← Chapters

ဝိဇ္ဇာတပိုင်း အဆင့် ၅၊ ပြန်လည် ပြီးပြည့်စုံလာခြင်း

Vol. 85 Ch. 1184

ဝိဇ္ဇာတပိုင်း အဆင့် ၅၊ ပြန်လည် ပြီးပြည့်စုံလာခြင်း

Vol. 85 Ch. 1184

သူ့လူသားကမ္ဘာ၌ စည်းမျည်းအသစ်တစ်ခု ဖြစ်တည်လာသည်။ ထိုစဉ် မိုဝူကျိ၏ လူသားကမ္ဘာအတွင်း အာကာပြင်သည် အပြင်းအထန် တုန်ခါလာလေ၏။

စည်းမျည်းသည် ပိုပို၍ ရှင်းလင်းပြတ်သားလာသည်။ မိုဝူကျိက ထိုစည်းမျည်းများကို ဖမ်းဆုပ်မိသည်နှင့် သူ့ကျင့်ကြံဆင့်ရှိ အတားအဆီးများမှာ ကြေမွသွားပြီး ဝိဇ္ဇာတပိုင်း အဆင့် ၅ သို့ ရောက်ရှိသွားတော့သည်။

မိုဝူကျိ၏ အတွေးတစ်ချက်ဖြင့် အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားကိုပင် ထုတ်လွှင့်နိုင်လေသည်။ ဤသည်မှာ သူ့ကိုယ်ပိုင်တာအိုစည်းမျည်းများကို  သုံးဖို့ပင် မလိုလိုက်ပေ။

မိုဝူကျိက ထိုင်ချလိုက်သည်။ သူ့စိတ်ထဲ၌ စိတ်ပေါ့ပါးမှုနှင့်အတူ တုန်လှုပ်နေမိသည်။

လူသားတာအိုကို ကျင့်ကြံခြင်းက  လူသား တစ်ယောက် ဖြစ်လာစေသည်။ လူသားတစ်ယောက်၌ ခံစားချက်များနှင့် အလိုဆန္ဒများ ရှိပေမည်။ သူက လူသားတာအိုကို ကျင့်ကြံသော်လည်း တချို့သော  စိတ်ခံစားချက်များကို ချိုးနှိပ်ထားမိခဲ့သည်။ ဤသည်မှာ သူ့တာအိုနှင့် ဆန့်ကျင်နေပေ၏။ ထို့ကြောင့် ဤအခိုက်အတန့်၌ လူသားတာအိုအပေါ် ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်သွားပေသည်။

“ ဝူကျိ …” ဟန်ချင်းရုလည်း ထိုင်ချလိုက်ပြီး  နဖူးအထက်၌ ချွေးစို့နေကာ မျက်နှာကား ရှက်သွေးဖြာနေလေ၏။ စောင်က  ကွာချသွားသည့်အခါ သူမ၏ ချောမွေ့နူးညံ့လှသော နို့နှစ်ရောင် အသားရည် ပေါ်လာသည်။

စောစောလေးက သောင်းကြမ်းနေသူမှာ သူမ ဟုတ်သည့်အလား ….

သို့သော်လည်း သူမက ကျေနပ်နေမိသည်။ နောက်ဆုံးတွင် သူမစိတ်အတွင်းရှိ အထီးကျန်မှုတို့မှာ ကင်းကွာသွားကာ သူမ ကြာရှည်စောင့်မျှော်နေခဲ့ရသည့် တုံ့ပြန်မှုတချို့ကို ရလိုက်၍ ဖြစ်သည်။

သူမက မိုဝူကျိကို ခေါ်လာကတည်းက သူတို့နှစ်ယောက်လုံး ဤနေရာမှ ထွက်မသွားနိုင်ကြောင်း သိပေသည်။

“ ထတော့ … သွားရအောင် ” မိုဝူကျိက ဟန်ချင်းရု ဆံပင်လေးအား သပ်ကာ ညင်ညင်သာသာ ပြောလိုက်သည်။

ဟန်ချင်းရုက ခေါင်းခါကာ

“ နောက်ကျသွားပြီ … ကျွန်မတို့နှစ်ယောက် ဒီမှာ ရောက်နေတာ အရမ်းကြာနေပြီ။ ကျွန်မ ထွက်ပြေးသွားတဲ့သတင်းလည်း ထွက်သွားလောက်ပြီ။ သိပ်မကြာခင် တစ်ယောက်ယောက် ရောက်လာလိမ့်မယ် ”

သူမ၏ ပုံမှန်အချိန်ဇယားအရ ထိုခပ်ဝဝ အမျိုးသမီးသည် သူမအား လာရှာပြီးလောက်လေပြီ။ ထိုခပ်ဝဝ အမျိုးသမီးက သူမ မရှိကြောင်း သတိထားမိသည့်အခါ အထက်ကို မည်သို့ မတင်ပြဘဲ နေမည်နည်း

မိုဝူကျိက အသာရယ်မောကာ  “ မင်းကို ခေါ်ထုတ်သွားနိုင်တယ်။ ကျုပ်က ဒီနေရာကို ဘာလို့ ရောက်လာတယ် ထင်လဲ ”

သူက ဟန်ချင်းရုအခန်းသို့ တစ်ယောက်ယောက်မှ ရောက်မလာကြောင်း မရှင်းပြတော့ပေ။ ဤသည်မှာ လုံးဝ အရေးမကြီးပေ။ ဟန်ချင်းရု၏ ရက်ကန်းစင်အခန်းဆီ လူတစ်ယောက် လာခြင်း။ မလာခြင်းက သူ့အပေါ် လွှမ်းမိုးမှု မရှိချေ။

ဟန်ချင်းရုက ကြောင်အမ်းသွားလေသည်။ သူမက တစ်ခုခုကို တွေးမိသွားလေသည်။

မိုဝူကျိက သူမကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ …. ဒီလိုနေရာမျိုးကို ဘယ်လိုလုပ် ရောက်လာတာလဲ …

သူမ စိတ်ထဲ၌ မိုဝူကျိအကြောင်းသာ အမြဲတမ်း တွေးနေမိခဲ့သည်။ သူမက မသေဆုံးသွားခင် မိုဝူကျိကို မြင်ခွင့်ရပါ့မလားဟု တွေးနေမိခဲ့၏။ သူမက မိုဝူကျိ ရောက်လာလျှင် ဆယ်စုနှစ်ကြာ တည်ဆောက်ခဲ့ရသည့် အိမ်လေးဆီ ခေါ်လာကာ လက်ထပ်မည်ဟု ကြံစည်ထားခဲ့သေး၏။

သူမစိတ်ထဲ မိုဝူကျိနှင့်သာ ပြည့်နေသောကြောင့် မိုဝူကျိ ဤနေရာသို့ မည်သို့ ရောက်ရှိလာကြောင်း မတွေးခဲ့မိပေ။

ယခု မိုဝူကျိ ပြောသည့်အခါ သူမက ချက်ချင်း တွေးမိသွားသည်။ သူမက မိုဝူကျိအား အံ့ဩတကြီးကြည့်ကာ  “ ဝူကျိ  …. အဲဆို ဘယ်လိုလုပ် ရောက်လာတာလဲ… ”

“ ကျုပ်က သဘာဝစွမ်းအားနဲ့ စိတ်စွမ်းအားကို သုံးလို့ ရတယ်။ အဲကြောင့် ချင်းရုကို ရှာတွေ့ခဲ့တာ။ ပြီးတော့ ဒီကနေ ခေါ်ထုတ်သွားနိုင်တယ် ” မိုဝူကျိက ဟန်ချင်းရု လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။

“ အာ ..” ဟန်ချင်းရုက မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ သူမ ပထမဆုံးတုံ့ပြန်မှုမှာ စိတ်ပေါ့ပါးမှုလည်း မဟုတ်သလို စိတ်လှုပ်ရှားမှုလည်း မဟုတ်ချေ။ သူမက တစ်ခုခု အမှားလုပ်မိကြောင်း ခံစားမိလိုက်၏။ သူမက တုန်တုန်ယင်ယင် ဖြစ်လာသည်။

မိုဝူကျိက ဟန်ချင်းရု၏ နောက်ကျောလေးကို ပုတ်ပေးလိုက်ပြီး  “ ချင်းရု … ဘာမှမစိုးရိမ်နဲ့။ မင်းကို စုယင်ဆီ ခေါ်သွားပေးမယ်။ ကိစ္စတွေက ဖြစ်ပြီးသွားပြီဆိုတာ့ ဘာမှလျို့ဝှက်ထားဖို့ မလိုဘူး ”

သူက ဟန်ချင်းရုအပေါ် မည်သည့်ခံစားချက်မှ ဖြစ်မလာစေဖို့ သူ့ကိုယ်သူ ထိန်းချုပ်ခဲ့ရသည်။ သို့သော်လည်း ဟန်ချင်းရုက သူ့ကို လွတ်မြောက်စေဖို့ရာအတွက်  တာ့ယီမြို့အပြင်ဘက်၌ သံရိုက်ခံထားရပြီး ဓားအကျဉ်းထောင်ထဲ အပို့ခံလိုက်ရသေး၏။ ထိုအရာအားလုံးကို စိတ်ထဲ မှတ်သားထားသောကြောင့် ဟန်ချင်းရုအား သာမာန်မိတ်ဆွေတစ်ဦးအဖြစ် မဆက်ဆံနိုင်ပေ။

“အွန်း ….” ဟန်ချင်းရုက ကြုံရာကျပန်းအတွေးများကို မနည်း ဖယ်ထုတ်လိုက်ရသည်။

မိုဝူကျိက ခေါင်းစဉ်ပြောင်းပြောဖို့ ကြိုးစားလိုက်သည်  “ ဒီလိုအိမ်မျိုးကို ဘယ်လိုဆောက်ခဲ့တာလဲ။ စိတ်စွမ်းအားနဲ့ သဘာဝစွမ်းအားကို ကန့်သတ်ခံထားရတယ်မလား ”

ဟန်ချင်းရုက ယခင်အတွေးများကို ဖယ်ရှားလိုက်နိုင်၏။ သူမက ရှင်းပြလိုက်သည်

“ ကျိုးပျက်ကမ္ဘာဆီကနေ လျို့ဝှက်ပညာရပ်တစ်ခု ရလာတယ်။ မိုးမြေ စည်းမျည်းတွေက စိတ်စွမ်းအားနဲ့ သဘာဝစွမ်းအားကို ကန့်သတ်ထားရင်တောင် အဲဒီလျို့ဝှက်ပညာရပ်က ကျွန်မကို အချိန်ခဏလောက်တော့ သိုလှောင်လက်စွပ် သုံးခွင့်ပေးတယ်လေ။

ပြီးတော့ ရှင် သင်ပေးထားတဲ့ ရုပ်ခန္ဓာကျင့်စဉ်လည်း ရှိတော့ ခန္ဓာကိုယ်အင်အားက ကောင်းတယ်။ နောက်ပိုင်း ဖြည်းဖြည်းချင်းနဲ့ တူးပြီး ဒီအိမ်လေးကို ဆောက်နိုင်လာတာ ….

တကယ်တော့ ဒီနေရာကို တွေ့တာ ကျွန်မ မဟုတ်ဘူး။ ဟွမ်လုအာလို့ ခေါ်တဲ့ မိန်းကလေးက ကျွန်မကို ခေါ်လာပေးခဲ့တာ …. ”

“ ဝုန်း ” ပြင်းထန်သည့် တုန်ခါမှုက ဟန်ချင်းရု၏ အိမ်လေးရှိ သဲများအား ပြိုကျလာစေသည်။

ဟန်ချင်းရုက စကားဆက်မပြောတော့ဘဲ ထရပ်လိုက်သည်။ သူမက ဘာမှမပြောနိုင်ခင် မိုဝူကျိက ဘေးတွင် ချထားသော သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ အဝတ်အသစ် ထုတ်ပေးလိုက်သည်။

“ အာ …. စိတ်စွမ်းအားက တကယ်ကြီး …” ဟန်ချင်းရုက စကားဆက်မပြောတော့ပေ။ မိုဝူကျိက စိတ်စွမ်းအားကို သုံးလိုကရုံတင် မဟုတ်ဘဲ သူမ သိုလှောင်လက်စွပ်အတွင်းမှ အဝတ်အစားကိုပင် ထုတ်ပေးလိုက်သေး၏။

 ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ ….

“ အဝတ် ဝတ်လိုက်ဦး။ ထွက်သွားပြီးမှ ဆက်ပြောကြတာပေါ့ ” မိုဝူကျိက ပြောလိုက်သည်။

ဟန်ချင်းရုက ခေါင်းညိတ်ပြလိုက်သည်။ သူမက အိမ်ထဲရှိ ပစ္စည်းများအား ညွှန်ပြကာ  “ ဝူကျိ အဲဒါတွေကို ယူခဲ့လိုက်ပါ့လား။ ကျွန်မက အခု စိတ်စွမ်းအား သုံးမရသေးဘူး ”

“ ကောင်းပြီလေ ” မိုဝူကျိက လက်ဝေ့ကာ အိမ်ထဲရှိ ပစ္စည်းအားလုံးကို လူသားကမ္ဘာထဲ ပို့လွှတ်လိုက်သည်။

ဟန်ချင်းရုက အဝတ်အစားအသစ် လဲလှယ်ပြီးနောက် မိုဝူကျိက ဆေးတစ်လုံးထုတ်ကာ တိုက်ကျွေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ဟန်ချင်းရု နဖူးပေါ် လက်တင်ထားလိုက်သည်။

မိုဝူကျိ လက်မှတဆင့် ဟန်ချင်းရု နဖူးဆီ စွမ်းအင်တမျိုး စီးဆင်းလာသည်။ နဖူးမှတဆင့် သူမ အသိစိတ်ပင်လယ်၊ ဝိညာဉ်လမ်းကြောင်းများနှင့် သွေးကြောများအထိ စီးဝင်လာလေ၏။

အချိန်တိုလေးအတွင်း ဟန်ချင်းရုက သူမ၏ ဝိညာဉ်လမ်းကြောင်းများသည် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာကြောင်း ခံစားမိလိုက်၏။ အကယ်၍  ဤသို့သာ ဆက်ဖြစ်နေလျှင် တစ်ရက်ကျ စိတ်စွမ်းအားကို ပြန်လည် အသုံးပြုနိုင်လိမ့်မည်။ အကယ်၍ သူမ ဤနေရာမှ ထွက်သွားလျှင်ပင် အဆင့်မြန်မြန် တက်လှမ်းလာနိုင်မည် ဖြစ်၏။

ဒါက ဘာလဲ ….

ဟန်ချင်းရုက  ကြောင်အသွားကာ မိုဝူကျိကိုပင် မေးဖို့ရာ မေ့လျော့သွားလေသည်။

မိုဝူကျိက ဝိဇ္ဇာတပိုင်း အဆင့် ၅ ဖြစ်နေလေပြီ။ ထို့အပြင် သူက ထိုစည်းမျည်းမှ ယင်ယန် သဟဇာတ ဖြစ်မှုမှ အသိအမြင်အသစ် ရရှိထားပြီး ထိုစည်းမျည်းကြောင့် သူ့လူသားကမ္ဘာ စည်းမျည်းက ပို၍ ပြည့်စုံလာစေသည်။ တစ်ချိန်တည်းမှာ သူက ချီသွေးကြော ကျင့်ကြံရေး၏ တည်ထောင်သူ ဖြစ်သည့်အတွက် စကြဝဠာ၏ စည်းမျည်းများအပေါ် နားလည်နိုင်စွမ်းက အများထက် သာပေသည်။ ထို့ကြောင့် သူ့အနေနှင့် ဟန်ချင်းရု၏ ဝိညာဉ်လမ်းကြောင်းများကို သန့်စင်ပေးပြီး အရည်အသွေး မြင့်တင်ပေးဖို့ရာ သိပ်မခက်ခဲလှပေ။

…………….

မိုဝူကျိက ဟန်ချင်းရုကို ခေါ်ထုတ်လာစဉ် မြေအောက်ခန်း သံမဏိတံခါးကြီးက ဘန်းခနဲ ပွင့်လာလေ၏။

ခပ်ဝဝ အသားညစ်ညစ် လူလတ်အရွယ် အမျိုးသမီးက ဝင်လာသည်။ သူမက မြေကြီးပေါ် သားမွေးများကို ချကာ အော်ပြောလိုက်သည်  “ ချင်းရု ဒါက သားမွေးအသုတ်အသစ်ပဲ။ ငါ နေ့ဝက်လောက် စောင့်ခဲ့ရတာ… နင်ရဲ့ အမြန်နှုန်းကို တိုးလိုက်တာ ကောင်းမယ်။ မဟုတ်ရင် … ”

“ အာ … နင်က ဘယ်လိုလုပ် …” လူလတ်အရွယ် အမျိုးသမီးက ပြောင်းလဲသွားသော ဟန်ချင်းရုအား မှတ်မိသွားလေသည်။

ဟန်ချင်းရုက အမြဲတမ်း အလှလေး ဖြစ်ခဲ့၏။ ထို့အပြင် မိုဝူကျိက သူမကို ကုသပေးစဉ်အခါက ဆေးလုံးအဆိပ် ပြဿနာအား ကုသပေးထားခဲ့သည်။ သူမက မိုဝူကျိနှင့် ကာမရောယှက်လာသည်မှာ မကြာမြင့်သေးပေ။ လက်ရှိ ဟန်ချင်းရုက ကောင်းကင်စုန်းမြို့တော်ရှိ အလှဆုံးမိန်းကလေးထက်ပင် အဆတစ်ရာမက ပိုလှပနေသေးသည်။ ဤသည်မှာ လူလတ်အရွယ် အမျိုးသမီး၏ စိတ်ထဲ၌ တွေးမိလိုက်ခြင်း ဖြစ်၏။

ဟန်ချင်းရုက အရမ်းလှပနေသောကြောင့် လူလတ်အရွယ် အမျိုးသမီးက သူမဘေးတွင် ပါလာသည့် မိုဝူကျိအား သတိမထားမိလိုက်ပေ။

မိုဝူကျိ၏ အမူအယာမှာ မည်းမှောင်သွားလေသည်။ ဟန်ချင်းရုက ဤသို့ရွံ့ရှာဖွယ် အခြေအနေမျိုးအောက်တွင် အလုပ်နေရပြီး မယက်ရသေးသည့် သားမွေးများစွာ ကျန်ရှိနေသေးသည်။ ယခု ထိုအမျိုးသမီးက နောက်ထပ် သားမွေးအထုတ် ထပ်သယ်လာလေရာ ဟန်ချင်းရုအား နှိပ်စက်နေခြင်းသာ ဖြစ်၏။

မိုဝူကျိက ဘာမှမပြောနိုင်ခင် ထိုအမျိုးသမီးက မိုဝူကျိအား သတိထားမိကာ အလောတကြီး အော်လိုက်သည်  “ မင်းက ဘယ်သူလဲ…. ငါ့ပိုင်နက်ထဲ ကျုးကျော်ရဲတယ်ပေါ့ ”

“ ဝူကျိ သွားကြစို့ ” ဟန်ချင်းရုက မိုဝူကျိလက်ကို ဆွဲခေါ်လိုက်သည်။

ထိုခပ်ဝဝ အမျိုးသမီးက ဟန်ချင်းရုကို ကြည့်လိုက်ပြီးနောက် မျက်လုံးများ လင်းလက်လာသည်။ ဟန်ချင်းရု ရုပ်ဆိုးစဉ်အခါက သူမအား ရက်ကန်းယက်ဖို့ရာသာ ကူညီပေးနိုင်ခဲ့သည်။ ယခု ဟန်ချင်းရုက မိန်းမလှလေး ဖြစ်နေပြီ ဖြစ်ရာ စုန်းဘုရင်ဆီ ဆက်သရမည်။ သူမအနေနှင့် နိုဘယ်တစ်ယောက်လိုမျိုး နေထိုင်ကာ လူအများဆီမှ လေးစားမှုလည်း ရပေမည်။

မိုဝူကျိက ဟန်ချင်းရုနှင့် ထွက်သွားတော့မည်ကို မြင်လိုက်သောအခါ ခပ်ဝဝ အမျိုးသမီးက ချက်ချင်း တားဆီးလိုက်သည်။

မိုဝူကျိက ထိုအမျိုးသမီးလက် ဟန်ချင်းရုဆီ ရောက်သည့်အထိ မစောင့်နေတော့ဘဲ သဘာဝစွမ်းအားလက်ဖြင့် ရိုက်လွှတ်လိုက်သည်။ ထိုအမျိုးသမီးက လွှင့်စင်သွားလေ၏။ သူမက မြေအောက်ခန်း နံရံဖြင့် ဝင်တိုက်သွားကာ နံရံမှာ တစစီ ဖြစ်သွားလေသည်။

မိုဝူကျိက မျက်စိတစ်မှိတ်အတွင်း ဟန်ချင်းရုအား လမ်းမကြီးဆီ ခေါ်ထုတ်လာလိုက်၏။

“ ချင်းရု … ငါတို့တွေ ဆက်မပြောခင် နေရာတစ်ခုလောက် ရှာရမယ် ” မိုဝူကျိက ဟန်ချင်းရုလက်ကို ကိုင်တွဲထားကာ ဟန်ချင်းရု၏ ဝိညာဉ်လမ်းကြောင်းများကို ဖြည်းဖြည်းချင်း ချဲ့ပေးနေသည်။

ဟန်ချင်းရုက ဤမြို့သို့ ရောက်မလာခင် သူမ ကျင့်ကြံဆင့်က အစောပိုင်း အင်မော်တယ်ဘုရင်အဆင့် ဖြစ်လောက်၏။ ဤအမြန်နှုန်းမှာ နှေးကွေးသည်ဟု ယူဆ၍ မဖြစ်သော်လည်း ဖင်းဖန်ရှိ လူအများစုနှင့် ယှဉ်လိုက်လျှင် မြန်ဆန်သည်ဟု ယူဆ၍ မရတော့ပေ။

မိုဝူကျိက ဟန်ချင်းရု၏ ဝိညာဉ်လမ်းကြောင်းများကို ချဲ့ပေးနေခြင်းမှာ ဟန်ချင်းရု၏ ကျင့်ကြံနှုန်း တိုးတက်မြန်ဆန်လာစေရန် ရည်ရွယ်ထား၏။

“ ဝူကျိ … ကျွန်မတို့ တကယ်ထွက်သွားလို့ ရပါ့မလား ” ဟန်ချင်းရုက ရပ်ကာ မေးလိုက်သည်။ သူမအသံမှာ အရမ်းကို နူးညံ့ညင်သာနေလေ၏။

“ အင်း ရတာပေါ့ ”  မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ သူက ဟန်ချင်းရုသည် ဤနေရာ၌ အချိန်ဆက်၍ မဖြုန်းလိုမှန်း သိ၍ ရှင်းပြလိုက်သည်  “ ကျုပ်တပည့်နှစ်ယောက်လည်း ဒီနေရာ ရောက်နေကြတာ။ သူတို့ကို တွေ့တာနဲ့ တန်းထွက်သွားကြမယ် ”

ဟန်ချင်းရုက မိုဝူကျိသည် တပည့်များအား ရှာလိုသေးကြောင်း ကြားသည့်အခါ ဤနေရာကို သဘောမကျသော်လည်း ထွက်သွားဖို့အကြောင်း  ဆက်၍ မပြောတော့ပေ။

***

All Chapters