← Chapters

ဒေါသကြီးနေသည့် ဝိဇ္ဇာ

Vol. 85 Ch. 1190

ဒေါသကြီးနေသည့် ဝိဇ္ဇာ

Vol. 85 Ch. 1190

“ ဝုန်း ” ဝတ်ရုံစိမ်း ဝင်ဆင်ထားပြီး  ဖြူဖျော့ဖျော့ မျက်နှာနှင့် မုတ်ဆိတ်မပါသည့် လူလတ်အရွယ် အမျိုးသားက စားပွဲပေါ် ဘုန်းခနဲ ရိုက်ချလိုက်သည်။ ရွှေရောင်မှိန်ဖျဖျ ကုဗတုံးကား အမှုန့် ဖြစ်သွားလေ၏။

“ ငါ့လော့ရှု ဝိဇ္ဇာခန်းမရဲ့ စကြဝဠာ တာအိုစည်းမျည်းကို ထိရဲတဲ့သူ ဘယ်သူဖြစ်ဖြစ် သေရမယ် ” ဝတ်ရုံစိမ်း အမျိုးသားက လူသတ်ငွေ့အပြည့်ဖြင့် ပြောလိုက်သည်။ ထိုစဉ် ခန်းမတစ်ခုလုံးမှာ ပိုမို အေးစက်လာဟန် ပေါ်၏။

ထိုသို့ပြောပြီးနောက် အလင်းတန်းသုံးချက် ပို့လွှတ်လိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်း ခန်းမအပြင်ဘက်မှ ပုံရိပ်သုံးခု အပြေးအလွှား ဝင်လာသည်။ သူတို့သုံးယောက် ဝင်လာသည့်အထဲတွင် ရှေ့ဆုံးတစ်ယောက်မှာ အနီရင့်ရင့် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေး ဖြစ်၏။ သူက နောက်ကျောတွင် ဓားရှည်တစ်ချာင်း လွယ်ထားရင်း ဦးခေါင်းအထက်၌ ဝိဇ္ဇာသရဖူ ဆောင်းထားကာ  ခါးပတ်လည်၌ မြွေနက်ခါးပတ်ကို ပတ်ထားသည်။

ထိုအနီရင့်ရင့် ဝတ်ရုံနှင့် လူငယ်လေးက ကျားလိုလို ခြင်္သေ့လိုလို သားရဲကို စီးနင်းပြီး ဝင်ရောက်လာသည်။ သူ ဝင်ရောက်လာသည်နှင့် ဒေါသထွက်နေသည့် ဝတ်ရုံစိမ်း အမျိုးသားအား ပြုံးပြလိုက်ပြီး

“ အစ်ကိုလော့ရှုကို ဘယ်အရာကများ ဒေါသထွက်စေတာလဲ။ ကျုပ်တို့ သုံးယောက်လုံးကိုတောင် ဖိတ်ကြားထားတာဆိုတော့  ..... ကမ္ဘာပျက်ကပ်ကြီး ရှေ့တိုးလာပြီလား ”

လူငယ်လေးက အင်မတန် အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ သူက ပြောလိုက်ပြီးနောက် ထိုင်ရန် ဧရာမ ကျောက်စိမ်းဖြူ ကျောက်တုံးဆီ  ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူ့အောက်ရှိ သားရဲက ထိုအနီရင့်ရင့် ဝတ်စုံနှင့် လူငယ်လေးဘေးတွင် ဝပ်တွားလိုက်၏။

ဒုတိယမြောက် ဝင်လာသူမှာ မီးခိုးရောင် အကြီးအကဲတစ်ဦး ဖြစ်ပြီး မျက်လုံးမှေးမှေး ရှိကာ သူ့မျက်လုံးပင် ဖွင့်မထားသကဲ့သို့ ထင်မှတ်ရသည်။ သူက  နဂါးခေါင်း တောင်ဝှေးဖြင့် လျှောက်လှမ်းလာ၏။ သူ့ကြည့်ရသည်မှာ အချိန်မရွေး လဲကျသွားတော့ဟန် ပေါ်နေသည်။

ထိုအကြီးအကဲက ဘာမှမပြောဘဲ လော့ရှုအား လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက နောက်ထပ် ကျောက်စိမ်းဖြူ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်သည်။

နောက်ဆုံး ဝင်ရောက်လာသူမှာ ကတုံးပြောင် ပိန်ပါးပါး ဘုန်းကြီးတစ်ပါး ဖြစ်၏။ ထိုဘုန်းကြီးက လည်ပင်း၌ ဗုဒ္ဓပုတီးကုံးကို ဝတ်ဆင်ထားပြီး ရွှင်လမ်းတက်ကြွစွာဖြင့် တန်းဝင်လာကာ ထိုင်ချလိုက်သည်။ သူ ထိုင်လိုက်ပြီးနောက် လော့ရှုအား လက်နှစ်ဖက် ယှက်ကာ

“ ညီအစ်ကိုလော့ရှု ... ထိုက်လွန်ရဲ့ စကားတွေက အမှန်ပဲလား။ ကမ္ဘာပျက်ကပ်က ရှေ့တိုးလာပြီလား ”

ဒေါသထွက်နေသည့် ဝတ်ရုံစိမ်း အမျိုးသားမှာ ဝိဇ္ဇာလော့ရှု ဖြစ်၏။ ထိုစဉ် သူ့ဒေါသမှာ သိသိသာသာ လျော့ပါးသွားလေပြီ။ သူတို့သုံးယောက်လုံး ထိုင်ပြီးသည်နှင့် သူက လက်နှစ်ဖက် ယှက်ကာ

“ ညီအစ်ကိ ချင်းယွမ်။ ညီအစ်ကို တိဖို နဲ့ ညီအစ်ကို ထိုက်လွန် ... အခုကိစ္စက ကမ္ဘာပျက်ကပ် ရှေ့တိုးလာတဲ့ ပြဿနာ မဟုတ်ပါဘူး။ အဲထက်ပိုပြီး ပြင်းထန်တယ် ”

ခန်းမထဲ ဝင်လာသော သုံးယောက်မှာ ဝိဇ္ဇာ ဟု သိထားကြသော ဝိဇ္ဇာရှစ်ပါးအနက် သုံးပါး ဖြစ်ပေသည်။ မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲက ဝိဇ္ဇာချင်းယွမ် ဖြစ်ပြီး ပိန်ပါးပါး ဘုန်းကြီးက ဝိဇ္ဇာတိဖို ဖြစ်၏။ သားရဲစီးကာ ဝင်ရောက်လာသည့် လူငယ်လေးမှာ ဝိဇ္ဇာထိုက်လွန် ဖြစ်သည်။ ဝိဇ္ဇာလော့ရှု အပါအဝင် ဤခန်းမကြီးထဲ၌ ဝိဇ္ဇာလေးပါး စုဝေးနေကြသည်။

“ ဘာဖြစ်တာလဲ ” ထိုက်လွန်က အရင်ဆုံး မေးလိုက်သူ ဖြစ်၏။

လော့ရှုက လေးလေးနက်နက် ပြောလိုက်သည်  “ အစောပိုင်းလေးတုန်းက ငါတို့အောက်က ကမ္ဘာကတစ်ယောက်က စကြဝဠာတာအိုစည်းမျည်းကို ယူသွားခဲ့တယ် ... ”

“ ဘာများလဲ ” နဂိုထိုင်နေကြသည့် ဝိဇ္ဇာသုံးယောက်လုံး တစ်ပြိုင်နက် ထရပ်လိုက်ကြသည်။ သူတို့က လော့ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

နှစ်ရှိက်သုံးရှိုက်စာ ကြာမြင့်ပြီးနောက် အနီရင့်ရင့် ဝတ်ရုံနှင့် ထိုက်လွန်က အေးစက်စက် ပြန်ဖြေလိုက်သည်

“ ညီအစ်ကိုလော့ရှု ဒါက ကျုပ်တို့ လေးယောက်ထဲမှာ ပိုင်ဆိုင်ထားတဲ တစ်ခုတည်းသော စကြဝဠာ တာအိုစည်းမျည်းလေ။ ကျုပ်တို့ သုံးယောက် လက်ထဲရှိတုန်းက ဘာမှမဖြစ်ခဲ့ဘဲနဲ့  ညီအစ်ကိုလော့ရှုလက်ထဲကျမှ တစ်ခုခု ဖြစ်သွားခဲ့တယ်။ ဒါက အရမ်းတိုက်ဆိုင်လွန်းမနေဘူးလား ”

ချင်းယွမ်နှင့် တိဖိုတို့ကလည်း ဘာမှမပြောဘဲ စကြဝဠာ တာအိုစည်းမျည်း ပျောက်သွားစေခဲ့သည့် လော့ရှအား ကြည့်လိုက်ကြသည်။

လော့ရှုက သူ့ဘာသာ တည်ငြိမ်အောင် ထိန်းကာ   “ ငါက တာအိုစည်းမျည်းကို ငါ့အတွက်ငါ သိမ်းထားတာ မဟုတ်ဘူး။ ငါ အမှောင်ကမ္ဘာနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတုန်း တစ်ယောက်က လုယူသွားခဲ့တာ ”

“ ဟားဟား  ...” အနီရင့်ရင့် ဝတ်စုံနှင့် လူငယ်လေးက ခပ်တည်တည် မျက်နှာထား ဖြစ်မလာခင် အားရပါးရ ရယ်မောလိုက်၏

“ ညီအစ်ကိုလော့ရှု .... ကျုပ်တို့သုံးယောက်ကို သုံးနှစ်သား ထင်နေတာလား။ ဝိဇ္ဇာမဟုတ်တဲ့သူက စကြဝဠာ တာအိုစည်းမျည်းကို ဘယ်လိုလုပ် ယူသွားနိုင်မှာလဲ ....

ပြီးတော့ ခင်ဗျားက ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေတဲ့ ထိပ်တန်းအဆင့် ပန်းပဲဧကရာဇ်ကိုတောင် နတ်ဘုရားမျှော်စင် ဆောက်လုပ်ဖို့ စေလွှတ်ခဲ့တာဆို။ ညီအစ်ကိုလော့ရှုက စကြဝဠာ တာအိုစည်းမျည်း စွမ်းအားကို သုံးနိုင်တဲ့ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်ကို  တစ်ယောက်ယောက်က ရင်ဆိုင်နိုင်ခဲ့တယ်လို့ ပြောချင်နေတာလား ... ”

အနီရင့်ရင့် ဝတ်စုံနှင့် လူငယ်လေး ထောက်ပြလိုက်ပြီးနောက် ဝိဇ္ဇာချင်းယွမ်နှင့် ဝိဇ္ဇာတိဖိုတို့ကို လော့ရှုအား စိုက်ကြည့်လိုက်ကြသည်။ သူတို့က မကျေနပ်သည်မှာ သိသာလှ၏။

ယခင် ကပ်ဘေးအတွင်း လော့ရှုက အရေးသာဆုံး ဖြစ်ခဲ့သည်။ အားလုံး စိတ်ထဲ၌ လော့ရှုသည် ဉာဏ်အများဆုံး ဖြစ်၏။ ဝိဇ္ဇာရှစ်ပါးအနက် နှစ်ဦးမှာ ပျောက်ကွယ်သွားလေပြီ။ သူတို့က ထန်းဟန်နှင့် ဟွမ်တိတို့ ဖြစ်ကြပြီး ဝတ်ရုံစိမ်း  ဝိဇ္ဖာသူတော်စင်မ အဆင်ပြေနေသေးသည်မှာ သူမက သူတို့ကြားရှိ ပဋိပက္ခများကြား ပါဝင်ဖို့ စိတ်မဝင်စား၍ ဖြစ်ပေသည်။ သို့သော်လည်း ကပ်ဘေးအတွင်း ဝိဇ္ဇာသူတော်စင်မက ကောင်းတာ ဘာမှမရရှိခဲ့ပေ။ ထို့ကြောင့် သူမက ဝိဇ္ဇာအဆင့်အောက်သာ တန့်နေသေး၏။

လော့ရှုက သူ့ဘာသာ ပြန်ထိန်းလိုက်ပြီး ပြောလိုက်သည်

“ အားလုံးက ကျုပ်ကို သံသယဝင်နေကြတာကို သိတယ်။ ဒါပေမဲ့ ကျုပ် မဟုတ်ဘူး။ ကျုပ် ဘယ်လောက်ပဲ အရူးထထ ကိုယ့်အတွက်ကို စကြဝဠာတာအိုစည်းမျည်းကို ခိုးရလောက်အောင်အထိ မရူးဘူး။ ပြီးတော့  ကျုပ်ကိုယ်တိုင်လည်း မသိမ်းထားနိုင်ဘူး။

ခင်ဗျားတို့တွေ တွေးကြည့်ပါဦး ... ဒီစကြဝဠာ တာအိုစည်းမျည်းကို သိမ်းထားနိုင်ကြလို့လား။ တကယ်လို့ ကျုပ်တို့သာ လုပ်နိုင်ရင် ဒီကျင့်ကြံရေးကုန်းမြေမြင့်မှာ ဒီလောက်အကြာကြီး ရှိနေမှာ မဟုတ်ဘူး”

ချင်းယွမ်တို့က ထိုစကားများ ကြားပြီးနောက် တိတ်ဆိတ်သွားလေ၏။ လော့ရှု ပြောသည်က အဓိပ္ပါယ် ရှိပေသည်။ အမှန်တော့ သူတို့လည်း လော့ရှုသည် စကြဝဠာ တာအိုစည်းမျည်းနှင့် ပေါင်းစပ်သွားနိုင်လိမ့်မည်ဟု မယုံကြပေ။ လော့ရှုသာ လုပ်ခဲ့နိုင်လျှင် သူတို့ အာရုံခံမိမည် ဖြစ်၏။

သူတို့သုံးယောက်လုံး အာရုံမခံမိလျှင်ပင် လော့ရှုသည် သူတို့နှင့် တိုက်ဖို့ရာ ခန်းမအထိ ဖိတ်ကြားနေလောက်အောင်အထိ တုံးအနေမည် မဟုတ်ပေ။

ယခင်ကပ်ဘေးအတွင်း သူတို့လေးယောက်လုံးက တခြားဝိဇ္ဇာများကို လုပ်ကြံဖို့ ကြံစည်ရာ၌ ပါဝင်ခဲ့ကြသည်။

သူတို့သုံးယောက်လုံး တိတ်ဆိတ်သွားသည်ကို မြင်ပြီးနောက် လော့ရှုက အသက်ပြင်းပြင်းရှုကာ ဆက်ပြောလိုက်သည်

“ အမှောင်ကမ္ဘာက ထိပ်တန်းပညာရှင်တစ်ယောက် မွေးထုတ်နိုင်ခဲ့တယ်ဆိုတာ မသေချာပေမဲ့  နတ်ဘုရားကမ္ဘာက ထိပ်တန်း ပညာရှင်တစ်ယောက် မွေးထုတ်ပေးခဲ့တာဆိုတာတော့ အသေအချာပဲ။ အားလုံးလည်း နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာတာကို သိကြတယ်မလား။

အဲတုန်းက ကျုပ် နတ်ဘုရားကမ္ဘာဆီ သွားဖို့  တာအိုစည်းမျည်းကို သုံးပြီး ရွှေရောင်လှေကား ဆောက်လုပ်ခဲ့တယ်။ အဆုံးသတ်ကျ တစ်ယောက်က ဝင်ဖျက်စီးသွားပြီး အကျိုးထုတ်ခဲ့ရသမျှ အလကား ဖြစ်သွားစေခဲ့တယ်  ....

အဲဒါက ဘာမှမဟုတ်သေးဘူး။ အားလုံးလည်း ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မကို သိကြတယ်မလား။ သူမက အရင်ကပ်ဘေးတုန်းက ဝိဇ္ဇာသူတော်စင် ရေကန်မှာပဲ ပုန်းနေခဲ့တာ။ အခု ကပ်ဘေးမှာ ထွက်မလာရင် သူမ သွားပြီဆိုတာ သိပုံပဲ။ သူမက ထွက်လာရုံတင် မကဘူး။ ပိအန်းပန်းကို အသုံးချပြီး နတ်ဘုရားကမ္ဘာဆီ သွားနှင့်ပြီ .... ”

ထိုသို့ပြောပြီးနောက် လော့ရှုက ခဏ ရပ်တန့်လိုက်၏။ သူက သုံးယောက်လုံးကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်

“ ကျုပ်  ဝိဇ္ဇာသူတော်စင်မအကြောင်း ပြောပြတဲ့ အကြောင်းအရင်းက အခု သူမ ဒဏ်ရာအပြင်းအထန် ရထားတယ်လို့ ထင်မိလို့။ မဟုတ်ရင် သူမက ဝိဇ္ဇာအဆင့်နဲ့ နတ်ဘုရားကမ္ဘာကနေ ဝိဇ္ဇာသူတော်စင် ရေကန်ဆီ ပြန်လာလိမ့်မယ်။ နတ်ဘုရားကမ္ဘာထဲမှာ တစ်ယောက်က ဝိဇ္ဇာသူတော်စင်မကို ဒဏ်ရာရစေခဲ့တယ်။

အဲဒါကြောင့် ကပ်ဘေးမတိုင်ခင် နတ်ဘုရားကမ္ဘာမှာ ထူးချွန်ပြောင်မြောက်တဲ့ ပညာရှင်တွေ ပေါ်ထွက်လာလောက်တယ်။ တစ်ယောက်ထက်တောင် ပိုနေနိုင်တယ် ”

လော့ရှု စကားများက အားလုံးကို နောက်တဖန် တိတ်ဆိတ်သွားစေပြန်သည်။ ကမ္ဘာပျက်ကပ်ဘေးကြီးက ရောက်ရှိလာတော့မည် ဖြစ်ရာ ကောင်းကင်ဘုံ သွေဖယ်နေသည့် ပုံဂ္ဂိုလ် ထွက်ပေါ်လာဖို့ရာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

ထိုစဉ် သူတို့လေးယောက်ကြားရှိ ပဋိပက္ခမှာ အားလုံး ဆုံးရှုံးသွားခြင်းနှင့်သာ အဆုံးသတ်သွားပေသည်။

................…

မိုဝူကျိက ထရပ်လိုက်ပြီး စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

သဘောတရားအရဆိုရလျှင် အမှောင်ကမ္ဘာသည် ကြီးမားကာ လူသိများသည့် ကမ္ဘာတစ်ခု ဖြစ်ပေသည်။ သူ ခရမ်းရောင် တာအိုစည်းမျည်းကို သိမ်းခဲ့စဉ်အခါက ရုတ်ရုတ်သည်းသည်း ဖြစ်စေခဲ့၏။ လူများက အပြေးအလွှား ရောက်လာသင့်ပေသည်။ သို့သော်လည်း မိုဝူကျိက မည်သူကိုမှ မမြင်မိသေးပေ။

ဘာတွေ ဖြစ်နေတာလဲ ....

မိုဝူကျိက  ပထမဆုံး တွေ့ခဲ့သည့် အလောင်းဆီ လျှောက်လှမ်းလာလိုက်၏။ ဤသည်မှာ   အသိစိတ်ပင်လယ် စုတ်ဖြဲခံထားရသည့် လူလတ်အရွယ် အမျိုးသား ဖြစ်၏။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ပင် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှလေပြီ။

လူလတ်အရွယ် အမျိုးသား လက်ထဲ၌ ကျောက်စိမ်းပြားလေးတစ်ခု ရှိနေသေး၏။ မိုဝူကျိက ထိုကျောက်စိမ်းပြားလေးကို ယူကြည့်လိုက်သည်။

ဤသည်မှာ ကမ္ဘာပျက်ကပ် ရောက်ရှိလာတော့မည့်အကြောင်း သတင်းပို့ ကျောက်စိမ်းပြား ဖြစ်နေ၏။ တစ်ယောက်ယောက်က အမှောင်ကမ္ဘာကို သန့်စင်ပြီး  ရွှေရောင်လှေကားကို အသုံးပြုကာ ဝိဇ္ဇာများနှင့် ဆက်သွယ်လိုခဲ့သည်။ ထိုသူက တားဆီးဖို့ ဝင်ရောက်ကြိုးစားကာ အသတ်ခံခဲ့ရသည်။

မိုဝူကျိက သက်ပြင်းချလိုက်ပြီးနောက် သဲများကို ထုတ်လိုက်သည်။ သူက လူလတ်အရွယ် အမျိုးသားကို ကောင်းကောင်း သင်္ဂြိုလ်ပေးလိုက်၏။ မည်သို့ပင် ဆိုစေကာမူ သူက ဤကမ္ဘာအတွက် အသက်စတေးသွားခဲ့ခြင်းသာ ဖြစ်ပေသည်။

ထိုလူကို မြှပ်နှံ့ပေးပြီးနောက် မိုဝူကျိက သူ့ပုဆိန်လှံရှည် အကျိုးလေးနှင့် တူကြီးကို လူသားကမ္ဘာထဲ ပို့လွှတ်လိုက်၏။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ နောက်ဆုံးတွင် ထိပ်တန်းအဆင့် မှော်ရတနာ ဖြစ်လာသော်လည်း ထိုတူကြီးကြောင့် ပျက်စီးသွားလေသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်သည် အမြစ်မဲ့ သံမဏိကို အသုံးပြု၍ ထုဆစ်ထားပေသည်။ ထိုသို့ဆိုလျှင်ပင် ဖျက်စီးခံလိုက်ရသေး၏။

သူ့အတွက် အခုအရေးကြီးဆုံး ကိစ္စမှာ လခြမ်းကွေး ပုဆိန်လှံရှည်ကို ပြုပြင်ဖို့ မဟုတ်ဘဲ အမှောင်ထု မူလခန်းမဆီ မြန်မြန် သွားဖို့ ဖြစ်၏။ သူက သစ်နက်ကို ပြန်လည် ရှင်သန်အောင် မလုပ်ခင် သူ့ကိုယ်ကို အရင်ဆုံး ကုသရပေဦးမည်။

သစ်နက်က အမှောင်ကမ္ဘာ၌သာ ကြီးထွားလာနိုင်၏။ မိုဝူကျိက သူ အောင်မြင်သည်နှင့် သူ့အင်အားသည် အဆများစွာ တိုးတက်သွားလိမ့်မည်ဟု ယုံကြည်ထားသည်။

မိုဝူကျိက အချိန်စက်ဝန်းပြားကို ထုတ်ယူလိုက်သည်။ သူ့အချိန်စက်ဝန်းပြားက တည်နေရာကို မြန်မြန်ဆန်ဆန် တိတိကျကျ ပြသနိင်သည် မဟုတ်ပါလော။

အချိန်စက်ဝန်းပြားက လျှင်မြန်ပြီး နောက်၌ အရိပ်အယောင်ပင် မကျန်စေခဲ့ပေ။ မိုဝူကျိက အမှောင်ထု မူလခန်းမဆီ အမွေးတိုင်တစ်တိုင်စာအတွင်း ရောက်ရှိလာ၏။

အချိန်စက်ဝန်းပြားကား လျှင်မြန်လွန်းသော်လည်း မိုဝူကျိက မျက်မှောင်ကျုတ်လိုက်မိသည်။ အမွေးတိုင်တစ်တိုင်စာကြာပြီးနောက် သူတို့က အမှောင်ထုကမ္ဘာအတွင်းရှိ နယ်မြေအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ရသော်လည်း လူတစ်ယောက်တစ်လေမျှ မမြင်မိပေ။

အမှောင်ကမ္ဘာသည် ဗလာပြင် အာကာသကြီး တစ်ခုကဲ့သို့ ဖြစ်ကာ လူသူ မရှိပေ။

မိုဝူကျိက ထိုအတွေးကို ဘေးဖယ်ထားလိုက်၏။ အကယ်၍ နတ်ဘုရားကမ္ဘာ ဖြစ်နေလျှင် သူက သွားရောက်စစ်ဆေးကြည့်မည် ဖြစ်သော်လည်း ယခုအခါ အမှောင်ကမ္ဘာ မဟုတ်ပါလော။ သူက သစ်နက် စိုက်ပျိုးရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရောက်ရှိလာခြင်း ဖြစ်၏။

သိပ်မကြာခင် အချိန်စက်ဝန်းပြားက အမှောင်ထု မူလခန်းမရှေ့၌ ရပ်တန့်သွားသည်။ အချိန်စက်ဝန်းပြားကို သိမ်းလိုက်ပြီးနောက် မိုဝူကျိက အမှောင်ထု မူလခန်းမထဲ ချက်ချင်း မဝင်သေးပေ။ သူက အမှောင်ထု မူလခန်းမအပြင်ဘက်၌ သံရိုက်ခံထားရသော အမျိုးသမီးကို ကြည့်လိုက်သည်။

ဤနှစ်များစွာ ကြာပြီးသည့်နောက်တွင် ထိုအမျိုးသမီး၏ လက်ကျန် ဝိညာဉ်လေးသည် နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေပြီး ဝိညာဉ်မီးတောက်၏ လောင်ကျွမ်းမှုကို ခံစားနေရဆဲ ဖြစ်သည်။

မိုဝူကျိက ဤသို့ နှိပ်စက်ခံစားစေလောက်သည့်အထိ ထိုအမျိုးသမီးသည် မည်သည့်အပြစ်ကို ကျူးလွန်ထားခဲ့ကြောင်း မသိပေ။ မိုဝူကျိပင် ဤသည်မှာ ရက်စက်လွန်းလှသည်ဟု ခံစားနေရ၏။

***

All Chapters