← Chapters

အချစ်ပြိုင်ဘက်

Vol. 76 Ch. 1064

အချစ်ပြိုင်ဘက်

Vol. 76 Ch. 1064

အလဲအလှယ်ပြီးနောက် တာအိုဇီရွှယ်က ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူက ကျင်းရှီအား ချက်ချင်းကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဒီကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့အတူ နဂါးကိုးကောင်ကျွန်းကို ချက်ချင်း ပြန်ပါ။ သူတို့ကို ကျီးချီးမိန်ဆီ လွှဲပေးပြီးရင် သူမရဲ့အချိန်တွေကို ဆေးလုံးသန့်စင်ဖို့ပဲ မြှုပ်နှံထားဖို့ သူမကို ပြောလိုက်။ သူမမှာ ဆေးလုံးသန့်စင်ဖို့ အချိန်မရှိဘူးဆိုရင် ဒီနေရာက ပြဿနာကို ငါ ဖြေရှင်းပြီးတဲ့အထိ စောင့်နေပါ။ နောက်ကျရင် ငါကိုယ်တိုင် သူတို့ကို သန့်စင်မယ်”

“ငါ ချက်ချင်းထွက်ခွာပါ့မယ်” ကျင်းရှီက ခေါင်းညိတ်လိုက်သည်။

“လမ်းမှာ ဂရုစိုက်ပါ” ထန်ရှုက ပြော၏ “ဘယ်ကျင့်ကြံသူမှ ရှာမတွေ့မိစေနဲ့။ ဆေးလုံးတွေကို နဂါးကိုးကောင်ကျွန်းဆီ ပို့ပြီးရင် ငါ့မှာ မင်းကို ခိုင်းစရာနောက်တစ်ခု ရှိသေးတယ်”

“နောက်တစ်ခုက ဘာများလဲ” ကျင်းရှီက မေးလိုက်သည်။

“လက်နက်တွေ ထုတ်လုပ်ဖို့ဆိုရင် သံမဏိ၊ သံ၊ ရွှေ၊ ငွေတို့လို သာမန်သတ္တုတွေ လိုအပ်တယ်။ ဒီပစ္စည်းတွေ ဝယ်ဖို့အတွက် မင်း တာဝန်ရမယ်” ထန်ရှုက အမိန့်ပေးလိုက်သည် “ရှောင်ရွှယ်ကို ဆက်သွယ်ပါ၊ ပြီးရင် လောလောဆယ် ငါ့မှာ ငွေနည်းနေတယ်လို့ သူမကို ပြော။ သူမမှာ ငွေ ဘယ်လောက်ရှိသလဲ မေးပါ။ သန့်စင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့အတွက် ရနိုင်သမျှ ငွေတွေအားလုံးပေးဖို့ သူမကို ပြော”

“ငါ သူမကို စာပို့ထားလိုက်ပါ့မယ်” ကျင်းရှီက ပြန်ဖြေသည်။

ကျင်းရှီထွက်သွားပြီးနောက် ထန်ရှုက ဟောင်လဲ့ထံ အာရုံပြန်ပြောင်းကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “အခုကစပြီး မင်းက ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲပဲ။ မင်းရဲ့နှစ်စဉ်အရင်းအမြစ်ခွဲတမ်းကို နှစ်ဆရလိမ့်မယ်။ အနာဂတ်မှာ ဂိုဏ်းရဲ့အရေးတွေနဲ့ပတ်သက်တဲ့အရေးကြီးကိစ္စတွေမှာ ပါဝင်ခွင့်ရှိတယ်”

ပျော်ရွှင်အံ့အားသင့်သောအကြည့်တစ်ခုက ဟောင်လဲ့၏မျက်လုံးများထဲတွင် ပြည့်နှက်သွားသည်။ သူမက အဆင့်တိုးမြှင့်ရန် ပြင်ဆင်ထားသော်လည်း ထန်ဂိုဏ်းရဲ့အကြီးအကဲအဖြစ် တိုက်ခိုက်မြင့်တက်သွားလိမ့်မည်ဟု မတွေးထားခဲ့ပေ။ ဤအဆင့်အတန်းက မိုအားဝူနှင့်ကျင်းရှီတို့ထက် တစ်ဆင့်ပိုမြင့်၏။

ဘေးနားတွင် မိုအားဝူက အားကျနေသည်။ သူသည်လည်း ထန်ဂိုဏ်း၏စောင့်ရှောက်သူအကြီးအကဲဖြစ်ချင်သည်၊ သို့သော် သူက ရွှေအမြုတေအဆင့်သို့ မတက်လှမ်းရသေးပေ၊ ဤအချက်က သူ့အား အလွန်အမင်းစိတ်ဓာတ်ကျစေ၏။

ထန်ရှုက သူ့ထံ အာရုံပြောင်းကာ တည်ငြိမ်စွာ ပြောလိုက်သည် “အကြီးအကဲထိုင်ခုံအတွက် ငါ ခြောက်နေရာ ပြင်ဆင်ထားတယ်။ ဒါပေမယ့် ကျန်ဂိုဏ်းသားတွေကြားမှာ ရွှေအမြုတေအဆင့်ကို အရင်ဆုံးရောက်ဖို့တော့ လိုအပ်တာပေါ့။ ဟောင်လဲ့က ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲတစ်ယောက်ဖြစ်သွားပြီလို့ လူတိုင်းကို သွားအသိပေးလိုက်ပါ”

“နားလည်ပါပြီ” မိုအားဝူက ရိုသေလေးစားစွာ ခေါင်းညိတ်လျက် တဲထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူ့မျက်လုံးများက ဟောင်လဲ့ထံ ထပ်မံကျရောက်လာပြီး ထန်ရှုက ကျေနပ်အားရသောမျက်နှာနှင့် ပြောလိုက်သည် “ရွှေအမြုတေအဆင့်ကို ဘယ်သူတွေ အရင်ဆုံးချိုးဖြတ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ငါ့ဟာငါ တွေးထားတဲ့လူစာရင်းရှိတယ်။ ဒါပေမယ့် မင်း ဖြစ်လိမ့်မယ်လို့ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ ဟောင်လဲ့၊ ကျင့်ကြံခြင်းလမ်းကြောင်းက ပါရမီတွေ၊ အရင်းအမြစ်တွေ၊ ပြီးတော့ အခွင့်အလမ်းတွေအပေါ်မှာလဲ မူတည်တယ်။ မင်း ဘယ်လို ကံကောင်းမှုတွေ ကြုံတွေ့ခဲ့ပါစေ၊ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါ မင်းကို တစ်ခုတော့ မှတ်ထားစေချင်တယ်။ မင်းက ထန်ဂိုဏ်းမှာပဲ မွေးဖွားလာသလို မင်းက ထန်ဂိုဏ်းမှာပဲ သေရမယ်”

“ဂိုဏ်းချုပ်ရဲ့သတိပေးချက်ကို ဟောင်လဲ့က နှလုံးသားထဲမှာ ရိုက်နှိပ်ထားပါ့မယ်” ဟောင်လဲ့က ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်သည် “သွားတော့၊ ရွှေအမြုတေအဆင့်ကို တက်လှမ်းတာက ကျင့်ကြံခြင်းလမ်းကြောင်းရဲ့စမှတ်ပဲ ရှိသေးတယ်။ မင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို အရင်ဆုံးရောက်တဲ့သူ ဖြစ်လာလိမ့်မယ်လို့လဲ ငါ မျှော်လင့်တယ်”

‘အခြေတည်စိတ်ဝိညာဉ်အဆင့်လား’

ပြတ်သားသောအကြည့်တစ်ခုက ဟောင်လဲ့၏မျက်လုံးများထဲတွင် ထွက်ပေါ်လာပြီး သူမက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေလိုက်၏ “ငါ သေချာပေါက် နှစ်ဆကြိုးစားပါ့မယ်၊ ဂိုဏ်းချုပ်”

များမကြာမီ ဟောင်လဲ့က ထန်ဂိုဏ်း၏စောင့်ရှောက်သူအကြီးအကဲတစ်ယောက်ဖြစ်လာခဲ့သည့်သတင်းက ထန်ဂိုဏ်းသားများအားလုံးထံ ပျံ့နှံ့သွားခဲ့သည်။ အားလုံးက မနာလိုအားကျမှုများနှင့်အတူ လေးစားများလည်း ရှိလာခဲ့၏။ ထန်ရှုက သူ့လက်အောက်ရှိလူများအား ဘယ်လိုဆက်ဆံသလဲကို သူတို့က ပုံဆောင်ခဲအလား ရှင်းလင်းလာခဲ့သည်။ သူက သန်မာသောသူများကိုသာ ပစားပေး၏။

ဤအချိန်တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်းက အခြားထန်ဂိုဏ်းသားများ၏အိမ်မက်ဖြစ်လာခဲ့သည်။

နှစ်ရက်ကြာပြီးနောက် တဲထဲတွင် တိတ်တဆိတ်ကျင့်ကြံနေသောထန်ရှုအား သူ့ဆက်သွယ်ရေးကိရိယာမြည်သံမှ အနှောင့်အယှက်ပေးခဲ့၏။ ကိုင်လိုက်ပြီးနောက် စခရင်ပေါ်ရှိ နံပါတ်ကို မြင်ပြီး သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက မျက်နှာကို လွှမ်းခြုံလာလျက် သူက မေးလိုက်၏ “တားမြစ်စည်းမှာ နောက်ထပ်အကြီးစားနတ်ဆိုးသားရဲတိုက်ခိုက်မှုတွေ ရှိလာလို့လား၊ စီနီယာသွမ်မုလင်”

“လက်ရှိမှာ နတ်ဆိုးသားရဲတိုက်ခိုက်မယ့်လက္ခဏာတွေ တစ်ခုမှ မရှိဘူး၊ ထန်ရှု၊ ဒါပေမယ့် ငါ ကျင့်ကြံသူများစွာ ဖိတ်ခေါ်ထားပြီးပြီ၊ သူတို့အများစုက အားကောင်းတဲ့လူတွေပဲ။ ငါ မင်းကို သူတို့နဲ့ သိစေချင်တာကြောင့် ခေါ်လိုက်တာ” သွမ်မုလင်၏ရယ်သံက ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာ၏။ ဤအချိန်တွင် သူက စိတ်အခြေအနေကောင်းနေမှန်း သိသာသည်။

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “လောလောဆယ် ငါ ကျင့်ကြံခြင်းရဲ့အရေးကြီးအခိုက်အတန့်ကို ရောက်နေတယ်၊ ဒါကြောင့် ငါ့မှာ ဖြုန်းဖို့အချိန်မရှိဘူး၊ စီနီယာသွမ်မုလင်။ ဒါကြောင့် အခုတော့ ငါ မလာနိုင်သေးဘူး”

သွမ်မုလင်က ခဏတုံ့ဆိုင်းသွားပြီးနောက် အားတင်းပြုံးလျက် ပြောလိုက်၏ “ဒါဆိုလဲ ကောင်းပါပြီ၊ မင်းကို မနှောင့်ယှက်စေချင်ဘူးဆိုမှတော့ ထားလိုက်တော့ပေါ့။ ငါက မင်းအကြောင်းကို လူတိုင်းအရှေ့မှာ ကြွားထားတာ။ မင်း မလာရင် လူတိုင်းအတွက် အတော်လေးစိတ်မကောင်းစရာပဲ”

“ဟီးဟီး” ထန်ရှုက ရယ်လျက် ဖုန်းချလိုက်သည်။

နာရီဝက်ကြာပြီးနောက် အေးစက်စက်လေတစ်ခုက တိုက်ခတ်လာပြီး တဲအပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ရာ ထန်ရှု၏ကျင့်ကြံခြင်းအား တိုက်ရိုက်နှောင့်ယှက်ခဲ့၏။ သူက တဲအပြင်ဘက်သို့ ထွက်လာလိုက်သည်၊ လူစိမ်းဆယ်‌ယောက်က တပ်စခန်းအပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။

“ဘာဖြစ်တာလဲ”

ထန်ရှုက ထိုလူများအား ဂရုတစိုက်လေ့လာပြီးနောက် မေးလိုက်သည်။

“သူတို့က ဂိုဏ်းချုပ်ကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် သူတို့ရဲ့သဘောထားက တကယ်ဆိုးရွားတယ်။ အထူးသဖြင့် အရှေ့က အဲကောင်လေးပဲ။ သူက အရမ်းမောက်မာပြီး ငါတို့ကို စော်ကားနေတယ်” မိုအားဝူက နက်ရှိုင်းသောအသံဖြင့် ပြောသည်။

ထန်ရှုမျက်လုံးများက ခေါင်းဆောင်လူငယ်အပေါ်သို့ ကျရောက်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဒီနေရာက ငါ့ထန်ဂိုဏ်းရဲ့တပ်စခန်းပဲ။ မင်းမှာ အရေးတကြီးပြောစရာမရှိရင် ငါတို့ကို မနှောင့်ယှက်ပါနဲ့။ ပြီးတော့…ငါတို့က တစ်ယောက်နဲ့တစ်ယောက် မသိဘူး၊ ငါ မင်းကို ရန်စခဲ့တာလဲ မရှိဘူးထင်တယ်၊ ဘာလို့ မင်းက ငါတို့ကို စော်ကားနေရတာလဲ”

အဖြူရောင်ဝတ်ဆင်ထားသည့်လူငယ်က ရည်မွန်သောအမူအရာနှင့်ချောမောခန့်ညားသောမျက်နှာတစ်ခုရှိ၏၊ သို့သော် သူ၏မောက်မာမှုက ပိုထင်ရှားသည်။ ထန်ရှုကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများက အနည်းငယ်မြင့်တက်သွား၏။

“ငါပဲ”ထန်ရှုက စိတ်မဝင်စားစွာ ပြန်ဖြေသည် “မင်းကရော”

“ငါက မြောင်ဒေသက ပုကလန်ရဲ့သခင်လေးပုယုဟမ်ပဲ”လူငယ်က နှာခေါင်းရှုံ့လိုက်သည် “မျက်မမြင်အဘွားအိုက တကယ်ကို အသက်ကြီးလွန်းနေတာပဲ။ သူမက ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်းတောင် မစဉ်းစားနိုင်တော့ဘူးထင်တယ်။ သူမက ရွှယ်ယုကို မင်းဆီမှာ စိတ်ချခဲ့တယ်ပေါ့လေ။ ငါ မင်းအကြောင်း စုံစမ်းပြီးပြီ။ မင်းက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်၊ ပေကျင်းက ထန်မိသားစုရဲ့မျိုးဆက်၊ လူငယ်နတ်ဆေးဆရာအဖြစ်လဲ လူသိများတယ်။ ဒါပေမယ့် ငါ မင်းကို ပြောလိုက်မယ်၊ မင်းရဲ့အဲဒီအထောက်အထားတွေက ငါ့မျက်လုံးထဲမှာ ဘောင်မဝင်ဘူး”

“မင်းက မင်းရဲ့ဘိုးဘေးကို မျက်မမြင်အဘွားအိုလို့ ခေါ်တာပေါ့လေ၊ ဒါက ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတာ မင်း မသိဘူးလား” ထန်ရှုက နက်ရှိုင်းသောအသံနှင့် အေးစက်စွာ ပြောလိုက်၏ “ငါ ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းက ဒီနေရာကို ပြဿနာလာရှာတယ်ဆိုတာတော့ ငါ မြင်နိုင်တယ်”

“မှန်တယ်” ပုယုဟမ်က နှာခေါင်းရှုံ့လိုက်၏ “ဒီသခင်လေးက မင်းကို ရန်စဖို့ ဒီနေရာလာတာပဲ။ ဒီနေ့မှာ သွမ်မုလင်က မင်းကို မိတ်ဆက်ပေးဖို့ ခေါ်ခဲ့တယ်၊ ဒါပေမယ့် မင်းက တက်ရောက်ဖို့ ငြင်းပယ်ခဲ့ပြီး မင်းက ကျင့်ကြံနေတာလို့ ပြောခဲ့တယ်။ မင်းက ကျင့်ကြံသူတစ်ယောက်၊ ကျွမ်းကျင်သူတစ်ယောက်ဆိုတာ ငါ မစုံစမ်းခဲ့ဘူးလို့ မင်း မထင်နဲ့။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက ငါနဲ့ ယှဉ်ရင် အီးပေါလောတစ်ယောက်ပဲ။ ဘာက မင်းအတွက် ပိုကောင်းတယ်ဆိုတာ သိရင် ရွှယ်ယုနားကနေ ထွက်သွားလိုက်။ သူမက မင်း ရရှိနိုင်တဲ့သူမျိုးမဟုတ်ဘူး”

“ဒါဆို ရွှယ်ယုကြောင့် မင်း ငါ့ကို လာရန်စနေတာပေါ့” ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

ပုယုဟမ်က သူ့လက်ထဲရှိ ယပ်တောင်အား ခတ်ရင်း ‘မင်းက အဲလောက် မတုံးပါဘူး’အကြည့်နှင့် ထန်ရှုအား ကြည့်လိုက်သည်။ “မင်း ခန့်မှန်းခဲ့သလိုပဲ။ ရွှယ်ယု‌ကြောင့်ပဲ။ သူမက ငါတို့မြောင်ဒေသရဲ့အလှဆုံးမိန်းကလေးလို့ ကောလဟာလပြောကြတယ်။ သူမကပဲ ငါ့အမျိုးသမီးဖြစ်သင့်တာ သဘာဝပဲ။ ဒါပေမယ့် မင်း…မင်းက သူမနဲ့ မထိုက်တန်ဘူး”

“ဟမ်၊ ငါ သူမနဲ့ ထိုက်တန်တာမထိုက်တန်တာ မင်းအလုပ်မဟုတ်ဘူး” ထန်ရှုက ပြန်နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ငါ မင်းကို ပြောလိုက်မယ်၊ ရွှယ်ယုက ငါ့အမျိုးသမီးဖြစ်ပြီးသား၊ နောင်လဲ သူမက ငါ့အမျိုးသမီးဖြစ်နေအုံးမှာပဲ။ မင်းက သူမအပေါ် မတော်မရော်အတွေးတွေရှိရဲရင် ငါ မင်းကို သတ်ပစ်မယ်”

ပုယုဟမ်က ဘေးဘီဝဲယာကြည့်ကာ ရယ်လိုက်လေသည် “ဟားဟားဟား၊ မင်းက ငါ့ကို ရှင်းမယ်တဲ့လား။ ဒါက ငါ့တစ်သက် ကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ။ ဒီလမ်းတေလေအမှိုက်တွေကို အမိန့်ပေးနိုင်ရုံနဲ့ ငါ့ကို ရင်ဆိုင်ချင်တာလား။ ငါ့ရဲ့ပုကလန်က မင်းတို့ထက် အရေအတွက်အရရော၊ စွမ်းအားအရရော အများကြီးလွှမ်းမိုးနိုင်တယ်။ ငါတို့ကို အခြားသူတွေက သတိမပြုမိစေချင်တာကြောင့် ငါတို့က သိုသိုသိတ်သိတ်နေခဲ့တာပဲ။ ဒါပေမယ့် နတ်ဆိုးသားရဲတွေကို ခုခံရာမှာ ကူညီဖို့အတွက် ငါတို့တွေ မြောင်ဒေသကနေ ထွက်ခွာလာပြီ။ ငါတို့နောက်ထပ် သိုသိုသိတ်သိတ် နေစရာမလိုတော့ဘူး၊ ဒီတော့ မင်းးဘာလုပ်နိုင်မလဲ ငါ ကြည့်ရတာပေါ့”

“သခင်လေး…”

တုတ်ခိုင်သန်မာသောလူတစ်ယောက်က ရှေ့တစ်လှမ်းတိုးလာကာ တီးတိုးပြောလိုက်၏ “သခင်လေးကို ဒီနေရာမှာ ပြဿနာမရှာဖို့ ခေါင်းဆောင်က အမိန့်ထုတ်ထားတယ်။ သခင်လေးက ရင်ဆိုင်ချင်တယ်ဆိုရင် သူနဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့ဖို့ မလိုပါဘူး။ ငါတို့ နတ်ဆိုးသားရဲတွေကို သတ်နေတဲ့အချိန်ကျရင် သူ့ကို ခေါ်လာလိုက်ပေါ့။ မင်းနဲ့သူ့ကြား ကွာဟချက်ကြီးမားတာကို သူ သိရင် သူက ကျောက်စိမ်းမိန်းမလှလေးကို လက်လျှော့လိုက်မှာပါ”

ပုယုဟမ်က သူ့အကြံပြုချက်အား ခဏတွေးလိုက်ပြီး သင့်လျော်သည်ဟု ခံစားမိ၏။ သူက ထန်ရှုအား ရုတ်တရက် စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “ဟေးထန်ကောင်လေး၊ မင်း ငါနဲ့ အလောင်းအစားလုပ်ရဲလား”

“မင်းက ဘာကို အလောင်းအစားလုပ်ချင်တာလဲ” ထန်ရှုက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

“ငါတို့ နတ်ဆိုးသားရဲတွေ အရေအတွက်ဘယ်လောက်ထိသတ်နိုင်သလဲဆိုတာ ယှဉ်ပြိုင်ကြရအောင်”ပုယုဟမ်က ပြုံးဖြဲဖြဲနှင့် ပြော၏ “ငါနဲ့ငါ့လူတွေ သတ်နိုင်တဲ့နတ်ဆိုးသားရဲအရေအတွက်က မင်းတို့ထက် ပိုများမယ်ဆိုရင် မင်းက ရွှယ်ယုကို လက်လျော့ပြီး သူမရဲ့အဝေးကို ထွက်သွားရမယ်”

“ဒါဆိုရင် ငါ နိုင်ရင်ရော” ထန်ရှုက မေးလိုက်သည်။

“မင်း နိုင်ရင်လား။ ဟမ်၊ မင်း ဘယ်တော့မှ မနိုင်ဘူး” ပုယုဟမ်က အထင်သေးစွာ ပြန်ပြော၏။

“အလောင်းအစားတစ်ခုဆိုတာ မျှတတဲ့လောင်းကြေးတစ်ခု ရှိရတယ်၊ စောက်ရူးရဲ့” ထန်ရှုက သာမန်မျှစွာ ပြန်ပြောသည် “ငါ အနိုင်ရင် မင်း ဒီတစ်သက် ရွှယ်ယုကို ဘယ်တော့မှ ထပ်မတွေ့နဲ့တော့။ မင်း ငါ့ကို မြင်တဲ့အခါကျရင်လဲ ငါ့မျက်စိရှေ့ကနေ ချက်ချင်း ပြေးပုန်းရမယ်”

ပုယုဟမ်က မျက်နှာသုန်မှုန်လျက် ကျယ်လောင်စွာ ပြန်ဖြေလိုက်၏ “သဘောတူတယ်၊ ဒါပေမယ့် ငါ နောက်ထပ်အခြေအနေတွေ ထပ်ပေါင်းထည့်ချင်တယ်။ ငါ အနိုင်ရရင် မင်း ရွှယ်ယုဆီကနေ ထွက်သွားရုံတင်မက ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းက ငါ့ထက် ပိုနိမ့်ကျတယ်လို့ သုံးကြိမ်တိတိဝန်ခံရမယ်”

ထန်ရှုက မျက်လုံးစောင်းငဲ့ကြည့်လျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏ “ဟမ့်၊ မင်းက နောက်ထပ်အခြေအနေတွေ ထပ်ပေါင်းထည့်မှတော့ ငါလဲ ထပ်ပေါင်းထည့်ပေးရမှာပေါ့။ ငါ အနိုင်ရရင် မင်းအမဲလိုက်ရသမျှ နတ်ဆိုးသားရဲအကြွင်းအကျန်တွေအားလုံး ငါ့ကို ပေးရမယ်”

ထန်ရှု၏တုံ့ပြန်ချက်အပေါ် ပုယုဟမ်က ကျယ်လောင်စွာ ပြန်ပြော၏ “ငါ ကတိပေးတယ်။ ဒါဆို အလောင်းအစားက အတည်ပြုပြီးနော်”

“ဒါဆို မင်း ဒီနေရာက ထွက်သွားလို့ရပြီ” ထန်ရှုက စိတ်မပါဟန်နှင့် ပြောလိုက်သည် “မနက်ဖြန်မနက်ကျရင် ငါတို့တွေ တားမြစ်စည်းမှာ တွေ့ကြတာပေါ့”

ပုယုဟမ်က လက်သီးတင်းကြပ်စွာ ဆုပ်လျက် ထန်ရှုအား စိုက်ကြည့်လိုက်သည် “ငါ့တစ်သက်မှာ တစ်ယောက်မှ ဒီလိုလေသံနဲ့ ငါ့ကို မပြောရဲဘူး။ တစ်ယောက်မှ…ဒီလိုပြောတာ မင်းက ပထမဆုံးပဲ၊ ပြီးတော့ မင်းက နောက်ဆုံးလဲ ဖြစ်လိမ့်မယ်။ ထန်ကောင်စုတ်၊ ငါ့ကို ဒီလိုမျိုးပြောတဲ့အတွက် ငါ မင်းကို နောင်တရအောင် လုပ်ပြမယ်။ မင်း ငါ့ကို ဆန့်ကျင်မိတဲ့အတွက် နောင်တရစေရမယ်”

“မင်း သိလား၊ လူတစ်ယောက်က ပါးစပ်လှုပ်ဖို့ မလိုဘူး၊ သူက သူ့ရဲ့အပြုအမူတွေနဲ့ စကားပြောဖို့ပဲ လိုအပ်တယ်။”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဘယ်သူက နောက်ဆုံးရယ်မောနိုင်မလဲ ကြည့်ရတာပေါ့။ ပုကလန်…ဟမ့်…မင်းက မင်းရဲ့မိသားစုဆီ ကပ်ဘေးမကျရောက်စေဖို့ ငါ မျှော်လင့်ပါတယ်”

All Chapters