← Chapters

ကောင်းကင်စုန်းမြို့၏ စုန်းသခင်

Vol. 85 Ch. 1185

ကောင်းကင်စုန်းမြို့၏ စုန်းသခင်

Vol. 85 Ch. 1185

“ အဆင့်မြင့် အခန်း ယူမယ် ” မိုဝူကျိက ကောင်တာဆီ သွားကာ ဘန်းခနဲ အသံပေးလိုက်သည့်အခါမှ ကောင်တာနောက်ရှိ ဝန်ထမ်းက အသိပြန်ကပ်လာသည်။

ထိုအခါမှ ဝန်ထမ်းက ဟန်ချင်းရုဆီမှ မျက်လုံးခွာလိုက်ပြီး မြန်မြန် ပြောလိုက်၏ “ ဟုတ်ကဲ့ … ဟုတ်ကဲ့ ”

သူက မိုဝူကျိအား ကူ၍ စာရင်းသွင်းပေးလိုက်စဉ် ဟန်ချင်းရု၏ အလှတရားကြောင့် အံ့ဩမိနေဆဲ ဖြစ်၏။

ကောင်းကင်စုန်းမြို့တော်ရှိ မိုးမြေ စည်းမျည်းများကြောင့် ဟန်ချင်းရုလို အလှလေးမျိုးက ရှားပါးလွန်းလှသည်။ အကယ်၍ တစ်ယောက်ယောက် ပေါ်လာခဲ့လျှင်လည်း သူမအနေနှင့် လမ်းမအထက်၌ လျှောက်သွားနေနိုင်မည် မဟုတ်ပေ။

ကောင်းကင်စုန်းမြို့တော်အတွင်း မိန်းမကြမ်းများသာ တွေ့ရလေ့ ရှိ၏။ ဤနေရာတွင် လူရိုင်းနှင့် သိုင်းပညာတာအိုကို လေ့ကျင့်ကြသည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ သန်မာကြပြီး အားကောင်းသူများမှာ အင်အားရှိသူသာ ဖြစ်၏။

မိုဝူကျိက ဟန်ချင်းရုအား တည်းခိုဆောင်အတွင်းသို့ ခေါ်လာစဉ် ဟန်ချင်းရု၏ ပုံတူနှင့် အလှတရားတို့မှာ ကောင်းကင်စုန်းမြို့၏ နန်းတော်အတွင်း ပြန့်နှံ့နေပြီ ဖြစ်၏။

ကောင်းကင်စုန်းမြို့တော်၌ အားအကောင်းဆုံးသူမှာ စုန်းသခင် ကျိုးရှန်း ဖြစ်၏။ သူက ကောင်းကင်စုန်းမြို့တော်၏ မြို့စား ဖြစ်ပေသည်။

ကောင်းကင်စုန်းမြို့တော်၏ စုန်းသခင်အနေနှင့် ကျိုးရှန်းက  နှစ်သိန်းသော စုန်းစစ်သည်တော်များကို ထိန်းချုပ်ထားရုံသာမက စုန်းဘုရင်အဆင့် ထိပ်ဆုံး ကျင့်ကြံဆင့်လည်း ရှိထားသည်။

ထိုစဉ် သူက လက်ထဲမှ ပုံတူကားချပ်ကို ကိုင်ကာ စိတ်လှုပ်ရှားနေမိ၏။ သူမျက်လုံးများက ပုံတူကားချပ်ထဲမှ အမျိုးသမီးဆီ ကပ်နေလေသည်။ ထိုအမျိုးသမီးက အရမ်းလှလွန်းသည်။ သူ့ကောင်းကင်စုန်းမြို့တော်၏ သူတော်စင်မပင် ပုံတူထဲက အမျိုးသမီးလောက် မလှချေ။ သူက သူ့ကိုယ်သူ ဤကားချပ်အား  မျိုမချမိအောင် ထိန်းထားရ၏။

“ အစောင့်တွေ ….  ဒီအမျိုးသမီးကို ခေါ်လာခဲ့ကြစမ်း” ကျိုးရှန်းက တစ်ဝက်တစ်ပျက် ပြောလိုက်ပြီးနောက် အနီရောင်ဝတ်စုံနှင့်  စုန်းစစ်သည်တော် တစ်ယောက် အပြေးအလွှား ဝင်ရောက်လာသည်။

“ ဘာကိစ္စလဲ ” ကျိုးရှန်း မျက်နှာမှာ မှုန်မှိုင်းသွားလေ၏။ စုန်းစစ်သည်တော် ဝင်ရောက်လာမှုက ပုံတူကားချပ်ထဲမှ အမျိုးသမီးကြောင့် ဖြစ်ပေါ်နေသည့် စိတ်လှုပ်ရှားမှုအား အနည်းငယ် လျော့ကျသွားစေသည်။

“ စုန်းသခင်ကို ဖြေကြားအပ်ပါတယ် … ကြေးနီပြာတောင်ရဲ့ သားရဲတွေ ရူးသွပ်ကုန်ကြပါပြီ။ သားရဲတစ်သောင်းကျော်လောက်က အခု မြို့ဆီ ဦးတည်လာနေပါပြီ ….” အနီဝတ် စုန်းစစ်သည်တော်က အချိန်မဆွဲရဲဘဲ မြန်မြန် ဖြေကြားလိုက်သည်။

စုန်းစစ်သည်တော် တင်ပြချက် ပြီးသည်နှင့် သားရဲတစ်သောင်းကျော်လောက်က မြို့တံတိုင်းအပြင်ဘက် ရောက်ရှိလာကြဟန် ပေါ်သည်။

သားရဲများက မြို့တံတိုင်းဆီ ဝင်တိုက်သည်နှင့် မြို့တစ်မြို့လုံး အပြင်းအထန် တုန်ခါသွားကြသည်။ ကျိုးရှန်း မျက်နှာ အမူအယာမှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။ သူက ဘေးရှိ ဝံပုလွေသွား တင်းပုတ်ကြီးအား ကိုင်ဆွဲကာ အော်ပြောလိုက်သည်

“ အဲဒီသားရဲတွေက ငါ့ကောင်းကင်စုန်းမြို့တော်က သူတို့ကို ကြောက်လိမ့်မယ်လို့ ထင်နေတာပဲ။ စုန်းစစ်သည်တော်အားလုံးကို မြို့ကို ကာကွယ်ပေးဖို့ အမိန့်ပေးလိုက် …. အချိန်မရွေး ထွက်ပြီး တိုက်နိုင်အောင်လည်း ပြင်ဆင်ထားကြ … ”

ဤအသံက နန်းတော်တစ်ခုလုံး ပြန့်နှံ့သွားလေသည်။ သိပ်မကြာခင် စုန်းစစ်သည်တော် အတန်းလိုက်  မြို့တံတိုင်းဆီ ရောက်ရှိလာကြ၏။

ပြင်းထန်သည့် တိုက်ပွဲ စတင်လေပြီ။

……………………..

တည်းခိုဆောင်အတွင်း မိုဝူကျိက အံ့အားသင့်မိသွားသည်။ သူ့ဘေးရှိ ဟန်ချင်းရုက မေးလိုက်၏  “ ဝူကျိ … အဲဒီသားရဲတွေက မြို့တံတိုင်းဆီ တိုက်နေကြပြန်ပြီလား။ တကယ်တော့ အဲဒါက ပုံမှန်ပါပဲ။ သူတို့က ရက်နည်းနည်းကြာပြီးတိုင်း တစ်ခါလာတိုက်လေ့ ရှိတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုက ကြာရှည်မခံဘူး။ ကျွန်မဆို နေသားကျနေပြီ … ”

မိုဝူကျိက ခေါင်းခါကာ  “ ဒီတစ်ခေါက်တော့ မတူလောက်ဘူး။ သားရဲတစ်သောင်းကျော်က မြိုတံတိုင်းဆီ မရပ်မနား ချီတက်နေကြတာ။ ပြီးတော့ ကောင်းကင်စုန်းမြို့တော်ရဲ့ မြို့စားတောင် ကိုယ်တိုင် ဝင်ပါနေရတယ်။ စိတ်ဝင်စားစရာပဲ … ”

မိုဝူကျိက စိတ်ဝင်စားစရာကောင်းကြောင်း ပြောလိုက်သည်မှာ ထိုကောင်းကင်စုန်းမြို့တော်၏ မြို့စားသည် သဟဇာတ နတ်ဘုရားနှင့် ယှဉ်နိုင်ကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ထိုလူက စိတ်စွမ်းအား မရှိသလို ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မပိုင်ဆိုင်ထားချေ။

မိုဝူကျိက ကောင်းကင်စုန်းမြို့တော်၏ မြို့စားအကြောင်း ပြောသည်ကို ကြားပြီး ဟန်ချင်းရုက မသိမသာ တုန်တက်သွားသည်။

မိုဝူကျိက ဟန်ချင်းရု လက်ကိုကိုင်ကာ မေးလိုက်၏  “ ချင်းရု ဘာဖြစ်လို့လဲ ”

မိုဝူကျိ၏ လက်မှ နွေးထွေးမှုကို ခံစားမိကာ ဟန်ချင်းရုက ပြန်လည် တည်ငြိမ်သွားလေ၏။ သူမက ဖြည်းဖြည်းချင်း အသက်ရှုကာ ပြောလိုက်သည်  “ အဲဒီမြို့စားက ကျိုးရှန်းတဲ့ …. သူက ကောင်းကင်စုန်းမြို့တော်ရဲ့ စုန်းသခင်ပဲ။ သူက တကယ့်ကို နတ်ဆိုးပဲ။ ကျွန်မ ဒီကို စရောက်လာတုန်းက ဒီမြေအောက်ခန်းထဲမှာ တိတ်တဆိတ် လျို့ဝှက်ပေးထားခဲ့တာ ဟွမ်လုအာလေ … ”

“ ဟုတ်သား ဟွမ်လုအာက ဘာဖြစ်သွားတာလဲ ” မိုဝူကျိက ဟန်ချင်းရုသည် ဟွမ်လုအာအကြောင်း ပြောဖူးသည်ကို သတိရသွားလေ၏။ ကြားထဲ တစ်ခုခု ဖြစ်ပျက်လာ၍ ထိုအကြောင်း ဆက်မပြောခဲ့မိကြပေ။

ဟန်ချင်းရု၏ မျက်ဝန်းများက နီရဲလာပြီး   “ သူမကို ထိခိုက်စေမိခဲ့တယ်။ အရင်တုန်းက ကျွန်မရဲ့ သိုလှောင်လက်စွပ်ကို ဖွင့်လို့ရတုန်း သူမရုပ်ရည်နဲ့ အရည်ပြား ကောင်းလာစေဖို့ ဆေးလုံးတချို့ ထုတ်ပေးခဲ့မိတယ် …. ”

မိုဝူကျိက ထိုအကြောင်း ကြားလိုက်သည့်အခါ ခံစားချက် ဆိုးဆိုးရွားရွား ရလာမိသည်။

ဟန်ချင်းရုက ဆက်ပြောပြလိုက်သည်  “ ဒါပေမဲ့ ဟွမ်လုအာရဲ့ ရုပ်ရည် ပြောင်းလဲသွားတော့ စုန်းသခင် နန်းတော်က တွေ့သွားပြီး  ကျိုးရှန်းဆီ ခေါ်သွားကြတယ်။ ကျိုးရှန်းက သူမကို နေ့နေ့ညည နှိပ်စက်ပြီးတော့ နောက်ဆုံးမှာ သေစေခဲ့တယ်။ အဲဒါနဲ့တင် မလုံလောက်သေးဘဲနဲ့ ကျိုးရှန်းက ဟွမ်လုအာက အရမ်းအားနည်းပြီးတော့ သူ့ကို ကျေနပ်အောင် လုပ်မပေးနိုင်ဘူးဆိုပြီး ဟွမ်လုအာရဲ့ ခန္ဓာကိုယ်ကို နန်းတော်တံတိုင်းမှာ သံနဲ့ ရိုက်ထားခဲ့သေးတယ် … ”

“ဘန်း ” မိုဝူကျိက သူ့ရှေ့ရှိ စားပွဲကို ရိုက်ချလိုက်သောကြောင့် အခါးရည်ခွက်အစုံမှာ အမှုန့်ဖြစ်သွားလေသည်။ ထို့နောက် သူက ထရပ်ကာ   “ ချင်းရု စိတ်အေးအေးထားပါ။ ငါ ဟွမ်လုအာအတွက် သေချာပေါက် လက်စားချေပေးမယ်။ ကျိုးရှန်းကို နန်းတော်တံတိုင်းမှာ သံရိုက်ပြီး ပြန်ထားပေးမယ်။ စုန်းသခင်နန်းတော်က ဟွမ်လုအာရဲ့ အုတ်ဂူ ဖြစ်လာလိမ့်မယ် ”

ဟန်ချင်းရုက မျက်လုံးကို ပွတ်လိုက်ကာ   “ အဲဒီသတင်းကို ကြားပြီးတော့ ဒေါသလည်း ထွက်တယ်။ တုန်လည်း တုန်လှုပ်မိတယ်။ ရက်ကန်းစင်ကို အသုံးပြုပြီး ရုပ်ရည်ကို ဖျက်စီးထားလိုက်ရတယ်။ နှစ်နှစ် ပုန်းအောင်းနေပြီးတဲ့နောက် ဟိုခပ်ဝဝ မိန်းမက ကျွန်မကို မြေအောက်ခန်းထဲ ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားမိဘူး ”

ဟန်ချင်းရုက နောက်ပိုင်းကိစ္စအား ရှင်းပြစရာ မလိုတော့ပေ။ ထိုခပ်ဝဝ အမျိုးသမီးက ဟန်ချင်းရုအား တွေ့သွားပြီးနောက် ဟန်ချင်းရုအနေနှင့် မိုဝူကျိ ရောက်မလာခင်အထိ ကျွန်တစ်ယောက်လိုမျိုး အလုပ်လုပ်ခဲ့ရသည်။

“ အာ ” မိုဝူကျိက ရုတ်ချည်း မျက်မှောင်ကျုတ်လိုက်ပြီးနောက် ဟန်ချင်းရုအား ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်  “ ချင်းရု … မြို့တံတိုင်းဆီ သွားကြရအောင် ”

မိုဝူကျိ၏ လက်ရှိ အမူအယာမှာ အတော်လေး ပျက်ယွင်းနေပေသည်။ စုန်းသခင်က နန်းတော်မှ တင်းပုတ်ဆွဲလျက် မြို့တံတိုင်းဆီသို့ ထွက်လာလေပြီ။

သို့သော်လည်း သူ့အမူအယာ ပျက်ယွင်းသွားစေသည်မှာ ဖန်ကျဲကို မြင်လိုက်ရ၍ ဖြစ်သည်။ ဖန်ကျဲသည် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး စုန်းသခင်ဘေးတွင် ရပ်ကာ ဓားအကြီးကြီးတစ်ချောင်း ကိုင်ဆောင်ထားသည်။ ဖန်ကျဲက စုန်းသခင်နှင့် ရင်းနှီးသည်မှာ သိသာလှ၏။

ဖန်ကျဲက သူ့အမည်ခံ တပည့်အဖြစ် မှတ်ယူနိုင်ပေသည်။ ယနေ့ သူက ဤသို့ ရက်စက်ကြမ်းကြုတ်ဖွယ် စုန်းသခင်ဘေးတွင် ရပ်နေလေ၏။ မိုဝူကျိအနေနှင့် သက်တောင့်သက်သာ ခံစားမိမှသာ ထူးဆန်းနေပေမည်။

မိုဝူကျိက ဟန်ချင်းရုအား ခေါ်ထုတ်လာစဉ် တိုက်ပွဲသည် ပို၍ ပြင်းထန်လာနေပြီ ဖြစ်၏။ စစ်သည်တော်အုပ်စုနှင့် သားရဲအုပ်ကြီးတို့ အသတ်ခံထားရသည်။ သွေးများက နေရာအနှံ့ ပြန့်ကျဲနေကာ မြင်ကွင်းမှာ အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖန်ကျဲ၏ အင်အားမှာ ဟန်ချင်းရုထက် များစွာ မြင့်သွားသည်မှာ သိသာလှသည်။ သူ ဓားယမ်းလိုက်သည့်အချိန်တိုင်း သွေးမြူများ ဖြစ်ပေါ်လာ၏။ သူ့ဓားချက်အောက်တွင် သားရဲများက ဒဏ်ရာရလျှင်ရ မဟုတ်လျှင် သေဆုံးကုန်ကြသည်။

မိုဝူကျိ၏ အမြင်အရ ဖန်ကျဲသည် ကောင်းကင်နတ်ဘုရားအဆင့်နှင့်ပင် ယှဉ်နိုင်လောက်၏။ ထို့အပြင် မိုဝူကျိက ဖန်ကျဲ၏ ရုပ်ခန္ဓာသည် နတ်ဘုရား အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြောင်း ခံစားမိပေသည်။ ဖန်ကျဲက သဘာဝ မွေးရာပါ ရုပ်ခန္ဓာ လေ့ကျင့်သူမှန်း သိသာလှသည်။

တိုက်ပွဲက အတော်လေး ပြင်းထန်နေသည်။ သို့သော်လည်း မိုဝူကျိ အမြင်၌ ဤသို့သော တိုက်ပွဲမှာ ဘာမှမဟုတ်ချေ။ ယခင် သူ ကျန်းရှင်းတွေ ရှိစဉ်အခါက သန်းချီ၍ တိုက်ပွဲ တိုက်ခဲ့ကြရသည်။

တိုက်ပွဲက လေးနာရီနီးပါးမျှသာ ကြာမြင့်ပေသည်။ ထိုစဉ် အနီရောင်အမွေးနှင့် သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ မြို့ကို ဝိုင်းထားကြ‌‌သော သားရဲများစွာက နောက်ဆုတ်ကုနကြပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။ ထိုပြင်းထန်သည့် တိုက်ပွဲအပြီးတွင် ကောင်းကင်စုန်းမြို့တော်က မကျိုးပျက်သွားသေးပေ။

“ ဒီသားရဲတွေက အချိန်တစ်ခုလောက်အထိ တိုက်ဦးမှာ မဟုတ်ဘူး ” သားရဲများ နောက်ဆုတ်သွားသည်ကို မြင်ပြီး  ဟန်ချင်းရုက စိတ်သက်သာရာ သက်ပြင်းချလိုက်၏။

မိုဝူကျိက ရယ်လိုက်ကာ  “ ပြောရရင် ဒီထက် ပိုများတဲ့ သားရဲအုပ်ကြီး မကြာခင် ရောက်လာတော့မှာ။ အခုက စူးစမ်းရုံလောက်ပဲ ”

သူက တိုက်ပွဲများနှင့် နေသားကျနေပြီ ဖြစ်၏။ ဤသို့သော တိုက်ခိုက်မှုများတွင် အမြဲတမ်း ရည်ရွယ်ချက် ရှိတတ်ကြသည်။ သားရဲများက မြို့ကို ထိုးဖောက်နိုင်၊ မထိုးဖောက်နိုင် စမ်းသပ်နေကြခြင်း ဖြစ်ပေသည်။ ဤသို့သော စမ်းသပ်မှုမျိုးက ပို၍ အားကောင်းလာမည်သာ ဖြစ်၏။ နောက်ဆုံးတွင် သားရဲအကုန်လုံးက ကောင်းကင်စုန်းမြို့တော်အား အပိုင်စီးလိမ့်မည်။

ယခင်ကဲ့သို့ စုန်းစစ်သည်တော်များသည် မြို့အပြင်ထွက်ကာ သားရဲအလောင်းများကို သွားယူလာကြသည်။

“ ဝူကျိ … ရှင့်တပည့်တွေကို ရှာကြစို့လေ။ ကျွန်မတို့တွေ လူတွေအကြောင်း စုံစမ်းနိုင်တဲ့ နေရာ သိထားတယ် ” ဟန်ချင်းရုက ဤနေရာတွင် လိုအပ်သည်ထက် ပိုမနေချင်တော့ပေ။

မိုဝူကျိက သက်ပြင်းချကာ  “ မလိုတော့ဘူး။ သူ လာနေပြီ ”

မိုဝူကျိနှင့် ဟန်ချင်းရုတို့က မြို့တံတိုင်းနှင့် အနီးဆုံးနေရာတွင် ရပ်နေကြခြင်း ဖြစ်၏။ စုန်းစစ်သည်တော်များအပြင် သူတို့နှစ်ယောက်သာ ရှိပေသည်။ ဟန်ချင်းရု၏ အလှတရားက ပြိုင်ဖက်ကင်းပြီး သူမ ဝတ်ရုံလေးက လေနှင့် လွှင့်မျှောနေသည်။ သူမကို သတိမထားမိဘဲ နေဖို့ မဖြစ်နိုင်ချေ။

မိုဝူကျိ ပြောသည့်အတိုင်း ဖန်ကျဲက မိုဝူကျိနှင့် ဟန်ချင်းရုကို မြင်လိုက်ပြီး စုန်းစစ်သည်တော်နှစ်ယောက်ကိုပင် ခေါ်လာသေး၏။

မိုဝူကျိက တိတ်တဆိတ် ဖန်ကျဲကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။

ဖန်ကျဲက အနီးရောက်လာသည့်အခါ မိုဝူကျိအား ချက်ချင်း မှတ်မိလိုက်၏  “ မို ….မိုဝူကျိ ”

မိုဝူကျိက စိတ်ထဲတွင် သက်ပြင်းသာ ချလိုက်သည်။ သူက သူ ထွက်သွားနိုင်ကြောင်း သိထားသည်။ သူက ဖန်ဝူကို မမြင်လိုက်သော်လည်း ဖန်မောင်နှမက ဤနေရာတွင် ဘာမှမခံစားနေရကြောင်း သိလိုက်ရသည်။

သူ့တွင် အမည်ခံတပည့်များနှင့် တိုက်ရိုက်တပည့်များစွာ ရှိပေသည်။ သို့သော်လည်း ဖန်ကျဲက သူ့အား နာမည်တိုက်ရိုက်ခေါ်သည့် ပထမဆုံးသူ ဖြစ်၏။

“ ဟားဟား အလှလေး …” သွေးသံရဲရဲ ကျိုးရှန်းလည်း ရောက်လာသည်။ သူ့မျက်လုံးများက ဟန်ချင်းရုအပေါ်  ကော်နှင့် ကပ်ထားသည့်အလား ကပ်ညှိနေလေ၏။ သူက ဆာလောင်နေသည့် ဝံပုလွေတစ်ကောင် သူ့အစာကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေသည်။ ထိုတဏှာက ဖုံးကွယ်၍ပင် မရချေ။

ဟန်ချင်းရုက မသိမသာ မိုဝူကျိနောက်သို့ တိုးသွားလိုက်သည်။ မိုဝူကျိက မလှုပ်ရှားသေးပေ။ သူက ဖန်ကျဲကိုသာ ကြည့်လိုက်ပြီး ဖန်ကျဲ ဘာလုပ်လိုသည်ကို သိချင်မိသည်။

“ သခင်ကြီး ဒီလူက မိုဝူကျိပါ။ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတချို့ ရှိခဲ့ဖူးပါတယ် ” ဖန်ကျဲက ကျိုးရှန်းဆီ လျှောက်လှမ်းလာကာ ဦးညွှတ်ရင်း ပြောလိုက်သည်။

“ အော် … ဒီလိုဆိုမှတော့ သူ့ကို ငါတို့ စုန်းစစ်သည်တော်ထဲ ထည့်ထားလိုက်လေ။ အဲဒီမိန်းမကို ငါ ယူလိုက်မယ်။ ငါ ပြီးသွားတာနဲ့ သူမက မင်းအပိုင်ပဲ။ သူမက ဖန်မျိုးဆက်ကို ဆက်လက် မွေးထုတ်ပေးလိမ့်မယ် ”ကျိုးရှန်းက ရယ်မောကာ ပြောလိုက်သည်။ သူ့မျက်ဝန်းရှိ ကျေနပ်အားရမှုက ပို၍ တောက်ပလာသည်။

***

All Chapters