← Chapters

ရှင်းရှင်းလင်းလင်း ဖယ်ရှားလိုက်နိုင်ခြင်း

Vol. 76 Ch. 1062

ရှင်းရှင်းလင်းလင်း ဖယ်ရှားလိုက်နိုင်ခြင်း

Vol. 76 Ch. 1062

ထိုထန်ဂိုဏ်းသား၏အသံအား လူတော်တော်များများက ကြားလိုက်ရသည်။ လူတိုင်း၏မျက်လုံးများက ချက်ချင်း လင်းလက်သွားခဲ့ပြီး သူတို့က ကမ္ဘာ့စိတ်ဝိညာဉ်ချီအား စုပ်ယူရန် စတင်ခဲ့၏။ ဒီလိုသိပ်သည်းမှုမြင့်မားသောကမ္ဘာစွမ်းအင်က သူတို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပင်။ ကမ္ဘာစွမ်းအင်အား ထန်ရှုက ဆွဲဆောင်ခဲ့သော်လည်း သူတို့က ဤအခွင့်အရေးအား အသုံးပြုကာ သူတို့၏ကျင့်ကြံခြင်းအား မြှင့်တင်နိုင်သည်။

မျှော်လင့်ထားခဲ့သလိုပင်၊ သူတို့၏ကျင့်ကြံခြင်းအရှိန်က အဆအနည်းငယ် ပိုမြန်လာသည်။ ချိုးဖြတ်ခါနီးဖြစ်သောတပည့်တစ်ယောက်ဆိုလျှင် ဆေးလုံးများ သုံးစွဲခြင်း၊ ဆေးစွမ်းအားသန့်စင်ခြင်းနှင့် ကမ္ဘာစိတ်ဝိညာဉ်စွမ်းအင်အား စုပ်ယူခြင်းတို့ဖြင့် နောက်ဆုံးတွင် အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီး နေ့တစ်ဝက်ပြီးနောက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်ဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့၏။

ညရောက်လာပြီး လေနုလေအေးများက ဟိမဝန္တာတောင်တန်းတောတွင်းပိုင်းထဲမှ တဟူးဟူးတိုက်ခတ်လာနေလျက်ရှိ၏။

“အားလုံးပဲ၊ အနောက်ဘက်အရှေ့ခြမ်းကို ဂရစိုက်ကြ။ နတ်ဆိုးသားရဲလှိုင်းတစ်ခုက မင်းတို့ရဲ့ဘက်ကို ဉီးတည်လာနေတယ်၊ သူတို့က ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတာပဲ။ အရေအတွက်က သိပ်မများဘူး၊ တစ်ရာခန့်ပဲ…ဟမ်…မှားနေတယ်…အနောက်ဘက်အရှေ့ခြမ်းကို သေချာအာရုံစိုက်ကြ။ မင်းတို့ရဲ့ဆယ်ကီလိုမီတာခန့်ကနေ နတ်ဆိုးသားရဲတစ်အုပ်က မင်းတို့နေရာကို တိုက်ခိုက်ဖို့ ဉီးတည်လာနေတယ်။ အိုး…ဘုရား…အများကြီးပဲ။ အနည်းဆုံးတစ်ထောင်ရှိတယ်”

ထောက်လှမ်းရေးအတွက် သတ်မှတ်ထားသော စစ်တဲထဲတွင် အထူးစွမ်းရည်ဗျူရို၏အဖွဲ့ဝင်တစ်ယောက်က စိုးရိမ်သောအကြည့်နှင့် ရုတ်တရက် ထရပ်ကာ ကြေညာလိုက်သည်။

ဤအချိန်တွင် အနောက်ဘက်အရှေ့ခြမ်းရှိ ကျင့်ကြံသူတစ်ရာနီးပါးက စကားပြောစက်များမှတစ်ဆင့် ကြေညာချက်အား ကြားလိုက်ရသည်။

သူတို့အားလုံးက ထရပ်ပြီး လက်နက်များ ဆုပ်ကိုင်လျက် ဖြစ်ပေါ်လာမည့်အန္တရာယ်များအား ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်ကြသည်။

“ထန်ရှု၊ ငါတို့ မင်းအကူအညီကို လိုအပ်တယ်။ နတ်ဆိုးသားရဲတွေအများကြီးပဲ၊ သူတို့က အခု အနောက်ဘက်အရှေ့ခြမ်းကို ဉီးတည်နေတယ်”

တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသော ထန်ရှုက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် သွမ်မုလင်အသံအား ရုတ်တရက်ကြားလိုက်ရသည်။ သူက မျက်လုံး ချက်ချင်း ဖွင့်လိုက်သည်၊ သူ့ပုံရိပ်က မြင့်တက်သွား၏။ အပြင်သို့ ပြေးထွက်ပြီးနောက် သူက အော်လိုက်သည် “ထန်ဂိုဏ်းရဲ့တပည့်အားလုံး၊ ငါ့အမိန့်ကို နာခံ။ အနောက်ဘက်ကို သွားပြီး သူတို့ကို အကူအညီပေးလိုက်ကြ”

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်များက စစ်တဲအသီးသီးမှ ထွက်ပေါ်လာ၏။ တစ်ယောက်ချင်းစီက ပြောင်မြောက်သောအရှိန်အဝါ ထုတ်လွှတ်နေပြီး လျင်မြန်စွာ စုဖွဲ့လိုက်ကြသည်။

“သွားကြ”

ထန်ရှုက အချိန်ဆွဲမနေပေ။ တပ်စခန်းမှ အနောက်ဘက်အရှေ့ခြမ်းအထိ အကွာအဝေးက ကီလိုမီတာအနည်းငယ်ရှိသည်၊ ထို့ကြောင့် သူတို့က ခပ်မြန်မြန်သွားရန် လိုအပ်၏။

“သတ်ကြ”

“သတ်ကြ”

“သတ်ကြ”

ထန်ရှုတို့အဖွဲ့ရောက်လာချိန်တွင် သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူများကို ခေါ်လာပြီး အနောက်ဘက်အရှေ့ခြမ်းရှိကျင့်ကြံသူများနှင့် ပူးပေါင်းကာ နတ်ဆိုးသားရဲများအား တိုက်ခိုက်နေခဲ့သည်။ သို့သော် အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူများ၏ခွန်အားက အားနည်းသည်။ သူတို့က နတ်ဆိုးသားရဲများကြောင့် အနောက်သို့ အကြိမ်ကြိမ်ဆုတ်နေရ၏။

နတ်ဆိုးသားရဲတစ်ထောင်ကျော်ရှိပြီး ၎င်းတို့အထဲမှ သုံးဆယ်ကျော်က ရွှေအမြုတေအဆင့်စွမ်းအားရှိသည်၊ ပျံသန်းရေးမျိုးစိတ်က ရာကျော်ရှိ၏။ တိုက်ပွဲက မိနစ်အနည်းငယ်သာ စတင်ရသေး၏၊ သို့သော် အထူးစွမ်းရည်ဗျူရိုအဖွဲ့ဝင်များနှင့် အနောက်ဘက်အရှေ့ခြမ်းမှကျင့်ကြံသူများက ဆုံးရှုံးမှုအချို့ ခံစားနေရသည်။

ထန်ရှု၏ပုံရိပ်က လေထဲသို့ မြှောက်တက်လာပြီး သူ၏နတ်ဘုရားဓားအား ချက်ချင်း ထုတ်လွှတ်ကာ ကောင်းကင်ရှိ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများထံ ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းလွှာများက ကြယ်ပျံများပမာ တောက်ပသွား၏။ နေရာလပ်အတားအဆီးအား ချက်ချင်းဆုတ်ဖြဲသွားသကဲ့သို့ ငှက်မျိုးစိတ်နတ်ဆိုးသားရဲရာအနည်းငယ်၏စုဖွဲ့မှုအား ကမောက်ကမဖြစ်စေခဲ့သည်။

“သေကြစမ်း”

ထို့နောက် ထန်ရှုက ရွှေအမြုတေခွန်အားရှိသည့်နတ်ဆိုးသားရဲခြောက်ကောင်အား ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူက ငွေအပ်များအား ၎င်းတို့၏မျက်လုံးများထံ ပစ်လွှတ်လိုက်ပြီး လျှပ်စီးများကလည်း လေထုထဲမှ ထွက်လာကာ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား ရိုက်ခတ်သွားသည်။

တုံ့ဆိုင်းသက်ရောက်မှု။ ၎င်းက လျှပ်စီးများက ယူဆောင်လာသည့် အကောင်းဆုံးအစွမ်းပင် ဖြစ်၏။

ထိုငှက်မျိုးစိတ်နတ်ဆိုးသားရဲများက ခဏ တုံ့ဆိုင်းသွားခဲ့ကြပြီး ငွေရောင်အပ်အချို့က ရွှေအမြုတေခွန်အားရှိသည့်ငှက်မျိုးစိတ်နတ်ဆိုးသားရဲလေးကောင်၏မျက်လုံးများအား ထိုးဖောက်သွားခဲ့၏။ သူတို့က အမြင်အာရုံဆုံးရှုူံးချိန်တွင် နတ်ဘုရားဓားက သက်တံတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့အား ချေမှုန်းသတ်ဖြတ်လိုက်သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ထန်ဂိုဏ်းသားများက ကောင်းကင်သို့တက်ကာ ထန်ရှုနှင့်အတူ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများထံ တိုးဝင်လာ၏။ သူတို့က မှော်မန္တန်အနည်းငယ်မျှသာ သိသော်လည်း အင်မော်တယ်ဓားများ၏အကူအညီနှင့်အတူ သူတို့၏တိုက်ခိုက်မှုက ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား ဖရိုဖရဲဖြစ်စေခဲ့သည်။

အောက်ဘက်ရှိမြေပြင်ပေါ်တွင် ထန်ဂိုဏ်းသားတစ်ရာကျော်က ဓားဝင်္ကပါတစ်ခု ဖွဲ့စည်းကာ နတ်ဆိုးသားရဲတစ်အုပ်နှင့် တိုက်ခိုက်နေသည်။ သူတို့၏ဒဏ်ရာများအား ကုသခဲ့ပြီးဖြစ်သလို ခွန်အားတိုးလာခဲ့သည့်အတွက် သူတို့ထုတ်လွှတ်သည့်စွမ်းအားက အားကောင်းသောအဟုန်အား သယ်ဆောင်လာခဲ့ပြီး အနေအထားအား တိုက်ရိုက်ထိန်းချုပ်ခဲ့၏။

“သေကြစမ်း”

ကူးရင်က လက်ထဲရှိဓားအား ဝှေ့ယမ်းလိုက်သည်။ သူမပုံရိပ်က နတ်ဆိုးသားရဲတစ်ကောင်အနား၌ အဆက်မပြတ် လှုပ်ရှားနေပြီး သူမ၏ဓားချက်တိုင်းက ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်ဒဏ်ရာတစ်ခု ချန်ထားခဲ့၏။

“အင်မော်တယ်ကမ္ဘာကအ‌ကောင်တွေလား”

အင်မော်တယ်ဓားများအား ကိုင်တွယ်အသုံးပြုနေသော လူများစွာအား မြင်ပြီး ဤအုပ်စု၏ဗိုလ်ချုပ်အဖြစ်ဆောင်ရွက်နေသည့် ရွှေအမြုတေနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲတစ်ကောင်က ထိတ်လန့်သွားပုံပေါ် ။ အ အတိတ်တွင် အင်မော်တယ်ကမ္ဘာရှိ ဘယ်အင်မော်တယ်မှ သူ မကြောက်ခဲ့ပေ။ သို့သော် လက်ရှိတွင် သူ့ခွန်အားက ယခင်စွမ်းအား၏တစ်ထောင်ပုံတစ်ပုံမျှအထိ အကြီးအကျယ်လျော့ကျသွားခဲ့၏။ လက်ရှိအချိန်တွင် အင်မော်တယ်တစ်ယောက်တည်းနှင့် သူတို့အားလုံးအား သတ်ဖြတ်ရန် လုံလောက်သည်။

အုန်း…

သူ့အား ပူးပေါင်းတိုက်ခိုက်နေသည့် ကျင့်ကြံသူနှစ်ယောက်အား သူ၏တိုက်ခိုက်မှုက ထိမှန်သွားခဲ့၏၊ သူတို့ထဲမှတစ်ယောက်ဆိုလျှင် လက်မောင်းက ဆုတ်ပြဲသွား၏။ သူ့မျက်နှာပေါ်ရှိကြောက်ရွံ့မှုက ရုတ်တရက် လျော့ကျသွားခဲ့သည်။ အင်မော်တယ်ဓားများအားထုတ်လွှတ်နေသည့်ဤလူများက အလွန်အားနည်းပြီး သူ့ထက်ပင် အားနည်းနေသည်ကို တွေ့လိုက်ရသည်။

ဤသည်ကို သိရှိပြီးနောက် ၎င်းက ရုတ်တရက် ဝမ်းသာသွားပြီး လူသားများထံ ဆက်လက်တိုးဝင်လာခဲ့၏။

“ငရဲကို သွားစမ်း…”

ကူးရင်၏အရှိန်က အလွန်မြန်သည်။ သို့သော် ရွှေအမြုတေ‌နှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲက စွမ်းရည်အသုံးပြုသူနှင့်ကျင့်ကြံသူဆယ်ယောက်အား ဒဏ်ရာရသတ်ဖြတ်ခဲ့ပြီး ယခု ကူးရင်အရှေ့တွင် ထွက်ပေါ်လာခဲ့၏။ ၎င်း၏ထက်ရှသောလက်သည်းများက ကူးရင်၏ပခုံးအား ရိုက်ခတ်သွားပြီး အသားတစ်စအား ဆုတ်ဖြဲခဲ့ကာ ပခုံးပေါ်တွင် ဒဏ်ရာကျန်ရစ်ခဲ့သည်။

“အကောင်စုတ်…”

ကူးရင်အနားတစ်ဝိုက်တွင် အမြဲတမ်းရှိနေသော မိုအားဝူက ဒေါသထွက်သွား၏။ ထန်ရှု၏နှလုံးသားထဲရှိ ကူးရင်၏နေရာအား သူ သိသည်၊ မုချင်းဖျင်က ထန်ရှုအတွက် ဘယ်လောက်အရေးကြီးသလဲကို သူ သိ၏။ ကူးရင်က ဤတိုက်ပွဲတွင် သေသွားခဲ့လျှင် ထန်ရှုနှင့်မုချင်းဖျင်တို့အား ဝမ်းနည်းပက်လက်ဖြစ်စေလိမ့်မည်။

‘ဒီအကောင်က မြန်လွန်းတယ်’

သူတို့၏ခွန်အားကွာခြားချက်က ချောက်နက်တစ်ခုပမာ ဆိုသည်ကို မိုအားဝူက သိ၏။ သူ၏အမြန်ဆုံးအရှိန်အား ထုတ်ဖော်ခဲ့လျှင်ပင် ထိုရွှေအမြုတေနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲအား တားဆီးနိုင်မည်မဟုတ်ပေ။

“လျှပ်စီးပုလဲပိုက်ကွန်…”

ပခုံးပေါ်ရှိ နာကျင်မှုအား ဖိနှိပ်လျက် ကူးရင်က မိုအားဝူထံ ပြေးလာကာ အော်ပြောလိုက်သည်။ သူမက တိုက်ခိုက်ရေးအတွေ့အကြုံမရှိသည့်လူသစ်တစ်ယောက်မဟုတ်တော့ပေ။ အားနည်းသောလျှပ်စီးပိုက်ကွန်တစ်ခုက မိုအားဝူအား ထိုနတ်ဆိုးသားရဲအား ဟန့်တားလိုက်ချိန်တွင် သူမက မိုအားဝူဘေးနားသို့ ပြေးလာကာ ကျယ်လောင်စွာ ပြောလိုက်သည် “ဉီးလေးအာဝူ၊ ငါ ဒီနတ်ဆိုးသားရဲကို အနိုင်မယူနိုင်ဘူး။ သူက အားကောင်းလွန်းတယ်”

“မင်း မနိုင်ရင် ပြေး” မိုအားဝူက ပြောလိုက်သည် “ဟောင်လဲ့၊ ကျင်းရှီ၊ ဒီကို လာပြီး ငါနဲ့ လာတိုက်ခိုက်ပေး”

“သတ်”

“သတ်”

နတ်ဆိုးသားရဲများစွာအား သတ်ဖြတ်ခဲ့သည့် ဟောင်လဲ့နှင်ကျင်းရှီတို့က မိုအားဝူနှင့်ကူးရင်တို့ထံ ရုတ်ချည်း ပြေးလာ၏။ မိုအားဝူနှင့်ကျင်းရှီတို့က ရွှေအမြု တေအဆင့်သို့ မရောက်သေးသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ရှိသည်။ သူတို့လေးယောက်ပူးပေါင်းမှုနှင့်အတူ ဤရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိနတ်ဆိုးသားရဲအား ပြန်တိုက်ခိုက်ရန် တတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် ကျင့်ကြံသူအချို့က အဝေးမှ လေပွေတစ်ခုအလား ပြေးလာနေသည်။ ရှေ့ဆုံးတစ်ယောက်က နောက်ကျောတွင် ဓားတစ်လက်နှင့် တာအိုသီလရှင်တစ်ယောက်ဖြစ်၏။ သူမက တိုက်ပွဲအစွန်းသို့ ပြေးဝင်လာကာ အော်လိုက်သည် “တိုက်ပွဲမှာ ပူးပေါင်းပြီး ဒီနတ်ဆိုးသားရဲတွေကို သတ်ပစ်”

လေထဲတွင် ငှက်မျိုးစိတ်နတ်ဆိုးများအား သတ်ဖြတ်ရင်း ထန်ရှုက တိုက်ပွဲအား လေ့လာနေသည်။ တာအိုဆရာဇီရွှယ်က စည်းလုံးခြင်းဂိုဏ်းမှလူများအား ဉီးဆောင်လျက် စစ်မြေပြင်သို့ ဝင်လာနေသည်ကို မြင်သောအခါ သူက စိတ်သက်သာရာရသွား၏။ တာအိုဆရာဇီရွှယ်က ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူမအဖွဲ့မှဆယ်ယောက်ကလည်း ရွှေအမြုတေအဆင့်ရှိ၏၊ ကျန်လူများက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ခွန်အားများရှိကြသည်။

“သေကြစမ်း၊ သားရဲဆိုးတွေ”

တာအိုဆရာဇီရွှယ်၏ပထမဆုံးပစ်မှတ်က မိုအားဝူတို့နှင့် တိုက်ခိုက်နေသည့် ရွှေအမြုတေနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲဖြစ်သည်။ လျှပ်စီးမိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာပြီး နတ်ဆိုးသားရဲအား တိုက်စစ်အသွင်မှ ခံစစ်အသွင်သို့ ဖိအားပေးနိုင်ခဲ့၏။

ထို့နောက် ဓားအလင်းများက ပန်းများပမာ ဖူးပွင့်လာသည်။

ဖူးပွင့်နေသောဓားပုံရိပ်များက နတ်ဆိုးသားရဲအား ချက်ချင်း ရစ်ပတ်သွား၏။ ထိုအချိန်တွင် ဟောင်လဲ့က ကျယ်လောင်စွာ အော်လျက် အင်မော်တယ်ဓားအား နတ်ဆိုးသားရဲထံ ခုတ်ပိုင်းချလိုက်သည်။

ဟိန်းသံ…

ရွှေအမြုတေနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲက အူလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ဖြစ်သွား၏။ ဒဏ်ရာက မပြင်းထန်သော်လည်း အသစ်ရောက်လာသည့်လူသားအမျိုးသမီးက ကြောက်စရာကောင်းသောစွမ်းအားတစ်ခုရှိသည်ကို သူ သိလိုက်သည်။ ထို့ကြောင့် သူက ထပ်မတိုက်ခိုက်လိုတော့ပေ။ လေ့လာကြည့်လိုက်တော့ ၎င်း၏အဖော်များက တစ်ယောက်ပြီးတစ်ယောက်သေနေသည်ကို မြင်လိုက်ရသဖြင့် ၎င်းက ထပ်ဟိန်းကာ တောတွင်းပိုင်းထဲသို့ လှည့်ပြန်ပြေးသွားခဲ့၏။

လေထဲတွင် ထန်ရှုက ငှက်မျိုးစိတ်သားရဲဆယ်ချီ သတ်ဖြတ်ခဲ့ပြီး ကျန်လူများကလည်း သူနှင့် ပူးပေါင်းကာ ဒါဇင်ကျော် သတ်ဖြတ်ခဲ့သည်။ ရွှေအမြုတေနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲက ဟိန်းလိုက်ချိန်တွင် ကျန်ရှိနေသောနတ်ဆိုးသားရဲများက တောတွင်းပိုင်းထဲသို့ ရုတ်တရက် ထွက်ပြေးသွားခဲ့ကြ၏။

“လိုက်ကြ”

လိုက်လံမှုက ဆယ်ကီလိုမီတာခန့်သာ။ ဤတိုက်ပွဲပြီးနောက် တစ်ထောင်ထဲမှ နတ်ဆိုးသားရဲလေးရာအောက်ထိ သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ကျင့်ကြံသူဆယ်ယောက်နှင့်အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူဆယ်ယောက်ကျော် သေဆုံးခဲ့ပြီး ကျန်လူတိုင်းနီးပါးက ဒဏ်ရာများ ရရှိခဲ့ကြ၏။

“တာအိုထန်”

ရေးတေးတေးပြုံးလျက် တာအိုဇီရွှယ်က ထန်ရှုထံ လာကာ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ပြန်နှုတ်ဆက်ပြီးနောက် ထန်ရှုက ပြုံးကာ ပြောလိုက်သည် “မင်းတို့အဖွဲ့ကသာ ငါတို့ကို မကူညီခဲ့ရင် နတ်ဆိုးသားရဲတွေကို ဒီလိုအလွယ်တကူဖယ်ရှားနိုင်မှာမဟုတ်ဘူး”

“ဒါ ငါတို့ လုပ်သင့်တဲ့ဟာပဲ၊ တာအိုထန်” တာအိုဇီရွှယ်က ပြုံးကာ ပြန်ပြောလိုက်သည် “ဒါပေမယ့် ဟိမဝန္တာတောတွင်းထဲမှာ ဒီလောက်များတဲ့နတ်ဆိုးသားရဲတွေ ရှိလိမ့်မယ်လို့ ငါ ဘယ်တော့မှ မတွေးထားခဲ့ဘူး။ တာအိုထန်၊ ဒီနတ်ဆိုးသားရဲတွေ ဘယ်ကလာလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား”

“ငါ ခန့်မှန်းတာကတော့ သူတို့က နတ်ဆိုးကမ္ဘာကပဲ၊ ဘယ်လိုရောက်လာလဲဆိုတော့ ငါ မသိဘူး” ထန်ရှုက ခေါင်းညိတ်လိုက်သည်။

တာအိုဆရာဇီရွှယ်မျက်နှာပေါ်ရှိအပြုံးက လျော့ကျသွားပြီး သူက ထပ်ပြောလိုက်သည် “ငါ့ဂိုဏ်းကမှတ်တမ်းတွေမှာလဲ အဲဒါတွေ ဖော်ပြထားတယ်၊ ဒါပေမယ့် နတ်ဆိုးသားရဲတွေရဲ့တည်ရှိမှုက တကယ်ပဲလို့ ငါ မထင်ခဲ့ဘူး။ တာအိုထန်၊ ငါတို့ကမ္ဘာနဲ့နတ်ဆိုးကမ္ဘာကြားမှာ လမ်းကြောင်းတစ်ခုများ ရှိတာဖြစ်နိုင်မလား၊ ဒါကြောင့် နတ်ဆိုးသားရဲတွေ ဒီနေရာမှာ ထွက်ပေါ်လာတာများလား”

All Chapters