သူ့လက်ထဲရှိ တာအိုစည်းမျည်း
Vol. 85 Ch. 1189
မိုဝူကျိက ရွှေရောင်လှေကားနား ရောက်ရှိလာသည်။ မိုဝူကျိက ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသား၏ တူကြီး ကျရောက်မလာခင် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လိုက်၏။
ငွေရောင်ဝတ်စုံ၏ လျို့ဝှက်တိုက်ကွက်သည် မိုဝူကျိထက် အားကောင်းနေခြင်း မရှိပေ။ ထို့အစား ရွှေရောင်လှေကားက အားကြီးပေ၏။ ငွေရောင်ဝတ်စုံဆီမှ ဖိအားသည် ရွေရောင်လှေကား၏ တာအိုအငွေ့အသက်တို့နှင့် ဆင်တင်တင် ရှိသည်။
အကယ်၍ သူသာ ရွှေရောင်လှေကား၏ တာအိုစည်းမျည်းကို ဖျက်စီးဖို့ နည်းလမ်း မစဉ်းစားမိလျှင် သူ့အနေနှင့် ယနေ့ လွှတ်မြောက်ဖို့ ခက်သွားပေမည်။ မိုဝူကျိက တစ်ဖက်လူသည် ရွှေရောင်လှေကား၏ တာအိုစည်းမျည်းအား အသုံးချ၍ အာကာပြင်တစ်ခွင် ပိတ်ဆို့နိုင်သည့် အကြောင်းကို မတွေးမိပေ။ သူက ထိုအကြောင်းကို သဖို့ အချိန်လည်း မရှိသလို အခွင့်အရေးလည်း မရခဲ့ပေ။
ရွေရောင်လှေကား၏ တာအိုအငွေ့အသက်များက ကြောက်ခမန်းလိလိ အားကောင်းလွန်းလှသည်။ မိုဝူကျိအနေနှင့် အနီးကပ်၍ပင် မရပေ။ လက်ရှိ အမှောင်ကမ္ဘာက ရွှေရောင်လှေကားအတွက် အရင်းအမြစ် ဖြစ်နေသည်။ ထိုအမျိုးသားက ရွှေရောင်လှေကားနှင့် ပေါင်းစပ်စေဖို့ရာအတွက် နတ်ဘုရားမျှော်စင်ို သန့်စင်ပေးနေသေးသည်။ အကယ်၍ ဤနေရာသာ ရွှေရောင်လှေကားနှင့် မနီးစပ်နိုင်သေးလျှင် မိုဝူကျိအနေနှင့် အရင်ဆုံး ထွက်ပြေးဖို့ နည်းလမ်း ရှာထားရမည်။
မိုဝူကျိက ရွှေရောင်လှေကားဘေး ရောက်လာသည့်အခါ လက်ကို ဆန့်ထုတ်လိုက်သည်။
မိုဝူကျိ၏ လခြမ်းကွေးပုဆိန်လှံရှည်သည် ဖျက်စီးခံလိုက်ရပြီ ဖြစ်ရာ သူ့တွင် အပြည့်အဝ မသန့်စင်ရသေးသည့် ခွန်းဝူဓားသာ ကျန်ရှိတော့သည်။ ထို့အပြင် မိုဝူကျိက ဤရွှေရောင်လှေကားသည် အင်အားတစ်ခုတည်းဖြင့် ဖျက်စီးမပစ်နိုင်ကြောင်း ခံစားမိနေ၏။ သူက မှော်ရတနာများ သုံးမည့်အစား လက်ဖြင့်သာ ဆုပ်ကိုင်လိုက်သည်။
“ ဝုန်း ” မိုဝူကျိလက် ရွှေရောင်လှေကားနှင့် ထိမိသွားသည်နှင့် ကြောက်မက်ဖွယ် စည်းမျည်းနှင့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
မိုဝူကျိက ယခင်တိုက်ပွဲမှ ဒဏ်ရာရထားလေသည်။ ယခု ကြောက်မက်ဖွယ် စွမ်းအားကြီး ထွက်ပေါ်လာသည့်အခါ သူ့ခန္ဓာကိုယ်ရှိ အရိုးများက စတင် ကျိုးပဲ့လာ၏။ သူက သွေးအန်လိုက်ရသည်။ မိုဝူကျိက သူ့ဒဏ်ရာများနှင့်ပင် လက်မလျော့သေးပေ။
ထိုရွှေရောင်လှေကားကြီးက ဤနေရာ၏ အပိုင်ဖြစ်သည့်အလား ပေါ်လာကာ မိုဝူကျိအနေနှင့် ဖျက်စီးဖို့ရာ မဆိုထားနှင့်။ ရွှေ့လျားဖို့ရာပင် မဖြစ်နိုင်ပေ။
မိုဝူကျိ စိတ်ထဲ လေးလံသွားလေ၏။ သူက ထိုရွှေရောင်လှေကားကြီးကို လက်လွှတ်လိုက်ပြီး ထွက်ပြေးတော့မည့်ဆဲဆဲတွင် တစ်ခုကို တွေးမိသွားသည်။ ယခင် သူ အာကာပြင်အတွင်း ရှိစဉ်အခါက ရွှေရောင်လှေကားကြီးအနားပင် မကပ်နိုင်ခဲ့ပေ။ လက်ရှိ သူက ထိုရွှေရောင်လှေကားကို အမှန်တကယ် ထိကိုင်နိုင်ပြီ ဖြစ်၏။
ဤလှေကားကြီးက တစ်လက်မမှ မလှုပ်ရှားသွားသည်မှာ အမှန်ဖြစ်၏။ ထိုအရာမှ အဆုံးမဲ့စွမ်းအားများလည်း ထွက်ပေါ်နေသေးသည်။ တကယ်တော့ ထွက်ပေါ်လာသည့် စွမ်းအားပမာဏက မိနစ်နှင့်အမျှ တိုးမြင့်လာ၏။ သို့သော်လည်း ထိုအရာက ထိုရွေရောင်လှေကား တာအိုစည်းမျည်း၏ ပင်မအရင်းအမြစ် ဖြစ်ဟန် ပေါ်သည်။ ထိုရွှေရောင်လှေကားကို ဖျက်စီးပစ်နိုင်ဖို့ ထိုနေရာမှ စတင်ရမည်။
ထို့အပြင် မိဝူကျိက ထိုရွှေရောင်လှေကားကို လက်မလွတ်သင့်ကြောင်း အလိုလို ခံစားမိနေသည်။ ကြည့်ရသည်မှာ ဤသည်က တစ်ခုတည်းသော သူ့အသက်ရှင်နိုင်ခွင့် ဖြစ်ပုံပေါ်သည်။ သူ ထိုလှေကားကို လက်လွှတ်လိုက်သည်နှင့် နောက်တစ်ကြိမ် ဖမ်းဆုပ်နိုင်တော့မည် မဟုတ်ပေ။
“ ဘန်း ” ပိုမို ပြင်းထန်သည့် တာအိုစည်းမျည်း စွမ်းအား ထွက်ပေါ်လာကာ မိုဝူကျိ၏ ကျောရိုးမကြီးသည် နှစ်ပိုင်း ကျိုးသွားသည်။ သူ့ချီသွေးကြောများမှာလည်း ပျက်စီးလာမည့် အရိပ်အယောင်များ ပေါ်လာသည်။
တာအိုစည်းမျည်း အင်အားတိုးလာသည့်အောက်တွင် သူသာ ဆက်ကိုင်ထားပါက သူ့ခန္ဓာကိုယ်ကား သွေးမြူအဖြစ် ပြောင်းလဲသွားပေမည်။
အစကတည်းက မိုဝူကျိသည် သူ့အလိုလိုသိစိတ်အပေါ် အမြဲတမ်း ယုံကြည်ခဲ့သည်။ ထိုအရာက သေခြင်းတရားဆီ ပို့ဆောင်လိမ့်မည်ဟု မယုံနိုင်ပေ။ စွမ်းအားက ဆက်လက် အင်အားတိုးလာကာ မိုဝူကျိက လူသားကမ္ဘာထဲ စွမ်းအားကို ပြန်လည် လွဲပေးလိုက်ဖို့ တုံ့ဆိုင်းမနေတော့ပေ။
သူက ထိုစွမ်းအားသည် သူ့လူသားကမ္ဘာကို ဖျက်စီးပစ်နိုင်လိမ့်မည်ဟု မယုံပေ။
ထိုရွှေရောင်လှေကားရှေ့မှောက်တွင် သူ့လူသားစည်းမျည်းက ဧရာမသစ်ပင်ကြီးရှေ့ရှိ မြက်ပင်လေး တစ်ပင်ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ဤအရာမှာ သူ့လူသားစည်းမျည်းက အားနည်းနေ၍ မဟုတ်ပေ။ အကြောင်းမှာ သူ့လူသားစည်းမျည်း စွမ်းအားမှာ အပြည့်အဝ မကြီးထွားလာသေး၍သာ ဖြစ်၏။ ပြောရလျင် မပြီးပြည့်စုံသေး၍ ဖြစ်ပေသည်။ ထိုအရာက မပြီးပြည့်စုံသေးလျှင်ပင် သူ့လူသားကမ္ဘာမှာ ပြီးပြည့်စုံသောစည်းမျည်းများနှင့် ပြည့်စုံသည့် ကမ္ဘာတစ်ခု ဖြစ်၏။ မိုဝူကျိအနေနှင့် ထိုရွှေရောင်လှေကားကား တာအိုစည်းမျည်းတစ်ခု ပေါင်းစပ်ထားခြင်းမျှသာ ခံစားမိပေသည်။
ရေကာတာ ကျိုးပျက်လာသည့်အလား မိုဝူကျိဆီ စီးဝင်လာသည့် အားပြင်းပြင်း စွမ်းအားက သူ့လူသားကမ္ဘာဆီ ရွေ့ပြောင်းသွားသည်။
မိုဝူကျိကို အံ့ဩသွားစေသည်က ထိုကြောက်မက်ဖွယ်စွမ်းအားသည် သူ့လူသားကမ္ဘာအပေါ် သက်ရောက်မှု မရှိကြောင်း သတိပြုမိလိုက်သည်။ လူသားကမ္ဘာသည် တည်ငြိမ်နေဆဲ ဖြစ်ကာ တုန်ခါမှု နည်းနည်းလေးမှ ဖြစ်မလာပေ။
ဖိနှိပ်စွမ်းအားမှာလည်း လုံးဝ ပျောက်ကွယ်သွားလေ၏။ သူ့အသက်ဓာတ်လမ်းကြောင်းက အသည်းအသန် လှည့်ပတ်လာကာ အသက်ဓာတ်နှင့် သွေးကို ဖြည့်တင်းပေးနေသည်။ ပျက်စီးစ ပြုလာသည့် ချီသွေးကြောများကလည်း စတင် ပြန်ကောင်းလာလေ၏။
မိုဝူကျိ စိတ်ထဲ ထိုရွေရောင်လှေကားကို ကိုင်ထားပြီးသည့်နောက်တွင် နားလည်သဘာပေါက်သွားမှု တစ်ခု ရောက်ရှိလာကြောင်း သေချာသိလိုက်၏။ ထိုသဘောပေါက် နားလည်မှုက ဝေဝါးနေဆဲ ဖြစ်ကာ မိုဝူကျိက အချိန်တစ်ခုမျှသာ ကြာြမင့်မည် ဖြစ်ကြောင်း ယုံကြည်ထားသည်။
“ ဝုန်း ” ငွေရောင်ဝတ်စုံနှင့် အမျိုးသားက အသိပြန်ဝင်လာကာ တူကို မ ရင်း မိုဝူကျိ ဦးခေါင်းဆီ ချိန်ရွယ်လိုက်သည်။ သူက မိုဝူကျိအား တုံ့ပြန်ဖို့ အချိန်ပေးရန်ပင် မရည်ရွယ်ချေ။
မိုဝူကျိက သူ့စွမ်းအားစက်ကွင်းသည် ဖျက်စီးခံလိုက်ရကြောင်း ခံစားမိလိုက်၏။ သို့သော်လည်း အဖျက်စွမ်းအားက ပထမတစ်ကြိမ်နှင့် မယှဉ်နိုင်တော့ပေ။
မိုဝူကျိက ရွှေရောင်လှေကားကို လက်မလွှတ်ဖို့ ဆုံးဖြတ်ထားသည်။ သူသာ ရွှေရောင်လှေကားကို လက်လွှတ်လိုက်ပါက ရွှေရောင်လှေကားကား နောက်ဆုတ်ကာ နိဗာန တိတ်ဆိတ်မှုပင်လယ်ပြင်တုန်းကလို ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်နေမိသည်။
မိုဝူကျိ၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်မကောင်းလာသေးသောကြောင့် ရွှေရောင်လှေကားမှ စွမ်းအားကို သူ့လူသားကမ္ဘာထဲ ပြန်လည် လွဲပေးဖို့သာ တတ်နိုင်ပေသည်။ ယခု တူကြီးက သူ့အပေါ် ကျရောက်လာလေရာ သူ့အနေနှင့် ခေါင်းသာ ရှောင်လိုက်နိုင်သည်။
“ ဝုန်း ” မိုဝူကျိ၏ ပခုံးမှာ ထိုတူကြီးကြောင့် ချက်ချင်း ကျိုးသွားလေသည်။ ဤသို့ဖြင့် မိုဝူကျိက ပခုံးတစ်ဖက် ဆုံးရှုံးလိုက်ရ၏။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက တုန်လှုပ်ရမည့်အစား ကျေနပ်မိသွား၏။ ထိုတူက ယခင် ပထမရိုက်ချက်နှင့် လုံးလုံး မတူတော့ပေ။ ပြောရလျှင် အဆင့် လုံးဝ ကွာခြားနေသည်။
ကြည့်ရသည်မှာ ရွှေရောင်လှေကားမှ စွမ်းအားကို သူ့လူသားကမ္ဘာထဲ လွဲပြောင်းနေ၍ ဖြစ်ဟန် ပေါ်သည်။ ထိုအကြောင်းကြောင့် တစ်ဖက်လူက ရွေရောင်လှေကား၏ စွမ်းအားကို မသုံးနိုင်တော့ပေ။ သူ့အလိုလိုသိစိတ်က အမှန်ပင် မှန်ကန်နေ၏။
ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားလည်း အံ့ဩမိသွားသည်။ သူက ဝိဇ္ဇာတပိုင်း အဆင့် ၅ လေးဖြင့် ရွှေရောင်လှေကားကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ဤရွှေရောင်လှေကားတွင် ဝိဇ္ဇာ၏ တာအိုစည်းမျည်းများ ပါဝင်နေကြောင်း သိထားသင့်၏။ သူ နတ်ဘုရားမျှော်စင် သန့်စင်နေစဉ် ထိုစွမ်းအားကို အသုံးချခဲ့သော်လည်း မဖမ်းဆုပ်နိုင်ချေ။
ဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိက ရွှေရောင်လှေကားကို ဆုပ်ကိုင်ထားရုံသာမက သူ့အား စွမ်းအား အသုံးချဖို ခက်အောင်ပင် လုပ်နေသေး၏။
ငွေရောင်ဝတ်စုံနှင့် အမျိုးသား၏ နောက်ကျောတစ်လျှောက် ကြက်သီးများ ထလာမိသည်။ သူက မိုဝူကျိအား ဆက်လုပ်ခွင့် မပြုုနိုင်ပေ။ မိုဝူကျိ အသိပြန်ကပ်လာသည်နှင့် သူ့အသက်ကို ကာကွယ်နိုင်တော့မည် မဟုတ်ပေ။ ဤဝိဇ္ဇာတပိုင်း အဆင့် ၅ ငတိက အရမ်းအားကောင်းလွန်းသည်။ ငွေရောင်ဝတ်စုံနှင့် အမျိုးသားက တူကြီးအား ပစ်ချလိုက်ပြီး အေးစက်စက် သတ်ဖြတ်ငွေ့များ ကိန်းအောင်းနေသည့် အရောင်ငါးသွယ် ဓားကြီးကို ထုတ်လိုက်သည်။ သူက မိုဝူကျိကို အချိန်တိုအတွင်း သတ်ပစ်ချင်မိသည်။ သူက ဆက်လက် အချိန်မဆွဲလိုတော့ပေ။
မိုဝူကျိက တစ်ဖက်လူအပေါ် အဘယ်ကြောင့် သက်ညှာပေးရမည်နည်း။ တစ်ဖက်လူ၏ ဒုတိယ တူကြီး ကျရောက်လာသည့် အချိန်အပြီးတွင် သူက လက်ချောင်းတစ်ခု ထုတ်ဖော်လိုက်သည်။
မိုဝူကျိတစ်ယောက် ရွှေရောင်လှေကားမှ အသိအမြင်မှာ ပိုမို ရှင်းလင်းပြတ်သားလာသည်။ ထိုပုံရိပ်က အရာအားလုံးကို အမှန်မြင်နိုင်စွမ်း ရှိသည့် စကြဝဠာ တာအိုကိုပါ သယ်ဆောင်လာသည်။ ထိုစဉ် မိုးမြေ၊ ကံတရားနှင့် ဖန်ဆင်းမှု ဟူ၍ မရှိတော့ပေ။ အရာအားလုံးက မုသား ဖြစ်ပြီး အရာအားလုံးက ထိုလက်ချောင်းအောက် ဖျက်စီးခံလိုက်ရသည်။
ဤသည်မှာ သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ ခြောက်ကွက်မြောက် မုသား ဖြစ်၏။
ငွေရောင်ဝတ်စုံနှင့် အမျိုးသား၏ အရောင်ငါးသွယ် ဓားကြီး ဝေ့ယမ်းလိုက်သည်နှင့် ထိုလက်ချောင်း၏ တာအိုအငွေ့အသက်များက ထိုလူအား ရစ်ပတ်ထားလိုက်သည်။
ထိုအမျိုးသားက ကြောက်မက်ဖွယ် တာအိုကို ခံစားလိုက်ရပြီး မျက်ဝန်း၌ စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ သူက ဤလက်ချောင်းအတွင်း တာအိုစည်းမျည်း အားလုံးသည် အမှုန့်ဖြစ်သွားကြောင်း ခံစားမိလိုက်သည်။ သူ့အသက်ဓာတ်၊ လျို့ဝှက်တိုက်ကွက်များ၊ သဘာဝစွမ်းအားနှင့် အရာအားလုံးက ထိုလက်ချောင်းအောက်တွင် အမှားတစ်ခုအလား ပြောင်းလဲသွားတော့သည်။
“ ဝုန်း ” သွေးမြူတစ်ခု ထွက်ပေါ်လာကာ ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသားက ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက ဝမ်းနည်းခြင်းလည်း မရှိသလို စိတ်ပေါ့ပါးမှုလည်း မရှိချေ။ ငွေရောင်ဝတ်စုံနှင့် အမျိုးသား၏ အနှောင့်အယှက် မရှိတော့သည့်အခါ မျက်လုံးကို ပိတ်ထားလိုက်သည်။ သူက ထိုရွှေရောင်လှေကားကြီးကို စတင်ဆွဲလိုက်၏။ သူ့လူသားကမ္ဘာ၏ အကူအညီဖြင့် ထိုရွှေရောင်လှေကားကြီးက ယခင်လောက် ကြံ့ကြံ့ခံမနေတော့ပေ။ ထို့အစား မိုဝူကျိက စတင် ရွေ့လျားနိုင်ကြောင်း ခံစားမိလာသည်။
ရွှေရောင်လှေကားကြီးက မိုဝူကျိ၏ အကြံကို အာရုံခံမိသည့်အလား မိုဝူကျိလက်အတွင်းမှ လွတ်မြောက်စေရန် စတင် ရုန်းကန်လာသည်။ ထိုရွှေရောင်လှေကားကြီးက အပြင်းအထန် တုန်ခါလာလေ၏။
မိုဝူကျိ၏ သဘာဝစွမ်းအားများသည် အားအပြည့် ဖြစ်လာလေပြီ။ သူ့ခန္ဓာကိုယ်ကို ကုစားပေးနေသည့် သူ့အသက်ဓာတ်လမ်းကြောင်းအပြင် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအား အားလုံးကို ရွေရောင်လှေကားအပေါ်သာ အာရုံစိုက်ထားလိုက်သည်။
အကယ်၍ သူသာ ထိုရွှေရောင်လှေကားကို အလွတ်ပေးလိုက်မိလျှင် သူ့ကိုယ်သူ ဘယ်သောအခါမှ ခွင့်လွတ်နိုင် မဟုတ်ပေ။
ထိုလူအိုကြီး လော့ရှုက နတ်ဘုရားကမ္ဘာကို သန့်စင်ပစ်ဖို့ ကြိုးစားပေဦးမည်။ မိုဝူကျိက ထိုလူအား သူ့ပစ္စည်းကို ပြန်ရဖို့ ခွင့်မပြုနိုင်ပေ။ အကယ်၍ သူတို့ ဆုံတွေ့ရမည်ဆိုလျှင်ပင် မိုဝူကျိက သူ့ဆီ သွားခြင်းသာ ဖြစ်သင့်၏။ ဤလူက ဤရွှေရောင်လှေကားမှတဆင့် နတ်ဘုရားကမ္ဘာဆီ ဆင်းလာ၍ မဖြစ်ပေ။
မိုဝူကျိက ရွေရောင်လှေကားမှ စွမ်းအားများကို ဆက်တိုက် ပြောင်းလွဲပေးနေရင်း ရွှေရောင်လှေကားမှ မြောက်များစွာသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ အတော်လေး ခမ်းနားလှ၏။
ရွှေရောင်လှေကားက ရွှေရောင် မရှိတော့သည့်အခါ လှေကားပေါ်၌ မှိန်ဖျဖျ ခရမ်းရောင်လေးကို မြင်လိုက်ရသည်။
တစ်ရက်တာကြာပြီးနောက် ရွှေရောင်လှေကားက အခြေခံအုတ်မြစ် ပျောက်ဆုံးသွားဟန် ပေါ်၏။ ကောင်းကင်တုန်လုမတတ် ပြိုလဲသံများ ထွက်လာသည်။
ရွှေရောင်လှေကား ပျောက်ကွယ်သွားသည့်အခါ မိုဝူကျိဆီ စကြဝဠာ၏ အဆုံးမဲ့စွမ်းအားက ဝင်ရောက်လာသည်။
တအံ့တဩ ဖြစ်နေသည့် မိုဝူကျိက သူ့လက်အတွင်းမှ ခရမ်းရောင် တာအိုစည်းမျည်းကို ကြည့်လိုက်သည်။ ဤသည်မှာ တာအိုစည်းမျည်း ဖြစ်ကြောင်း အသေအချာ သိလိုက်၏။
ဤသည်မှာ မိုဝူကျိအနေနှင့် ပုံသဏ္ဍာန်ပေါ်နေသည့် တာအိုစည်းမျည်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ဤတာအိုစည်းမျည်းက မြောက်များစွာသော ကမ္ဘာများ ပါဝင်နေဟန် ပေါ်ကာ အဆုံးအစမဲ့လှသည်။ မိုဝူကျိက သူ့လူသားကမ္ဘာကြောင့်သာ မဟုတ်လျှင် ဤတာအိုစည်းမျည်းများ ဖမ်းဆုပ်နိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။
မိုဝူကျိက ပြန်လည် တည်ငြိမ်လာပြီးနောက် ထိုအရာအပေါ်မှ အတားအဆီးများ ချကာ သူ့လူသားကမ္ဘာထဲ ထည့်ထားလိုက်တော့သည်။
***