← Chapters

ငါ့ဓားချက် ဘယ်လိုလဲ

Vol. 15 Ch. 209

ငါ့ဓားချက် ဘယ်လိုလဲ

Vol. 15 Ch. 209

ထူစွန်းရှစ်က ရယ်မောလိုက်ပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်၏။

“အသက်ရှုကြိမ် သုံးကြိမ်က လုံလောက်တယ်…”

သူက ဓားကို ဝှေ့ယမ်းလျှက် အော်ဟစ်လိုက်၏။

“ဓား ၁၀၀၀၀ တို့… အိမ်… အ…ပြန်…”

သူ၏ခေါင်းပေါ်မှ အစိမ်းရောင်ဓားငယ်လေးသည် ပေါက်ကွဲထွက်သွားကာ လူရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

လူရိပ်သည် သုံးပေခန့်သာ မြင့်ကာ ထူစွန်းရှစ်နှင့် ဆင်တူသည်။ သူသည်လည်း ဓားတစ်လက်ကို ကိုင်ကာ ရှေ့သို့ ထိုးသွင်းလိုက်၏။

ဓားကို ထိုးသွင်းလိုက်ပြီးသည်နှင့် လူရိပ်သည် ပျောက်ကွယ်သွားကာ ပြန်ပေါ်လာသည်။ သူ ပြန်ပေါ်လာသောအခါ အသက် ၅ နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေသည်။

သူက တဖန် ရှေ့ကို လှမ်းလျှက် ဓားဖြင့် ထိုးလိုက်ပြန်သည်။

လူရိပ်သည် ထပ်မံအသွင်ပြောင်းသွားကာ အသက် ၁၃နှစ်အရွယ် လူရွယ်တစ်ဦးဖြစ်လာသည်။

အသက် ၂၀ အရွယ်…

အသက် ၃၀ အရွယ်…

အစိမ်းရောင်ဝတ်ဆင်ထားကာ ဓားရှည်တစ်လက်ဖြင့် သူသည် ကုန်းမြေတခွင် ခြေဆန့်ခဲ့သည်။

အသက် ၄၀…

ဓားတစ်လက်ဖြင့် သူသည် ပြိုင်စံရှား၏။

အသက် ၁၀၀…

သူသည် ဓားရှည်ကို လွှင့်ပစ်လိုက်ကာ သာမန်ဓားတစ်လက်ကို ကောက်ကိုင်သည်။

အသက် ၂၀၀ …

သူသည် သေမျိုးတို့လောကတွင် ကလေးများအား ဝါးရွက်ဓားဖြင့် သိုင်းသင်ပေးသည်။

အသက် ၃၀၀ …

သူသည် တကိုယ်တော်ကျင့်ကြံသူများအကြား လှည့်ပတ်ကာ လွတ်လပ်ပေါ့ပါးစွာ နေထိုင်သည်။

အသက် ၄၀၀ …

အသက် ၅၀၀ …

အသက် ၁၀၀၀ …

ဓားတာအို၊ ဓားလမ်းစဉ် …

ဓား ၁၀၀၀၀ တို့ … အိမ်ပြန်ခြင်း။

ဓား ၁၀၀၀၀ တို့သည် ဓားတစ်လက်တည်းအဖြစ် စုစည်းလာ၏။

ထူစွန်းရှစ်ရှေ့တွင် ဓားအလင်းများအားလုံးသည် အစိမ်းရောင်ဓားတစ်လက်အဖြစ် စုစည်းလာကြသည်။ ဓားသည် အေးစက်သော အလင်းနှင့် နက်ရှိုင်းသော အရောင်အဝါများအား ပေး၏။

ဓားစုစည်းဖြစ်ပေါ်လာသည်တွင် အဝေး၌ ရှိနေကြသော မိစ္ဆာငါးပါးသည် တုန်ယင်သွားကြသည်။

“ထူစွန်းရှစ်… မင်း ရူးနေလား…”

“မင်းရဲ့ နှစ်တစ်ထောင်သက်တမ်း ဝိညာဉ်သူငယ်ကို ဖျက်ဆီးပြီးတော့ ငါတို့နဲ့အတူ သေချင်နေတာလား”

“ထူစွန်းရှစ်… ဒီနေ့ ငါမသေခဲ့ရင် မင်းရဲ့ ထိုက်ရီဓားဂိုဏ်းကို သေချာပေါက် ဖျက်ဆီးပစ်မယ်”

ဒေါသတကြီး အော်ဟစ်သံများအား ကြားရ၏။

ထူစွန်းရှစ်က ဟားတိုက်ရယ်မောလိုက်၏။ ဓားအလင်းသည် လျော့နည်းသွားခြင်း မရှိဘဲ ဟန်မူယဲ့၏ဓားကို ဦးဆောင်ကာ ထိုးနှက်လိုက်၏။

ဓားအလင်းသည် ဓားသမားတစ်ဦး၏စိတ်နှလုံးအဖြစ် စုစည်းလာသည်။

ဓားဖြစ်ပေါ်လာသည်တွင် တစ်လောကလုံး တုန်ခါသွား၏။ ကောင်းကင်သည် အရောင်ပြောင်းကာ မိုင်ငါးထောင်ပတ်လည်မှ တိမ်စိုင်များလွင့်ပါးသွားသည်။

ဓားအလင်း ရှေ့ကို တိုးသွားတိုင်း မိစ္ဆာတိမ်တိုက်များ ပြယ်လွင့်ကြ၏။

ထိုအခိုက်တွင် ကောင်းကင်ဘုံအဆင့် မိစ္ဆာငါးပါးသည် နောက်ဆုတ်ခြင်း ရှောင်ဖယ်ခြင်းများ မပြုလုပ်နိုင်ကြတော့ပါ။ သူတို့က ရှိရှိသမျှသော ခွန်အားများကို သုံး၍ ထူစွန်းရှစ်၏ဓားကို အလင်းကွန်ချာဖွဲ့စည်း၍ ကာကွယ်ကြသည်။

သူသည် ကောင်းကင်ဘုံအဆင့်မိစ္ဆာငါးပါးအား ဓားတစ်လက်ဖြင့် တိုက်ခိုက်နိုင်သည်။

အောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ လက်သီးတင်းတင်းဆုပ်ထားကြ၏။

ဤသည်ကား အနောက်ဘက်ကုန်းမြေမှ ဓားသမားတစ်ဦး၏စွမ်းရည် ဖြစ်သည်။

သူတို့သည် အနောက်ဘက်ကုန်းမြေမှ လူသားများ၏ကံကြမ္မာကို လောင်းကြေးထပ်ထားရသည်။

ဝုန်း…

ဓားအလင်းသည် မိစ္ဆာတိမ်တိုက်များနှင့် အလင်းကွန်ချာအား အတားအဆီးမရှိ ကျော်ဖြတ်ကာ ပထမဆုံးသော ကောင်းကင်ဘုံမိစ္ဆာအား တိုက်ခိုက်လိုက်၏။

ထိုကောင်းကင်ဘုံမိစ္ဆာမှာ တားဆီးနိုင်စွမ်း မရှိပါ။

ကောင်းကင်ဘုံမိစ္ဆာ၏ဝိညာဉ်သည်ပင် မကျန်ရစ်ခဲ့ပေ။

ဓားသည် ရှေ့ကို ဆက်သွားလျှင် ဒုတိယမြောက် ကောင်းကင်ဘုံမိစ္ဆာသည် မြေခွေးစိမ်းတစ်ကောင်၏အသွင်ကို ထုတ်ပြလာသည်။ ၎င်းသည် ကြောက်လန့်တကြား ပြေးလွှားသည့်တိုင် ဓားချက်အောက်တွင် နှစ်ပိုင်း ပြတ်တောက်သွား၏။

ဒုတိယမြောက် မိစ္ဆာသည်လည်း အသက်ပျောက်သွား၏။

ဓားသည် ရပ်တန့်ခြင်း မရှိပါ။ ဓားသွားသည် တတိယမြောက် ကောင်းကင်ဘုံမိစ္ဆာထံသို့ ဦးတည်လာသည်။

ခေါင်းဆောင်ယွီဖုန်းသည် နဂါးတစ်ကောင်အသွင်သို့ ပြောင်းကာ ထွက်ပြေးသော်လည်း ဓား၏အမြန်နှုန်းအား မယှဉ်နိုင်ပေ။ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် သူက ပါးစပ်ကို ဟလိုက်ရာ ပါးစပ်ထဲမှ အနီရောင်နဂါးငယ်တစ်ကောင် ခုန်ထွက်လာပြီး အဝေးသို့ ထွက်ပြေးသည်။

သို့တိုင်အောင် ဓားသည် ရေနဂါးငယ်ကိုပင် ထွင်းဖောက်သွားကာ အစအနမကျန်အောင် ဖျက်ဆီးပစ်၏။

ဓားတစ်ချက်သည် ကောင်းကင်ဘုံမိစ္ဆာသုံးပါးအား သတ်ဖြတ်သွားသည်။

မည်သူက ထိုသို့သော စွမ်းအားကို ယှဉ်နိုင်ပါမည်နည်း။

နောက်ထပ် ကောင်းကင်ဘုံမိစ္ဆာနှစ်ပါးသည် ထပ်မံတိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ နောက်လှည့်ကာ ထွက်ပြေးကြတော့သည်။

“တာအိုရောင်းရင်းတို့… ခင်ဗျားတို့က အနောက်ဘက်ကုန်းမြေရဲ့ ဓားကို မမြည်းစမ်းရသေးဘူးလေ။ ဘာလို့ မြန်မြန်ဆန်ဆန် ထွက်သွားရတာလဲ”

ထူစွန်းရှစ်က တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက ဓားကို တဖန် ထိုးနှက်လိုက်ပြန်သည်။

ကောင်းကင်ဘုံမိစ္ဆာနှစ်ပါးကား ဂုဏ်သိက္ခာကိုပင် မငှဲ့ကွက်ဘဲ ထွက်ပြေးနေကြပြီ ဖြစ်သည်။

သူတို့က ကောင်းကင်ဘုံအဆင့်ဖြစ်လျှင်ကော အဘယ်အရေးနည်း။

သေခြင်းတရားနှင့် ကြုံသောအခါ မည်သူက မကြောက်ရွံ့ဘဲ နေမည်နည်း။

ထူစွန်းရှစ်၏နောက်တွင် မျက်နှာပြာနှမ်းလျှက် ရပ်နေသော ဟန်မူယဲ့သည် အသဲအသန် ထွက်ပြေးနေသော ကောင်းကင်ဘုံမိစ္ဆာအား ကြည့်ကာ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော ခံစားချက်များ ဖြစ်လာသည်။

နှစ်တစ်ထောင်မျှ ကျင့်ကြံခဲ့သည့်တိုင် သေခြင်းနှင့် ကြုံတွေ့သောအခါ သူတို့မှာ သေမျိုးသာ ဖြစ်ပေသည်။

သေမျိုးတွင် သေမျိုးကျင့်ကြံနည်းစနစ်များ ရှိသည်။

သူတို့က တိုက်ခိုက်သင့်သည်များအတွက် တိုက်ခိုက်ရမည် ဖြစ်ပြီး လက်လွှတ်သင့်သည်များအား လွှတ်ချရမည်။

သူတို့သည် အင်မော်တယ်ဖြစ်ပါက သေမျိုးလောကနှင့် ကင်းကွာသင့်၏။

“တာအိုရောင်းရင်းထူ… ကျုပ်ကို လွှတ်ပေးပါ။ နောက်တစ်ခါ အနောက်ဘက်ကုန်းမြေသို့ မလာတော့ပါဘူး”

ကောင်းကင်ဘုံမိစ္ဆာတစ်ဦးက ကြောက်လန့်တကြား ပြောသည်။

ထူစွန်းရှစ်က သူ့ဓားကို နေရာပြောင်းကာ ထိုးနှက်လိုက်ပြန်သည်။

“ထူစွန်းရှစ်… မင်း ငါ့ကို သတ်ရင် ငါတို့ခေါင်းဆောင်က မင်းကို ကိုယ်တိုင် လာသတ်လိမ့်မယ်”

ထိုကောင်းကင်ဘုံမိစ္ဆာမှာ စကားမဆုံးသေးခင် ဓားချက်၏ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

ထိုအခါမှ ဓားသည်လည်း ရပ်တန့်သွားသည်။

ကံကောင်းထောက်မ၍ ထွက်ပြေးလွတ်မြောက်သွားသော ကောင်းကင်ဘုံမိစ္ဆာသည်ကား ဆက်နေရဲခြင်းမရှိတော့ဘဲ အဝေးကို ပျံသန်းသွားပြီ ဖြစ်သည်။

သူ ဆက်နေပါက သေခြင်းတရားကို လက်ယပ်ခေါ်ခြင်းနှင့် အတူတူဖြစ်သည်။

ဓားတစ်ချက်သည် ကောင်းကင်ဘုံတစ်ဦးအား သတ်ဖြတ်နိုင်သည်။

ဓားအလင်းသည် မိုင်တစ်သောင်းသို့အထိ ပြန့်နှံ့နေကာ ကောင်းကင်ဘုံများအား ခွေးများကို သတ်ဖြတ်သလို လွယ်ကူစွာ သတ်နိုင်သည်။

ဓားတာအို၊ ဓားလမ်းစဉ်…

ဓားအလင်း ရပ်တန့်သွားသည်နှင့် ဟန်မူယဲ့သည် အားရကျေနပ်ခြင်းကို ခံစားရကာ ကောင်းကင်ဘုံသို့ တက်လှမ်းသည့်အလား ဖြစ်လာသည်။

၎င်းကား ကျင့်ကြံခြင်းမှ ရသော စိတ်ကျေနပ်မှု ဖြစ်သည်။

သူ့ရှေ့မှ ထူစွန်းရှစ်အား ကြည့်ကာ ဟန်မူယဲ့က သူသည်လည်း တစ်နေ့ ထိုသို့ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်သည်။ သူသည် ကောင်းကင်ဘုံအဆင့်အား လက်တစ်ဖက်ဝှေ့ယမ်းလျှက် သတ်ဖြတ်နိုင်ရမည်။

ဝုန်း…

ထူစွန်းရှစ်က လက်မြှောက်လိုက်သည်တွင် ဧရာမဓားကြီးသည် ပြန်လည်ပြိုကွဲသွားကာ မရေမတွက်နိုင်သော ဓားများ ပိုင်ရှင်များထံသို့ ပြန်လည်ပျံသန်းသွားကြသည်။

ထိုအခိုက်တွင် ထိုဓားများအားလုံးမှာ ဝိညာဉ်အလင်းများ စူးရှလင်းလက်နေကြ၏။ ၎င်းဓားများသည် ကောင်းကင်ဘုံမိစ္ဆာ၏သွေးအပြင် ဝိညာဉ်သူငယ်အဆင့် ဓားတာအို၏ သန့်စင်ခြင်းနှင့် တွေ့ကြုံသွားရရာ အလိုအလျောက် အရည်အသွေး မြင့်တက်သွားကြသည်။

လူသားအဆင့်ဓားများသည်ပင် ဝိညာဉ်ဓားများ ဖြစ်လာကြ၏။

“ငါ့ ဓား ဝိညာဉ်တစ်ဝက်ဓား ဖြစ်လာတယ်”

တစ်ယောက်က သူ၏လက်ထဲမှ ဓားကို ကြည့်ကာ အံ့အားသင့်စွာ ပြောသည်။

၎င်းသည် သေမျိုးများနှင့် အင်မော်တယ်များအကြား ကွာဟချက် ဖြစ်သည်။

ကျောက်ယိုကျစ်သည် သူ၏ဓားကျိုးကို ကိုင်ကာ ခံစားချက်များအား ချုပ်တီးထားသည်။

သူက ဓားကို ကိုင်လိုက်မိသည်နှင့် ၎င်းထံမှ အသက်ရှိသော ခံစားချက်ကို ရသည်။

ဟွမ်လောင်လျှိုဘေးတွင် ကောင်းရှောင်ရွှမ်ကား အိမ်ပျော်နေသော မြေခွေးလေးအား ကိုင်ထားသည်။ ဟွမ်လောင်လျှိုက လက်ဆန့်ကာ သူ၏ခေါင်းကို အသာပုတ်လိုက်သည်။ ကောင်းရှောင်ရွှမ်သည် စကားလုံးတချို့ ရေရွက်ကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။

မိစ္ဆာမျိုးနွယ်မှ ကောင်းကင်ဘုံအဆင့်များမှာ အပြတ်အသတ် ရှုံးနိမ့်သွားပြီး ဖြစ်သည်။ ထို့ကြောင့် ကျန်ရစ်သော မိစ္ဆာများမှာ ဆက်လက်ကျူးကျော်တိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ ပြန်ပြေးကြရလေသည်။

အကယ်၍ ထူစွန်းရှစ်က ကောင်းကင်ဘုံအဆင့်အား သတ်ဖြတ်နိုင်ပါက သူတို့အားလုံးကိုလည်း သတ်ဖြတ်နိုင်ပေသည်။

ကောင်းကင်ထက်တွင် ထူစွန်းရှစ်က မျက်နှာများ ပြာနှမ်းနေသော ဟန်မူယဲ့အား ကြည့်ကာ ရယ်မောလိုက်သည်။

“ကောင်လေး… ငါ့ဓားချက် ဘယ်လိုလဲ…”

All Chapters