← Chapters

အလဲအလှယ်

Vol. 76 Ch. 1063

အလဲအလှယ်

Vol. 76 Ch. 1063

တာအိုဇီရွှယ်မေးသည့်ကိစ္စနှင့်ပတ်သက်၍ ထန်ရှုက စဉ်းစားခဲ့သည်။ သို့သော် ကမ္ဘာမြေပေါ်ရှိ ဟင်းလင်းပြင်တည်မြဲမှုအရ ကမ္ဘာမြေနှင့်နတ်ဆိုးကမ္ဘာကြားတွင် ဟင်းလင်းပြင်အက်ကြောင်းမရှိဟု သူ တွေးထားခဲ့သည်။ သို့မဟုတ်လျှင် နတ်ဆိုးသားရဲမရေမတွက်များစွာက ဟိမဝန္တာတောင်တန်းမှ ပြေးထွက်လာပြီး ကမ္ဘာမြေအား သိမ်းပိုက်ပြီးနေလောက်ပြီ။

သို့သော် သူယောင်မိစ္ဆာကလန်ကိစ္စလည်း ရှိသေး၏။

ဤမျိုးနွယ်စုက အလွန်ပြောင်မြောက်သော်လည်း သူယောင်မိစ္ဆာကလန်ကျွမ်းကျင်သူဆယ်သန်းအား ကမ္ဘာမြေပေါ်တွင် အကျဉ်းချထားခဲ့၏။ နတ်ဆိုးသားရဲများက မည်မျှပင် အားကောင်းနေပါစေ၊ သူတို့က သူယောင်မိစ္ဆာကလန်ထက် ပိုသန်မာသည်ဟု ဖော်ပြရန် မဖြစ်နိုင်ပေ။ ထို့ပြင် ဟိမဝန္တာတောင်တန်းတွင် ပေါ်ထွက်လာသည်က နတ်ဆိုးသားရဲများသာ၊ နတ်ဆိုးမျိုးနွယ်စုတစ်ခုမှ မပါဝင်ပေ။

ဤနတ်ဆိုးသားရဲများသည်လည်း ကမ္ဘာမြေပေါ်တွင် အကျဉ်းချခံထားရသည်ဟု သူက ယူဆခဲ့သည်။ သို့သော် သူတို့အား ဟိမဝန္တာတောင်တန်းထဲတွင် ချိတ်ပိတ်ထားသောအစီအရင်က ပြဿနာတစ်ခုဖြစ်ခဲ့သည် ဖြစ်ရမည်၊ ထို့ကြောင့် သူတို့က ဟိမဝန္တာတောင်တန်းအပြင်ဘက်သို့ ထွက်လာနိုင်ခဲ့ပြီး ကပ်ဘေးများ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပေမည်။

“တိကျတဲ့အကြောင်းပြချက်ကို စုံစမ်းဖို့ အခွင့််အရေး ငါတို့မှာ မရှိဖို့ များတယ်။ဟိမဝန္တာတောတွင်းပိုင်းက လူသားတွေအတွက် တားမြစ်ဧရိယာတစ်ခုပဲ။ ငါကိုယ်တိုင်တောင် ဒီသားရဲတွေရဲ့အသိုက်ထိ သွားဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် အဲနေရာမှာ ဘာတွေရှိသလဲဆိုတာ မဖော်ထုတ်နိုင်ဘူး”ထန်ရှုက အကူအညီမဲ့သောမျက်နှာဖြင့် ပြန်ပြောသည်။

တာအိုဇီရွှယ်က ဘာမှမပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက ရှုပ်ပွနေသောမြင်ကွင်းအား လှည့်ကြည့်လိုက်၏။ ထို့နောက် သူမက ပြောလိုက်သည် “ငါတို့ရဲ့စီးပွားရေးအပေးအယူကိစ္စကို မင်း မှတ်မိသေးတယ်မလား။ ဒါဆို ငါတို့ သီးသန့်စကားပြောကြမလား”

“ဒါပေါ့၊ အပေးအယူက ရှိနေတုန်းပဲ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “စည်းလုံးခြင်းဂိုဏ်းရဲ့တပည့်တွေက မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာပဲ၊ ပြီးတော့ တူညီတဲ့ရည်မှန်းချက်တွေ ရှိတယ်၊ ငါတို့တွေ ပိုအားကောင်းလာဖို့ တစ်ယောက်ကိုတစ်ယောက်လိုအပ်တယ်”

အပြုံးတစ်ခုက တာအိုဆရာဇီရွှယ်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထန်ရှု၏သဘောထားက သူမကို အများကြီးကျေနပ်စေသည်။

“ဒါဆို…”

ထန်ရှုက လက်မြှောက်ပြကာ သူမအား တားဆီးလိုက်ပြီး သူမနောက်ရှိလူနှစ်ယောက်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက တိုးတိုးပြောလိုက်၏ “လက်ရှိမှာ ငါတို့ရဲ့အပေးအယူကိစ္စကို မပြောနဲ့အုံး။ ဒီနေရာကို စောင့်ကြပ်နေတဲ့နိုင်ငံ့လုံခြုံရေးတာဝန်ရှိပုဂ္ဂိုလ်က လာနေတယ်။ ငါ မင်းကို သူနဲ့

သူ့စကားများကို ကြားပြီး တာအိုဇီရွှယ်က လှည့်ကြည့်လိုက်သည်။ သွမ်မုလင်က အထူးစွမ်းရည်ဗျူရိုမှကျွမ်းကျင်သူအနည်းငယ်နှင့် လာနေသည်ကို မြင်ပြီးနောက် သူမက ချက်ချင်း‌ခေါင်းညိတ်လိုက်၏။ သွမ်မုလင်က တရုတ်အရာရှိဆိုလျှင်တောင်မှ စည်းလုံးခြင်းဂိုဏ်းနှင့်ထန်ရှုကြားစီးပွားရေးအပေးအယူကိစ္စအား အပြင်လူများကို မသိစေချင်ပေ။

သွမ်မုလင်က ထန်ရှုနှင့်တာအိုဇီရွှယ်တို့ထံ လျှောက်လာသည်။ နောက်လူအား အချိန်အနည်းငယ် လေ့လာပြီးနောက် သူက ရိုသေလေးစားသောမျက်နှာနှင့် ပြောလိုက်သည် “မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့သာ အချိန်မီ မကူညီခဲ့ရင် ငါတို့ရဲ့ဆုံးရှုံးမှုက ပိုကြီးမားလိမ့်မယ်။ ငါက သွမ်မုလင်၊ တရုတ်အထူးစွမ်းရည်ဗျူရိုရဲ့ညွှန်ကြားရေးမှူးပါ”

“ငါက စည်းလုံးခြင်းဂိုဏ်းက တာအိုဇီရွှယ်ပါ” တာအိုဇီရွှယ်က အနည်းငယ်ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။

ထန်ရှုက ပြုံးကာ ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ဒါက အရင်က ငါ ပြောခဲ့တဲ့ နိုင်ငံရပ်ခြားတာအိုဂိုဏ်းမှ တာအိုဇီရွှယ်ပဲ။ စောစောက ခင်ဗျားပြောတာ မှန်တယ်။ သူတို့သာ အချိန်မီမရောက်လာရင် ငါတို့ပေးချေရမယ့်တန်ဖိုးက ပိုတောင်ကြီးမားပေလိမ့်မယ်”

“စည်းလုံးခြင်းဂိုဏ်းက အဖြူရောင်ဂိုဏ်းတစ်ခုလို့ ခေါ်ဆိုဖို့ ထိုက်တန်တယ်” သွမ်မုလင်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည် “မင်းတို့က ပြည်ပမှာ နေတာပဲ၊ ဒါတောင် မင်းတို့က ငါတို့တိုင်းပြည်ကို ဂရစိုက်နိုင်သေးတယ်။ ငါ မင်းတို့ရဲ့ခွန်အားကို စောစောက မြင်ပြီးပြီ။ ဒါက အံ့အားသင့်စရာပဲ။ ကောင်းပြီလေ၊ ငါက မင်းတို့လိုအပ်တာတွေနဲ့ မင်းတို့နေထိုင်ဖို့အတွက် လူတချို့လွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်”

“ဒါ ယဉ်ကျေးလွန်းနေပါပြီ၊ ညွှန်ကြားရေးမှူးသွမ်မုလင်။ ဒါပေမယ့် လောလောဆယ် ငါတို့က ထန်ရှုရဲ့နေရာမှာပဲ နေမယ်။ ငါတို့က ကျင့်ကြံသူတွေပဲ။ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးငါ သူ့ကို မေးစရာအများကြီးရှိတယ်”

သွမ်မုလင်၏မျက်နှာက ပြောင်းလဲသွားသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ပြဿနာမရှိဘူး။ ထန်ရှုလူတွေနားမှာ မင်းတို့ရဲ့တဲစခန်းကို နေရာချပေးဖို့ ငါ လူတွေ လွှတ်လိုက်မယ်၊ ဒါဆို မင်းတို့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တာပေါ့။ ထန်ရှု၊ နတ်ဆိုးသားရဲအကြွင်းအကျန်တွေကို စုဆောင်းဖို့ မင်းလူတွေကို ခိုင်းလိုက်ပါ။ ငါ့ကတိကို သေချာပေါက် တည်မယ်လို့ ငါ ပြောခဲ့တာပဲ”

“ကျေးဇူးအများကြီးတင်ပါတယ်၊ စီနီယာသွမ်မုလင်” ထန်ရှုက ပြုံးလိုက်သည်။

သွမ်မုလင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ဿည်။ တိုက်ပွဲတွင် လူနှစ်ဆယ်ကျော်သေခဲ့သော်လည်း ရလဒ်က သူ့အား အများကြီး ကျေနပ်စေသည်။ သူတို့က အကြီးစားတိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့ရုံသာမက နတ်ဆိုးရာချီအားလည်း အောင်မြင်စွာ သတ်နိုင်ခဲ့၏၊ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သောရလဒ်တစ်ခုပင်။

များမကြာမီ သွမ်မုလင်က ထွက်ခွာသွားခဲ့ပြီး တာအိုဆရာဇီရွှယ်က ထန်ရှုအား ကြည့်ကာ မေးလိုက်၏ “နတ်ဆိုးသားရဲအကြွင်းအကျန်အားလုံးကို မင်းကို ပေးဖို့ သွမ်မုလင်က ပြောခဲ့တယ်မလား။ မင်း သူတို့နဲ့ ဘာများလုပ်မလို့လဲ”

“နတ်ဆိုးသားရဲပေါ်က ပစ္စည်းအချို့က ငါ့ရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်၊ ဒါကြောင့် အခု ငါ သူတို့ကို စုဆောင်းနေတာ” ထန်ရှုက ပြုံးကာ ပြောလိုက်သည် “အချို့ကိုတော့ ဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုနိုင်တယ်၊ အချို့ကိုတော့ နတ်ဘုရားပစ္စည်းတွေ သန့်စင်ဖို့အတွက် အသုံးပြုတယ်”

တာအိုဆရာဇီရွှယ်က သူ့အား လေးစားစွာ ကြည့်လိုက်သည်။ ထန်ရှုက ဆေးပညာသာမက ပန်းပဲပညာကိုပါ နားလည်မှန်း သူမက သိထားသည်။ သို့သော် ထန်ရှုက နတ်ဆိုးသားရဲအကြွင်းအကျန်များအား အသုံးပြုနိုင်လိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။

“ဒါဆို အလဲအလှယ်ကိစ္စပြောကြတာပေါ့၊ တာအိုထန်။ ဒီတစ်ကြိမ် ငါ အရင်းအမြစ်အများကြီး ယူလာတယ်။ မင်းကျေနပ်မယ်ဆိုတာ ငါ သေချာတယ်” ထန်ရှုလက်ထဲရှိပစ္စည်းများအား လိုချင်လွန်းသဖြင့် တာအိုဇီရွှယ်က အနည်းငယ် စိတ်မရှည်ဖြစ်နေပုံပေါ်၏။

ထန်ရှုက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက နတ်ဆိုးသားရဲအကြွင်းအကျန်များအား စုဆောင်းနေသည့် ထန်ဂိုဏ်းသားများအား တစ်ချက်ကြည့်ပြီးနောက် မလှမ်းမကမ်းတွင် ရှိနေသည့် ဟောင်လဲ့အား လက်ဝှေ့ယမ်းပြလိုက်၏။ သူမရောက်လာပြီးနောက် သူက ပြောလိုက်သည် “နတ်ဆိုးသားရဲအကြွင်းအကျန်တွေကို စုဆောင်းပြီးရင် လူတိုင်းကို ဉီးဆောင်ပြီး တပ်စခန်းကို ပြန်ပါ။ အရင်က ငါ့ကတိတွေထဲကတစ်ခုကိုပဲ ငါ ဖြည့်ရသေးတယ်မလား”

ဟောင်လဲ့၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မျှော်လင့်ချက်တို့က သူမမျက်လုံးများထဲ၌ ရှင်သန်လာ၏။ ထန်ရှု၏ကျင့်ကြံခြင်းအရင်းအမြစ်များစွာပေးအပ်မည့်ကတိက ဖြည့်ပြီးသွားပြီ။ တစ်ခုသာ ကျန်တော့၏၊ ထိုတစ်ခုက ဂိုဏ်း၏ကွန်မန်ဒါတစ်ယောက်ဖြစ်လာခြင်းပင်။

“နားလည်ပါပြီ”

ဟောင်လဲ့က ပြန်ဖြေပြီး မသိစိတ်အရ မိုအားဝူနှင့်ကျင်းရှီတို့အား ဖျတ်ခနဲကြည့်လိုက်သည်။ သူတို့က ထန်ရှု၏လူယုံများသဖွယ်ဖြစ်သည်ကို သူမက သိ၏။ သူတို့က ထန်ရှုနောက်လိုက်လာသည်မှာ အလွန်ကြာခဲ့ပြီ၊ သူမက ချီနန်ထက်ပင် နောက်ကျမှ ထန်ရှုအား သိခဲ့ရသူဖြစ်၏။

သို့သော် သူမက ဂိုဏ်း၏ကွန်မန်ဒါတစ်ယောက်ဖြစ်လာသရွေ့ သူမ၏အထောက်အထားက လုံးဝခြားနားပြီး သူမ၏အဆင့်အတန်းက မိုအားဝူနှင့်ကျင်းရှီတို့အထက် ရှိနေပေလိမ့်မည်။

လျင်မြန်စွာနှင့် ထန်ရှုနှင့်တာအိုဇီရွှယ်တို့က ထန်ဂိုဏ်းသားများ၏တပ်စခန်းသို့ ရောက်ရှိလာ၏။ တဲထဲသို့ ဝင်ပြီးနောက် ထန်ရှုက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ကျမ်းစာအုပ်အား တာအိုဇီရွှယ်ထံ ကမ်းပေးကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည် “ဒီကျင့်ကြံခြင်းပညာရပ်ရဲ့အကြောင်းအရာတွေကို မင်း အလွယ်တကူဖတ်လို့ရမှာပါ။ ငါ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ အင်မော်တယ်ဓားအချို့ရှိတယ်။ အရင်ဆုံး မင်း ယူလာတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေရဲ့အရေအတွက်ကို ငါ တွက်ချက်ကြည့်ဖို့ လိုမယ်။

စိတ်လှုပ်ရှားမှုက တာအိုဇီရွှယ်၏မျက်လုံးများတွင် အထင်းသားပေါ်နေလေသည်။ သူမလက်များက အနည်းငယ်ပင် တုန်ယင်နေ၏။ ကျင့်ကြံခြင်းကျမ်းစာအုပ်ကို လက်ခံပြီးနောက် သူမက ထန်ရှုအား ကြည့်ကာ ပြောလိုက်သည် “ကျင့်ကြံခြင်းစာအုပ်ဖတ်ပြီးရင် ငါ မင်းကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ မပေးဘဲ ထွက်သွားမှာကို မင်း မစိုးရိမ်ဘူးလား”

“ငါ မင်းကို ယုံပါတယ်။ ဒါ့အပြင် ဒီကမ္ဘာမှာ တစ်ယောက်မှ ငါ့ကို မလှည့်စားရဲဘူးလို့ ငါ ယုံကြည်တယ်။ ပြီးတော့ မင်းမှာ ပိုသန်မာချင်ရင် မင်းလက်ထဲမှာ ဝှက်ဖဲတွေ ပိုရှိရမယ်မလား” ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

‘လက်ထဲမှာ ဝှက်ဖဲတွေလား။ သူ့လက်ထဲမှာ ဝှက်ဖဲတွေ ထပ်ရှိသေးတာလား’

တာအိုဇီရွှယ်က ထန်ရှုအား နက်ရှိုင်းစွာ တစ်ချက်ကြည့်သည်။ ထို့နောက် သူမက စာအုပ်အား တိတ်တဆိတ် ဖတ်လိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် စိတ်လှုပ်ရှားမှုတို့က သူမမျက်နှာပေါ်တွင် အပြည့်အဝ ရေးခြယ်သွား၏။ သူမက အကြိမ်ကြိမ်ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါ အားလုံးမှန်တယ်။ ဒီစာအုပ်ကို သုံးပြီး ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်တယ်။ တာအိုထန်၊ မင်းက ရိုးသားတယ်၊ ကတိတည်တယ်၊ မင်းနဲ့ အလဲအလှယ်လုပ်ရတာ ငါ သဘောကျတယ်။ ဒီလည်ဆွဲက ထာဝရဂိုဏ်းရဲ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ပစ္စည်းတစ်ခုပဲ။ ငါတို့ယူဆောင်လာတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေအားလုံးကို ဒီအထဲမှာ ထည့်ထားတယ်”

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ဟောင်လဲ့၊ မိုအားဝူနှင့် ကျင်းရှီတို့ အထဲဝင်လာပြီးနောက် တာအိုဇီရွှယ်က ကျောက်စိမ်းလည်ဆွဲမှ ကျင့်ကြံခြင်းအရင်းအမြစ်အများအပြား ယူထုတ်နေသည်ကို သူတို့က မြင်လိုက်ရ၏။

တာအိုဇီရွှယ် ယူလာခဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံးကို ရေတွက်ရန် တစ်နာရီနီးပါး ကြာခဲ့သည်။ ထန်ရှုက အလွန်စိတ်လှုပ်ရှားနေသော်လည်း မထုတ်ပြခဲ့ပေ။ အရေအတွက်က သူစိတ်ကူးထားသည်ထက် ပို၏။ အများစုက ရရှိရန် သူ ဘယ်တော့မှ မတွေးထားသည့် အဖိုးတန်သတ္တုများပင် ဖြစ်သည်။

“ကောင်းပြီ၊ ဒါဆို ဒါက ငါ့ရဲ့အပေးအယူပဲ”

ထန်ရှုက အင်မော်တယ်ဓားတစ်လက် ယူထုတ်ကာ တာအိုဇီရွှယ်ထံ ကမ်းပေးပြီးနောက် ပြောလိုက်သည် “မင်းတို့စည်းလုံးခြင်းဂိုဏ်းယူလာတဲ့အရင်းအမြစ်က သိပ်မများပေမယ့် မင်းတို့က တိုင်းပြည်ကို ကူညီပြီး နတ်ဆိုးသားရဲတွေကို သုတ်သင်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီအင်မော်တယ်ဓားကို အလဲအလှယ်လုပ်ပေးဖို့ ငါ ဆန္ဒရှိပါတယ်”

သေချာသည်ကတော့ အင်မော်တယ်ကမ္ဘာမှာဆိုလျှင် တာအိုဆရာဇီရွှယ်ယူလာသည့်အရင်းအမြစ်များ၏အရေအတွက်က အင်မော်တယ်ဓားတစ်လက်နှင့်ပင် ဖလှယ်ရန် မလုံလောက်ပေ။ သို့သော် ဤနေရာက ကမ္ဘာမြေဖြစ်၏။ လက်ရှိတွင် ထန်ရှုလိုအပ်သည်ကား အင်မော်တယ်ဓားများမဟုတ်၊ ကျင့်ကြံခြင်းအရင်းအမြစ်များသာ။ သူလေ့ကျင့်ပေးနေသည့်ကျင့်ကြံသူများကလည်း ထိုအရင်းအမြစ်များအား လိုအပ်သည်။ အရာအားလုံးကို ခြုံငုံစဉ်းစားကြည့်လျှင် အလဲအလှယ်က ဆုံးရှုူံးသည်ဟု ထင်ရသော်လည်း ထန်ရှုက ဤအပေါ် အလွန်ကျေနပ်၏။

တာအိုဆရာဇီရွှယ်က အင်မော်တယ်ဓားအား ယူလိုက်ပြီး သူမမျက်နှာပေါ်ရှိစိတ်လှုပ်ရှားမှုတို့က ပို၍ပြင်းထန်လာ၏။ သူတို့အားလုံးက ဤဓား၏တန်ဖိုးကို သိသဖြင့် ထန်ရှုက အင်မော်တယ်ဓားတစ်လက် အမှန်တကယ် လဲလှယ်ပေးလိမ့်မည်ဟု သူမနှင့်စည်းလုံးခြင်းဂိုဏ်းမှအကြီးအကဲတို့က မမျှော်မှန်းထားခဲ့ပေ။

“ကျေးဇူးတင်ပါတယ်၊ တာအိုထန်” တာအိုဇီရွှယ်က ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ရပါတယ်၊ ကိစ္စမရှိပါဘူး။ လက်ရှိအချိန်မှာ ငါတို့က ရဲဘော်ရဲဘက်တွေပဲလေ။” ထန်ရှုက ခေါင်းခါကာ ပြောလိုက်သည် “ငါ မင်းကို ဒီအင်မော်တယ်ဓားပေးလိုက်တော့ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုလဲ တိုးစေနိုင်တာပေါ့။ ပြီးတော့ ငါ့မှာ လဲလှယ်ဖို့ အင်မော်တယ်ဓားတွေ၊ ကျင့်ကြံခြင်းကျမ်းစာအုပ်တွေ မရှိတော့ပေမယ့် အခြားပစ္စည်းကောင်းအနည်းငယ်တော့ ရှိပါသေးတယ်။ မင်းတို့စည်းလုံးခြင်းဂိုဏ်းလဲ အဲဒါတွေကို စိတ်ဝင်စားဉီးမယ်လို့ ငါ ယုံကြည်တယ်”

“ဉပမာအနေနဲ့” တာအိုဇီရွှယ်က စိတ်လှုပ်ရှားသွားလျက် အလျင်စလို မေးလိုက်သည်။

“တိုက်ခိုက်ရေးနည်းစနစ်တွေ၊ သိုင်းပညာရပ်တွေ၊ ဒါမှမဟုတ် လျှို့ဝှက်ပညာရပ်တွေပေါ့” ထန်ရှုက ပြုံးကာ ပြောလိုက်သည် “မင်း ငါ့ရဲ့လျှပ်စီးပညာရပ်ကို လိုချင်လား။ ငါ့မှာ မှော်မန္တန်တွေ၊ နတ်ဘုရားအတတ်တွေ၊သိုလှောင်လက်စွပ်တွေနဲ့ ကျင့်ကြံခြင်းသူတွေ အသုံးဝင်တဲ့အခြားပစ္စည်းတွေ ရှိတယ်။ မင်း သူတို့ကို မလိုဘူးလို့တော့ ငါ့ကို မပြောဘူးမလား”

တာအိုဇီရွှယ်၏အမူအရာက ငေးမှိုင်သွားပြီး သူမက ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူမရှေ့တွင် ရပ်နေသော ပုဂ္ဂိုလ်က လူသားတစ်ယောက်မဟုတ်ဘဲ ရတနာသိုက်တစ်ခုဟု သူမက ခံစားမိလာ၏။

‘သူ…ဘယ်လိုအကြွင်းအကျန်နယ်မြေကို ရှာတွေ့ခဲ့တာလဲ။ ဘယ်လိုအမွေဆက်ခံမှုကို သူ ရခဲ့တာလဲ။ သူ့မှာ ဘယ်လိုလုပ် ဒီလောက်အများကြီးရှိနေရတာလဲ။ ပြီးတော့ သူ့ရတနာတွေက အရေအတွက်အရ ကိန်းဂဏန်းအလွန်ကြီးမားပုံပဲ’

All Chapters