျင့်ကြံသူများအား သူတို့အဖော်များက သယ်လာခဲ့ကြပြီး သေသလားရှင်သလား မသိပေ။

သွမ်မုလင်က ထန်ဂိုဏ်းသားများနှင့် တွေ့ဖူးသည်၊ ဤအဖွဲ့၏ခေါင်းဆောင်က မိုအားဝူဖြစ်သည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိသည်။ သူက ဟွင်းစမ်အား ထပ်အာရုံမစိုက်တော့ဘဲ မိုအားဝူအား ချက်ချင်း ရွေ့လျားသွားခဲ့၏။

“မင်းအဖွဲ့က ဘယ်လောက် ဒဏ်ရာရထားတာလဲ၊ မိုအားဝူ”

မိုးအားဝူက လျင်မြန်စွာ လက်ပြလိုက်သည်။ လူတိုင်း ရပ်သွားပြီးနောက် သူက ခါးသီးစွာ ပြောလိုက်၏ “ငါတို့ ညီအကိုအချို့ တိုက်ပွဲမှာ သေသွားခဲ့တယ်၊ ကျန်တဲ့လူတွေက ဒဏ်ရာရလာတယ်၊ အများစုက ဒဏ်ရာပြင်းထန်တယ်။ ညွှန်ကြားရေးမှူးသွမ်မုလင်၊ ငါတို့ဂိုဏ်းချုပ်က ပြန်မရောက်လာသေးဘူးလား”

“မင်း ထန်ရှုကို ပြောတာလား” သွမ်မုလင်က မေးလိုက်သည်။

“ဟုတ်တယ်။ သူက ငါတို့ရဲ့ဂိုဏ်းချုပ်ပဲ” မိုအားဝူက ခေါင်းညိတ်လိုက်၏။

သွမ်မုလင်က ခေါင်းညိတ်ကာ ပြောလိုက်သည် “လူတစ်ဖွဲ့နဲ့အတူ သူ ပြန်ရောက်လာတယ်၊ ဒါပေမယ့် နတ်ဆိုးသားရဲထောင်ချီက တောင်တန်းအတွင်းတစ်နေရာမှာ စုဝေးနေပြီး အချိန်မရွေး ငါတို့ကို တိုက်ခိုက်လာနိုင်တယ်ဆိုတာ သူ ကြားသိပြီးနောက် အနေအထားကို စုံစမ်းဖို့ သူ တစ်ယောက်တည်း ပြန်ထွက်သွားခဲ့တယ်။ သူနဲ့အတူပါလာတဲ့သူတွေကတော့ ဒဏ်ရာအပြင်းအထန်ရထားကြလို့ တဲတွေမှာ သွားပြီး ပြန်ကုသအားဖြည့်နေတယ်”

မိုအားဝူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက အံ့ကြိတ်ကာ ပြောလိုက်၏ “ညွှန်ကြားရေးမှူးသွမ်မုလင်၊ ငါ့အဖွဲ့ကလူတွေလဲ ဒဏ်ရာအပြင်းအထန်ရထားကြတယ်။ တဲတွေဆီ သွားပြီး သူတို့ကို ကုသခွင့်ပြုပါ”

“

“မင်းတို့ ကြိုးစားခဲ့တာပဲ။ သွားပါ” သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။

သူ့ဘေးနားရှိဂိုဏ်းသားများအား ပြန်လှည့်ကြည့်ကာ မိုအားဝူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဟေးဝူယာ၊ ယဲ့ရှစ်စန်း၊ မင်းတို့နှစ်‌ယောက်က ဒဏ်ရာအနည်းဆုံးပဲ၊ ဂိုဏ်းချုပ်ကို ရှာပြီး သူ့ရဲ့ဘေးကင်းမှုကို အာမခံဖို့အတွက် မင်းတို့နှစ်ယောက်က ငါနဲ့အတူ လိုက်လာခဲ့။ ကျန်တဲ့သူတွေက တဲတွေဆီ ပြန်သွားပြီး အားပြန်ဖြည့်နေ။ မင်းတို့ရဲ့ဒဏ်ရာကို အမြန်ဆုံးသက်သာအောင် လုပ်ပြီး နောင်လာမယ့်တိုက်ပွဲအတွက် ပြင်ဆင်ထားကြ”

“နားလည်ပါပြီ” ထန်ဂိုဏ်းသားဒါဇင်က အော်လိုက်ကြသည်။

သွမ်မုလင်၏အမူအရာက ပြောင်းလဲသွား၏။ သူက မိုအားဝူအား ကမန်းကတန်းတားကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဟေး၊ မင်းလဲ ဒဏ်ရာအပြင်းအထန်ရထားတာပဲ။ ငါ ထင်တာ မှန်ရင် မင်းရဲ့အဆုတ်က အပေါက်ဖြစ်နေတယ်။ အဲဒါက စိုးရိမ်ရတဲ့ဒဏ်ရာတစ်ခုပဲ၊ အချိန်မီမကုသနိုင်ရင် မင်းရဲ့အသက်ကိုတောင် ခြိမ်းခြောက်နိုင်တယ်။ ငါ ပြောတာကို နားထောင်။ ထန်ရှုအတွက်ကတော့ သူ မရင်ဆိုင်နိုင်သည့် အနေအထားတစ်ခု တွေ့ရင် သူ အချိန်မီ ပြန်ဆုတ်လာနိုင်စေရမယ်လို့ ငါ အာမခံတယ်။ ဒါပေမယ့် အခု မင်း သူ့ကို သွားရှာရင် သူ့ကို မကူညီနိုင်ဘဲ သူ့အတွက် ဝန်ထုတ်ဝန်ပိုးတောင် ဖြစ်သွားနိုင်တယ်”

“ပြဿနာမရှိဘူး” မိုအားဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါတို့ဂိုဏ်းချုပ်ရဲ့အသက်က ငါတို့ထက် ပိုအရေးကြီးတယ်။ ကျေးဇူးပြုပြီး ငါ့ကို ထပ်မတားပါနဲ့တော့။ ငါ ဆုံးဖြတ်ထားပြီးပြီ”

ထိုသို့ ပြောပြီးနောက် သူက သွမ်မုလင်အား ဖြတ်ကျော်ကာ ဟေးဝူယာနှင့်ယဲ့ရှစ်စန်းတို့အား ဉီးဆောင်လျက် တောင်တန်း၏အတွင်းပိုင်းထဲသို့ လျှပ်စီးအလား ပြေးသွား၏။ များမကြာမီ သူတို့က လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

အဖွဲ့ထဲရှိဟေးရှုံးက လေးလံသောအသံနှင့် ပြောလိုက်သည် “အားလုံးပဲ၊ ငါတို့ရဲ့ဒဏ်ရာတွေကို အမြန်ဆုံးကုသရမယ်။ ဂိုဏ်းချုပ်နဲ့စီနီယာအကိုမိုအားဝူတို့က သေရေးရှင်ရေးတစ်ခု ကြုံနိုင်တယ်၊ ဒါကြောင့် ငါတို့ရဲ့ခွန်အားကို အမြန်ဆုံးပြန်ရအောင် လုပ်ပြီး သူတို့ဆီ လိုက်သွားရမယ်”

“နားလည်ပါပြီ”

တစ်ယောက်မှ တုံ့ဆိုင်းခြင်းမရှိပေ၊ ဟေးဝူယာနောက်သို့ လိုက်ကာ သူတို့၏ရွက်ဖျင်တဲများဆီ ပြေးသွားကြသည်။

သွမ်မုလင်ဘေးနားရှိ လူဒါဇင်ကျော်၏မျက်နှာပေါ်တွင် လေးစားသောအကြည့်တို့ ထွက်ပေါ်လာသည်။ သူတို့က သစ္စာရှိမှုနှင့်အလေးအမြတ်ထားမှုတို့အား မြင်တွေ့ခဲ့ရပေ၏။

ဟွင်းစမ်က နှုတ်ဆိတ်နေသည်၊ ကျန်းရွှေရှန့်က ခေါင်းငုံ့လျက် ဘာတစ်ခွန်းမှ မဟပေ။

မိုအားဝူနှင့်အခြားသူများ ထုတ်ပြခဲ့သည့် အရှိန်အဟုန်နှင့်အရှိန်အဝါတို့က သူတို့နှစ်ယောက်အား နှိမ်နင်းခဲ့သည်။ မိုအားဝူတို့ ဖြတ်သန်းခဲ့ရသည့် တိုက်ပွဲက ဘယ်လောက်ရက်စက်ကြမ်းတမ်းသလဲကို သူတို့က မြင်နိုင်၏၊ ထန်ရှု၏ဘေးကင်းမှုအား သူတို့ ဘယ်လောက်စိုးရိမ်နေသလဲကိုလည်း ပြောနိုင်သည်။

“ထန်ရှု”

ဟွင်းစမ်က မျက်လုံးမှိတ်လိုက်သည်။ ခဏကြာပြီးနောက် သူက ရုတ်တရက် မျက်လုံးဖွင့်ကာ ခက်ခက်ခဲခဲ ပြောလိုက်၏ “ထန်ရှုကို အထင်သေးခဲ့မိတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် အခုတော့ သူက လေးစားရမယ့်ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ သိသွားပါပြီ”

ကျန်းရွှေရှန့်က ထောက်ခံကာ ပြောလိုက်သည် “သူ့လူတွေကို သူ့ရဲ့အသက်က သူတို့ထက် ပိုအရေးကြီးတယ်လို့ မြင်အောင်လုပ်နိုင်တာက သူ ဘယ်လောက်ကြီးမြတ်တယ်ဆိုတာရဲ့သက်သေပဲ။ ငါတို့က သူတို့ကို လိုက်မမီခဲ့တာ ဝမ်းနည်းစရာပဲ_ မဟုတ်ရင် ငါတို့က ဒီလိုသူရဲကောင်းတွေနဲ့ ယှဉ်တွဲတိုက်ခိုက်နိုင်ခဲ့မှာ”

နောက်ဆုံးတွင် အပြုံးတစ်ခုက သွမ်မုလင်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက ခေါင်းညိတ်ပြကာ ပြောလိုက်၏ “ထန်ရှုက တရုတ်ပြည်ရဲ့စစ်မှန်တဲ့သားတော်တစ်ယောက်လို့ မင်းတို့ကို ငါ ပြောခဲ့တာပဲ။ သူ့အသက်ကို ပေးဆပ်ပြီး ငါတို့ရဲ့တိုင်းပြည်နဲ့ပြည်သူတွေကို ကယ်တင်လိမ့်မယ်။ သူ့လူတွေကိုပဲ ကြည့်လေ။ သူတို့တစ်ယောက်ချင်းစီတိုင်းက ဒဏ်ရာအပြင်းအထန်ရထားတယ်၊ ဒါက သူတို့က နတ်ဆိုးသားရဲအမြောက်အများကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် သူတို့သတ်ခဲ့တဲ့နတ်ဆိုးသားရဲတိုင်းက အသက်ရှင်ဖို့အတွက် ငါတို့ကို ပေးတဲ့ အခွင့်အလမ်းတစ်ခုပဲ။ ငါ၊ သွမ်မုလင်လဲ သူတို့နဲ့အတူ ရင်ဘက်ချင်းယှဉ်တိုက်ခိုက်ဖို့ အခွင့်အလမ်းကို စောင့်နေတယ်”

All Chapters