← Chapters

အပိုင်း(၅၁၈)

Vol. 35 Ch. 518

အပိုင်း(၅၁၈)

Vol. 35 Ch. 518

ကျိမို့၏တောက်ပနေသောဓားမြောင်နှင့် ခြိမ်းခြောက်မှုအောက်တွင်   ကျိ‌ရှောင်က ရှစ်ဖုန့်နှင့်ကျိမို့တို့အား သီးသန့်စကားပြောဆိုရန် ခွင့်ပြုပေးလိုက်ရသည်။ သို့သော်  သူတို့ အားနာရီဝက်သာ အချိန်ပေးထားခြင်းဖြစ်သည်။

ဂူအတွင်း၌  ကျိမို့က ရှစ်ဖုန့်အားပြုံးပြပြီး ညင်သာစွာခေါ်လိုက်သည်။

“ရှစ်ဖုန့်လေး”

“အင်း”

ရှစ်ဖုန့် ညင်သာစွာခေါင်းညိမ့်လိုက်ပြီး  ကျိမို့အားထပ်မံနှစ်သိမ့်လိုက်သည်။

“မစိုးရိမ်ပါနဲ့. ဆယ်ရက်ကျော်တောင်ကျန်ပါသေးတယ်. ငါသေချာပေါက်ငါ့ရဲ့လက်ရှိအ

ဆင့်ထက်ကျော်နိုင်မှာပါ..  အဲ့အချိန်ကြရင်  ငါအားလုံးကိုအနိုင်ယူပြီးတာနဲ့ မင်းလွတ်လပ်သွားလိမ့်မယ်”

“ငါသိပါတယ်. ..ငါနင့်ကိုယုံတယ်”

ကျိမို့ကပြောလိုက်သည်။သူမက

ခဏရပ်လိုက်ပြီးနောက်ဆက်ပြော၏။

“ရှစ်ဖုန့်လေး…နင်ငါ့ရဲ့တကယ့်အသွင်အပြင်ကိုမမြင်ဖူးသေးဘူးမလား. ငါပြောချင်တာက ငါ့ရဲနဂိုပုံစံကိုပြောတာ”

ဤအရာအားပြောနေရင်း ရှစ်ဖုန့်၏အပြောအားကျိမို့မစောင့်ပေ။ သူမ၏လက်တို့အားသူမလည်ပင်းထံသို့လှမ်းလိုက်ပြီး  သူမ၏လည်ပင်းမှ ရွှေရောင်အလင်းတစ်ခုထုတ်လွှတ််နေသော ရွှေရောင်သော့အိမ်တစ်ခုကိုထုတ်ယူလိုက်သည်။

ထို့နောက် ရွှေရောင်သော့အိမ်အားသူမ၏

လည်ပင်းမှချွတ်လိုက်၏။

ရုတ်တရက် ကျိမို့၏ကိုယ်မှ  အားကောင်းသောရွှေရောင်အလင်းတစ်ခုလင်းလက်လာသည်။သူမကိုယ်ပေါ်ရှိရွှေရောင်

အလင်းတို့က  ရွှေရောင်သော့အိမ်၏ဆွဲယူမှုအား

ခံရပုံပေါ်ပြီး သော့အိမ်ထံသို့ ဦးတည်သွားသည်။

ဖြည်းဖြည်းချင်း ကျိမို့၏အသွင်အပြင်နှင့် ခန္ဓာကိုယ်အချိုးအစားတို့ပြောင်းလဲသွားသည်။

သူမ၏နိုင်ငံတစ်ခုနှင့် ထိုနိုင်ငံရှိလူများအားပျက်စီးကိန်း

စိုက်စေနိုင်လောက်အောင်လှပသော

မျက်နှာလေးကပို၍ နူးညံ့နှစ်လိုဖွယ်ကောင်းပြီး မိန်းမဆန်လာသည်။

ယောက်ျားတို့၏လည်ပင်း၌ရှိနေကြဖြစ်သော လည်စိမှာလည်း ပျောက်ကွယ်သွားသည်။သူမ၏ပြား

ချက်နေသော ရင်ဘက်၌လည်း မို့မောက်သော တောင်ထွတ်နှစ်ခုဖြစ်ပေါ်လာသည်။ သူမ၏အဖြူရောင်ဝတ်ရုံကလေထဲ၌တဖျပ်ဖျပ်လွင့်နေ၏။နတ်သမီးတစ်ပါးဆင်း

သက်လာသကဲ့သို့ပင်ဖြစ်သည်။ ယင်းမှာ ကျိမို့၏အမျိုးသမီးတစ်ယောက်ပုံစံဖြစ်သည်။ နိုင်ငံတစ်ခုနှင့်၎င်းနိုင်ငံရှိလူများအား

ပျက်ကိန်းစိုက်စေနိုင်လောက်သော လှပသည့်မင်းသမီးလင်လုံပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိယောက်ျားများကသူမကြောင့်ရူးသွပ်ကြပြီး ထျန်းလျန်အင်ပါယာသို့သတို့သား

ရွေးချယ်ပွဲ၌ဝင်ပြိုင်ရန်အတွက်လာလိုကြသည်။

ရှစ်ဖုန့်ကသူမအားစိုက်ကြည့်

နေသည်ကိုတွေ့ရသောအခါ  ရာပေါင်းများစွာသောပန်းများပွင့်လန်းသကဲ့သို့ကျိမို့ချိုသာစွာပြုံးလိုက်သည်။

သူမကပြုံး၍ပြောလိုက်၏။

“ငါလှတယ်မလား.ရှစ်ဖုန့်လေး”

ကျိမို့၏ စကားအားကြားရသောအခါတွင် ရှစ်ဖုန့်ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး  ခေါင်းညိမ့်လိုက်သည်။ သူကရိုးသားစွာပြောလိုက်၏။

“မင်းကကမ္ဘာပေါ်မှာအလှဆုံး

အမျိုးသမီးတစ်ယောက်ပဲ”

“ဟီးဟီး”

ရှစ်ဖုန့်၏ချီးမွမ်းမှုအားကြားရသောအခါတွင်  ကျိမို့ပို၍ပျော်ရွှင်စွာပြုံးလိုက်သည်။ထို့နောက်   သူမ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး ရွှေရောင်အလင်းတို့တောက်ပ

နေသောရွှေရောင်သော့အိမ်အားရှစ်ဖုန့်ကိုပေးလိုက်သည်။ သူမကပြုံး၍ ဆက်ပြော၏။

“ဒီရွှေရောင်သော့အိမ်လေးကိုငါငယ်ငယ်လေးကတည်းကဝတ်လာခဲ့တာ. အခုငါတို့လမ်းခွဲရတော့မှာဆိုတော့ ငါနင့်ကိုဒါလေးပေးခဲ့မယ်. အနာဂတ်မှာ နင်ငါ့ကိုမတွေ့ရရင် ဒါလေးကိုကြည့်လိုက်ပါ. နင်ဒါလေးကိုကြည့်တိုင်း ငါ့ကိုတွေ့ရယ်တယ်လို့မှတ်ပါ”

“ကောင်းပြီ”

ရှစ်ဖုန့်ခေါင်းညိမ့်လိုက်ပြီး ကျိမို့ထံမှရွှေရောင်သော့အိမ်အား

လှမ်းယူလိုက်သည်။

“အချိန်ကြပြီပဲ.ရှစ်ဖုန့်လေး.ငါသွားရတော့မယ်”

ကျိမို့ရှစ်ဖုန့်အားထပ်မံပြုံးပြလိုက်သည်။

“ငါ့ကိုစောင့်နေပါ. အဲ့နေကြ ထျန်းလျန်အင်ပါယာကိုငါသေချာ

ပေါက်လာမယ်..ငါမင်းကိုသေချာ

ပေါက်စိတ်မပျက်စေရဘူး”

ရှစ်ဖုန့်ကပြတ်သားသောမျက်နှာ

ထားဖြင့်ထပ်မံပြောလိုက်သည်။

“အင်း”

ကျိမို့က ခေါင်းညိမ့်လိုက်ပြီးညင်သာစွာ

တုန့်ပြန်လိုက်သည်။ထို့နောက် ရှစ်ဖုန့်အားတစ်ချက်ကြည့်လိုက်၏။ အဝတ်ဖြူများထွေးပတ်ထားသောအဖြူလေးကသတိမရသေးပေ။

ကျိမို့  ရှစ်ဖုန့်နားလျှောက်သွားလိုက်ပြီး  အဖြူလေးနား၌ဆောင့်ကြောင့်ထိုင်လိုက်သည်။ ကျားဖြူ၏ရှည်လျားသောအမွှေးတို့အား

ညင်သာစွာပွတ်သပ်၍ တီးတိုပြောလိုက်သည်။

“ရဲရင့်တဲ့အဖြူလေး.. ငါသွားရတော့မယ်..

မနေ့ညကငါ့ကိုကာကွယ်ပေး

တဲ့အတွက်ကျေးဇူးပါ. ငါနင့်ကိုထာဝရသတိရနေမှာပါ. နင်လည်းငါ့ကိုအနာဂတ်မှာ ကောင်းကောင်းသတိရနေရမယ်နော်”

အဖြူလေးက ပြင်းထန်စွာထိခိုက်ထားခြင်းဖြစ်သည်။ ကျိမို့ပွတ်သပ်၍နှစ်သိမ့်စကား

ပြောနေသည်မှလွဲ၍ ၎င်းက မနိုးသေးပေ။

ထို့နောက်ကျိမို့ဖြည်းညှင်းစွာထရပ်လိုက်သည်။ သူမကလှည့်လိုက်ပြီး ရှစ်ဖုန့်ထံလျှောက်သွားလိုက်၏။ သူကရှစ်ဖုန့်အားကြည့်၍ တီးတိုးပြောလိုက်သည်။

“ငါသွားတော့မယ် .ရှစ်ဖုန့်လေး”

“ဂရုစိုက်ပါ”

ရှစ်ဖုန့်ပြောလိုက်သည်။

“နင်ရောပဲ..နောက်ကြရင် ဒီလိုမျိုးစွန့်စားမှုတွေမလုပ်ပါနဲ့…ဘာတွေပဲဖြစ်နေပါစေနင်ဂရုစိုက်ရမယ်.. ငါသွားပြီနော်”

ကျိမို့စကားဆုံးပြီးနောက် ရှစ်ဖုန့်ထံမှအကြည့်ကိုရုတ်သိမ်းပြီး ဂူပေါက်သို့ လျှောက်သွားလိုက်သည်။

ဂူထဲမှလျှောက်လှမ်းထွက်သွားသော အဖြူရောင်နှင့်လှပသည့်ပုံရိပ်အား

ရှစ်ဖုန့်ဆိတ်ငြိမ်စွာစောင့်ကြည့်နေသည်။ သူမလုံးဝထွက်လာသောအခါ ကျိရှောင်းကဂူဘေးသို့လျှောက်လှမ်းလာပြီး ကျိမို့၏အဖြူရောင်ပုံရိပ်အားသူ၏ကိုယ်ဖြင့်ကာဆီးလိုက်သည်။ ထို့နောက်  ဂူအတွင်းရှိ ရှစ်ဖုန့်အား  အေးစက်သောမျက်လုံးများဖြင့်ကြည့်၍ ပြောလိုက်သည်။

“မင်းပြိုင်ပွဲမှာသေရမယ်”

ဤစကားများအားပြောပြီးနောက် သူ၏ဝတ်ရုံအားလွှဲယမ်းလိုက်ကာ ရှစ်ဖုန့်အားကျောပေးထွက်ခွာသွားသည်။ ထို့နောက် ရှေ့သို့လျှောက်သွားပြီး ခရမ်းရောင်နဂါးဆင်ပေါ်သို့ခုန်တက်လိုက်၏။ဤအချိန်တွင်ကျိမို့က နဂါးဆင်ပေါ်၌ရှိနေပြီးကျိရှောင်း၏နောက်၌ဆိတ်ငြိမ်စွာရပ်နေသည်။

“သွားစို့”

ကျိရှောင်းအေးစက်စွာအော်ပြောလိုက်သည်။ နဂါးဆင်ကသူနှင့်ကျိမို့တို့အားသယ်ဆောင်၍ ဟင်းလင်းပြင်ထဲသို့ပျံသန်းသွားသည်။

“ဟုတ်ကဲ့ ဆရာ”

ဤအချိန်တွင်နဂါးဆင်စီးနင်းစစ်သည် ဆယ့်သုံးယောက်ကလည်း

အော်ပြောလိုက်သည်။  နဂါးဆင်များကကျိရှောင်း၏

နောက်မှလိုက်ပါပြီး ဟင်းလင်းပြင်အတွင်းပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းအားလုံးက ရှစ်ဖုန့်၏မြင်ကွင်းအတွင်း

မှပျောက်ကွယ်သွား၏။

ရှစ်ဖုန့်က ရှုပ်ပွနေသော တောအုပ်အားတွေဝေစွာကြည့်နေဆဲဖြစ်သည်။ ကျိမို့သူ့အားပေးခဲ့သော ရွှေရောင်သော့အိမ်အား  ညာလက်ထဲ၌တင်းနေအောင်ဆုပ်ထားသည်။  သူ၏လက်ချောင်းများကြားမှရွှေရောင်အလင်းကဖြတ်သန်းလင်းလက်နေသည်။သူကအသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ငါ့ကိုစောင့်နေပါကျိမို့”

ဤစကားများအားပြောပြီးနောက်  ရှစ်ဖုန့်ကလှည့်လိုက်ပြီး အတွင်းသို့လျှောက်လှမ်းသွားသည်။ သူက အဖြူလေး၏နံဘေး၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျင့်ကြံခြင်းကိုထပ်မံစလိုက်သည်။

ဆယ့်နှစ်ရက်ကြာပြီးနောက် ကျွမ်းကျင်သူများထျန်းလျန်အင်

ပါယာ၌စုစည်းကြမည်ဖြစ်သည်။  ကျိမို့အတွက်သူနိုင်ရမည်။

သူနိုင်ကိုနိုင်ရမည်ဖြစ်သည်။

………………………………….

နောက်တစ်နေ့တွင်အဖြူလေးက နက်ရှိုင်းစွာအိပ်မောကျနေရာမှသတိရလာပြီး ညည်းညူသံခပ်တိုးတိုးထွက်လာသည်။

ရှစ်ဖုန့်ကလည်းကျင့်ကြံခြင်းမှ နိုးထနေပြီးဖြစ်သည်။ သူကခေါင်းလှည့်လိုက်ပြီး အခုလေးတင်သတိရလာ

သောအဖြူလေးကိုကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“ပြန်သက်သာလာပြီလား..မင်းဒီသခင်လေးနဲ့အတူတူတိုက်ခိုက်နိုင်လား”

“ဝေါင်း”

အဖြူကကျယ်လောင်စွာ

ဟိန်းလိုက်ပြီးမြေပြင်ပေါ်သို့ထရပ်လိုက်သည်။ ရုတ်တရက်ဂူထဲ၌အားကောင်းသော လေပြင်းတစ်ခုတိုက်ခတ်လာသည်။ ကျားဖြူကရှစ်ဖုန့်၏စကား

များအားပြန်တုန့်ပြန်ပုံရ၏။

“ကောင်းတယ်..ရမ်းကောင်းတယ်.. ဒီသခင်လေးရဲ့သားရဲဆိုတဲ့အတိုင်းပဲ”

ရှစ်ဖုန့်က ထပ်မံထရပ်လာသောကျား

ဖြူအားကြည့်၍ပြောလိုက်သည်။ ထို့နောက်သူလှုပ်ရှားလိုက်ပြီး ကျားဖြူ၏ကျောထက်၌ ထိုင်လိုက်၏။ သူ၏ညာလက်မှသွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး   သွေးသောက်ဓားက ရှစ်ဖုန့်၏လက်အတွင်း၌ပေါ်လာသည်။ ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။

“သွားစို့. ဒီနတ်ဆိုးသားရဲတောင်တန်းမှာ နတ်ဆိုးသားရဲတွေအားလုံးကိုသတ်ဖို့အတွက်ဒီသခင်လေးမင်းကိုဦးဆောင်မယ်..ဒီသခင်လေး ပိုပြီးတော့ အစွမ်းထက်သန်မာလာရမယ်”

ရှစ်ဖုန့်ပိုမိုသန်မာအစွမ်းထက်လာရန်အမြန်ဆုံးနည်းလမ်းကသတ်ဖြတ်ခြင်းပင်ဖြစ်သည်။ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်

နှင့်သွေးတို့အားဝါးမျိုရမည်ဖြစ်သည်။

“ဝေါင်း”

ကျားဖြူကထပ်မံကျယ်လောင်စွာ

ဟိန်းလိုက်သည်။ ၎င်း၏ကျားကိုယ်အားဒုန်းစိုင်းပြေးလိုက်ပြီး  ဂူအတွင်းမှလျှင်မြန်စွာထွက်လိုက်သည်။ ပြင်ပမှတောက်ပသောကမ္ဘာဖြစ်ပေါ်လာပြီး ရှေ့ရှိ ထူထပ်သောတောအုပ်အတွင်း

တစ်ဟုန်ထိုးဝင်ရောက်လိုက်သည်။

“ဝေါင်း.ဝေါင်း..ဝေါင်း..ဝေါင်း..ဝေါင်း..”

ရုတ်ခြည်းတောင်တန်းတောအုပ်အတွင်း၌  နတ်ဆိုးသားရဲများ၏ဒေါသတကြီးဟိန်းသံများ ညည်းညူသံများဖြင့်ပြည့်နှက်လာသည်။ တောင်တန်းတောအုပ်တစ်ခုလုံး ဖြည်းဖြည်းချင်းဖရိုဖရဲဖြစ်လာ၏။

“သတ်”

ကျားတစ်ကောင်၏ ဟိန်းသံနောက်သို့လိုက်ပါ၍ တောအုပ်အတွင်းမှ အေးစက်သောအော်သံအား အကြိမ်ကြိမ်  ကြားရသည်ဖြစ်သည်။

ဒုတိယ်နေ့၊တတိယနေ့၊စတုတ္ထနေ့၊

ပဉ္စမနေ့..တောအုပ်အလည်ရှိတိုက်ပွဲနှင့်

သတ်ဖြတ်မှုများအတွင်း အချိန်တို့ကဖြည်းဖြည်းချင်းကုန်ဆုံးလာသည်။

“သတ်”

“ဝေါင်း..ဂါး..ဂီး..ဂီး..ဝေါင်း..ဂါး”

“ဝေါင်း”

နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်၌  နတ်ဆိုးသားရဲတောင်တန်းသို့အ

မဲလိုက်ရန်ဝင်လာကြသော လူဆယ်ယောက်ပါဝင်သည့်အဖွဲ့

တစ်ခုရှိနေသည်။ နတ်ဆိုးသားရဲတောင်တန်းသို့သူ

တို့ဝင်လာပြီးသိပ်မကြာခင်   လူငယ်တစ်ယောက်ကရှေ့ရှိဖရိုဖရဲဖြစ်နေသောတောအုပ်ကိုကြည့်၍  အုပ်စုခေါင်းဆောင်ဖြစ်သူအားပြောလိုက်သည်။

“ခေါင်းဆောင် .. ရှေ့မှာရှိတဲ့တောအုပ်မှာသတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေနဲ့ပြည့်နေတယ်လို့ ကျွန်တော်ဘာလို့ခံစားမိနေတာလဲ..ပြီးတော့ဖရိုဖရဲတွေလည်းဖြစ်နေပုံရတယ်.. တောင်ပေါ်ကနေနတ်ဆိုးသား

ရဲကြီးတွေများဆင်းလာတာဖြစ်နိုင်မလား”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters