← Chapters

အချိန်က အများကြီး ပြောင်းလဲသွားစေတယ်

Vol. 85 Ch. 1186

အချိန်က အများကြီး ပြောင်းလဲသွားစေတယ်

Vol. 85 Ch. 1186

ဖန်ကျဲက ပြန်လှည့်လာကာ   “ ခင်ဗျားက စုန်းစစ်သည်တော်ထဲ အကြောင်းကြားလိုက်။ ကျုပ် သူမကို ဂရုစိုက်ပေးလိုက်မယ်။ သူမအသက် အန္တရာယ် မရှိတော့ပါဘူး ”

ဖန်းကျဲက ဟန်ချင်းရုအား နောက်ဆုံးစကားထဲ ရည်ညွှန်းလိုက်၏။ ယခင်နှစ်များစီက ဖြူစင်ရိုးသားသော လူငယ်လေးကား ပျောက်ကွယ်သွားလေပြီ။ အချိန်က အရာများစွာကို ပြောင်းလဲပေးနိုင်သည်မှာ သိသာလှ၏။ ဖြူစင်ရိုးသားသည့် လူငယ်လေးလည်း အပါအဝင် ဖြစ်၏။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ အစတုန်းက သူသည် ဖန်ကျဲကို သတ်ဖို့ မရည်ရွယ်ထားပေ။ သို့သော်လည်း ဖန်ကျဲ စကားလုံးများက သူ့အား ဖန်ကျဲကို ဆက်လက် ထွက်သွားခွင့် ပေးနိုင်မည့် အကြောင်းအရင်း မပေးခဲ့ချေ။ ထိုသို့ဆိုလျှင်ပင် သူက မလှုပ်ရှားသေးပေ။ သူက ဖန်ကျဲ ပြေးလာသည်ကို မြင်လိုက်ရ၏။

“ ဖြန်း ” ဖန်ကျဲ မျက်နှာပေါ် လက်ဝါးချက် ကျရောက်လာသည်။ ထိုစဉ် ဒေါသထွက်နေသည့် ဖန်ဝူက ဖန်ကျဲရှေ့ ပေါ်လာ၏။

ဖန်ကျဲအား ရိုက်လိုက်ပြီးနောက် မိုဝူကျိအား ဦးညွှတ်ကာ   “ အစ်ကိုကြီးမို စိတ်ချနေပါ။ တကယ်လို့ ကျွန်မအသက်ကို အသုံးပြုရမယ်ဆိုရင်တောင် အစ်ကိုကြီးနဲ့ အစ်မကို အခက်အခဲ မကြုံစေရပါဘူး ”

နောက်ဆုံးတွင် မိုဝူကျိက စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ယခင် သူသာ ဖန်မောင်နှမတို့ကို ကူညီမပေးခဲ့လျှင် သူတို့အရိုးတွေပင် ဆွေးလောက်လေပြီ။ အကယ်၍ ဖန်မောင်နှမ နှစ်ယောက်လုံး ပြောင်းလဲသွားပါက သူ အလွန်စိတ်ပျက်မိပေလိမ့်မည်။ သူတို့ကို ကယ်တုန်းက တစ်ခုခု ပြန်ရရန် မျှော်လင့်မထားခဲ့ပေ။ ထိုသို့ဆိုလျှင်ပင် ကြင်နာမှုကို မသိတတ်မှုနှင့် ပြန်ပေးဆပ်၍ မဖြစ်ပေ။

“ အစ်မ ဘာလို့ ကျုပ်ကို ရိုက်တာလဲ ” ဖန်ကျဲ အမူအယာမှာ ပျက်ယွင်းသွားလေ၏။

ဖန်ဝူက သူ့အား ပြန်မဖြေဘဲ ကျိုးရှန်းကို ဦးညွှတ်ကာ  “ အစ်ကိုကြီးမိုက ကျွန်မတို့ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ အစ်ကိုကြီးမိုကြောင့်သာ မဟုတ်ရင် ကျွန်မတို့ နှစ်ယောက်လုံး သေနေလောက်ပါပြီ။ ဖန်ဝူက ဦးလေးကို အစ်ကိုကြီးမိုနဲ့ အစ်မကို လွှတ်ပေးဖို့ အနူးအညွှတ် တောင်းဆိုပါတယ် ”

ကျိုးရှန်းက မျက်နှာပျက်ယွင်းသွားကာ

“ ဖန်ဝူ ..မင်းတို့မောင်နှမက ဖန်မျိုးဆက်လေ။ ဒီကောင်းကင်စုန်းမြို့တော်က မင်းတို့ ဖန်မျိုးနွယ် အပိုင်ပဲ။ မင်းလည်း ဒီနေရာရဲ့ သခင် ဖြစ်လာမှာ။ အခု ဒီအမျိုးသမီးရဲ့ သွေးက သန့်စင်တယ်ဆိုတော့ ဖန်မျိုးဆက်ကို မွေးထုတ်ပေးရင် အကောင်းဆုံးပဲလေ။

မင်းက သူမကို လွှတ်ပေးစေချင်တာလား။ အဲဒီလူရဲ့ အသက်ကိုတော့ ချမ်းသာပေးနိုင်တယ်။ ဒါပေမဲ့ ဒီအမျိုးသမီးက ဖန်မျိုးဆက်ကို မွေးထုတ်ပေးရမယ် …. ”

ကျိုးရှန်းက ဖန်ဝူကို လိမ်ညာပြောနေခြင်း မဟုတ်ပေ။ ကောင်းကင်စုန်းမြို့တော်သည် စုန်းမျိုးနွယ်၏ နယ်‌မြေ ဖြစ်၏။ သူ့သွေးမျိုးဆက်က မသန့်စင်သောကြောင့် ဖန်မျိုးနွယ် ယူပိုင်ခွင့် မရှိချေ။ သူ့အား အနည်းငယ် စိတ်အေးသွားစေသည်က နှစ်များစွာ ကြာပြီးသည့်နောက်တွင် အစစ်အမှန် ဖန်မျိုးနွယ် မောင်နှမနှစ်ယောက် ကောင်းကင်စုန်းမြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်၏။

သူက ဟန်ချင်းရုနှင့် ပျော်ပါးရမည်။ ထို့နောက် သူမအား ဖန်ကျဲဆီ ပေးကာ သွေးမျိုးဆက် သယ်ဆောင်ခိုင်းရမည်။

ထိုအမျိုးသမီးက ဖန်မျိုးနွယ် သွေးဆက် မသယ်ဆောင်ခင် သူမက သူ ပျော်ရွှင်လာသည့်အထိ ခစားပေးရလိမ့်မည်။

ဖန်ဝူက ပြန်လည် မချေပနေတော့ပေ။ ထို့စား သူမက ဖော်ဖော်ရွေရွေ ပြောလိုက်သည်

“ ဦးလေး … ကျိုးပျက်ကမ္ဘာကနေ ဒီကောင်းကင်စုန်းမြို့တော်ဆီ လူတွေ မကြာမကြာ ရောက်လာတာပဲမလား။ ကျင့်ကြံရေးလောကရဲ့ အလှလေးတွေက အရမ်းကို ပေါများပါတယ်။ နောင်ကျ ဖန်ကျဲအတွက် မိန်းမလှလေး တွေ့လာမှာပါ … ”

“ အစ်မ ဘာကိုပြော …” ဖန်ကျဲ မျက်နှာမှာ မည်းမှောင်လာသည်။ ဟန်ချင်းရုက အလွန်လှပသောကြောင့် သူ့စိတ်ဝင်စားမိ၏။ သူမကို စုန်းသခင်က အရင်သုံးတော်ခံမည် ဖြစ်သော်လည်း  နောက်ဆုံးတော့ သူမက သူ့လက်ထဲသာ ရောက်လာပေမည်။

“ မင်းပါးစပ်ကို ပိတ်ထားလိုက် … တိရစ္ဆာန်ကောင် …”  ဖန်ဝူက ဖန်ကျဲအား ဆူပူလိုက်သည်  “အစ်ကိုကြီးမိုက ငါတို့ကို ဘယ်လိုကယ်ပေးခဲတာဲလဲဆိုတာ‌ မေ့သွားပြီလား။ အနည်းဆုံးတော့ သူက မင်းရဲ့ ဆရာလေ … ”

မိုဝူကျိက ဖန်ဝူ စကားကို ဖြတ်ပြောလိုက်သည်

“ ဖန်ဝူ မင်းမှားနေပြီ။ ငါက သူ့ဆရာ မဟုတ်ဘူး။ ပြီးတော့ မင်းကို မေးစရာလေး ရှိသေးတယ်။ ဒီကို ကျိုးပျက်ကမ္ဘာကနေ ကျင့်ကြံသူတွေ ခဏခဏ ရောက်လာကြတယ်ဆို အဲဒီသူတွေ ဘယ်လိုဖြစ်သွားပြီလဲ ”

ဖန်ကျဲကိုတော့ မိုဝူကျိက ဂရုမစိုက်တော့ပေ။ ယခု သူက ဖန်ကျဲ မည်သို့ ရောက်လာကြောင်း မေးဖို့ရာပင် စိတ်မဝင်စားတော့ပေ။

ဖန်ဝူက မိုဝူကျိ စကားများကို ကြားလိုက်သည့်အခါ ချက်ချင်း ခေါင်းငုံ့လိုက်ပြီး “ အစ်ကိုကြီးမို တောင်းပန်ပါတယ်။ ကျွန်မ သူတို့ကို မကယ်နိုင်ခဲ့ဘူး … ”

“ ဝူကျိ … ကျိုးပျက်ကမ္ဘာကနေ ရောက်လာကြတဲ့ ကျင့်ကြံသူတွေက အမျိုးသမီးတွေက အဲဒီသားရဲကြောင့် ပျောက်သွားခဲ့ပြီးတော့ အမျိုးသားတွေက အဖမ်းခံထားပြီး ရောင်းခံလိုက်ရတယ် ” ဟန်ချင်းရုက မိုဝူကျိ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေ၏။ သူမအသံမှာ တုန်တုန်ယင်ယင် ဖြစ်နေသည်။

မိုဝူကျိက နားလည်သွားလေ၏။ ကျိုးပျက်ကမ္ဘာမှ ရောက်လာကြသည့် ကျင့်ကြံသူများအနက် မည်သူကများ အင်မော်တယ်စွမ်းအား မပြည့်ဝနေသူ ပါမည်နည်း။ ဤနေရာ ကောင်းကင်စုန်းမြို့တော်အတွင်းရှိ လူရိုင်းများအတွက် ဤသို့သောအသားများမှာ အကောင်းဆုံး အစားအစာ ဖြစ်ပေသည်။

အကယ်၍ သူ့စိတ်စွမ်းအားသာ မမြန်လျှင် သူ့ကိုယ်သူ ကျင့်ကြံသူ ဖြစ်ကြောင်း ဖော်ပြမိသလို ဖြစ်ကာ လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရနိုင်၏။

“ ဖန်ကျဲ မင်းအစ်မကို ခေါ်သွားလိုက်တော့ … ဒီကိစ္စက …” ကျိုးရှန်း၏ အသံက ရုတ်တရက် ရပ်သွားလေသည်။ သူက သဘာဝစွမ်းအားလက်ကြီးက သူ့လည်ပင်းကို ရစ်ပတ်ထားကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

“ ဝူးဝူး ” ကျိုးရှန်းက လေထဲ ရုန်းကန်နေသော်လည်း  မပီမပြင် အသံများသာ ထွက်နေသည်။

စစ်သည်တော်များလည်း ကြောင်အမ်းသွားကြသည်။ သို့သော်လည်း မကြာခင် သူတို့က အသိပြန်ဝင်လာကာ မိုဝူကျိဆီ ပြေးဝင်လာကြသည်။

မိုဝူကျိက လက်ကို ဖွင့်ကာ မီးတောက်တစ်ခု ပစ်လွှတ်လိုက်သည်။ မီးတောက်က မီးတန်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုမီးတန်းအောက်တွင် စစ်သည်တော်ရာချီက ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။

နောက်ထပ် စစ်သည်တော် ထောင်ချီ ပြေးလာကြသော်လည်း သူတို့ရှေ့ရှိ လူများ ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံလိုက်ရသည်ကို မြင်လိုက်သည့်အခါ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ သူတို့က မိုဝူကျိအား တုန်လှုပ်တကြီး ကြည့်နေကြသည်။

သားရဲများက အားကောင်းသော်လည်း သူတို့တွင် ခုခံရန် နည်းလမ်း ရှိသေး၏။ သို့သော်လည်း မိုဝူကျိ၏ နည်းလမ်းမှာ သူတို့ အရေအတွက်တစ်ခုတည်းဖြင့် ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။

ဖန်ကျဲက နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။ သူက မြေပြင်ပေါ် ဒူးထောက်ကာ  “ ဆရာ … အဖေ့ကို ချမ်းသာပေးပါ … ”

သူက ကျိုးရှန်းအတွက် တောင်းပန်နေစဉ် သူ့ကိုယ်သူအတွက်လည်း တောင်းပန်နေလေ၏။ တစ်ချိန်တည်းတွင် သူက ကျိုးရှန်း သေ၍ မဖြစ်ကြောင်း သိထားသည်။ အကယ်၍ ကျိုးရှန်း သေဆုံးသွားပါက သူတို့ ဖန်မျိုးနွယ် အမွေအနှစ်လည်း ပျောက်ကွယ်သွားလိမ့်မည်။

မိုဝူကျိက ဘာမှမပြောခင် ဖန်ဝူက ဒူးထောက်ကာ  “ အစ်ကိုကြီးမို … မောင်လေးကို ချမ်းသာပေးပါ ”

မိုဝူကျိက အလွန်အားကောင်းလှသည်။ သူက ဖန်ကျဲအား အသက်တစ်ရှိုက်စာအတွင်း သတ်ပစ်နိုင်လေ၏။ ပြောရလျှင် အသက်ရှုသည်ထက်ပင် သတ်ဖို့ရာ ပိုလွယ်ကူနေသေး၏။

သူမက မောင်လေး၏ စိတ်ဓာတ်သည် ဖန်မျိုးဆက် ဆက်လက်မွေးထုတ်ရေးအတွက် အမှောင်ဖုံးသွားသည်ကို မကြိုက်သော်လည်း ဖန်ကျဲသည် သူမ မောင်လေး ဖြစ်နေသေးသည်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်ပေါ် တစ်ယောက် မှီခိုလာပြီး အခက်အခဲမျိုးစုံ ကျော်ဖြတ်ခဲ့ရသည်။ အကယ်၍ သူမသာ သူမ လက်စားချေမပေးနိုင်သည့် ဆရာ၏ လက်ချက်ဖြင့် မောင်လေးဖြစ်သူ အသတ်ခံနေရသည်ကို မြင်မိလျှင် သူမနှလုံးသား တစစီ ဖြစ်သွားပေမည်။

မိုဝူကျိက ဖန်ကျဲအား တစ်ချက်ကြည့်လိုက်သည်  “ မင်းအစ်မ ဖန်ဝူကို ထောက်ထားပြီးတော့ မင်းကို မသတ်တော့ဘူး ”

သူက ပြောလိုက်ရင်း ဖန်ကျဲ ခန္ဓာကိုယ်ထဲ မမြင်နိုင်သည့် စွမ်းအားတချို့ပို့လွှတ်လိုက်သည်။ သူက ဖန်ဝူကို ထောက်ထား၍ ဖန်ကျဲအား မသတ်ခဲ့သော်လည်း ဖန်ကျဲ၏ ဟန်ချင်းရုအပေါ် မသိတတ်မှုကြောင့် ဖန်ကျဲအနေနှင့် သူ့အား အပြစ်မတင်သင့်ပေ။ တာအိုစည်းမျည်းသည် ဖန်ကျဲ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။ ဖန်ကျဲက သူ့ကျင့်စဉ် ထပ်မံကျင့်ကြံရဲလျှင် သူ ကြိုးစားသည့်အခါတိုင်း ကျင့်ကြံဆင့် ကျသွားပေလိမ့်မည်။

သူ မိုဝူကျိက ရုပ်ခန္ဓာကျင့်စဉ်ကို ပြီးပြည့်စုံစေခဲ့သူ ဖြစ်၏။ သို့သော်လည်း ထိုအရာက ဖန်မျိုးနွယ် အပိုင် ဖြစ်နေသေးသောကြောင့် မထိပေ။ သို့သော် ကျင့်စဉ်မှာ ဖန်ကျဲအား သူ လက်ဆင့်ကမ်း သင်ပေးလိုက်သည့်အရာ ဖြစ်၏။ သူ့တာအိုစည်းမျည်းဖြင့် ဖြည်းဖြည်းချင်း ပြန်ယူနိုင်ပေသည်။ စုန်းမျိုးနွယ် ဖြစ်နေသောကြောင့် ကျင့်စဉ် မလိုအပ်တော့ချေ။

“ ကျေးဇူးတင်ပါတယ် …ကျေးဇူးပါ …” ဖန်ဝူက မိုဝူကျိသည် ဖန်ကျဲအား မသတ်ကြောင်း ပြောသည်ကို ကြားပြီး နဖူးကွဲလုမတတ် ဦးတိုက်ကာ ပြောလိုက်သည်။

မိုဝူကျိက ဖန်ဝူကို မကြည့်တော့ပေ။ သူနှင့် ဖန်မောင်နှမတို့၏ ဆက်ဆံရေးမှာ အဆုံးသတ်သွားလေပြီ။

သူက လက်တစ်ချက်အဝေ့ဖြင့် ကျိုးရှန်း လည်ပင်းမှ သဘာဝစွမ်းအားလက်ကြီးက ပျောက်ကွယ်သွားလေသည်။

သူ့လည်ပင်း ပြေလျော့သွားသည်ကို ခံစားမိပြီး ကျိုးရှန်းက မြန်မြန် ပြောလိုက်၏  “ သခင်ကြီး ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် မျက်စိကန်းနေခဲ့တာပါ … ကျုပ် ကတိ … ”

မိုဝူကျိက ကျိုးရှန်း စကားဆုံးသည့်အထိ မစောင့်တော့ဘဲ သံချွန်လေးခု ပစ်လွှတ်လိုက်သည်။

ထိုသံချွန်လေးခုက ကျိုးရှန်း၏ နံရိုးများဆီ စိုက်ဝင်သွားကာ လေထဲတွင်  '大' ပုံစံမျိုး ဖြစ်လာသည်။ ထို့နောက် နောက်ထပ် မီးတောက်တစ်လုံး ထပ်မံ ပစ်လွှတ်လိုက်ပြီး ကျိုးရှန်း ခြေထောက်အောက်ခြေနား ဖြည်းဖြည်းချင်း လောင်ကျွမ်းခိုင်းလိုက်သည်။

ကျိုးရှန်းက နာကျင်စွာ အော်ဟစ်လိုက်သည်။ အားလုံးက သူ့ခြေထောက် မီးတောက်ထဲ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရသည်။

မိုဝူကျိက အစီအရင်သင်္ကေတတချို့ ဖွဲ့စည်းကာ ကျိုးရှန်းအား ရစ်ပတ်စေလိုက်၏။ ထိုစဉ် ကောင်းကင်စုန်းမြို့တော်တစ်ခုလုံး ကျိုးရှန်း၏ ရှိုက်ကြီးတငင် အော်ဟစ်သံကို ကြားလိုက်ရသည်။ မီးတောက်က ဆက်တိုက် လောင်ကျွမ်းနေသောကြောင့် မြို့သားများက ကြည့်ရုံသာ တတ်နိုင်ပေသည်။

ကောင်းကင်စုန်းမြို့တော်ရှိ လူအားလုံး၏ စိတ်ထဲ၌ ကြောက်ရွံ့သွားကြသည်။ ကောင်းကင်စုန်းမြို့တော်၏ စုန်းသခင်သည် အလွယ်လေး အသတ်ခံလိုက်ရသည်။ ဤသခင်ကြီးအား ရစ်စရဲသူမှာ ချက်ချင်း ပြာဖြစ်သွားကာ ပျောက်ကွယ်သွားကြရသည်။

ကောင်းကင်စုန်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်နေကြစဉ် မိုဝူကျိက လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ရွှေရောင်တဝင်းဝင်း တောက်ပနေသည့် နန်းတော်မှာ ထိုလက်သီးချက်အောက်တွင် တစစီ ဖြစ်သွားသည်။ နန်းတော်အထက်၌ အက်ကြောင်းကြီး တစ်ခုပေါ်လာကာ မိုဝူကျိ လက်တစ်ချက်အဝေ့ဖြင့် နန်းတော်ထံ သဲများ ကျဆင်းလာပြီး အုတ်ဂူသဏ္ဍာန် ဖြစ်လာသည်။

ထိုအုတ်ဂူရှေ့မှောက်၌ ကျောက်ပြားတစ်ချပ် ပေါ်လာသည်။

 ကျောက်ပြားပေါ်တွင် …  ဟွမ်လုအာ၏ အုတ်ဂူ - တည်ဆောက်ပေးခဲ့သူ မိုဝူကျိနဲ့ ဟန်ချင်းရု ….

ဟန်ချင်းရုက မိုဝူကျိ၏ အပြုအမူကို မြင်လိုက်သည့်အခါ အုတ်ဂူကို အရိုအသေ ပေးလိုက်သည်။ ထိုစဉ် မိုဝူကျိက အစီအရင်အလံတချို့ ထုတ်ကာ ကာကွယ်ရေး အစီအရင်နှင့် သတ်ဖြတ်ရေး အစီအရင်တချို့ ခင်းကျင်းထားလိုက်၏။

မည်သူကမှ သူ့အစီအရင်တို့ကို ဖွင့်ဟနိုင်မည် မဟုတ်ပေ။ တစ်ယောက်ယောက် ဤအုတ်ဂူကို တိုက်ခိုက်ရဲသည်နှင့် ပြန်ကန်အားဖြင့် ချက်ချင်း အသတ်ခံရမည် ဖြစ်၏။ သူ့အရိုးများပင် ဖျက်စီးခံရမည်။

“ ချင်းရု သွားကြစို့ ” ထိုအရာများ လုပ်ပေးပြီးနောက် မိုဝူကျိက ဟန်ချင်းရုလက်ကို ဆွဲကာ အာကာပြင်ထဲ အက်ကြောင်း ဖန်တီးလိုက်၏။ အက်ကြောင်း ပေါ်လာသည့်အခါ နှစ်ယောက်သား အက်ကြောင်းထဲ ဝင်ကာ ပျောက်ကွယ်သွားကြသည်။

အက်ကြောင်းက အလျှင်အမြန် ပျောက်ကွယ်သွားလေ၏။

ဖန်ကျဲက အသိပြန်ဝင်လာကာ လှုံ့ဆော်လိုက်သည်  “ အားလုံး သခင်ကြီးကို ကယ်ဖို့ ကြိုးစားကြ … ”

မိုဝူကျိ ထွက်သွားသည်ကို မြင်သောအခါ စစ်သည်တော်များက အပြေးအလွှား ရောက်လာကြသည်။ သို့သော်လည်း ထိုစစ်သည်တော်များ ကျိုးရှန်းနား ကပ်လိုက်သည့်အခါ ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။

နောက်ထပ် လူဆယ်ယောက်ကျော် လောင်ကျွမ်းခံလိုက်ရသည်ကို မြင်သောအခါ မည်သူကမှ ကျိုးရှန်းအနား မကပ်ရဲကြတော့ပေ။

ဖန်ဝူက ပျောက်ကွယ်သွားပြီ ဖြစ်သည့် အက်ကြောင်းကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းငုံ့ထားလိုက်သည်။ သူမ စိတ်က ဗလာကျင်းနေလေ၏။ သူမက ထိုတိတ်ဆိတ်ငြိမ်သက်သည့် ဂြိုလ်မှ ထွက်လာမိသည့်အတွက် နောင်တရနေမိသည်။

***

All Chapters