← Chapters

အသုံးအဖြုန်းကြီးသောအပြုအမူတစ်ခု

Vol. 76 Ch. 1061

အသုံးအဖြုန်းကြီးသောအပြုအမူတစ်ခု

Vol. 76 Ch. 1061

ထန်ရှု၏စကားလုံးများအရ သွမ်မုလင်၏နှလုံးသားက နစ်မြုပ်သွားပြီး သူ့အမူအရာက အရုပ်ဆိုးသွား၏။ အချိန်အချို့ကြာပြီးနောက် သူက ရေရွတ်လိုက်သည် “ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲကသာ ကျန်တဲ့နတ်ဆိုးသားရဲတွေကို ဉီးဆောင်ပြီး ငါတို့ရဲ့ခံစစ်လိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ ခုခံနိုင်မှာမဟုတ်ဘူး။ ငါ့ခန့်မှန်းချက်သာ မှန်ရင် ဟိမဝန္တာတောင်တန်းတွင်းမှာရှိတဲ့နတ်ဆိုးသားရဲအရေအတွက်က တစ်သောင်းထက် မကဘူး။ အရေအတွက်က အဲထက် ပိုဖို့ များတယ်”

“အဲဒီခန့်မှန်းချက်က မှန်တယ်လို့ ကျုပ်ထင်တယ်။” ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည် “ဒီတောင်တန်းအတွင်းမှာရှိတဲ့နတ်ဆိုးသားရဲတွေရဲ့အရေအတွက်က သေချာပေါက် တစ်သောင်းကျော်တယ်။ ဟိမဝန္တာတောင်တန်းက အကျယ်ကြီးပဲ၊ ၎င်းရဲ့အနက်ပိုင်းထဲမှာ ငါတို့ စုံစမ်းစစ်ဆေးလို့မရတဲ့နတ်ဆိုးသားရဲတွေအများကြီး ရှိမယ်လို့ ငါ ထင်တယ်။ သေချာတာကတော့ သူတို့ရဲ့အရေအတွက်က တစ်သောင်းထက် ကျော်မှာပဲ”

“မင်းမှာ အိုင်ဒီယာကောင်းတစ်ခုခုများရှိလား” သွမ်မုလင်က မေးလိုက်သည် “မင်းရဲ့အစီအရင်က အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲကို ရင်ဆိုင်နိုင်လား”

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ သို့သော် သူက ထပ်ခေါင်းခါပြန်ကာ အားတင်းပြုံးလိုက်သည် “ငါစီရင်နိုင်တဲ့အစီအရင်က အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲကို သတ်နိုင်တယ်၊ အစီအရင်ကို ငါ ထိန်းချုပ်ထားရင် ၎င်းကို အထဲမှာ ပိတ်ပြီး သတ်ဖြတ်နိုင်မယ်ဆိုတာ ငါ သေချာတယ်။ ဒါပေမယ့် နတ်ဆိုးသားရဲတွေက များလွန်းတယ်။ ကျန်တဲ့ကောင်တွေက အဲလောက်အားမကောင်းပေမယ့် သူတို့နဲ့အဲဒီကြောက်စရာကောင်းတဲ့နတ်ဆိုးသားရဲကသာ ပူးပေါင်းလိုက်မယ်ဆိုရင် သူတို့က အစီအရင်ကို အလွယ်တကူချိုးဖြတ်နိုင်လိမ့်မယ်”

ဒီမတိုင်ခင်တုန်းက သွမ်မုလင်က သူ့မျှော်လင့်ချက်များအား ထန်ရှုခင်းကျင်းမည့်အစီအရင်အပေါ် ပုံအပ်ထားခဲ့သည်။ သို့သော် ယခု ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် သူက စွမ်းအားမဲ့သလို ခံစားမိလာ၏။

အစီအရင်က အဲဒီနတ်ဆိုးသားရဲတွေကို မဟန့်တားနိုင်ဘူးဆိုရင် ငါတို့ ဘာလုပ်နိုင်မလဲ။ ငါတို့တွေ အဲဒီနတ်ဆိုးသားရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာလား။ ဒါပေမယ့် အရေအတွက်ကွာဟချက်က ကြီးမားလွန်းတယ်။ သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ဘူး…

ခဏနှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက မေးလိုက်သည် “စီနီယာသွမ်မုလင်၊ တိုင်းပြည်က ကျင့်ကြံသူတွေအားလုံးကို စုစည်းဖို့ လိုအပ်မယ်လို့ ကျုပ် ထင်တယ်။ ကျုပ်တို့ ဒီကိစ္စကို ထပ်ဖုံးကွယ်ထားလို့ မရတော့ဘူး။ ဖြစ်ရင်ရင် ခင်ဗျားအနေနဲ့ တရုတ်ကို ပြန်ပြီး နိုင်ငံရပ်ခြားက ကျင့်ကြံသူတွေအချို့ကို ဖိတ်ခေါ်နိုင်ဖို့ ကျုပ် မျှော်လင့်တယ်။ ကျုပ်သိသလောက်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပြည်ပကို ပြောင်းရွှေ့သွားတဲ့တာအိုကျောင်းအချို့ရှိတယ်။ သူတို့ရဲ့အကူအညီကို ရနိုင်မယ်ဆိုရင် နတ်ဆိုးသားရဲတွေကို ခုခံရတာ ပိုလွယ်ကူလိမ့်မယ်”

“ပြည်ပကျင့်ကြံသူတွေလား”

သွမ်မုလင်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည် “ပထမအနေနဲ့ ပြည်ပက ဘယ်ကျင့်ကြံခြင်းဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ငါ မသိဘူး။ ငါ သိရင်တောင် သူတို့က ငါတို့ကို ကူညီဖို့ ပြန်လာမှာမဟုတ်ဘူး။ ငါတို့တိုင်းပြည်ကနေ ထွက်သွားတဲ့ အဲကျင့်ကြံခြင်းကျောင်းတွေက ငါတို့ကို သဘောကျမှာမဟုတ်ဘူးလို့ ငါ ထင်တယ်။ သေချာတာတစ်ခုကတော့ အဲဒီကျင့်ကြံသူအဖွဲ့အများစုက ဆိုးသွမ်းတယ်။ သူတို့ရဲ့အပြုအမူတွေက အများပြည်သူ့ဒေါသကို နှိုူးဆွပေးခဲ့တယ်၊ ဒါကြောင့် သူတို့ကို တိုင်းပြည်က ပစ်မှတ်ထားခဲ့တာပဲ”

“ဒါ အကုန်လုံးတော့ မမှန်ဘူး” ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါ သိသလောက်ဆိုရင် အဲလိုကိစ္စနဲ့ လွတ်ကင်းတဲ့ တာအိုဂိုဏ်းတစ်ခုရှိတယ်။ ဒီဂိုဏ်းရဲ့အကြီးအကဲက ကောင်းချီးမြေတစ်ခုကို ပြည်ပမှာ ရှာတွေခဲ့တယ်။ ထိုနေရာက သူတို့ရဲ့ကျင့်ကြံခြင်းအတွက် သင့်တော်တယ်၊ ဒါကြောင့် အဲကို ပြောင်းရွှေ့သွားခဲ့ကြတာပဲ။ သူတို့က ငါတို့တိုင်းပြည်ကို ဆန့်ကျင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့က လူကောင်းတွေပဲ”

“မင်းပြောနေတာ ဘယ်ဂိုဏ်းလဲ” သွမ်မုလင်က လျင်မြန်စွာ မေးလိုက်သည်။

“အခြားဂိုဏ်းတွေတော့ ကျုပ် မသိဘူး။ ကျုပ် သိတာ တစ်ဂိုဏ်းပဲ ရှိတယ်” ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ပြီးတော့ တရုတ်မှာ လျှို့ဝှက်ကျင့်ကြံခြင်းအဖွဲ့တွေအများကြီးရှိသေးတယ်လို့ ခင်ဗျား ပြောခဲ့တယ်မလား။ ကျုပ်တို့က အခု ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရတာ၊ ဒါကြောင့် သူတို့အားလုံးကို ဖိတ်ခေါ်ရင် အကောင်းဆုံးပဲ”

“ဒါဆို အဲဂိုဏ်းရဲ့ကျင့်ကြံသူတွေကို ဖိတ်ခေါ်ဖို့ မင်း တာဝန်ယူလိုက်ပါ၊ ထန်ရှု” သွမ်မုလင်က ပြောလိုက်သည် “သူတို့ တရုတ်ကို ပြန်လာပြီး ငါတို့ကို ကူညီပေးနိုင်မလားပေါ့။ ပြီးတော့ ငါလဲ အခြားကျင့်ကြံသူတွေနဲ့ ဆက်သွယ်ပြီး သူတို့ရဲ့အကူအညီရအောင် ကြိုးစားလိုက်ပါ့မယ်”

“ကောင်းပါပြီ” ထန်ရှုက ပြန်ဖြေလိုက်သည်။ ထိုသို့ ပြောပြီးနောက် သူက မိုအားဝူနှင့်ကျန်လူများနှင့်အတူ သူတို့ရဲ့တပ်စခန်းရှိသို့ ပြန်လာခဲ့၏။

စစ်သုံးတဲထဲတွင် ထန်ရှုက တာအိုဆရာဇီရွှယ်ထံမှ ရထားသည့် ဆက်သွယ်ရေးတံဆိပ်အား ယူထုတ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ချက်ချင်း အသက်သွင်းလိုက်သည်။ သူက မျှော်လင့်ချက်အများကြီးတော့ မထားထားပေ၊ သို့သော် မကြာမီ စာတစ်စောင်က ဆယ်သွယ်ရေးတံဆိပ်မှ ပေးပို့လာပြီး ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။

“ထန်ရှု၊ နဂါးကိုးကောင်ကျွန်းအနီးနားက စွန့်ပစ်ကျွန်းတစ်ခုပေါ်မှာ ငါတို့ မင်းကို စောင့်နေတာ ကြာပြီ။ မင်းက အလဲအလှယ်လုပ်မယ့်နေရာကို ဟိမဝန္တာတောင်တန်းအနီးဝန်းကျင်ကို ပြောင်းလိုက်တာကြောင့် ငါတို့ အဲကို လိုက်လာခဲ့မယ်။ အဲနေရာက အရေးအခင်းနဲ့ပတ်သက်ပြီး မစိုးရိမ်နဲ့။ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့ ငါတို့ ကူညီပေးမယ်”

ကျေနပ်ဝမ်းသာသောအကြည့်တစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး စည်းလုံးခြင်းအပေါ် သူ့အမြင်က ပိုကောင်းလာ၏။ အနည်းဆုံးတော့ သူတို့က တရုတ်သို့ ပြန်လာပြီး တိုင်းပြည်ရင်ဆိုင်နေရသောနတ်ဆိုးသားရဲကပ်ဘေးအား ကူညီရန် ဆန္ဒရှိခြင်းက အလွန်မြင့်မြတ်ပေသည်။

ထို့နောက် ထန်ရှုက စည်းလုံးခြင်းဂိုဏ်းနှင့်တာအိုဆရာဇီရွှယ်တို့အား အာရုံမစိုက်တော့ပေ။ သူက ကျင့်ကြံခြင်း၌ နှစ်မြှုပ်လိုက်သည်။ သူ့ဒဏ်ရာက လျင်မြန်စွာ ပြန်ကောင်းလာနေပြီး သူ့ခွန်အားက အဆက်မပြတ်တိုးတက်လာ၏။ စကြာဝဠာရှိ ကြယ်များနှင့် ထပ်မံဆက်သွယ်ပြီးနောက် သူက နက္ခတ်တာရာစွမ်းအားများအား ပိုပိုစုပ်ယူခဲ့သည်၊ ထို့ကြောင့် သူ့ဒန်တျန်အတွင်းရှိ စကြာဝဠာထဲရှိ ပထမဆုံးဂြိုလ်က အရွယ်အစားချက်ချင်းတိုးလာပြီး အချင်းဝက်အားဖြင့် ဆယ်မီတာခန့်ရှိလာသည်။ သန်မာသောအသက်စွမ်းအားနှင့်အဆုံးမရှိစွမ်းအင်တို့ ထွက်ပေါ်နေသည်ကိုလည်း သူက အာရုံခံစားနိုင်၏။

‘အရင်ကထက် အနည်းဆုံးငါးဆ ပိုသန်မာလာတာပဲမလား’

နှစ်ရက်ကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသော ကြီးမားသောစွမ်းအားအား ထန်ရှုက ခံစားမိ၏။ ကျေနပ်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ဤမတိုင်ခင်တုန်းကဆိုလျှင် သူက မှော်စွမ်းရည်အမျိုးမျိုးထုတ်ဖော်မှသာလျှင် ထိုကြောက်စရာကောင်းသောနတ်ဆိုးသားရဲအား တိုက်ခိုက်နိုင်ရုံသာ တတ်နိုင်၏။ ယခု သူက ၎င်းအား သူ၏ကိုယ်ပိုင်ခွန်အားနှင့် သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

“အခုအချိန်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲတွေနဲ့ တွေ့ရင် ငါ သူတို့ကို အလွယ်တကူ သတ်နိုင်တယ်”

များမကြာမီ သူက စစ်တပ်တဲမှ ပြုံးလျက် ထွက်လာသည်။ သို့သော် သူ့မျက်လုံးများက ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက နောက်ပြန်လျှောသွားတော့၏၊ ထန်ဂိုဏ်းသားနှစ်ရာကျော်က သူ့အား စိတ်ဝိညာဉ်အပြည့်၊ ရိုသေလေးစားသောမျက်လုံးများနှင့် ကြည့်နေသောကြောင့်ပင်။

“မင်းတို့ရဲ့ဒဏ်ရာတွေ ကုသပြီးပြီလား” သူတို့အား စိုက်ကြည့်ပြီးနောက် ထန်ရှုက မေးလိုက်သည်။

မိုအားဝူက ဟောင်လဲ့အား တစ်ချက်ကြည့်ပြီးနောက် ထန်ရှုထံ လျှောက်လာသည်။ ထို့နောက် သူက တလေးတစားနှင့် တင်ပြ၏ “ငါတို့ရဲ့ဒဏ်ရာတွေအားလုံး ပျောက်သွားပြီ၊ ဂိုဏ်းချုပ်။ ငါတို့ အချိန်မရွေး တိုက်ပွဲဝင်လို့ရပြီ၊ ဂိုဏ်းချုပ် ကျင့်ကြံခြင်း ပြီးစီးပြီး ငါတို့ကို အရင်းအမြစ်တွေ ချီးမြှင့်မှာကို အားလုံးက စောင့်နေတာ”

သူ၏တင်ပြချက်က ထန်ရှုအား ပြုံးသွားစေသည် “ကောင်းပါပြီ၊ ကောင်းပါပြီ။ မင်းတို့အားလုံး ဒီနေရာမှာ စောင့်နေတာ အံ့ဩစရာမရှိဘူးပဲ။ မင်းတို့ရဲ့ဉီးနှောက်က ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ပြည့်နေတာပဲ။ ဟုတ်ပါပြီ၊ မင်းတို့အမဲလိုက်ထားတဲ့နတ်ဆိုးသားရဲအလောင်းတွေ ထုတ်လိုက်။ ငါ ရေတွက်ပြီးရင် မင်းတို့ကို ဆုပေးမယ်”

“ဟုတ်ကဲ့ပါ”

ပျော်ရွှင်ခြင်းအား မိုအားဝူ၏မျက်နှာပေါ်တွင် မြင်နိုင်ပေ၏။ ခေါင်းညိတ်ပြီးနောက် သူ၏သိုလှောင်လက်စွပ်မှ နတ်ဆိုးသားရဲအကြွင်းအကျန်များအား ယူထုတ်လိုက်သည်။ သူတစ်ယောက်တည်း ဒီလိုလုပ်ခဲ့သည်မဟုတ်၊ ကျင်းရှီနှင့်ဟောင်လဲ့တို့လည်း အတူတူပင်။ ချက်ချင်းလျှင်ပင် နေရာက နတ်ဆိုးသားရဲအလောင်းများနှင့် ပြည့်နှက်သွားတော့သည်။

“မင်းတို့ကောင်တွေ အရမ်းတော်တယ်” ထန်ရှုက ကျေနပ်စွာပြောလိုက်သည် “ပေါင်းလိုက်ရင် မင်းတို့တွေက နတ်ဆိုးသားရဲသုံးရာကျော် သတ်ခဲ့တာပဲ။ အားဝူ၊ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အခုပဲ ဝေပေးလိုက်။ အဖွဲ့ခေါင်းဆောင်တွေကို ပေးပြီး အဖွဲ့သားတွေရဲ့လုပ်ဆောင်ချက်အတိုင်း ဝေပေးစေလိုက်။ မှတ်ထားပါ၊ ဆုလာဒ်တွေနဲ့ ပတ်သက်ပြီး မင်းတို့တွေ စေးနှဲစရာမလိုဘူး၊ ဆေးလုံးပဲဖြစ်ဖြစ်၊ လက်နက်တွေပဲဖြစ်ဖြစ်၊ အဆောင်တွေပဲ ဖြစ်ဖြစ်ပေါ့။ ငါ မင်းတို့ကို အရင်က ပြောခဲ့သလိုပဲ၊ မင်းတို့က ဒီတိုက်ပွဲမှာ အောင်မြင်မှုတွေ ရနေသရွေ့ ကောင်းမွန်တဲ့ဆုလာဒ်တွေ ရနိုင်မှာပါ။ အနည်းဆုံးတော့ နောက်လာမယ့်တိုက်ပွဲတွေမှာ မင်းတို့တွေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ မကင်းမဲ့တော့ဘူးပေါ့”

နောက်ဆုံးတွင် ထန်ရှု၏အကြည့်က ဟောင်လဲ့ထံ ရောက်လာပြီး သူက ပြုံးကာ ပြောလိုက်သည် “အခုဆိုရင် ကူးရှောင်ရွှယ်၊ ကူးရင်၊ ထန်ကွမ်းနှင့် ထန်အန်းတို့အပြင် ဟောင်လဲ့က မင်းတို့အားလုံးထဲမှာ ရွှေအမြုတေအဆင့်ကို အရင်ဆုံးရောက်လာခဲ့တယ်။ ဒါနဲ့ဆိုရင် သူမက ငါ့ရဲ့လေးစားမှုကို ရခဲ့တာပဲ၊ ဘာလို့လဲဆိုတော့ သူမရဲ့ကျင့်ကြံခြင်းပါရမီက မင်းတို့အားလုံးထဲမှာ အကောင်းဆုံးမဟုတ်လို့ပဲ၊ ဒါပေမယ့် သူမရဲ့ကျင့်ကြံခြင်းက အမြန်ဆုံးဖြစ်ခဲ့တယ်။ ဒါကြောင့် သူမက ဒါတွေနဲ့ ထိုက်တန်တယ်။”

ထို့နောက် ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းနှစ်လုံး ယူထုတ်ကာ ဟောင်လဲ့ထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏ “ကတိပေးထားတဲ့အတိုင်းပဲ၊ ဒါက ငါ ပြောထားတဲ့ဆုလာဒ်တွေပဲ”

ဟောင်လဲ့က ကျောက်စိမ်းပုလင်းနှစ်လုံးအား လက်ခံလိုက်သည်။ ဖွင့်ကြည့်ပြီးနောက် သူမမျက်နှာပေါ်တွင် အံ့အားသင့်သောအကြည့်တစ်ခုက ထွက်ပေါ်လာ၏။ သို့သော် သူမက ပြောမည့်ဆဲဆဲတွင် ထန်ရှုက သူမအား သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ ထိုပစ္စည်းက သူမအတွက် ဆုလာဒ်တစ်ခု ဖြစ်၏။

“ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်”

ဟောင်လဲ့က လုံးဝပျော်နေ၏။ ထန်ရှု၏ဆုလာဒ်များက တကယ်ကြွယ်ဝသည်။ အထူးသဖြင့် သူမ အမှန်တကယ်လိုချင်နေသောထိုသိုလှောင်လက်စွပ်ပင်။

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ မင်းက ဒါတွေနဲ့ ထိုက်တန်ပါတယ်။ ထန်ဂိုဏ်းရဲ့ထူးချွန်တဲ့တပည့်တွေက အရင်းအမြစ်အမြောက်အများ ရနိုင်မယ်လို့ ငါ မင်းတို့ကို ပြောခဲ့တာပဲ။ ထူးချွန်တဲ့သူတွေက ပိုရမယ်၊ အနာဂတ်မှာ ပိုကြီးကျယ်တဲ့အောင်မြင်မှုတွေကို ရရှိမယ်။ ငါက မင်းတို့အားလုံးကို မင်းတို့ရဲ့သက်တူရွယ်တူတွေနဲ့ ယှဉ်ပြိုင်စေချင်တယ်။ မင်းတို့ ယှဉ်ပြိုင်နေမှ မင်းတို့ရမယ့်ဖိအားက ပိုများမှာ။ ဖိအား ပိုများမှ မင်းတို့အတွက် တွန်းအား ပိုရှိလာမှာ။ ငါ လိုအပ်တာတွေက လက်ရွေးစင်ထဲက လက်ရွေးစင်တွေပဲ၊ ငါ့ဘေးနားမှာ အမှိုက်တွေ မလိုအပ်ဘူး”

ဤအချိန်တွင် ထန်ဂိုဏ်းသားများက လက်သီး တင်းကျပ်စွာ ဆုပ်ထားကြသည်။ သူတို့က စိတ်ဆုံးဖြတ်ထား၏။

ကျင့်ကြံရမည်၊ ပိုသန်မာလာရမည်…

ဂိုဏ်း၏အထူးချွန်ဆုံးတပည့်ဖြစ်လာမှသာ ကျင့်ကြံခြင်းအရင်းအမြစ်များ ပိုရရှိလာနိုင်ပြီး အနာဂတ်တွင် ကြီးကျယ်ခမ်းနားသောအောင်မြင်မှုများ ပိုရရှိပေလိမ့်မည်။

တဲသို့ ပြန်ရောက်လာသောအခါ ထန်ရှုက နတ်ဆိုးအမြုတေများစွာ ယူထုတ်လိုက်သည်။ ကျင့်ကြံခြင်းအဆင့်တိုးမြှင့်လာခြင်းကြောင့် သူစုပ်ယူနိုင်သည့်နတ်ဆိုးစွမ်းအားအဆီအနှစ်ပမာဏက ယခင်ကထက် ဆယ်ဆပိုမြန်လာသည်။ ထို့ပြင် နတ်ဆိုးအမြုတေ၁၀၈ခုကို အသုံးပြုကာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအစီအရင်တစ်ခုကိုလည်း ခင်းကျင်းခဲ့၏။

ဒါက အလွန်လက်ဖွာလွန်းပေသည်။ ဤမတိုင်ခင်ကဆိုလျှင် ယခုကဲ့သို့သုံးစွဲမှုအဆင့်က သူဘယ်တော့မှ အိပ်မက်မမက်ရဲခဲ့ပေ။ သို့သော် လက်ရှိတွင် သူက ချမ်းသာကြွယ်ဝနေပြီး လက်ထဲတွင် နတ်ဆိုးသားရဲအမြုတေက နှစ်ထောင်အောက် မနည်းပေ။ သူ့ကျင့်ကြံခြင်း လျင်မြန်စွာ တိုးတက်လာနိုင်သရွေ့ ၎င်းတို့အား သုံးစွဲရန် မတုံ့ဆိုင်းပေ။

“ဘယ်လိုတောင် ကြွယ်ဝတဲ့ကမ္ဘာစိတ်ဝိညာဉ်စွမ်းအင်လဲ…”

“ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်တွေရဲ့သိပ်သည်းဆက ဘာလို့ ဒီလောက်တိုးလာရတာလဲ”

“ဒါ ထူးဆန်းလွန်းတယ်”

ပတ်ဝန်းကျင်ရှိထန်ဂိုဏ်းသားများအားလုံးက အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က တဲများမှ ထွက်လာပြီး ကမ္ဘာစိတ်ဝိညာဉ်စွမ်းအင်က ဉီးတည်ဘက်တိုင်းမှ ထန်ရှု၏တဲဆီသို့ ဝင်လာနေသည်ကို တွေ့လိုက်ရ၏။ သို့သော် လျှပ်တစ်ပြက်အတွင်း သူတို့ဂိုဏ်းချုပ်၏လုပ်ဆောင်ချက်ကြောင့်ဟု သဘောပေါက်သွားခဲ့ကြသည်။

“ဒါက အခွင့်အရေးတစ်ခုပဲ။ ဒီလိုစိတ်ဝိညာဉ်စွမ်းအင်ကြွယ်ဝတဲ့ပတ်ဝန်းကျင်မှာဆိုရင် ငါတို့ရဲ့ကျင့်ကြံခြင်းက ပိုမြန်လာမှာ”

ထန်ဂိုဏ်းသားတစ်ယောက်က တွေးဆသောအကြည့်တစ်ခုနှင့် ရေရွတ်လိုက်လေသည်။

All Chapters