အမှန်တကယ်အားကောင်းသော
Vol. 76 Ch. 1060
“စုပ်ယူစမ်း”
အထူးစွမ်းအင်ဓာတ်ငွေ့အား ချေဖျက်ရန် ထန်ရှုက ကြိုးပမ်းခဲ့သည်။ သူ့အား အံ့အားသင့်စေသည်ကား ထိုအထူးဓာတ်ငွေ့က စုပ်ယူရန် အရမ်းလွယ်ကူခြင်းပင်။ အခြားကြယ်သေများ၏စွမ်းအင်အား စုပ်ယူရခြင်းထက် အဆတစ်ရာပိုလွယ်ကူသည်။ ဤအထူးဓာတ်ငွေ့က စကြာဝဠာအား ဖြတ်သန်းလာသည့် ရေစီးကြောင်းတစ်ခုပမာ ကမ္ဘာ့လေထုအား လျင်မြန်စွာ ထိုးဖောက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့၏။
ဘန်း…
ထန်ရှု၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ကြီးမားသောအရှိန်အဝါတစ်ခုက လိမ့်တက်လာပြီး ဉီးတည်ဘက်တိုင်းသို့ ပျံ့နှံ့သွားကာ တပ်စခန်းဧရိယာရှိလူတိုင်းအား ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ကြောက်ရွံ့သောအကြည့်တစ်ခုအား ကျင့်ကြံသူများနှင့်စစ်သားများ၏မျက်နှာပေါ်တွင် သိသိသာသာမြင်နိုင်ပြီး ကြီးမားသောအရှိန်အဝါက လူတိုင်းအား ဖိနှိပ်သဖြင့် သူတို့က ထွက်ပြေးခဲ့ကြရသည်။
တစ်မိနစ်အတွင်း နှစ်ကီလိုမီတာအချင်းဝက်အတွင်း၌ တစ်ယောက်မှ မရှိတော့။ လူတိုင်းက နှစ်ကီလိုမီတာအဝေးသို့ ထွက်ပြေးသွားခဲ့ကြပြီး သူတို့မျက်လုံးများက ထန်ရှုရှိရာဉီးတည်ဘက်ကိုသာ အာရုံစိုက်နေကြ၏။
“အဲဒါ ဘယ်သူလုပ်တာလဲ” သွမ်မုလင်က ထိတ်လန့်တုန်လှုပ်နေသောမျက်နှာနှင့် မေးလိုက်သည်။
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်အနည်းငယ်က သူ့အရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ အရှေ့တစ်ယောက်မိုအားဝူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ညွှန်ကြားရေးမှူးသွမ်မုလင်၊ ငါတို့ ကြည့်ပြီးပြီ။ ငါတို့ရဲ့ဂိုဏ်းချုပ်က မထွက်လာသေးဘူး၊ ဒီအရှိန်အဝါကြီးကို သူ ဖြစ်စေခဲ့တာပဲ”
“ထန်ရှုလား” သွမ်မုလင်က ပင့်သက်ရှိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည် “ငါ သိပြီ။ ဒါနဲ့ သူ ဘာလုပ်နေတာလဲ။ ဘာလို့ သူက ဒီလိုကြီးမားတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ခဲ့ရတာလဲ”
“ငါတို့လဲ မသိဘူး” မိုအားဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ခေါင်းဆောင်လုပ်သမျှအရာအားလုံးက လူတိုင်း စိတ်ကူးနိုင်တာထက် အမြဲတမ်းကျော်လွန်တယ်။ ညွှန်ကြားရေးမှူးသွမ်မုလင်၊ သန်မာတဲ့အရှိန်အဝါကို ထုတ်လွှတ်နေပုံအရ ငါတို့ဂိုဏ်းချုပ်ရဲ့အခြေအနေက ကောင်းတယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် မင်း ဒီနေရာက အရာအားလုံးကို ပြန်စီစဉ်ဖို့ လိုအပ်မယ်။ ဂိုဏ်းချုပ်က ဘယ်အချိန်မှ ပြီးမလဲ၊ ဒီအရှိန်အဝါက ဘယ်အချိန်မှ ပျောက်ကွယ်မလဲ ငါတို့ မသိနိုင်ဘူးလေ”
“မစိုးရိမ်ပါနဲ့၊ ငါ စီစဉ်လိုက်ပါ့မယ်” သွမ်မုလင်က လေးလံစွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “ထန်ရှု အဆင့်ချိုးဖြတ်နိုင်တာက သေချာပေါက် ကောင်းတဲ့အရာတစ်ခုပဲ”
သူတို့မှ မနီးမဝေးတွင် ဟွင်းစမ်နှင့်ကျန်းရွှေရှန့်တို့က ထိတ်လန့်တုန်လှုပ်သောအကြည့်တို့နှင့် လမ်းလျှောက်လာနေကြသည် -
“အဲနေရာက အရာအားလုံးကို ငါ လေ့လာပြီးပြီ။ ထန်ရှုအပြင် တဲကနေ တစ်ယောက်မှ မထွက်လာကြဘူး။ ဒီလိုကြောက်စရာကောင်းတဲ့အရှိန်အဝါကို ထုတ်လွှတ်တာ သူပဲ ဖြစ်ပုံပဲ”
“ငါလဲ သတိပြုမိတယ်။ အဲထန်ရှုက…သူ့ခွန်အားက ဘယ်အထိ ရောက်သွားပြီလဲ။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့မှ ငါ မတွေ့ဖူးပေမယ့် ဒီလိုကြောက်စရာကောင်းတဲ့အရှိန်အဝါကို ထုတ်လွှတ်နိုင်တဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအားရှင်တွေရှိမယ်လို့ ငါတော့ မထင်ဘူး”
“အဲလိုပဲ ဖြစ်မယ်၊ ဒါပေမယ့် သူ ပိုအားကောင်းလေ ငါတို့ရင်ဆိုင်ရမယ့်အန္တရာယ်က ပိုလျော့နည်းလေပေါ့။ သူ ဒီထက် ပိုသန်မာလာဖို့တောင် ငါ မျှော်လင့်နေတယ်”
‘ဟုတ်တယ်၊ မင်း ပြောတာ မှန်တယ်”
သူတို့နှစ်ယောက်က တပ်စခန်းရှိရာ ဉီးတည်ဘက်သို့ ကြည့်လိုက်သည်။ လေးစားမှုအပြည့်အကြည့်နှင့်။ ခေတ်တိုင်းခေတ်တိုင်းတွင် သန်မာသူများအား အမြဲတမ်းလေးစားခဲ့ကြသည်မဟုတ်လော။
အချိန်က ကုန်ဆုံးနေလေသည်။
ဂြိုလ်ရှင်မှ စွမ်းအင်အား စုပ်ယူခြင်းဖြင့် သူ ဖန်တီးခဲ့သောအနေအထားအား ထန်ရှုက မသိပေ။ သို့သော် ကြယ်စွမ်းအင်များအား စုပ်ယူခြင်းကြောင့် သူ့ခန္ဓာကိုယ်အတွင်းရှိ စကြာဝဠာထဲရှိ ကြယ်တစ်လုံးက တဖြည်းဖြည်းပိုတောက်ပလာပြီး ယခုဆိုလျှင် အသက်ရှိနေသောပိုးစုန်းကြူးများနှင့်ပင် တူလာ၏။
နာရီဝက်ကြာပြီးနောက်။
ဟိမဝန္တာတောတွင်းပိုင်းထဲတွင် အထပ်မြင့်အဆောက်အဉီးနှစ်လုံးအရွယ်အစားရှိသည့်နတ်ဆိုးသားရဲတစ်ကောင်က တားမြစ်စည်းအနီးနား၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ချက်ချင်းလျှင်ပင် ထိုနေရာတွင် ကာကွယ်နေသော ကျင့်ကြံသူများ၏မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားခဲ့၏။ သို့သော် ကြောက်စရာကောင်းသောသားရဲက ထိုနေရာတွင်သာ ရပ်ခဲ့ပြီး ယူဂလေ့မြို့သို့ လေးနက်စွာ တစ်ချက်ကြည့်လိုက်သည်။
ကြောက်စရာကောင်းသောအရှိန်အဝါတိုးလာနေသည်ကို ၎င်းလည်း အာရုံခံနိုင်သည်။ ဤအရှိန်အဝါက ၎င်း၏ခေါင်းဆောင် ထုတ်လွှတ်သောအရှိန်အဝါထက် အများကြီး ပိုသန်မာ၏။
‘ကိစ္စမရှိပါဘူး။ ဘာတစ်ခုမှ သွေးမိစ္စာဘုရင်ကို မရပ်တန့်နိုင်ဘူး။ သူ မကြာခင် နိုးလာတော့မယ်၊ ဒီဂြိုလ်က ပျက်ဆီးတော့မှာပါ။ အဲဒီရွံစရာကောင်းတဲ့ကောင်းကင်မြင့်မြတ်နတ်ဆိုး။ ဒင်းရဲ့မရပ်မနားလိုက်ဖမ်းမှုကြောင့်သာမဟုတ်ရင် ငါ့ဘုရင်က ဒီလို သနားစဖွယ်ကောင်းလောက်အောင် ထွက်ပြေးခဲ့ရမှာ မဟုတ်ဘူး၊ ဟင်းလင်းပြင်အက်ကြောင်းထဲ ကျပြီး ဒီနေရာစုတ်ဆီကို အနှင်ခံရလိမ့်မှာ မဟုတ်ဘူး’
‘ငါတို့ ဒီနေရာမှာ ပိတ်မိနေတာ ကြာပြီ။ အရမ်းကြာလွန်းတယ်။ ဒီနေရာစုတ်က အင်မော်တယ်ကမ္ဘာရဲ့ပတ်ဝန်းကျင်ထက်တောင် ပိုဆိုးတယ်။ နှစ်သန်းချီကြာတာတောင်မှ ဒီရွံစရာကောင်းတဲ့ကမ္ဘာအစီအရင်က ငါတို့ရဲ့ဘဝကို ပိုခက်ခဲအောင် လုပ်နေတယ်၊ ငါတို့ရဲ့စွမ်းအားကို အားနည်းစေခဲ့တယ်’
‘ဒီနေရာရဲ့သက်ရှိတွေအားလုံးကို သတ်ပစ်ပြီး နတ်ဆိုးကမ္ဘာကို ပြန်ဖို့ လမ်းကြောင်းကို စတင်ရမယ်။ ပြီးတော့ မင်း၊ ကောင်းကင်မြင့်မြတ်နတ်ဆိုး၊ ငါ့ဘုရင်ကို ဆန့်ကျင်တဲ့အတွက် မင်း တန်ဖိုး ပြန်ပေးချေရမှာပါ’
ကြောက်စရာကောင်းသောနတ်ဆိုးသားရဲက ကောင်းကင်သို့ မော့ကြည့်ကာ ဟိန်းလိုက်သည်။ ထို့နောက် ၎င်းက ပြင်းထန်စွာ ခြေဆောင့်နင်းကာ ကမ္ဘာတုန်သွားစေသည်။ ခံစစ်စည်းရှိ ကျင့်ကြံသူများအားလုံး၊ အထူးသဖြင့် အားနည်းသူများက တုန်ယင်သွားကြပြီး ဟိန်းသံက သူတို့၏အသက်အားအား လှုပ်ခတ်သွားစေသည်။ သူတို့၏ဒွါရာခုနှစ်ပေါက်မှ သွေးများ စီးကျလာပြီး တုန်ခါလှိုင်းက သူတို့အား သတ်လုနီးပါးပင်။
ထို့နောက် နတ်ဆိုးသားရဲက ချက်ချင်း ထွက်သွားပြီး ဟိမဝန္တာတောတွင်းပိုင်းထဲသို့ ပျံသန်းသွားခဲ့၏။
ယူဂလေ့မြို့။
ရွက်ဖျင်တဲထဲရှိ ထန်ရှုမျက်နှာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွား၏။ သူက မျက်လုံးဖွင့်လိုက်ပြီး သူ့စွမ်းအားအား စကြာဝဠာရှိကြယ်များနှင့် ချိတ်ဆက်မှုဖြတ်လိုက်သည်။ သူ့ပုံရိပ်က တဲထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ပကတိမျက်လုံးများဖြင့် ပြတ်ပြတ်သားသားမခွဲခြားနိုင်သည့် ဝေဝေဝါးဝါးသူ့ပုံရိပ်က တားမြစ်စည်းအပြင်ဘက်၌ ထွက်ပေါ်လာခဲ့ပြီး ကျင့်ကြံသူများ၏အာရုံအား အသင့်ဆွဲဆောင်လိုက်တော့၏။
“ဘယ်လိုတောင်မြန်တာလဲ…”
ထိုနေရာရှိကျင့်ကြံသူများက မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ ထန်ရှုဖြစ်သည်ကို မြင်ပြီး သူတို့က ချက်ချင်း တုန်လှုပ်သွားခဲ့ကြ၏။
သို့သော် အံ့ဩထိတ်လန့်ပြီးနောက် သူတို့က အနည်းငယ် ပျော်ရွှင်သွားကြ၏။ စောစောက နတ်ဆိုးသားရဲက သူတို့အား သေစေနိုင်သည့်ခြိမ်းခြောက်မှုတစ်ခု ယူလာခဲ့သည်၊ သူတို့နှလုံးသားများက ရေခဲမြစ်ထဲ ကျသွားသလို ခံစားခဲ့ရ၏။ ထန်ရှု ဘယ်လောက်အားကောင်းသလဲကို မြင်ပြီးနောက် သူတို့က စိတ်သက်သာရာရသွားခဲ့၏။
ထန်ရှုမျက်လုံးများက တောက်ပလျက်ရှိ၏။ လက်နောက်ပစ်လျက် တောတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်သည်။ ထိုကြောက်စရာကောင်းသောနတ်ဆိုးသားရဲ၏ပုံစံအား သူ မမြင်ခဲ့သော်လည်း ၎င်းထုတ်လွှတ်ခဲ့သည့်ပြင်းထန်သောအရှိန်အဝါက သူ့အား တုန်လှုပ်စေခဲ့၏။ ထိုနတ်ဆိုးသားရဲ၏ခွန်အားက အနည်းဆုံးအခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ရှိသည်ဟု သူက အာရုံခံနိုင်သည်။
အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်…သူ့ခွန်အားက ခုန်ပေါက်သလို တိုးတက်လာလျှင်ပင် သူက ဤသားရဲအတွက် ပြိုင်ဘက်မဟုတ်ဟု ပြောနိုင်သည်။
‘ယန်အာ၊ ကျီးချီးမိန် ဒါမှမဟုတ် ကြယ်ဝါးမျိုအင်းဆက်တို့ မပါဘူးဆိုရင် ငါနဲ့ရွှယ်ယု ပူးပေါင်းမှပဲ ဒီနတ်ဆိုးသားရဲကို သတ်နိုင်မယ်ထင်တယ်။ ရွှယ်ယုက အမွေအနှစ်ဆက်ခံပြီးနောက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ယန်အာနဲ့ လေ့ကျင့်ပြီးနောက် သူမရဲ့စွမ်းအားကို ဘယ်လောက်ထိ ထုတ်ဖော်နိုင်လဲ ငါ မသိဘူး’
ထန်ရှုက ခဏ စဉ်းစားလိုက်သည်။ ထို့နောက် သူက ဆက်သွယ်ရေးကိရိယာယူထုတ်ကာ ရွှယ်ယု၏နံပါတ်အား ခေါ်လိုက်၏။ သို့သော် သတိပေးချက်တစ်ခုသာ ရခဲ့ပြီး နံပါတ်အား ယာယီခေါ်လို့မရသဖြင့် သူက မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ထန်ရှုက ကူးရှောင်ရွှယ်၏နံပါတ်အား ခေါ်လိုက်သည်။ ဖုန်းချိတ်ဆက်သွားပြီးနောက် သူက ပြောလိုက်၏ “ဟယ်လို၊ ရှောင်ရွှယ်လား”
“ကျွန်မပဲ၊ ဆရာအဘိုး” ကူးရှောင်ရွှယ်က ရိုသေလေးစားစွာ ပြန်ဖြေသည် “ကျွန်မကို ဘာလုပ်ခိုင်းစရာရှိလို့လဲ၊ ဆရာအဘိုး”
“ရွှယ်ယုက အခု ဘယ်မှာလဲ” ထန်ရှုက မေးလိုက်သည်။
“သူမ ဆရာနဲ့ တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီ၊ မထွက်လာရသေးဘူး” ကူးရှောင်ရှယ်က ပြောလိုက်သည် “သူမက စေတီထဲမှာပဲ ရှိအုံးမယ်ထင်တယ်”
“အဲကို သွားပြီး သူမရဲ့တိုးတက်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးလိုက်” ထန်ရှုက အမိန့်ပေးလိုက်၏ “အဆင်ပြေရင် ငါ့ဆီ ဖုန်းပြန်ခေါ်လို့ သူမကို ပြော”
“နားလည်ပါပြီ”
ထန်ရှုက ဖုန်းချလိုက်သည်။ ထို့နောက် ပြေးလာနေသောကျင့်ကြံသူများထံ လှည့်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ့မျက်လုံးများက သွမ်မုလင်ထံ ကျရောက်သွား၏။
“စီနီယာသွမ်မုလင်” ထန်ရှုက နှုတ်ဆက်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
မွန်းစတားတစ်ကောင်အား ကြည့်နေသည့်အလား သွမ်မုလင်က သူ့အား ကြည့်လိုက်သည်။ သူက ထန်ရှုအား အကြိမ်အနည်းငယ်ပင် လှည့်ပတ်ကြည့်ရှုပြီးနောက် မေးလိုက်၏ “ထန်ရှု၊ ချိုးဖြတ်ပြီးနောက် မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က ဘာလဲ။ မင်း အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်သွားပြီးလား”
ထန်ရှုက တခစ်ခစ်ရယ်ကာ ပြောလိုက်သည် “ငါက ပုံမှန်ကျင့်ကြံသူတွေနဲ့မတူတဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို လေ့ကျင့်ထားတယ်လို့ ငါ မင်းကို ပြောခဲ့တယ်မလား။ ဒါပေမယ့် အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိသူတွေနဲ့ ရင်ဆိုင်ရရင် ငါ မရှုံးဘူးလို့တော့ ယုံကြည်တယ်။ ဒါပေမယ့် ငါ ပြောတာက အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်နော်။ နှောင်းပိုင်းအဆင့်တွေအတွက်တော့ ငါက ပြိုင်ဘက်မဟုတ်သေးဘူး”
သူက အမှန်တရားအား ဖုံးထားခြင်းပင်…သူက နတ်ဆိုးသားရဲအကြွင်းအကျန်အားလုံးအား လိုချင်သောကြောင့်ပင်။ တိတိကျကျပြောရလျှင်…သူတို့၏ခန္ဓာကိုယ်များထဲရှိ နတ်ဆိုးအမြုတေများပင်။
သူ့တုံ့ပြန်ချက်ကို ကြားပြီး သွမ်မုလင်က လုံးဝသံသယမရှိပေ။ သူက ခေါင်းညိတ်ကာ ချီးကျူးလိုက်၏ “မင်းရဲ့တပည့်တွေမှာ ကျင့််ကြံခြင်းအတွက် မွေးရာပါစွမ်းရည်နဲ့ထူးခြားတဲ့ပါရမီတွေ ပါတယ်လို့ ငါ ကြားတယ်။ မင်းက အချိန်တိုအတွင်းမှာ ဒီလိုချိုးဖြတ်မှုတစ်ခု လုပ်နိုင်တယ်ဆိုတော့ မင်းမှာလဲ ထူးခြားတဲ့ပါရမီစွမ်းရည်အချို့ ရှိမယ်လို့ ငါ ထင်တယ်။ ကောင်းပြီလေ၊ ငါက ငါ့စကားကို ပြန်ရုတ်သိမ်းတတ်တဲ့သူမျိုးမဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့၊ ကတိက ကတိပါပဲ။ ငါ အခြားကျင့်ကြံသူတွေနဲ့ ပြောပြီးပြီ။ ဒါကြောင့် နတ်ဆိုးသားရဲအကြွင်းအကျန်တွေအားလုံးကို မင်း ယူလို့ရတယ်။ မင်းလူတွေ စတည်းချတဲ့နေရာဆီ ငါ လူလွှတ်ပြီး ပို့ထားပြီးပြီ”
ထန်ရှုမျက်နှာက ပြောင်းလဲသွားပြီး သိလိုစိတ်နှင့် မေးလိုက်၏ “အရေအတွက် ဘယ်လောက်ရှိလဲ”
“၆၄၅” သွမ်မုလင်က ပြုံးကာ ပြန်ဖြေလိုက်သည်။
‘၆၄၅’
ထန်ရှုက စိတ်လှုပ်ရှားသွားသည်။ ထိုနတ်ဆိုးသားရဲများက သူ့အတွက် ရတနာများပင် မဟုတ်လော။
သွမ်မုလင်က သူ့အကြည့်အား တောင်တန်းသို့ ရုတ်တရက် ပြောင်းကာ သိလိုစိတ်နှင့် မေးလိုက်သည် “စောစောက တောင်တန်းအတွင်းပိုင်းကနေ ကြီးမားပြီးကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခု ထွက်လာတာကို ငါတို့အားလုံး အာရုံခံမိတယ်။ အဲဒါက ဘာများလဲ”
“အဲဒါက စူပါနတ်ဆိုးသားရဲပဲ” ထန်ရှု၏အမူအရာက လေးနက်သွားသည်။ “အဲဒါက အရမ်းအားကောင်းတယ်၊ အရင်က ငါတို့ ရင်ဆိုင်ခဲ့သမျှ နတ်ဆိုးသားရဲတွေအားလုံးထက် အများကြီး ပိုသန်မာတယ်”
သူ၏အတည်ပြုချက်ကို ကြားပြီးနောက် သွမ်မုလင်၏မျက်နှာက အလွန်အရုပ်ဆိုးသွား၏။ ထို့နောက် သူက လျင်မြန်စွာ မေးလိုက်သည် “အတိအကျ ဘယ်လောက်ထိ အားကောင်းလဲ။ မင်းက အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နိုင်တယ်လို့ ပြောခဲ့တာဆိုတော့ မင်းမှာ အဲနတ်ဆိုးသားရဲကို သတ်ဖို့ ယုံကြည်ချက်ရှိလား”
“မရှိဘူး။ အဲကောင်က အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ ညီမျှတယ်” ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “၎င်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းစဉီးအဆင့်ကျွမ်းကျင်သူတွေနဲ့ပါ ယှဉ်ပြိုင်နိုင်မယ်လို့ ငါ ထင်တယ်။ ငါ့ရဲ့လက်ရှိစွမ်းအားအရ ငါက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမယ့် ငါ နားမလည်တာတစ်ခုရှိသေးတယ်။ ၎င်းမှာ ကြောက်စရာကောင်းတဲ့စွမ်းအားရှိပေမယ့် ဘာလို့ နတ်ဆိုးသားရဲတွေကို ဉီးဆောင်ပြီး ငါတို့ကို လာမတိုက်ခိုက်တာလဲ