← Chapters

ရွှေရောင်လှေကားနှင့် ဒုတိယအကြိမ် ဆုံတွေ့ခြင်း

Vol. 85 Ch. 1187

ရွှေရောင်လှေကားနှင့် ဒုတိယအကြိမ် ဆုံတွေ့ခြင်း

Vol. 85 Ch. 1187

မိုဝူကျိက ရပ်တန့်လိုက်သည့်အခါ သူတို့ဘေးပတ်လည်ရှိ အရာအားလုံးမှာ မီးခိုးနက် သမ်းနေလေ၏။ ဘေးပတ်ဝန်းကျင်၌ ဥက္ကာပျံ အပျက်အစီးများစွာ ရှိနေသည်။

ဤသည်က မိုဝူကျိအနေနှင့် အာကာပြင်ကို ပထမဆုံးအကြိမ် စုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်ပေသည်။ ဟန်ချင်းရုနှင့် အတူတူ နေပြီးနောက် သူ့လူသားကမ္ဘာမှ စည်းမျည်းများသည် ပို၍ ကြည်လင်လာသည်။ ထို့ကြောင့် သူက ဝိဇ္ဇာတပိုင်း အဆင့် ၅ လေးဖြင့် အာကာပြင်ကို စုတ်ဖြဲပစ်နိုင်ခြင်း ဖြစ်၏။

“ ဝူကျိ ဘယ်ကို သွားနေတာလဲ ” ဟန်ချင်းရုက ရှုပ်ထွေးနေသည့် အာကာပြင်ကြီးအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။

သူမက အင်မော်တယ် သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားကို စတင် အသုံးပြုလာနိုင်သောကြောင့် မစိုးရိမ်မိခြင်း မဟုတ်ဘဲ မိုဝူကျိဘေးတွင် အတူတူ ရှိနေရ၍ မစိုးရိမ်မိခြင်း ဖြစ်ပေသည်။

မိုဝူကျိက ဟန်ချင်းရု လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး ပြုံးကာ   “ ငါ့စိတ်စွမ်းအားက လောကနယ်မြေတွေကို ဖြတ်သွားနိုင်တယ်။ အခု အင်မော်တယ်လောကဆီ သွားကြမယ်။ ပြီးသွားရင် နောက်ထပ် တစ်နေရာဆီ သွားကြမယ် ”

မိုဝူကျိက အင်မော်တယ်လောက ပြန်လိုသည်မှာ နတ်ဘုရားမျှော်စင်အား သွားယူနိုင်ရန် ဖြစ်၏။ နတ်ဘုရားမျှော်စင်သည် ဟွမ်တိ အပိုင်ဖြစ်ပြီး ကံကြမ္မာ ထိပ်သီးရတနာ မဟုတ်ပါလော။ ယခု ဟွမ်တိက သူ့ညီငယ်လေး ဖြစ်နေပြီ ဖြစ်ရာ မိုဝူကျိက နတ်ဘုရားမျှော်စင်အား ပြန်ယူပေးဖို့ ကြံရွယ်ထား၏။

သူက အင်မော်တယ်လောကမှ ကိစ္စများ ပြီးသည်နှင့် အမှောင်ကမ္ဘာဆီ တစ်ချက်သွားကြည့်မည်။ သူ့တွင် ဟုန်မုန့်သဲနှင့် သစ်နက် အပိုင်းအစ ရထားလေပြီ။ ထို့ကြောင့် သူက အမှောင်ကမ္ဘာ၌ သစ်နက်ကို ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားသည်။

ကပ်ဘေးကြီးက နီးကပ်လာပြီ ဖြစ်ရာ ဝိဇ္ဇာတချို့က မိုဝူကျိအား ခေါင်းကိုက်စေဖို့ရာ လုံလောက်ပေသည်။ သူက လော့ အမည်နှင့် လူအကြောင်းကို ထည့်မတွက်ရသေးပေ။ ဤလူက  စကြဝဠာ၏ ကိုးခုမြောက် တာအိုစည်းမျည်း ပိုင်ဆိုင်ထားပြီး ကံကြမ္မာဓားကိုလည်း ထိန်းချုပ်ထားသေးသည်။ အကယ်၍ ဤလူသာ အပြည့်အဝ ကြီးထွားလာပါက ပြိင်ဖက်ကင်းသည့် တည်ရှိမှုမျိုး သေချာပေါက်  ဖြစ်လာပေမည်။

မိုဝူကျိက အင်မော်တယ်လောကဆီ တည်နေရာ ရှာဖွေလိုက်သည်။

“ ဝူကျိ … ကျွန်မ ကိုယ့်ဘာသာ သတ်သေမယ်ဆိုတာ သိနေတာမလား ” ဟန်ချင်းရုက အဆက်အစပ်မရှိ မေးခွန်းကို ထုတ်မေးလိုက်သည်။

မိုဝူကျိက အံ့ဩသွားကာ မေးလိုက်သည်  “ ဘာကိုလဲ ”

ဟန်ချင်းရုက ခေါင်းခါကာ အသာပြုံးပြလိုက်၏  “ ဘာမှမဟုတ်တော့ပါဘူး။ အင်မော်တယ်လောကဆီ သွားကြရအောင် ”

ယခုတွင် ဟန်ချင်းရုက အဖြစ်အပျက် အလုံးစုံကို နားလည်သွားတော့သည်။ ယခင် သူတို့ ဓားအကျဉ်းထောင်ထဲ ရှိနေစဉ်အခါက မိုဝူကျိသည် သူမအနေနှင့်  သူ့ကို နမ်းလိုကြောင်း ပြောပြီးသည့်နောက်တွင်ပင် စိတ်ဝင်စားမှု မပြခဲ့ပေ။

လက်ရှိ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အဆများစွာ တိုးတက်လာပြီ ဖြစ်၏။ မိုဝူကျိက ကျင့်ကြံဆင့် မြင့်တက်လာပြီးနောက် အဘယ်ကြောင့် သူ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ မြေအောက်ခန်းအကျဉ်းလေးထဲ၌ သူမတို့  လုပ်မိခဲ့ရာလုပ်ပြီး အဆုံးသတ်သွားခဲ့သနည်း။

မိုဝူကျိက သူမအား ကောင်းကောင်း သိနေ၍ ဖြစ်ပေသည်။ အကယ်၍ မိုဝူကျိသာ သူမ ရည်ရွယ်ချက်ကို ငြင်းဆန်လိုက်ပြီး သူမကို ခေါ်ထုတ်သွားနိုင်ကြောင်း ပြောခဲ့လျှင် သူမက မရှက်ဘဲ မည်သို့ ဆက်လက် နေထိုင်ရမည်နည်း။

မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း ဟန်ချင်းရုက နောင်တမရမိပေ။ ထိုအဖြစ်အပျက်အပြီးတွင် သူမအနနှင့် မိုဝူကျိ၏ ချစ်ခြင်းမေတ္တာတရားကို ခံစားမိသည်က လုံလောက်လေပြီ။

အမျိုးသမီးတစ်ယောက်က သူမတစ်ဘဝလုံး ချစ်မြတ်နိုးရသည့်သူကို မရှာနိုင်လျှင် မည်မျှ အထီးကျန်လိုက်မည်နည်း။ သူမက တွေဝေမနေတော့ပေ။ သူမ လိုချင်သည်က မိုဝူကျိဘေးတွင် နေလိုခြင်းသာ ဖြစ်၏။

ယုံရင်အစွန်းအဖျားမှ အင်မော်တယ်လောက …. ကျိုးပျက်ကမ္ဘာမှ ကောင်းကင်စုန်းမြို့တော်အထိ ….

ဤနှစ်တစ်လျှောက်လုံး သူမက အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ပြီး မျည်းဖျားလေးနား၌ ရပ်ကာ မမောနိုင်မပန်းနိုင် ကြိုးစားနေထိုင်ခဲ့ရသည်။ တစ်ခါတစ်ရံ၌ သူမက အဘယ်ကြောင့် ကြိုးကြိုးစားစား  ကျင့်ကြံနေသည်ကို သူမဘာသာ မေးခွန်းထုတ်မိ၏။ သူမ ကျင့်ကြံဆင့်နှင့် သက်တမ်း တိုးတက်လာအောင် အဘယ်ကြောင့် ကြိုးစားနေသနည်း။

သူမက တစ်ယောက်တည်း အထီးကျန်ကျန် နေရအောင်လို့လား ….

သူမက ရည်မှန်းချက်ကြီးသည့် အမျိုးသမီး တစ်ဦး မဟုတ်ခဲ့ပေ။ သူမ လိုချင်သည်က မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည့် တိတ်ဆတ်ငြိမ်သက်သော ဘဝလေး ဖြစ်၏။

“ အာ ” မိုဝူကျိ၏ ရုတ်တရက် အသံထွက်လာမှုက ဟန်ချင်းရု အတွေးယာဉ်ကြောအား ပြတ်တောက်သွားစေသည်။ သူမက မြန်မြန် မေးလိုက်၏  “ ဘာမြင်လို့လဲ ”

“ ငါ သိပြီးသားသူကို မြင်လိုက်တယ် ထင်တယ် ” ထိုသို့ပြောပြီးနောက် အချိန်စက်ဝန်းပြားကို ထုတ်ကာ ဟန်ချင်းရုကိုပါ သယ်ဆောင်လိုက်သည်။

အချိန်စက်ဝန်းပြားက အာကာပြင်ထဲ တုန်ခါသွားပြီး အနက်ပိုင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

“ ဘယ်သူကို မြင်လိုက်တာလဲ ” ဟန်ချင်းရုက သိချင်စွာ မေးကြည့်လိုက်သည်။

“စိတ်စွမ်းအားထဲမှာ ပုံရိပ်ခပ်ဝါးဝါးပဲ မြင်လိုက်ရတာဆိုတော့ မှားသွားမလားတော့ မသိဘူး ….” မိုဝူကျိက ထိုမီးခိုးရောင်ပုံရိပ်လေးမှာ ကူချိုက်နှင့် တူနေသောကြောင့် မယုံကြည်နိုင်သလို ဖြစ်နေမိသည်။

နတ်ဘုရားသိုက်မြုံအတွင်း ကူချိုက်နှင့် လမ်းခွဲပြီးကတည်းက ကူချိုက်အား တစ်ခါမှ မတွေ့ရတော့ပေ။ သူက ကူချိုက်၏ သတင်းများပင် မကြားမိချေ။

သဘောတရားအရ ကူချိုက်သည်လည်း  နတ်ဘုရားကမ္ဘာ၌ မိုဝူကျိ၏ ဂုဏ်သတင်းအကြောင်း ကြားလျှင် ရှာနေမည်သာ ဖြစ်၏။ သို့သော်လည်း ကူချိုက်က သူ့အား တစ်ခါမှ လာမရှာခဲ့ပေ။

“ ချင်းရု .. မင်းရဲ့ကျင့်ကြံဆင့်က နိမ့်နေသေးတယ်။ ငါ့လူသားကမ္ဘာထဲမှာ ဆက်ပြီး ကျင့်ကြံနေချင်လား ” အစကတည်းက မိုဝူကျိသည် ဟန်ချင်းရုအား သူ့အချိန်စက်ဝန်းပြားထဲ၌ ကျင့်ကြံဖို့ ရည်ရွယ်ထားလေ၏။ သို့သော်လည်း မိုဝူကျိက အချိန်စက်ဝန်းပြားကို ဆက်တိုက် အသုံးပြုနေရမည် ဖြစ်သောကြောင့်  သူမအား မသက်မသာ ဖြစ်စေလိမ့်မည်။

“အင်း …. ကမ္ဘာထဲ ပို့ပေးလေ ” ဟန်ချင်းရုက မိုဝူကျိဘေးတွင် ဆက်နေလိုသော်လည်း မိုဝူကျိ၏ ကျင့်ကြံဆင့်နှင့် သူမတို့ကြားက ကွာခြားချက်မှာ အလွန်ကြီးမားနေကြောင်း သိပေသည်။ အကယ်၍ သူမက သူမဘာသာ တိုးတက်လာအောင် မလုပ်လျှင် မိုဝူကျိ နောက်ကျန်နေခဲ့လိမ့်မည်။

မိုဝူကျိ၏ လူသားကမ္ဘာထဲ ဝင်ပြီးနောက် ဟန်ချင်းရုက လေအေးများ မှုတ်ထုတ်လိုက်မိသည်။ ဤနေရာတွင် နတ်ဝိညာဉ်သွေးကြောများနှင့် အင်မတန် သိပ်သည်းလှသော မိုးမြေ သဘာဝစွမ်းအားများ ရှိနေသည်။ ဤသည်က ဟန်ချင်းရုအား အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းဖို့ရာ အသက်ရှုသလောက် လွယ်ကူကြောင်း သိသွားစေသည်။

တကယ်တော့ နတ်ဝိညာဉ်သွေးကြောများထက် နတ်ဝိညာဉ်ဆေးပင်များက ပိုများနေသေး၏။

မိုဝူကျိက ဘယ်လောက်တောင် ချမ်းသာနေတာလဲ ….

သူမက သူမရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်အမ်းနေမိသည်။ သူမက  ပန်းမြိုင်တစ်ရာ အိမ်တော်ရှိ မြင်ကွင်းကို ပြန်လည် အမှတ်ရလာမိသည်။

ပြီးတော့ ပန်းခင်းကြား  သူမကို သယ်ပြေးနေသည့် ဆေးလုံးဆရာလေး တစ်ဦး …

သူမက ထိုဆေးလုံးဆရာ၏ အားကောင်းလှသော ရင်ခွင်ကြီးကို ပြန်လည် တွေးမိသွားကာ နူးနူးညံ့ညံ့ ခံစားလာမိသည်။ သိပ်မကြာခင် သူမက မျက်နှာကို အသာပွတ်ကာ နတ်ဝိညာဉ်သွေးကြောတစ်ခုဆီ မြန်မြန် သွားလိုက်သည်။ သူမက မိုဝူကျိ ပေးထားသော သိုလှောင်လက်စွပ်ကို မထုတ်ခင် သူမအနေအထားသူ ပြင်လိုက်သည်။

…………..…

မိုဝူကျိက စကြဝဠာကြီးထဲ၌ အချိန်စက်ဝန်းပြားထက် မြန်သော ရတနာ မရှိနိုင်ကြောင်း ယုံကြည်ထား၏။

ထိုသို့ဆိုလျှင်ပင် အချိန်စက်ဝန်းပြားကို အသက်သွင်းပြီးနောက် မီးခိုးရောင်ပုံရိပ်လေး၏ အရိပ်အယောင်ကို ရှာမတွေ့တော့ပေ။ သူက ဆယ်ရက်တာ သွားလာခဲ့သည်။  ကူချိုက် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ သူက ဆက်မလိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။

အချိန်စက်ဝန်းပြားကို ရပ်လိုက်ပြီးနောက် မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ သူက ကမ္ဘာနယ်မြေတချို့ကို စစ်ဆေးကြည့်လို၏။

သူ့စိတ်စွမ်းအားအတွင်း မှိန်ဖျဖျ ရွှေရောင်အလင်းတန်း ကျရောက်လာသည်။ သူက ရွှေရောင်အလင်းတန်းနှင့် အတော်လေး အလှမ်းကွာနေသော်လည်း ရင်းနှီးမှုကို တန်းခံစားမိလိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်း မိုဝူကျိက ထိုရွှေရောင်အလင်းတန်းအကြောင်း သိလိုက်သည်။ ယခင် နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာစဉ်အခါက တူညီသော ရွှေရောင်အလင်းတန်း ရောက်ရှိလာခဲ့ဖူးသည်။ ပို၍ အတိအကျပြောရလျှင် အာကာပြင်မှ ဆင်းသက်လာသော ရွှေရောင်လှေကားကြီး ဖြစ်၏။ ထိုအရာက နတ်ဘုရားကမ္ဘာ၏ နိဗာန တိတ်ဆိတ်မှုပင်လယ်အထက်သို့ ကျရောက်နေသည်။

ထိုမျှတင် မကသေးဘဲ ဝိဇ္ဇာလော့ရှု၏ အသံကို ထပ်မံကြားလိုက်ရသည်။ နတ်ဘုရားကမ္ဘာ ကျင့်ကြံသူများအား သူ ဆင်းမလာခင် နတ်ဘုရားမျှော်စင်ဆောက်လုပ်၍ ကြိုဆိုရန် အမိန့်ပေးနေသည်။ ထိုစဉ် သူ့စိတ်စွမ်းအားထဲမှ ရွှေရောင်အလင်းတန်းသည် ယခင်နှင့် အတူတူ ဖြစ်နေကြောင်း အာရုံခံလိုက်မိသည်။

မိုဝူကျိက များများစားစား မစဉ်းစားနေတော့ဘဲ အချိန်စက်ဝန်းပြားဖြင့် ရွှေရောင်အလင်းတန်းဆီ ဦးတည်လိုက်သည်။

အချိန်တိုလေးအတွင်း မိုဝူကျိက ရွှေရောင်လှေကားအစွန်းဆီ ရောက်ရှိလာသည်။ ရွှေရောင်လှေကား ဝန်းကျင်၌ တာအိုအငွေ့အသက်များက ဆက်တိုက် စီးဆင်းနေလေ၏။ သူ့လက်ရှိအင်အားဖြင့် ထိုတာအိုအငွေ့အသက်ကို မဖမ်းဆုပ်နိုင်ပေ။

ယခင် မိုဝူကျိက ထိုရွှေရောင်လှေကားကြီးကို မည်သို့ ဆောက်လုပ်ထားမှန်း မသိခဲ့ပေ။ ယခင် သူက အလင်းတန်းတစ်ခုမျှသာ ဖြစ်ကြောင်း တွေးထားခဲ့မိသည်။ ယခု သူက ရှေ့မှောက်ရောက်လာသည့်အခါ တာအိုစည်းမျည်းကြောင့် ဖွဲ့စည်းလာမှန်း တန်းသိလိုက်၏။ ထိုရွှေရောင်လှေကား၏ တာအိုစည်းမျည်းအတွင်း သူ အာရုံမခံနိုင်သည့် ထူးဆန်းဖွယ် အားတစ်ခု ရှိနေလေ၏။

မိုဝူကျိက အချိန်စက်ဝန်းပြားကို သိမ်းလိုက်ပြီး ရွှေရောင်လှေကားဆီ လက်ဆန့်ထုတ်လိုက်သည်။ သူ့လက် လှေကားအနီး မရောက်ခင် ကြီးကျယ်ခမ်းနားသော အားတစ်ခု ကျရောက်လာသည်။ သဘာဝစွမ်းအား ပေါက်ကွဲမှုကြောင့် မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး လွှင့်စင်သွားလေသည်။

ဘယ်လိုတောင် အားကောင်းတာလဲ ….

မိုဝူကျိက လေဟာနယ်အတွင်း ကိုယ့်ဘာသာ ထိန်းကာ ရွှေရောင်လှေကားကြီးအား တအံ့တဩ ကြည့်လိုက်သည်။

သူက ဝိဇ္ဇာတပိုင်း အဆင့် ၅ ဖြစ်ကာ ဝိဇ္ဇာတပါးနှင့် ရင်ဆိုင်ရလျှင်ပင် ပြန်လည် တိုက်ခိုက်နိုင်သင့်ပေသည်။

ဤရွှေရောင်လှေကားရှေ့မှောက်တွင် မိုဝူကျိက ဘာမှမတတ်နိုင်ကြောင်း သဘောပေါက်လိုက်၏။ ဤရွှေရောင်လှေကားကြီးသည် ဝိဇ္ဇာလော့ရှုနှင့် သက်ဆိုင်နေလိမ့်မည်ဟု ကောင်းကောင်းသိလိုက်သည်။

ဝိဇ္ဇာလော့ရှုက ဒီလောက်တောင် အားကောင်းလာပြီလား ….

ရွှေရောင်လှေကားတစ်ခုတည်းဖြင့် မိုဝူကျိက သူ့ကိုယ်သူပင် မကာကွယ်နိုင်တော့ပေ။ အကယ်၍ သူသာ ဝိဇ္ဇာလော့ရှုနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးလွှတ်မြောက်နိုင်ဦးမည်လား။

လက်ရှိ မိုဝူကျိက ယခင်ကဲ့သို့ အမြင်မျိုး မရှိတော့ပေ။ သူက ရွှေရောင်လှေကားကြီးကို ဆက်လက် လက်မလှမ်းတော့ဘဲ အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်သည်။ သူက လှေကားရှိရာ တည်နေရာအတိုင်း ဆက်သွားလိုက်၏။

ထိုရွှေရောင်လှေကားက မည်သည့်နေရာသို့ ဦးတည်နေစေကာမူ သူက ဖျက်စီးပစ်ရမည်။ တစ်ရက်ရက်ကျ သူက ဝိဇ္ဇာလော့ရှုနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ သူ့ပစ္စည်းအား ယခု ဖျက်စီးနိုင်လျှင် ဖျက်စီးလိုက်သည်က ပို၍ ကောင်းပေမည်။

အချိန်စက်ဝန်းပြား အမြန်နှုန်းဖြင့် မိုဝူကျိက တစ်လကျော်ကြာ သွားလာပြီးနောက် ကြီးမားသည့် ဂြိုလ်တစ်ခုကို မြင်လိုက်ရသည်။

မိုဝူကျိက ဤနေရာသို့ ရောက်ဖူး၏။ မိုဝူကိက အချိန်စက်ဝန်းပြားကို သိမ်းပြီး ဂြိုလ်ပေါ် ဆင်းသက်လိုက်သည့်အခါ ယခင် ရောက်ဖူးကြောင်း အတည်ပြုလိုက်နိုင်သည်။

ဤနေရာရှိ အမှောင်စည်းမျည်းများက မိုဝူကျိအား အမှောင်ကမ္ဘာဖြစ်ကြောင်း သေချာသိသွားစေသည်။ ယခင် သူ ဟွမ်တိ၊ ထုံမင်တို့နှင့် ရောက်လာဖူး၏။ အမှောင်ထု မူလခန်းမသည် အမှောင်ကမ္ဘာ၏ အပိုင် ဖြစ်သည်။

မိုဝူကျိက သစ်နက် ပြန်လည် အသက်သွင်းဖို့ အမှောင်ကမ္ဘာဆီ ပြန်မလာခင် အင်မော်တယ်လောက၏ နတ်ဘုရားမျှော်စင်အား သန့်စင်ဖို့ ကြံရွယ်ထားပေသည်။ သို့သော်လည်း ယခု အမှောင်ကမ္ဘာ ရောက်နေလေပြီ။

မိုဝူကျိက အမှောင်ကမ္ဘာဆီ စောစောစီးစီး လာဖို့ မရည်ရွယ်ထားသော်လည်း ဝိဇ္ဇာလော့ရှု၏ ရွှေရောင်လှေကားကြီး အမှောင်ကမ္ဘာ၌ ပေါ်လာခြင်းအပေါ် သောင်းကြမ်းချင်မိသည်။

***

All Chapters