← Chapters

ထိပ်သီး တာအိုစည်းမျည်း

Vol. 85 Ch. 1188

ထိပ်သီး တာအိုစည်းမျည်း

Vol. 85 Ch. 1188

မိုဝူကျိက မြေပြင်ပေါ် ဆင်းသက်လာသည့်အခါ ရွှေရောင်လှေကားဘေးတွင် ရှိနေသော ငွေရောင်ဝတ်စုံနှင့် အမျိုးသားကို မြင်လိုက်ရသည်။ သူက မျှော်စင်သဏ္ဍာန် ရတနာလေးကို သန့်စင်နေပုံ ပေါ်၏။ ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသား မနီးမဝေးတွင် လူလတ်အရွယ် အမျိုးသားတစ်ယောက် လဲလျောင်းနေသည်။ သူက လုံးဝ သေဆုံးသွားဟန် မပေါ်သေးပေ။ သို့သော်လည်း သူ့အသက်ဓာတ် အလျှင်အမြန် ကုန်ခမ်းလာသည်ကို မြင်ကာ မိုဝူကျိက  သူ ကြာရှည်မခံတော့ကြောင်း သိလိုက်သည်။

မိုဝူကျိက အဆင့်မြင့် ပစ္စည်းများကိုပင် ဖန်တီးနိုင်သည့် ပန်းပဲဆရာတစ်ဦး ဖြစ်၏။ မိုဝူကျိက ပန်းပဲဧကရာဇ်အဆင့် မရောက်သေးသည်မှာ ကျင့်ကြံရေးနှင့် အစီအရင်တာအိုအပေါ်သာ အချိန်ဖြုန်းနေ၍ ဖြစ်သည်။

ထိုစဉ် မိုဝူကျိက  ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသား၏ သန့်စင်ရေး ပညာရပ်နှင့် အစီအရင်သင်္ကေတချို့ကို သတိထားမိလိုက်သည်။ ဤလူက ထိပ်တန်း နတ်ဘုရားပစ္စည်းများကို ဖန်တီးနိုင်သည့်  ပန်းပဲဧကရာဇ် ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။

သူက ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားသည် နတ်ဘုရားမျှော်စင် တည်ဆောက်နေကြောင်း သတိပြုမိလိုက်၏။

ဝိဇ္ဇာတစ်ပါးကို  ကြိုဆိုဖို့ရာ ကိစ္စမှလွဲ၍ ရွှေရောင်လှေကာအောက်ခြေ၌ နတ်ဘုရားမျှော်စင် ဆောက်လုပ်ရမည့် အကြောင်းအရင်း မရှိပေ။ ထိုအရာကို သတိပြုမိပြီး မိုဝူကျိက ထိုလူအား နတ်ဘုရားမျှော်စင် မည်သို့ ဆက်လက် သန့်စင်ခွင့် ပေးနိုင်မည်နည်း။ ဝိဇ္ဇာတစ်ပါး အမှောင်ကမ္ဘာသို့ ရောက်လာသည်နှင့် နတ်ဘုရားကမ္ဘာဆီ သွားဖို့ရာ အသေးအဖွဲ့ ကိစ္စလေးသာ ဖြစ်သွားလိမ့်မည်။ ယခင်တုန်းက သူက ဝိဇ္ဇာလော့ရှုအတွက် ရွှေရောင်လှေကားအား ဖျက်စီးပစ်ခဲ့သည်။ ယခု ဤသို့ဖြစ်ရပ်မျိုးနှင့် ထပ်မံကြုံတွေ့သည့်အခါ သူ့အနေနှင့် ဝတ်ကျေတန်းကျေ ဆက်ဆံမနေတော့ပေ။

သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်ကာ ငွေရောင်မြစ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။ မိုဝူကျိ၏ ပထမတိုက်ခိုက်မှုမှာ လေဟုန်ဆန်မြစ် ဖြစ်ပေသည်။

မိုဝူကျိ၏ အမြင်ထက်မှုဖြင့် ဤပန်းပဲဧကရာဇ်မှာ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်သာ ရှိသေးကြောင်း ပြောနိုင်လေသည်။ သူ့အမြင်၌ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်ရှိ ပညာရှင်သည်လည်း ပါမွှားသာ ဖြစ်၏။

မိုဝူကျိ ရောက်ရှိလာမှုကို ထိုလူက တန်းအာရုံခံလိုက်မိသည်။ သူက မိုဝူကျိအား မြင့်မြင့် တွေးမထားသည်မှာ သိသာလှသည်။

တကယ်တော့ သူက နတ်ဘုရားမျှော်စင်ကို အလျှင်အမြန် စတင် သန့်စင်လိုက်သည်။ သူက စည်းမျည်းစွမ်းအားကို တားဆီးသည့် အစီအရင်တချို့ကို ရေးထွင်းနေလေပြီ။

မိုဝူကျိ၏ လေဟုန်ဆန်မြစ်အောက်တွင် သူက စွမ်းအားစက်ကွင်းကို မထုတ်ဖော်ခင် အကာအရံ ဖန်ဆင်းလိုက်၏။

မိုဝူကျိက အေးစက်စက် သရော်လိုက်သည်။ ဤသို့သော သတ္တိကောင်းသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူ ဝိဇ္ဇာတပိုင်း အဆင့် ၁ ရှိစဉ်အခါက ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့် နှစ်ယောက်ကို အလွယ်လေး သတ်နိုင်ခဲ့သည်။ ယခု သူက ဝိဇ္ဇာတပိုင်း အဆင့် ၅ ရောက်နေပြီ ဖြစ်ရာ ဤလူက ဂရုမစိုက်သည့်အလား ပြုမူနေသေး၏။

“ ဝုန်း ” လေဟုန်ဆန်မြစ်က ကြောက်စရာကောင်းသည့် တာအိုစည်းမျည်းအဖြစ် ပြောင်းလဲကာ အာကာပြင်ကို ခွဲ၍ ကျရောက်လာသည်။

လေဟုန်ဆန်မြစ်အောက် အာကာြပင် စည်းမျည်းအားလုံးက တစစီ ဖြစ်သွားလေသည်။ ထိုစဉ် အာကာပြင်မှာ အမှောင်ကမ္ဘာ၏ အပိုင် မဟုတ်တော့ဘဲ လေဟုန်ဆန်မြစ်အောက် ကျရောက်သွားရသည်။

ပန်းပဲဧကရာဇ်က အန္တရာယ်ကို အာရုံခံမိကာ အစီအရင် သင်္ကေတကို ဆက်လက် ရေးမထွင်းတော့ဘဲ ရပ်တန့်လိုက်သည်။  သူက သူ့အပေါ် ကျဆင်းလာသော ငွေရောင်မြစ်ကြီးကို မော့ကြည့်လိုက်သည်။ အစက သူသည် နတ်ဘုရားမျှော်စင်ကို သန့်စင်ဖို့ရာ အမွေးတိုင်တစ်ဝက်စာမျှသာ လိုအပ်ပေတော့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူက ဤဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိသည် မရိုးရှင်းကြောင်း သိလိုက်၏။

“ ဝုန်း ” ငွေရောင်မြစ်ကြီးသည် အကာအရံကို ချိုးဖောက်ကာ ထိုအမျိုးသား၏ စွမ်းအားစက်ကွင်းကို ကျော်ဖြတ်လာ၏။

“ ဖူး ” ထိုအမျိုးသားက ငွေရောင်မြစ်ကြီးကြောင့် နှစ်ပိုင်းပြတ်သွားကာ သွေးမြူများ ထွက်ပေါ်လာလေသည်။

မိုဝူကျိက သူ့ကိုယ်သူ ကျေနပ်နေမိ၏။ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် တစ်ယောက်အနေနှင့် သူ့လေဟုန်ဆန်မြစ် တိုက်ကွက်ကို ဂရုမစိုက်ဘဲ နေဖို့ရာ လိုအပ်နေသေး၏။

“ ဘန်း ”ခပ်တိုးတိုးအသံ တစ်ခုကို ကြားလိုက်ရပြီးနောက် မိုဝူကျိက ထိုဝိဇ္ဇာတပိုင်း အဆင့် ကျင့်ကြံသူအား တအံ့တဩ ကြည့်မိသွားသည်။ မိုဝူကျိအနေနှင့် သူ့ကိုယ်သူ တစ်ပိုင်းစီ ဖြစ်သွားပြီးနောက် အလိုလို ပြန်ဆက်တွယ်နိုင်သည့်သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

သူ ထုတ်သုံးလိုက်သော လျို့ဝှက်တိုက်ကွက်တိုင်းတွင် သူ့ကိုယ်ပိုင် တာအိုအငွေ့အသက်များ ပါဝင်နေကြောင်း သိသင့်ပေသည်။ လူတစ်ယောက်က သူ့ပုဆိန်လှံရှည် ရိုက်ချက် သို့မဟုတ် လျို့ဝှက်ပညာရပ်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့လျှင် ပြန်ကောင်းလာနိုင်မည် မဟုတ်ချေ။ မိုဝူကျိက တစ်ဖက်လူ ပြန်ကောင်းလာအောင်လည်း အခွင့်အရေးပေးမည် မဟုတ်ပေ။

ဤဝိဇ္ဇာတပိုင်းက ပြန်လည် ကောင်းမွန်လာရုံသာမက သူ့လေဟုန်ဆန်မြစ်၏ တာအိုအငွေ့အသက် စည်းမျည်း ကျူးကျော်မှုကိုပင် လျစ်လျူရှုထားသေး၏။

ဘယ်လိုပညာရပ်မျိုးလဲ ….

တကယ်တော့ မိုဝူကျိက ဤဝိဇ္ဇာတပိုင်းသည် အပြည့်အဝ ပြန်ကောင်းလာပြီးကြောင်း ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်ရှိ စွမ်းအားများသည် နည်းနည်းလေးမှ အားလျော့မသွားသလို သူ့ခန္ဓာကိုယ်ထဲ စွမ်းအားတလိပ်လိပ် တက်လာနေသေးသည်။

ထိုအမျိုးသားက နတ်ဘုရားမျှော်စင် သန့်စင်မှုအား ရပ်တန့်လိုက်တော့သည်။ စွမ်းအားများ မြင့်တက်လာသော်လည်း သူ့အင်အားမှာ သိသိသာသာ ဖျော့တော့နေသေးသည်။

“ ကောင်းတယ် …. မင်းက ငါ့ကာကွယ်ရေး ရတနာနဲ့ စွမ်းအားစက်ကွင်းကို ချိုးဖောက်ပြီး ခန္ဓာကိုယ်အထိ လာထိစေတာပဲ ” ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားက ဒေါသဖြင့် ပြောလိုက်သည်။ နေရာတစ်ခုလုံးတွင် သတ်ဖြတ်ငွေ့များ ပြည့်နှက်လာသည်။

အားပြင်းပြင်း တစ်ခု ရောက်ရှိလာသည်ကို မိုဝူကျိက ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ ထိုငွေရောင်ဝတ်ရုံနှင့် အမျိုးသားအပေါ်တွင် အပိုစွမ်းအားတမျိုး ရှိနေကာ  ….. သူ့အား လွှင့်ထွက်သွားစေသည့် ရွှေရောင်လှေကားမှ စွမ်းအားလိုမျိုး ရင်းရင်းနှီးနှီး ခံစားမိနေသည်။

ထိုတာအိုစည်းမျည်း စွမ်းအားမှာ အားကောင်းရုံသာမက ဖိနှိပ်ထားနိုင်သည့် အားမျိုးလည်း ဖြစ်၏။ ထိုအရာက မိုဝူကျိ၏ လူသားစည်းမျည်း စွမ်းအားစက်ကွင်းအား ချုပ်ထိန်းထားလိုက်သည်။

“ သေစမ်း ” ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားက ဧရာမတူကြီး ထုတ်ကာ မိုဝူကျိအား ချိန်ရွယ်လိုက်သည်။

ဤအကြမ်းထည် တူကြီးက ပန်းပဲထုလုပ်ရာအတွက် သုံးသည့် တူဖြစ်ဟန် ပေါ်သည်။ ပန်းပဲအတွက် သုံးသည့် ပစ္စည်းအား တိုက်ခိုက်ရန်အတွက် အသုံးပြုခြင်းမှာ အနည်းငယ်တော့ ရယ်စရာ ဖြစ်နေ၏။

သို့သော်လည်း မိုဝူကျိက ရယ်ရသည်ဟု မထင်မိပေ။ သူက သူ့ဘေးပတ်လည်ရှိ အာကာပြင်စည်းမျည်းများ တုန်ခါလာသည်ကို သိသိသာသာ ခံစားမိလိုက်သည်။ ဤသည်မှာ စည်းမျည်းများ စတင်ပြိုကွဲပျက်စီးလာတော့မည့် အရိပ်အယောင် ဖြစ်ပေသည်။

သူ့ဝဲကတော့ စွမ်းအားစက်ကွင်းမှာလည်း ထိုအက်ကြောင်းများ စတင် ပေါ်လာသည်နှင့် ကျဉ်းထဲကြပ်ထဲ ကျရောက်သွားသည်။

ထိပ်သီးစွမ်းအားတစ်ခု၏ ဖိအားက မိုဝူကျိအား အသက်ရှုဖို့ရာပင် ခက်ခဲလာစေသည်။

မိုဝူကျိက ဤအရာမှာ ထိပ်သီးစည်းမျည်း စွမ်းအားဖြစ်မည်မှန်း သိလိုက်သည်။ ထိုစွမ်းအားအောက်တွင် အခြားသော တာအိုစည်းမျည်းများက ဝပ်တွားသွားရသည်။ သူ့လူသားတာအိုက ထိုစည်းမျည်းနှင့် ရင်ဆိုင်သည့်အခါ မိုဝူကျိက ဧရာမ သစ်ပင်ကြီးနှင့် မျက်နှာချင်းဆိုင်မိသည့်အလား ခံစားမိလိုက်ရ၏။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လခြမ်းကွေး ပုဆိန်လှံရှည်ကို ဝေ့ယမ်းလိုက်ပြီးနောက် သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ ပညာရပ်လေးမျိုး ထုတ်သုံးလိုက်သည်။

မိုဝူကျိက ဤဝိဇ္ဇာတပိုင်းအဆင့် ငတိသည် သူ့လေဟုန်ဆန်မြစ်အောက်၌ မည်သို့ အသက်ရှင်ပြီး အားပိုကောင်းလာမှန်း မသိချေ။ ထိုသို့ဆိုလျှင်ပင် သူက အကောင်းဆုံး ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိထား၏။ မဟုတ်လျှင် ယနေ့ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

သက်ရှိလောက ဖွဲ့တည်လာပြီး မိုးမြေ လက်ချောင်းနှင့် ကံတရားလက်ချောင်း၏ တာအိုစည်းမျည်းများနှင့် ထိုဧရာမတူကြီးတို့ ထိပ်တိုက် တွေ့သွားသည်။

သက်ရှိလောကမှာ ဖျက်စီးခံလိုက်ရသည်။ မိုးမြေ အပြည့်အဝ ဖြစ်တည်မလာခင် ဖျက်စီးခံလိုက်ရပြန်သည်။ ဖန်ဆင်းမှုအားလုံးကို အရည်ဖျော်ပစ်သည့် ကံတရား မီးပြင်းဖိုလည်း ထိုတူကြီးကြောင့် အမှုန့်ဖြစ်သွားရသည်။

ယင်ယန်အောက်တွင် သေဆုံးခြင်း၊ ရှင်သန်ခြင်း ကွဲထွက်သွား၏။

“ ဝုန်း ဝုန်း ဝုန်း ” ယင်ယန်လက်ချောင်းက ထိုတူကြီးနှင့် ထိပ်တိုက် တွေ့သွားသောအခါ မရဏစွမ်းအားများနှင့် အသက်ဓာတ်များက ရှုပ်ထွေးသွားပြီး မိုဝူကျိပင် သူ့ရင်ဘတ်ဆီ အလေးချိန် သန်းချီလေးလံသော တူကြီး ထိမှန်သလို ခံစားလိုက်ရသည်။

“ ဂျွတ် ” သူ့အရိုးများ အက်သွားကာ ခန္ဓာကိုယ်မှ သွေးများနှင့် စွမ်းအားများ လျော့ကျလာလေ၏။

“ ဝုန်း ” သူ့ပုဆိန်လှံရှည်ပင် ထိုတူကြီးကြောင့် နှစ်ပိုင်းကျိုးသွားလေ၏။

မိုဝူကျိ၏ တာအိုစည်းမျည်းများက ဖျက်စီးခံလိုက်ရသောကြောင့် ကြိုးပြတ်စွန်လေးလို ဖြစ်သွားသည်။ သူက လွှင့်ထွက်သွားကာ ဟိုးအဝေးတစ်နေရာ မြေကြီးပေါ် ဗုန်းခနဲ ပြန်ကျလာသည်။

ငွေရောင်ဝတ်စုံနှင့် အမျိုးသား မျက်နှာမှာ စတင်၍ အနီရောင် သမ်းလာလေ၏။ သူ့ခန္ဓာကိုယ်မှ တုန်ခါသံများကို ကြားနေရသည်။ သူ့ခန္ဓာကိုယ် စတင်၍  တုန်ခါလာသောကြောင့် သူ့ဘာသာ မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

ဝိဇ္ဇာတပိုင်း အဆင့် ၅ လောက်လေးနဲ့ ဝိဇ္ဇာတာအို စည်းမျည်း ထောက်ပံ့ပေးထားတဲ့  သူ့ကို ဒဏ်ရာပေးနိုင်ခဲ့တာလား

ပြောရလျှင် သူ့တွင် ဝိဇ္ဇာတာအိုစည်းမျည်း အထောက်အပံ့ ရှိနေစဉ် နောက်ထပ် ဝိဇ္ဇာတစ်ပါးကသာ ဒဏ်ရာရစေနိုင်မည် ဖြစ်၏။

ယခု ဝိဇ္ဇာတပိုင်း အဆင့် ၅ ပါးမွှားလေးက သူ့အား ဒဏ်ရာရစေခဲ့၏။ ထို့အပြင် ဝိဇ္ဇာတာအိုစည်းမျည်း၏ အထောက်အပံ့ ရထားသော တူကြီးသည် သူ့အား ဒဏ်ရာအပြင်းအထန် ပေးနိုင်ရုံသာ တတ်နိုင်ခဲ့သည်။ သဘောတရားအရ ပြောရလျှင် သူက အမှုန့်ဖြစ်သွားရပေမည်။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက ဝိဇ္ဇာများပင် ယုံကြည်ဖို့ ခက်ခဲကြလိမ့်မည်။

အကယ်၍ သူသာ ဝိဇ္ဇာတာအိုစည်းမျည်း၏ ထောက်ပံ့မှုကို မရထားလျှင် ထိုဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိ လက်ချက်ဖြင့် သေဆုံးသွားလောက်လေပြီ။

သူက ဤလူအား အသက်ရှင်ခွင့် မပေးရန် ဆုံးဖြတ်လိုက်သည်။ ငွေရောင်ဝတ်စုံနှင့် အမျိုးသားက ထိုအတွေး တွေးမိစဉ် မနေနိုင်တော့ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိ ကျသွားသည့်နေရာသို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိလာ၏။ သူက တူကို နောက်တစ်ဖန် ဝေ့ယမ်းလိုက်သည်။ ဤတူကြီးသည် အမှောင်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို သယ်ဆောင်ထားသည့်အလား အောက်သို့ ကျဆင်းလာသည်။

မိုဝူကျိက သူ့ပုဆိန်လှံရှည် ကျိုးသွားကာ သူ့လက်ချောင်းပညာရပ် တိုက်ကွက်လေးမျိုးလုံး အလုပ်မဖြစ်ကြောင်း သိပြီးနောက် တစ်ခုခု လွဲမှားနေကြောင်း သိလိုက်တော့သည်။

သူက လူသားတာအိုနှင့် ပြီးပြည့်စုံသော လူသားကမ္ဘာဖြင့် ဝိဇ္ဇာတပိုင်းအဆင့်က သူ့အား တူတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ဖြစ်စေလိမ့်မည်ဟု မယုံပေ။ ထိုတူကြီးက ထိပ်တန်းအဆင့် နီးပါး ဖြစ်နေသည့် သူ့ပုဆိန်လှံရှည်ကိုပင် ချိုးသွားခဲ့သေးသည်။

တစ်ခုခုတော့ လွဲမှားနေပြီ …..

မိုဝူကျိ ဒဏ်ရာအပြင်းအထန် ရသွားပြီးနောက် သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက အပြင်းအထန် လှည့်ပတ်လာသည်။ သူက ထိုအရာဖြင့် ဘာမှားယွင်းနေကြောင်း ရှာဖွေဖို့ လိုအပ်သည်။ ဤငွေရောင်ဝတ်စုံနှင့် အမျိုးသားက သူ့နား ရောက်လာပြီး တူနှင့် ချိန်ရွယ်လိုက်သော်လည်း မိုဝူကျိက တစ်လက်မမှ မလှုပ်ပေ။

တူကြီး ကျဆင်းလာသည့်အခါ မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက ခဏတာ ရပ်တန့်သွားကာ သူ့စိတ်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ထိုစဉ် မိုဝူကျိက သဘောပေါက်သွား၏။ ဤသည်မှာ ရွှေရောင်လှေကား ဖြစ်၏။ ထိုရွှေရောင်လှေကားတွင် သူ မခုခံနိုင်သည့် တာအိုစည်းမျည်းတစ်ခု ပါဝင်နေသည်။ ထိုတာအိုစည်းမျည်းက ထိပ်သီးစွမ်းအားတစ်ခု ပါဝင်ပြီး သူ့လျို့ဝှက်တိုက်ကွက်များနှင့် ပညာရပ်များအား အလွယ်တကူ ကန့်သတ်ချုပ်ထိန်းထားနိုင်သည်။

ထိုအရာကို သတိပြုလိုက်ပြီးနောက် မိုဝူကျိက တည်ငြိမ်သွားလေ၏။ သူက ဆေးလုံးတချို့ သောက်သုံးကာ  ချိုင့်ထဲမှ ဖြတ်ခနဲ ထွက်လိုက်၏။

“ ဝုန်း ” တူကြီးက ချိုင့်ဆီ ကျရောက်လာသည့်အခါ စည်းမျည်းအားလုံးကို နောက်တဖန် ဖျက်စီးလိုက်ပြန်သည်။ မိုဝူကျိ လွှင့်ထွက်လာသည့် ချိုင့်နက်သည် ယခုအခါ လျိူသဖွယ် ဖြစ်သွားလေပြီ။

သို့သော်လည်း ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားက နေရာလွတ်ကြီးအား တအံ့တဩ ကြည့်လိုက်မိ၏။ သူ့စိတ်ထဲ၌ အနည်းငယ် ဗလာကျင်းသွားသည်။ ဝိဇ္ဇာအရိုက်အရာ၏ စည်မျည်းအောက်တွင် အာကာြပင်မှာ ပိတ်လှောင်ပြီးသား ဖြစ်၏။ တစ်ဖက်လူအနေနှင့် တူကြီး သူ့အပေါ် ရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ပေမည်။ တစ်ဖက်လူတွင် လွှတ်မြောက်ရေး အဆောင်စာရွက်လိုမျိုး ရှိထားလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

 ဤဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိက ဘယ်လိုလုပ် လွှတ်သွားတာလဲ ….

သူက နတ်ဘုရားအရိုက်အရာကမ္ဘာ၏ ကောလဟာလတချို့ကို  ရုတ်ချည်း မှတ်မိသွားလေ၏။ ဤသည်တွင် ဝိဇ္ဇာအရိုက်အရာ တာအိုစည်းမျည်းကို ချိုးဖောက်နိုင်သည့် သဘာဝငါးမျိုး လွှတ်မြောက်ရေး ပညာရပ်ဟူသည့် ပညာရပ်မျိုး ရှိခဲ့ဖူးသည်။ ထိုလွတ်မြောက်ရေး နည်းစနစ်ထဲတွင် ရှိသော ပညာရပ်တိုင်းသည် ထိပ်တန်းအဆင့် ပညာရပ်များ ဖြစ်၏။ သို့သော်လည်း သဘာဝငါးမျိုး ပညာရပ်သည် ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး၏ ပညာရပ်တစ်ခု ဖြစ်နေသည်။

 ဤဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိမှာ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာရပ်  ရှိနေတာလား ….

***

All Chapters