အသားကြိတ်စက်
Vol. 76 Ch. 1057
အစီအရင်အား ကိုင်တွယ်နေရင်း ငှက်မျိုးစိတ်နတ်ဆိုးသားရဲများထံ သတ်ဖြတ်လိုစိတ်အား သယ်ဆောင်လျက် ထန်ရှုက အော်ပြောလိုက်သည် “အားဝူ၊ သန့်စင်ဒဏ်ရာပျောက်ဆေးကို အားလုံးကို ဖြန့်ဝေပေးလိုက်။ မင်းတို့အားလုံး ဆေးလုံးတစ်လုံးယူပြီး ငါးမိနစ်အတွင်းမှာ မင်းတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ပြန်ရအောင် လုပ်ကြ”
“ဟုတ်ကဲ့၊ ဂိုဏ်းချုပ်” မိုအားဝူက ပြန်ဖြေကာ သိုလှောင်လက်စွပ်မှ သန့်စင်ဒဏ်ရာပျောက်ဆေးများအား ယူထုတ်လိုက်သည်။ ထန်ရှုနောက်သို့ မကြာခဏလိုက်နေရသဖြင့် သူ့ထံတွင် အရင်းအနှစ်များစွာ ရှိသည်။ ဆေးလုံးများအား လူတိုင်းထံ ကမ်းပေးပြီးနောက် သူက ထန်ရှုအား မော့ကြည့်ကာ မေးလိုက်၏ “နောက်ထပ် ငါတို့ ဘာလုပ်ကြမလဲ၊ ဂိုဏ်းချုပ်”
“အားလုံးပဲ၊ စတင်အားဖြည့်ကြတော့။ ငါးမိနစ်ကြာပြီးရင် မင်းတို့တွေ အစီအရင်ကနေ ထွက်ပြီး တောင်တန်းအပြင်ဘက်ကို အမြန်ဆုံးအရှိန်နဲ့ သွားရမယ်” ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်သည် “အပြန်လမ်းမှာ မင်းတို့တွေ့သမျှ ဘယ်နတ်ဆိုးသားရဲနဲ့မှ မတိုက်ခိုက်နဲ့။ ရွက်ဖျင်တဲတွေဆီ အမြန်ဆုံး ရောက်အောင် သွားကြ။ ဟောင်လဲ့၊ မင်းက ဒီနေရာမှာ နေခဲ့”
“နားလည်ပါပြီ” ဟောင်လဲ့က ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။
သူမ၏ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်ခဲ့သဖြင့် သူမက စိတ်ထဲ၌ အရမ်းဝမ်းသာနေသည်။ ဂိုဏ်းချုပ်ထန်ရှုက ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်ခဲ့သူများအား အရင်းအမြစ်များစွာ ပေးမည်ဟု ကတိပေးခဲ့သဖြင့် သူမက ဤတောင်တန်းမှ အသက်ရှင်လျက် ထွက်နိုင်သည်နှင့် ဆုလာဒ်များစွာရရှိမည်ကို သူမက သိပေ၏။
ဆေးလုံးသုံးစွဲပြီးနောက် ဆေးစွမ်းမှ ကြီးမားသောစွမ်းအင်က သူမဒဏ်ရာအား စတင်ကုသပေးခဲ့ပြီး ၎င်း၏သေးငယ်သောအပိုင်းက သူမ၏ရွှေအမြုတေက စတင်စုပ်ယူခဲ့သည်။ နှမ်းစေ့အရွယ်အစားရွှေအမြုတေက အချိန်တိုအတွင်း အရွယ်အစား နှစ်ဆဖြစ်လာပြီး အလွန်လျင်မြန်သောအရှိန်နှင့် ဆက်လက်ကြီးထွားနေ၏။
သူမခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အဆီအနှစ်၏အရူးအမူးစုပ်ယူမှုနှုန်းနှင့် အပြင်ဘက်မှကမ္ဘာစွမ်းအင်တို့ကြောင့် သူမ၏ရွှေအမြုတေက အချိန်တိုအတွင်း ဆန်စေ့ အရွယ်အစားအထိ တိုးလာသည်။ သူမက ယခင်ကထက် အနည်းဆုံး လေးဆပိုသန်မာလာသည်ဟု ခံစားမိ၏။
ဟောင်လဲ့က ထန်ရှုအား မေးလိုက်သည် “ဂိုဏ်းချုပ်၊ ငါက ဘာကူညီပေးရမှာလဲ”
“လောလောဆယ်တော့ မလိုသေးဘူး။ ဒါပေမယ့် ငါ မင်းကို နှစ်မိနစ်အတွင်း နတ်ဆိုးသားရဲအလောင်းအားလုံးကို စုဆောင်းစေချင်တယ်။ ပြီးတော့ ပြုတ်ကျနေတဲ့နတ်ဆိုးအမြုတေတစ်ခုမှ မကျန်ခဲ့စေနဲ့။ အားဝူ၊ ဟောင်လဲ့ကို ကိုယ်ပျောက်အဆောင်တစ်ခု ပေးလိုက်။ မင်းမှာ နည်းနည်းကျန်သေးတယ်ဆိုတာ ငါ မှတ်မိတယ်” ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
မိုးအားဝူက ခေါင်းညိတ်ကာ ဟောင်လဲ့ထံ ကမ်းပေးလျက် ပြောလိုက်သည် “ဒါကို ဝတ်ပြီးရင် မင်းရဲ့အရှိန်အဝါကို ကန့်သတ်ပြီး အသက်သွင်းလိုက်ပါ၊ ဒါဆို လူသားတွေရော နတ်ဆိုးသားရဲတွေရော မင်းကို မမြင်နိုင်တော့ဘူး”
ဤကိုယ်ပျောက်အဆောင်၏တည်ရှိမှုအား ဟောင်လဲ့က ကြားဖူးသော်လည်း ဘယ်တော့မှ မမြင်ဖူးပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူမက အနည်းငယ်စိတ်လှုပ်ရှားနေပြီး ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
မိုအားဝူက သူမအား ရှုပ်ထွေးသောမျက်နှာနှင့် ကြည့်လိုက်သည်။ အရှိန်အဝါမှတစ်ဆင့် သူမ၏လက်ရှိကျင့်ကြံခြင်းအဆင့်အား သူက အာရုံခံနိုင်သည်။
ရွှေအမြုတေအဆင့်သို့ ချိုးဖြတ်ခြင်းက သူ အိမ်မက်မက်နေသောအရာပင်။ သူက ကျင့်ကြံရာ၌ ပါရမီကင်းမဲ့သည်ကို သူ သိ၏၊ ထို့ကြောင့် သူက လေ့ကျင့်ရာ၌ အနားမယူရဲခဲ့ပေ။သို့သော် ဟောင်လဲ့က မမျှော်လင့်ဘဲ ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားသည်၊ ပထမဆုံးလူဖြစ်ရန် အခွင့်အရေးအား သူ ဆုံးရှုံးခဲ့ရသည်။ သူမ၏အဆင့်ချိုးဖြတ်မှုကြောင့် ဂိုဏ်းချုပ်က သူမအား အလုပ်အချို့ ပေးခဲ့၏၊ ယခင်က သူ လုပ်ရလေ့ရှိသည့်အရာများပင်၊ ဤကား သူ့အား အလွန်မနာလိုဖြစ်စေသည်။
ငါ အရူးအမူး လေ့ကျင့်ရမယ်…ရွှေအမြုတေအဆင့်ကို အမြန်ဆုံးအရှိန်နဲ့ ချိုးဖြတ်ရမယ်။ ရွှေအမြုတေအဆင့်ရောက်မှသာ ဂိုဏ်းချုပ်ရဲ့ညာလက်ရုံးပြန်ဖြစ်ဖို့ အရည်အချင်းမှီမယ်။ မိုအားဝူက စိတ်ထဲ၌ သံန္နိဌာန်ချလိုက်သည်။
အစီအရင်အား လည်ပတ်နေရင်း ထန်ရှုက အပြင်ကမ္ဘာအား အဆက်မပြတ် လေ့လာနေသည်။ မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲထောင်ချီထဲမှ ဆယ်ကောင်က ရွှေအမြုတေအဆင့်နှင့် ယှဉ်ပြိုင်နိုင်ပြီး သူတို့က လက်ရှိတွင် အစီအရင်မှ မီတာနှစ်ရာမျှသာ ကွာဝေးတော့၏။ သို့သော် လက်ရှိတွင် ငှက်နတ်ဆိုးသားရဲများအား ဝင်္ကပါထဲ၌ သတ်ဖြတ်နေ၏။
“ဟောင်လဲ့၊ ငါတို့ နှစ်မိနစ် ထပ်စောင့်လို့မရတော့ဘူး။ အခုပဲ ဒီနတ်ဆိုးသားရဲအလောင်းတွေကို စုဆောင်းတော့” ထန်ရှုက အော်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း ထန်ရှု၏ညွှန်ကြားချက်အောက်တွင် ငှက်မျိုးစိတ်နတ်ဆိုးသားရဲများ တိုက်ခိုက်ခံနေရသည့် ဧရိယာသို့ ဟောင်လဲ့က လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။ ယခင်ရာချီမှ နတ်ဆိုးသားရဲတစ်ရာသာ တိုက်ခိုက်မှုများအား ရုန်းကန်ခုခံရင်း ကျန်တော့သည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်မှုက သူမမျက်နှာပေါ်တွင် သိသာထင်ရှားစွာ ပေါ်နေလေသည်။
“မြန်မြန်လုပ်…” ထန်ရှုက အော်လိုက်သည်။
ထိတ်လန့်တုန်လှုပ်မှုအား ဖိနှိပ်လျက် ဟောင်လဲ့က နတ်ဆိုးသားရဲအလောင်းများနှင့်အမြုတေများအား လျင်မြန်စွာ စုဆောင်းခဲ့သည်။ ထန်ရှုထံမှ အမိန့်ထပ်မရောက်လာသဖြင့် သူမက ထွက်သွားရန် အလျင်မလိုဘဲ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများ အဆက်မပြတ် သေနေသည်ကို ကြည့်ရင်း သူတို့၏အလောင်းအား စုဆောင်းနေလေ၏။
“တော်ပြီ”
နတ်ဆိုးသားရဲဆယ်ကောင်က အစီအရင်ထဲသို့ တိုးဝင်လာသည့်အခိုက်တွင် ထန်ရှုက ဟောင်လဲ့အား ကြည့်ကာ အော်ပြောလိုက်သည်။
နတ်ဆိုးသားရဲဆယ်ကောင် ဝင်လာသည်ကို ဟောင်လဲ့လည်း မြင်သည်။ သူတို့တစ်ကောင်မှ သူမထက် အရှိန်အဝါအားမနည်းပေ။ ယခုကဲ့သို့ တွေ့ရှိမှုက သူမအား ကျောရိုးထဲထိတိုင် အေးစိမ့်သွားစေ၏၊ သူမက ဘေးကင်းဇုန်သို့ ချက်ချင်း ပြေးသွား၏။
“အားဝူ၊ ကျန်တဲ့လူတွေနဲ့ နှစ်မိနစ်အတွင်း စွန့်ခွာဖို့ အသင့်ပြင်” ထန်ရှုက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။
ထိုအကောင်က ဟောင်လဲ့အား တစ်ချက် အရင်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည် “နားလည်ပါပြီ”
အချိန်က သွားနေလေသည်။ နတ်ဆိုးသားရဲလေးထောင်နီးပါးလုံး အစီအရင်ထဲသို့ ပြေးဝင်လာ၏။ အစီအရင်မှ တိုက်ခိုက်မှုမျိုးစုံ ရင်ဆိုင်ရပြီးနောက် ဗိုလ်ချုပ်အဖြစ်ဆောင်ရွက်နေသည့်အကြီးမားဆုံးတစ်ကောင်က ဒေါသထွက်သွားသည်။
“တစ်နေရာတည်းကိုပဲ ဉီးတည်တိုက်ခိုက်ကြ…”
၎င်းက အမိန့်ပေးလိုက်ပြီးနောက် နတ်ဆိုးသားရဲထောင်ချီက ကောင်းကင်ပေါ်ရှိ ဧရိယာတစ်ခုအား ရုတ်တစ်ရက် အာရုံစိုက်လာကြပြီး ထိုနေရာအား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြသည်။
အစီအရင်အား ထိန်းချုပ်နေသောထန်ရှုက ရုတ်တရက် ထိတ်လန့်သွားပြီး ဒွာရခုနှစ်ပေါက်မှ သွေးများ ယိုစိမ့်လာသည်။ သူ့အတွင်းအင်္ဂါများက လောင်ကျွမ်းနေသည်ကိုပင် ခံစားနေရ၏။
ချီးလိုပဲကွာ…အားနဲ့ ဘယ်လိုချိုးဖြတ်ရမယ်ဆိုတာ ဒီနတ်ဆိုးသားရဲတွေက တကယ် သိတာပဲ။ တစ်နေရာတည်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမှန်း သူတို့ သိတာပဲ။ သူတို့က ဒီလိုပဲ ဆက်တိုက်ခိုက်နေရင်း ဒီအစီအရင်က မိနစ်အနည်းငယ်ပဲ ခံတော့မှ။
ဤအထိ တွေးမိပြီး ထန်ရှုက ပါးစပ်ပေါ်ရှိ သွေးများအား လက်ဖြင့် သုတ်လျက် အော်ပြောလိုက်သည် “အားဝူ၊ လူတိုင်းကို ခေါ်ပြီး ဒီနေရာကနေ စွန့်ခွာ။ ဒီနေရာမှာ နတ်ဆိုးသားရဲများလွန်းတယ်။ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ငါ ခန့်မှန်းထားတာထက် ကျော်လွန်တယ်။ ဟောင်လဲ့၊ မင်းလဲ သူတို့နဲ့အတူ လိုက်သွား။ နောက်ကျရင် ငါ မင်းတို့ဆီ လိုက်လာမယ်”
မိုအားဝူနှင့်ဟောင်လဲ့တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ဒဏ်ရာကြီးလေးကာ တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုူံးထားခဲ့သည့် ရဲဘော်ရဲဖက်များအား ချက်ချင်း ဆွဲခေါ်လိုက်ကြ၏။ ထန်ရှု၏လမ်းညွှန်မှုအောက်တွင် သူတို့က အစီအရင်မှ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။ ဘေးကင်းသောဉီးတည်ဘက်တစ်ခုရှာပြီးနောက် သူတို့အားလုံးက တောင်တန်းဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့ကြသည်။
အစီအရင်၏ဗဟိုချက်တွင် ထန်ရှုက အဆုံးထိတိုင် အေးစက်နေသောမျက်နှာနှင့်အတူ ရပ်နေသည်။ နတ်ဆိုးသားရဲထောင်ချီက အစီအရင်အား တစ်ချိန်တည်း တိုက်ခိုက်ကာ သူ့အား ကြီးကြီးမားမားထိတ်လန့်စေခဲ့သော်လည်း သူက အရှုံးမပေးသေးပေ။ သို့သော် စက္ကန့်တိုင်းတွင် နတ်ဆိုးသားရဲများက အစီအရင်ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်နေပြီး အားနည်းသောအကောင်များအား တိုက်ရိုက်သတ်ဖြတ်ပစ်ခဲ့သည်။
သူ ထိန်းထားသည်။ ဤနေရာတွင် မိနစ်ဝက်ခန့် ထိန်းထားနိုင်လျှင်ပင် နတ်ဆိုးသားရဲများ၏အရေအတွက်အား လျော့ကျစေနိုင်ပေလိမ့်မည်။
အချိန်က ကုန်ဆုံးနေလေသည်။ လက်ရှိတွင် အစီအရင်က အသားကြိတ်စက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။ နတ်ဆိုးသားရဲများက ဟိန်းရင်း ဟောက်ရင်း တိုက်ခိုက်နေတုန်းပင်။ အက်ကြောင်းများက အစီအရင်ထဲတွင် ပိုပိုပေါ်လာသည်၊ ထန်ရှု၏ဒဏ်ရာက ပိုပိုပြင်းထန်လာ၏၊ အဆုံးတွင် အခြေအဖြစ်အသုံးပြုထားသည့်ကျောက်စိမ်းတုံးက ကြွေမွပျက်ဆီးသွားလေသည်။
“စုဆောင်းစမ်း…”
ထန်ရှုက စိတ်ဝိဉာဉ်အာရုံထုတ်လွှတ်လျက် နတ်ဆိုးသားရဲအလောင်းများနှင့်နတ်ဆိုးအမြုတေများအား သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ စုဆောင်းနေသည်။ အားလုံးအား ရိတ်သိမ်းရန် သူ့အတွက် စက္ကန့်အနည်းငယ်သာ ကြာခဲ့၏။
မိနစ်ဝက်သာ ကျန်တော့သည်။
သူ၏အကဲဖြတ်ချက်အရ သူက အစီအရင်အား မိနစ်ဝက်သာ ထိန်းထားနိုင်တော့မည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ အစီအရင်ထဲမှ ပြေးထွက်လာသည်။
နှစ်ဆယ်စက္ကန့်ကြာပြီးနောက် သူက ကီလိုမီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာသည်။ အစီအရင် ပျက်ဆီးချိန်တွင် သူ့ပုံရိပ်က တောင်အက်ကြောင်းတစ်ခုထဲသို့ လွတ်မြောက်သွားပြီဖြစ်၏။ ထို့နောက် သူက တောင်အက်ကြောင်းကို ဖြတ်သန်းလျက် နောက်ထပ်တောင်တစ်လုံး၏အစွန်အဖျား၌ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
“အားဝူ၊ မင်းတို့ရဲ့တည်နေရာကိုဩဒိနိတ်ကို ငါ့ဆီ ပို့ပေး”
ထန်ရှုက ဆက်သွယ်ရေးကိရိယာ ယူထုတ်ကာ မိုအားဝူထံ လျင်မြန်စွာ စာပို့လိုက်သည်။ နောက်လူက အမြန် တုံ့ပြန်လာခဲ့၏။
မိုအားဝူပို့ပေးသောကိုဩဒိနိတ်အတိအကျအတိုင်း ဉီးတည်လာပြီးနောက် သူက သူတို့အား လျင်မြန်စွာ လိုက်မီလာခဲ့သည်။ ထို့နောက် သူက နက်ရှိုင်းသောလေသံနှင့် ပြောလိုက်၏။ “ငါတို့တွေ ဒီတောင်တန်းကနေ ထွက်သွားရမယ်။ အပြင်ရောက်တာနဲ့ အားပြန်ဖြည့်ကြရမယ်။ အဲဒီနတ်ဆိုးသားရဲလေးထောင်နီးပါးထဲမှာ အနည်းဆုံးတစ်ထောင်လောက်ကို ငါတို့ သတ်ခဲ့တယ်။ ကျန်ရှိနေတဲ့အရေအတွက်ကိုတော့ ငါ အတိအကျ မသိဘူး၊ ဒါပေမယ့် ဒီနေရာမှာ ငါတို့လုပ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် နောက်ဘာဖြစ်မယ်ဆိုတာ ကံကြမ္မာပေါ့လေ။”
ထန်ရှုစကားလုံးများ၏အဓိပ္ပါယ်ကို ထန်ဂိုဏ်းသားများက ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် အစီအရင်က နတ်ဆိုးသားရဲတစ်ထောင်နီးပါးသုတ်သင်နိုင်ခဲ့သည်ကို ကြားပြီး သူတို့အားလုံး ထိတ်လန့်သွားခဲ့ကြသည်။ ယခုဆိုလျှင် အစီအရင်တစ်ခု ထုတ်ဖော်နိုင်သည့်စွမ်းအားအား သူတို့ အသေအချာ သိသွားခဲ့လေပြီ။ နဂါးကိုးကောင်ကျွန်းသို့ ပြန်ရောက်သည်နှင့် စာကြည့်တိုက်စံအိမ်သို့ သွားကာ အစီအရင်ပညာရပ်အား လေ့လာရမည်ဟု သူတို့က ဆုံးဖြတ်ထားကြသည်။
နှစ်နာရီကြာပြီးနောက် ထန်ရှုက သူ့လူများအား ဉီးဆောင်ကာ နောက်ဆုံးတွင် တောင်တန်းမှ ထွက်လာနိုင်ခဲ့ပြီး တားမြစ်စည်းအနီး၌ ထွက်ပေါ်လာကြ၏။ အပြန်လမ်းတွင် နတ်ဆိုးသားရဲများနှင့် ဆုံတွေ့ခဲ့ပြီး အားလုံးအား သူကိုယ်တိုင် သတ်ဖြတ်ပစ်ခဲ့သည်။
****
ယူဂလေ့မြို့။
အစိမ်းရောင်စစ်တပ်ရွက်ဖျင်တဲတွင် သွမ်မုလင်က တင်ပျဉ်ခွေထိုင်လျက် ပြန်လည်အားဖြည့်နေသည်။ လွန်ခဲ့သောနာရီဝက်လောက်က နတ်ဆိုးသားရဲရာချီက လာရောက်တိုက်ခိုက်လာခဲ့ပြီး သူကိုယ်တိုင် ဉီးဆောင်လျက် ခုခံခဲ့ရ၏။ သူက ဒဏ်ရာရရှိခဲ့သော်ငြား နတ်ဆိုးသားရဲများအား လှည့်ပြန်စေနိုင်ခဲ့၏။
“အခြေအနေထူးတယ်၊ ဂိုဏ်းချုပ်…”
LCDမော်နီတာများအား စောင့်ကြည့်ရန်တာဝန်ရှိသည့် အထူးစွမ်းရည်ဗျူရို၏အဖွဲ့ဝင်က ရုတ်တရက် အော်ပြောလိုက်သည်။
သွမ်မုလင်က မျက်လုံးချက်ချင်း ဖွင့်ကာ သူ့အား ကြည့်လိုက်သည်။ သူက LCDစခရင်ရှေ့သို့ ချက်ချင်းပြေးလာကာ ကြည့်ပြီးနောက် ကမန်းကတန်း မေးလိုက်သည် “အနေအထား ဘယ်လိုရှိတာလဲ”
ထောက်လှမ်းရေးစခရင်အား လက်ညှိုးထိုးပြကာ ထိုအေဂျင်စီအဖွဲ့ဝင်က ပြောလိုက်သည် “ယခင်နတ်ဆိုးသားရဲသားရဲအုပ်ကို အမှတ်၄၂ထောက်လှမ်းရေးဧရိယာမှာ တွေ့ခဲ့တယ်၊ ခေါင်းဆောင်။ ဒါပေမယ့် အရမ်းထူးဆန်းနေတာကို ငါ တွေ့ခဲ့တယ်၊ သူတို့ထဲက အချို့က ဒဏ်ရာရထားပြီး အရေအတွက်ကလဲ အရင်ကထက်စာရင် လျော့ကျနေတယ်”