မှန်းဆချက်များ
Vol. 76 Ch. 1058
မျက်လုံးများက ထောက်လှမ်းရေးစခရင်မှ မရွေ့ဘဲ သွမ်မုလင်က ခဏလေ့လာလိုက်သည်၊ သားရဲအရေအတွက်က ယခင်လေးထောင်ထက် လျော့နည်းနေသည်ကို တွေ့ရှိခဲ့၏။ အများစုက ဒဏ်ရာပြင်းထန်ပြီး တိုက်ပွဲတစ်ခုအား ဖြတ်သန်းလာခဲ့ပုံရသည်။
“ဒီထောက်လှမ်းရေးစခရင်ပေါ်က နတ်ဆိုးသားရဲအရေအတွက်ကို ချက်ချင်း တွက်”
သူက စိတ်ထဲ၌ ရေးတေးတေးတော့ ခန့်မှန်းထားသည်၊ သို့သော် သူ့မှန်းဆချက်က သူ့အား ကြောက်ရွံ့စေသည်။ ထို့ကြောင့် သူ့မှန်းဆချက် မှန်သလားတော့ သူ မသေချာပေ။
များမကြာမီ အေဂျင်စီအဖွဲ့ဝင်များက ထောက်လှမ်းရေးစခရင်ပေါ်ရှိ နတ်ဆိုးသားရဲအရေအတွက်အား စတင်ရေတွက်ခဲ့ကြသည်။ တွက်ချက်ပြီးနောက် အရေအတွက်က ၃၂၈၀ဖြစ်သည်ကို သိလိုက်ရ၏။
“ကိုးရာကျော်မရှိတော့တာပေါ့။”
သွမ်မုလင်၏အမူအရာက ထူးခြားသွားသည်၊ သူ့ခန့်မှန်းမှုအပေါ် သံသယ ထပ်တိုးလာ၏။ သူက ထန်ရှုအား ခေါ်ရန် ဆက်သွယ်ရေးကိရိယာအား ဆုပ်ကိုင်ထားသော်လည်း တုံ့ဆိုင်းနေသေးသည်။ လက်ရှိတွင် ထန်ရှုက သေရေးရှင်ရေးဖြစ်နေပြီး သူ့ခေါ်ဆိုမှုက ကိစ္စများအား ပိုဆိုးစေမည်ကို သူ စိတ်ပူ၏။
ရုတ်တရက် ထိုအေဂျင်စီအဖွဲ့ဝင်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “ထူးဆန်းတယ်။ ငှက်မျိုးစိတ်နတ်ဆိုးသားရဲရာချီရှိတာကို ယခင်ထောက်လှမ်းမှုက ပြခဲ့တယ်။ ဒါပေမယ့် သူတို့ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားရတာလဲ။ ဒါပေမယ့်…မြေပြင်ပေါ်မှာ…ငှက်မွေးတွေ၊ သွေးတွေနဲ့ပါလား”
သွမ်မုလင်မျက်နှာက ပြောင်းလဲသွား၏။ သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်သောအကြည့်တစ်ခုက ထွက်ပေါ်လာသည်။ စခရင်ပေါ်တွင် ပြသထားသော နတ်ဆိုးသားရဲအုပ်စုနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို ခပ်ရေးရေး ခံစားမိ၏။ အေဂျင်စီအဖွဲ့ဝင်က သတိပေးလိုက်သဖြင့် ငှက်မျိုးစိတ်နတ်ဆိုးသားရဲများက ပျောက်ကွယ်နေသည်ကို သူ ချက်ချင်း သိလိုက်၏။
ဖြစ်နိုင်တာက…ငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေအားလုံး သတ်ဖြတ်ခံရတာများလား။
အချိန်အတော်ကြာ မှင်တက်လျက် ရပ်နေပြီးနောက် သွမ်မုလင်က တဲအပြင်ဘက်သို့ ချက်ချင်း ပြေးထွက်ကာ အော်လိုက်၏ “တားမြစ်စည်းဆီ ငါ့နောက်ကနေ လိုက်လာကြ၊ ထန်ရှုပြန်လာတာကို စောင့်ရမယ်…”
****
တားမြစ်စည်းတွင်။
ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့က သူတို့လူများကို ဉီးဆောင်လျက် အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူများနှင့်အတူ တောင်တန်းအတွင်းပိုင်းရှိရာဉီးတည်ဘက်အား စောင့်ကြည့်နေခဲ့သည်။ နတ်ဆိုးသားရဲထောင်ချီက စုဝေးနေပြီး ခံစစ်လိုင်းအား တိုးဝင်လာနိုင်ဖို့ များသည်ဟု သူတို့က ကြိုတင်သတင်းရထားသည်။ ထို့ကြောင့် သူတို့က မပေါ့ဆရဲခဲ့ပေ။
“ညွှန်ကြားရေးမှူးသွမ်မုလင်”
သွမ်မုလင် လာနေသည်ကို မြင်ပြီး လူနှစ်ယောက်က တလေးတစား ခေါ်လိုက်သည်။
မျက်လုံးတို့ လောင်ကျွမ်းတောက်လောင်နေလျက် သွမ်မုလင်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ထန်ရှုတို့အဖွဲ့ ပြန်မရောက်လာသေးဘူးလား”
“မလာသေးဘူ’” ဟွင်းစမ်က ခေါင်းခါယမ်းလိုက်သည်။
အဖြေက သွမ့်မုလင်အား ခဏ နှုတ်ဆိတ်သွားစေသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ငါ ခန့်မှန်းတာ မှန်ရင် ထန်ရှုနဲ့သူ့လူတွေက တောင်တွင်းပိုင်းထဲမှာ ကိစ္စကြီးတစ်ခု ပြုလုပ်တာ ဖြစ်ရမယ်။ သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာ တစ်ရာရာခိုင်နှုန်းတော့ ငါ မသေချာဘူး။ ဒါကြောင့် သူရဲ့အတည်ပြုမှုကို ငါ လိုအပ်တယ်”
“မင်းရဲ့ခန့်မှန်းမှုလား။ ဘာများလဲ၊ ညွှန်ကြားရေးမှူးသွမ့်မုလင်” ဟွင်းစမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
“တောင်တန်းအတွင်းပိုင်းရဲ့ထောက်လှမ်းရေးဗီဒီယိုက နတ်ဆိုးသားရဲလေးထောင်တစ်ရာကျော်စုဝေးနေတယ်လို့ ပြခဲ့တယ်။ ဒါပေမယ့် သူတို့က ထန်ရှုနောက်ကို လိုက်သွားတဲ့အတွက် သူတို့ရဲ့တည်နေရာက ပြောင်းသွားခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့ရဲ့အရေအတွက်က သိသိသာသာ လျော့ကျသွားပြီး သုံးထောင်နှစ်ရာပဲ ကျန်တော့တယ်။ နတ်ဆိုးတစ်ထောင်နီးပါးကို ထန်ရှုနဲ့သူ့လူတွေက သုတ်သင်ခဲ့တာလို့ ငါ သံသယရှိတယ်”
“ဒါ မဖြစ်နိုင်ဘူး…”
“ဘယ်လိုဟာသကြီးလဲ…”
ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့က မယုံကြည်သောမျက်နှာများနှင့် တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ သူတို့မျက်နှာပေါ်တွင် အထင်သေးမှုအနည်းငယ်ကိုပင် မြင်နိုင်၏။ သူတို့က နတ်ဆိုးသားရဲတစ်ထောင်ကျော် သတ်နိုင်တာလား။ ဒါဆို အဲဒီနတ်ဆိုးသားရဲတွေက ကြက်ကလေးငှက်ကလေးတွေအဖြစ် ပြောင်းလဲသွားတာများလား။
သူတို့၏တုံ့ပြန်ချက်အပေါ် သွမ့်မုလင်က အားတင်းပြုံးကာ ပြောလိုက်သည် “ငါလဲ မယုံနိုင်ပေမယ့် ဗီဒီယိုထဲမှာ အဲလိုပဲ ပြခဲ့တာပဲ။ ထန်ရှုကို အဲဒီနတ်ဆိုးသားရဲတွေ လိုက်ဖမ်းနေတယ်ဆိုတာက ငါ့ကို ဒီလိုမှန်းဆချက် ဖြစ်စေခဲ့တာပဲ”
“ညွှန်ကြားရေးမှူးသွမ်မုလင်၊ ဒီအချိန်မှာ ခန့်မှန်းတာတွေက အသုံးမဝင်ဘူး” ဟွင်းစမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ထန်ရှုက ကောင်းကင်ဘုံသားတစ်ယောက်ဒါမှမဟုတ်အင်မော်တယ်တစ်ယောက်ဆိုရင်တောင် အချိန်တိုအတွင်းမှာ နတ်ဆိုးသားရဲတစ်ထောင်လောက်ကို သတ်နိုင်စရာအကြောင်းမရှိဘူး။ မင်း သူ့ကို တန်ဖိုးထားတာ ငါ သိပါတယ်၊ သူက အရမ်းအားကောင်းတယ်ဆိုတာ ငါလဲ သိပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ညွှန်းနေတာမျိုးက မဖြစ်သင့်ပါဘူး”
“ဟွင်းစမ်ပြောတာ မှန်တယ်လို့ ငါ ထင်တယ်” ကျန်းရွှေရှန့်က ထောက်ခံလိုက်သည် “သူက ရွှေအမြုတေအဆင့်မှာ ရှိတာကြောင့် ထန်ရှုမှာ စွမ်းရည်အချို့ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ နတ်ဆိုးသားရဲတစ်ထောင်ကို သတ်နိုင်တာလား။ ဒါ လုံးဝမဖြစ်နိုင်ဘူး။ လူတွေကို မြင့်မြင့်မားမား တန်ဖိုးထားတာ မှားတယ်လို့ ငါ မထင်ပေမယ့် ယုံမှားလွန်းတာက မကောင်းဘူးလေ။ ဒါက ရယ်စရာပဲ”
“ငါ…” သွမ်မုလင်က ပါးစပ်ဟလိုက်သော်လည်း ပြန်ငြင်းခုံစရာမရှိ။
“ညွှန်ကြားရေးမှူးသွမ့်မုလင်၊ ခင်ဗျားက အဲဒီနတ်ဆိုးသားရဲတွေနဲ့ ပတ်သက်ပြီး အသိဆုံးလူပဲ။ ကျုပ်တို့အားလုံး ပူးပေါင်းပြီး နတ်ဆိုးသားရဲတစ်ထောင်ကို သတ်နိုင်ဖို့ ဆိုရင် အောင်မြင်ဖို့အတွက် ပေးချေရမယ့်တန်ဖိုးက ဘယ်လောက်ကြီးမားမလဲဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း သိပါတယ်။ ထန်ရှုရဲ့လူအများစုက ပြန်ရောက်လာပြီ၊ ထန်ရှုနဲ့မိုအားဝူတို့ကလွဲပြီး တောနက်ထဲမှာ သူတို့လူ လေးဆယ်လောက်ပဲ ကျန်တော့မှာ။ ဒီလောက်လူနည်းနည်းလေးနဲ့ နတ်ဆိုးသားရဲတွေကို သတ်ဖို့ မပြောနဲ့၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကတောင် အရေးကြီးကိစ္စတစ်ခု ဖြစ်နေပြီ။ နတ်ဆိုးသားရဲတစ်ထောင်က အခြားတစ်နေရာကို သွားတာ ဖြစ်ရမယ် ဒါမှာမဟုတ် ငါတို့ရဲ့ခံစစ်လိုင်းကို မတိုက်ခင် ငါတို့ရဲ့ထောက်လှမ်းမှုကို ရှောင်တိမ်းတာ ဖြစ်ရမယ်”
သွမ်မလုလင်၏နှလုံးသားက တင်းကြပ်သွားသည်။ ဒီလိုအရာများ ဖြစ်လာမည်ကို သူ အတိအကျ စိုးရိမ်နေသည်။ တကယ်တော့ နတ်ဆိုးသားရဲများ၏ယခင်တိုက်ခိုက်မှုများက တစ်ကြိမ်လျှင် အရေအတွက်ရာအနည်းငယ်သာ။ နတ်ဆိုးသားရဲတစ်ထောင်နီးပါးနှင့် တိုက်ခိုက်ခြင်းက သူတို့အတွက် သေချာပေါက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်။
ဒါပေမယ့် တစ်ခု ကျန်သေးတယ်…ထန်ရှုကရော။
အကျိုးသင့်အကြောင်းသင့်ပြောရရင် နေ့တစ်ဝက်ရှိပြီ၊ အခုလောက်ဆို သူ ပြန်ရောက်သင့်ပြီမဟုတ်လား။
“နောက်လာမယ့်တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ အားလုံးကို ပြောလိုက်။ ငါတို့တွေ ဒီနေရာမှာ စောင့်နေကြမယ်။” ထန်ရှု ဘေးကင်းစွာ လွတ်မြောက်ဖို့အတွက် တိတ်တဆိတ် ဆုတောင်းရင်း သွမ်မုလင်က အမိန့်ပေးလိုက်သည်။ ထန်ရှုက သူ့လူများအတွက် စိတ်ဝိညာဉ်တစ်ခုဖြစ်သည်ကို သူ သိ၏။ ထန်ရှုက တစ်ခုခု ဖြစ်ပျက်ခဲ့လျှင် နောက်လာမည့်တိုက်ပွဲများတွင် သူတို့၏စွမ်းဆောင်ရည်များအား ထိခိုက်စေလိမ့်မည်။
ဝှစ်…ဝှစ်…
ပုံရိပ်နှစ်ခုက ယူဂလေ့မြို့မှ လျှပ်စစ်အလား ရွေ့လျားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က သွမ်မုလင်၊ ဟွင်းစမ်နှင့် ကျန်းရွှေရှန့်တို့အရှေ့၌ ထွက်ပေါ်လာခဲ့၏။
“ကျင်းရှီ၊ ယဲ့ရှစ်စမ်း၊ မင်းတို့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား” သူတို့ကို မြင်ပြီး သွမ့်မုလင်က လျင်မြန်စွာ မေးလိုက်သည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ညွှန်ကြားရေးမှူးသွမ့်မုလင်။ ငါတို့ရဲ့ဒဏ်ရာအများစု သက်သာနေပြီ၊ ငါတို့ အချိန်မရွေး တိုက်ပွဲ ဝင်နိုင်ပြီ” ကျင်းရှီက ပြန်ဖြေလိုက်သည်။
သူ့အဖြေက သွမ်မုလင်အား စိတ်သက်သာရာရစေသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ထန်ရှုက ပြန်မရောက်လာသေးဘူး။ တောင်တန်းမှာ သူ အခက်အခဲတစ်ခုခုကြုံနေတာ ဖြစ်ရမယ်။ မင်းတို့အချိန်ယူပြီး ပြန်အားဖြည့်ထား။ မင်းတို့ အပြည့်အဝ ကုသပြီးတာနဲ့ တောင်တန်းထဲ ဝင်ပြီး သူတို့ကို ကူညီနိုင်တယ်”
“ဘာမှမဖြစ်ဘူး” ကျင်းရှီက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါ ဂိုဏ်းချုပ်ဆီက သတင်းရထားပြီ၊ သူတို့ အတွင်းပိုင်းထဲမှ ထွက်လာနေပြီ၊ မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်။ ညွှန်ကြားရေးမှူးသွမ်မုလင်၊ စိတ်အေးအေးထားးပါ။ ငါတို့ဂိုဏ်းချုပ်ရဲ့စွမ်းရည်ကို ငါတို့ ယုံကြည်တယ်”
သူ့အဖြေက သွမ်မုလင်အား ထိတ်လန့်သွားစေပြီး သူက ကမန်းကတန်း မေးလိုက်၏ “မင်းဆိုလိုတာက ထန်ရှုတို့က အန္တရာယ်ကနေ လွတ်လာပြီး အခု အပြင်ဘက်ကို ဉီးတည်နေတယ်လို့ ဆိုလိုတာလား”
“ဟုတ်ပါတယ်” ကျင်းရှီက ခေါင်းညိတ်လိုက်သည်။
“နတ်ဆိုးသားရဲအုပ် ဘာဖြစ်ပျက်ခဲ့တယ်ဆိုတာ ထန်ရှုက မင်းတို့ကို ပြောခဲ့သေးလား” သွမ်မုလင်က အလျင်စလို မေးလိုက်သည် “နတ်ဆိုးသားရဲတစ်ထောင်နီးပါး ဘယ်လိုဆုံးရှုံးသွားတာနဲ့ ပတ်သက်ပြီးတော့ရော သူ တစ်ခုခုပြောခဲ့လား။ နတ်ဆိုးသားရဲမျိုးစိတ်တစ်ကောင်မှ မကျန်တော့ဘူးဆိုတာ မင်း သိလား”
“မသိဘူး” ကျင်းရှီက ခေါင်းခါယမ်းကာ ဖြေလိုက်၏ “ငါတို့ရဲ့ညီအကိုတွေ ဒဏ်ရာအပြင်းအထန်ရလာတယ်၊ ကုသဖို့ လိုအပ်တယ်လို့ပဲ ပြောခဲ့တာ၊ ဒါကြောင့် ငါတို့ ဒီနေရာမှာ သူတို့ကို လာစောင့်နေတာ”
သွမ်မုလင်က တစ်ချက်တွေးလိုက်သည်။ ထို့နောက် သူက ပြတ်သားစွာ ပြောလိုက်သည် “ထန်ရှုက သူတို့ကို လာခေါ်ဖို့ မင်းတို့ကို ပြောခဲ့မှတော့ ငါတို့တွေ အခုပဲ သွားကြတာပေါ့။ လမ်းမှာ သူတို့ နတ်ဆိုးသားရဲတွေနဲ့ ကြုံတဲ့အခါ ငါတို့ အချိန်မီ ကယ်ဆယ်နိုင်တာပေါ့”
ကျင်းရှီက တစ်ချက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ဒါဆို သွားကြတာပေါ့”
မိနှစ်အနည်းငယ်နှင့် တောင်တန်းအတွင်းပိုင်းထဲ ကီလိုမီတာအနည်းငယ်သို့ ရောက်ရှိလာပြီးနောက် ငရဲမှ ထွက်လာသည်ဟုထင်ရသောလူတစ်ဖွဲ့အား သူတို့က တွေ့လိုက်ရ၏။ ဒဏ်ရာများနှင့် ခန္ဓာကိုယ်က သွေးရောင်ဆိုးနေပြီး သူတို့၏ဒွာရခုနှစ်ပေါက်အနီးနားတွင် ခြောက်သွေ့ကာစသွေးရာများကိုပင် မြင်တွေ့နိုင်သည်။
သွမ်မုလင်၊ ဟွင်းစမ်၊ ကျန်းရွှေရှန့်နှင့်ကျန်လူများက ကြောက်စရာပြကွက်အမျိုးမျိုးအား မြင်ဖူးသော်လည်း ထန်ရှုလူများ၏အသွင်အပြင်ကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ရသေး၏။ ဘယ်လိုကြောက်စရာကောင်းသောတိုက်ပွဲများအား ထန်ရှုနှင့်သူ့လူများ ကျော်ဖြတ်ခဲ့ရသလဲကို သူတို့က မတွေးတတ်ပေ။
“ထန်ရှု…”
သွမ်မုလင်၏စကားလုံးများက လည်ချောင်းထဲ၌ ရပ်သွား၏။ သူ လုပ်နိုင်သည်ကား ထန်ရှုနှင့်ထန်ဂိုဏ်းသားများအား လက်မထောင်ပြခြင်းပင်။
ထန်ရှုက ပြုံးဖြဲလျက်သာ တုံ့ပြန်၏။ သူ့ဒဏ်ရာများက အသေးအဖွဲ့သာ။ သို့သော် သူက ခပ်ဖျော့ဖျော့ပြုံးလျက် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါတို့ ဒဏ်ရာပြင်းထန်တယ်၊ ကုသဖို့လိုအပ်တယ်၊ စီနီယာသွမ်မုလင်။ ဒါပေမယ့် မင်း စိတ်ချပါ။ အနည်းဆုံး လက်ရှိအချိန်မှာ နတ်ဆိုးသားရဲတွေက ငါတို့ကို တိုက်ခိုက်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် အားလုံး ပြင်ဆင်မှုတွေ လုပ်ထားရင် အကောင်းဆုံးပဲ။”
သွမ်မုလင်က ရင်ဘက် ထိလိုက်သည်။ သူ၏အသက်ရှုသံက ပိုချောမွေ့လာသည်ကို ခံစားမိလိုက်၏။ ထို့နောက် သူက ပြန်ဖြေလိုက်သည် “ဒါဆိုလဲ သူတို့ကို ခေါ်ပြီး မြန်မြန်အားဖြည့်၊ ထန်ရှု။ အဲဒီနတ်ဆိုးသားရဲတွေကို ငါတို့နဲ့ ချန်ထားလိုက်။ အားလုံးပဲ၊ ဒဏ်ရာရသူတွေကို ထမ်းစင်ပေါ် တင်ပြီး ယူဂလေ့ရှိ ချက်ချင်း ခေါ်သွားကြ”
လျင်မြန်စွာနှင့် ဒဏ်ရာအပြင်းအထန်ရသူများအား ထမ်းစင်ပေါ် တင်လိုက်ကြပြီး လှုပ်ရှားနိုင်သေးသူများက အနောက်မှ လိုက်သွားခဲ့ကြသည်။
အပြန်လမ်းတွင် သွမ်မုလင်မျက်လုံးများက ထန်ရှုပေါ်တွင် ရစ်ဝဲနေသည်။ တစ်မိနစ်ခန့် အောင့်အီးထားပြီးနောက် နောက်ဆုံးတွင် သူက သည်းမခံနိုင်တော့ဘဲ မေးလိုက်၏ “ထန်ရှု၊ ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်၊ မင်း အလေးအနက်ထားဖြေဖို့ ငါ မျှော်လင့်တယ်”