← Chapters

ဒီဇိုင်းပုံစံ - စက်ရုပ် (အမျိုးအစား - ရိုဗာ)

Vol. 2 Ch. 26

ဒီဇိုင်းပုံစံ - စက်ရုပ် (အမျိုးအစား - ရိုဗာ)

Vol. 2 Ch. 26

အခန်း (၂၆) ဒီဇိုင်းပုံစံ - စက်ရုပ် (အမျိုးအစား - ရိုဗာ)

https://mmxianxia.com/wp-content/uploads/2023/09/046-768x1024.jpg

[အခြေခံလက်နက်ပညာ]တွင် ရိုးရှင်းသော သေနတ်နှင့် သမားရိုးကျလက်နက်များကို ပြုလုပ်သည့် ဗဟုသုတများ ပါဝင်သည်။ ထိုအရာက ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ပြုလုပ်သည့်အမြန်နှုန်းကို တိုးတက်စေနိုင်သည်။

[အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း]သည် အဓိကအကျဆုံး လက်နက်ပိုင်းဆိုင်ရာ အရည်အချင်း တစ်ခုဖြစ်သည်။ ပစ္စည်းတစ်ခု၏ အရည်အသွေးနှင့် အဆင့်အတန်းသည် ကုန်ကြမ်းပစ္စည်းကြောင့် သက်ရောက်မှုရှိနေပြီး၊ ပို၍အဆင့်မြင့်သော စက်ယန္တရားများအတွက် အဓိကကုန်ကြမ်းပစ္စည်းမှာ ကိုယ်တိုင်ဖန်တီးရမည့် လူလုပ်ဒြပ်ပေါင်းဖြစ်သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် လက်နက်ပိုင်းဆိုင်ရာ အရည်အချင်း ၅ခု သင်ခဲ့ပြီးပါပြီ။ သင်သည် [အခြေခံသန့်စင်ခြင်း] နှင့် [Overload] ကို ဖွင့်လိုက်ပါပြီ။

သင်သည် ဒီဇိုင်းပုံစံ - [စက်ရုပ် - ရိုဗာ] ကို ဖွင့်လိုက်ပါပြီ။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[အခြေခံသန့်စင်ခြင်း]သည် ယန္တရားပညာရှင်တစ်ယောက်ကို ကုန်ကြမ်းများကို ပိုကောင်းသော အရည်အသွေး ရရှိအောင် သန့်စင်စေနိုင်သည်။ ကျွမ်းကျင်မှုဖြစ်စေ၊ စွမ်းရည်များဖြစ်စေ၊ "အခြေခံ"၊ "အစဦး" "စတင်သင်ယူသူ" စသည့်စကားလုံးများ ပါရှိပါက၊ အနိမ့်ဆုံးအဆင့်များ ဖြစ်ကြသည်။ ထိုအရာအများစုတွင် အဆင့်မြင့်အဆင့်များ ရှိကြသည်။ ဥပမာ၊ [မော်လီကျူးသန့်စင်ခြင်း]သည် အသုံးပြုသူကို စွမ်းအင်အသုံးပြုခြင်းဖြင့် မော်လီကျူးအဆင့် ထိန်းချုပ်ကြိုးကိုင်ခြင်းကို ချက်ချင်းပြုလုပ်နိုင်စေသည်။

ကုန်ကြမ်းပစ္စည်းများကိုလည်း ကိရိယာများကဲ့သို့ အဆင့်အတန်း သတ်မှတ်ထားသည်။ ပို၍အဆင့်အတန်းမြင့်လေ၊ တန်ဖိုးမြင့်လေမှာ အသေအချာပင်။ သို့သော် အဆင့်အတန်းတူညီသော်လည်း မတူညီသည့် ကုန်ကြမ်းပစ္စည်း ၂ခုမှာမူ မတူညီသော တန်ဖိုးများ ရှိကြ၏။ ဥပမာ၊ သာမန်သံရိုင်းတစ်‌ပေါင်သည် ‌၁၃ဒေါ်လာ တန်သော်လည်း သန့်စင်ထားသော သံနက်မှာ တစ်ပေါင်လျှင် ၄၅ဒေါ်လာခန့် တန်ကြေးရှိ၏။ ၂မျိုးလုံးမှာ သာမန်ကုန်ကြမ်းပစ္စည်းများပင်။

[Overload] – Active Skill

စွမ်းအင်ကို ဖောက်ထုတ်ပစ်ခြင်းဖြင့် စက်ယန္တရား၏ output ကို ၃၀-၅၀% တိုးတက်စေ၏။ အကယ်၍ ဟန်ရှောင်းသာ ဤ active skill ကို သူ၏ အပေါ့စားယန္တရားလက်ဖြင့် ဖွင့်လိုက်ပါက၊ လက်၏ ထိခိုက်နိုင်မှုနှင့် ကာကွယ်နိုင်မှုသည် အကြီးအကျယ် တိုးတက်သွားပေလိမ့်မည်။ သို့သော်လည်း၊ စွမ်းအင်အမှတ် ၁၂၀ခန့်ဖြင့် ၁၀စက္ကန့်သာ ထိန်းထားနိုင်မည်ဖြစ်သည်။

'ငါနောက်ဆုံးတော့ active skill တစ်ခု ရလိုက်ပြီပေါ့။' ဟန်ရှောင်း ပျော်ရွှင်သွား၏။ ယန္တရားပညာရှင်များသည် အစောပိုင်းအဆင့်များတွင် Active skill အလွန်နည်းနည်းသာရှိရာ အတော်ပင် ဝမ်းနည်းဖို့ ကောင်းလှ၏။ သူသာ အရင်က ဤ ASကို ပိုင်ဆိုင်ထားပါက ဂျာမီနယ်အဖွဲ့အစည်းမှ လွတ်မြောက်မှုသည် အလွန့် အလွန်ပင် လွယ်ကူပေလိမ့်မည်။

[စက်ရုပ် - ရိုဗာ] ဒီဇိုင်းပုံစံသည် ရရှိရန်လွယ်ကူသည့် အစောပိုင်းအဆင့် ဒီဇိုင်းပုံစံဖြစ်သည်။ အဆင့်နိမ့်စက်ရုပ်တစ်ခုဖြစ်ပြီး လက်နက်နှင့်ချပ်ဝတ်များ တပ်ဆင်ကာ တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး၊နှင့် ကာကွယ်ရေး ရည်ရွယ်ချက်များအတွက် သုံးနိုင်ပြီး၊ ကိုယ့်ဖာသာကိုယ်ဖျက်ဆီးနိုင်သည်။ ထိုစက်ရုပ်ကို အထူးရည်ရွယ်ချက်အတွက် ဖန်တီးထားခြင်း မဟုတ်ပေ၊ သို့သော်လည်း၊ ပို၍အဆင့်မြှင့်ပြီး မွမ်းမံနိုင်သည်။ ထိုစက်ရုပ်များကို ထောက်လှမ်းခြင်းနှင့် မိုင်းတူးရာတွင် အသုံးချကြသည်။

အရည်အချင်းမှတ် ၂မှတ်တည်းနဲ့ အများကြီးရလိုက်တာ တကယ်တန်တာပဲ။

ရုတ်တရက်၊ အဘိုးကြီးလူက သူ့ကို ချောင်းကြည့်နေသည်ကို သတိထားမိလိုက်သည်။

"မင်းဘာလို့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားနေတာလဲ။"

ဟန်ရှောင်းက မျက်လုံးလည်လိုက်ပြီး ပြန်ပြော၏။

"အဘိုးက နည်းနည်းတော့ စပ်စုနေတာ မဟုတ်ဘူးလား။"

"စပ်စုတယ်၊ ဘာဖြစ်လဲ"

အဘိုးကြီးလူက အချိန်ခဏယူ၍ သူ့ကိုယ်သူ ဆန်းစစ်နေသည်။

"ဒါကအလုပ်ချိန်။ အဘိုးကူညီမှာ မဟုတ်ဘူးဆိုရင် သွားတော့။"

လူချမ်းက ဝရိန်ဂေါက်ကို ချလိုက်ရင်း ဝင်ပြော၏။ သူမ၏မျက်နှာမှာ နီရဲလျက်ရှိပြီး ဝတ်ဆင်ထားသော အကာအကွယ်မျက်မှန်အောက်တွင်လည်း ချွေးများစိုရွှဲလျက်ရှိသည်။

"ဒီကလေးတော့"

အဘိုးကြီးလူက တဖြစ်ဖြစ်တောက် ညည်းတွားကာ ဘီယာပုလင်းကိုယူ၍ အပြင်ဘက်သို့ လမ်းလျှောက်ရန် ထွက်သွားတော့သည်။

"ဆိုင်ရှင်၊ ဒါက စက်ပြင်ဆိုင်လား။"

သူထွက်သွားပြီးချင်း ဧည့်သည်တစ်ယောက် ရောက်လာ၏။ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ဖြစ်သည်။

ဟန်ရှောင်းက ဧည့်သည်ကို လှည့်ကြည့်လိုက်သည်။ ထိုလူက သူ့ကိုကြည့်နေ၏။ ထို့နောက် ချက်ချင်းအကြည့်လွှဲလိုက်သည်။

သံသယရှိစရာပဲ၊ ဟန်ရှောင်း တွေးမိသည်။ သူက နောက်ထပ် ထိုလူ၏ ဟန်ချက်ညီမှုနှင့် အခြေခိုင်မာမှုတို့ကို သတိထားမိပြီး၊ ဌာန၁၃မှ သူ့ကိုစမ်းသပ်ရန် လွှတ်လိုက်သည့် အေးဂျင့်တစ်ဦးမှန်း သဘောပေါက်သွားသည်။

လူချမ်းက ထိုလူဆီသို့ လမ်းလျှောက်သွားပြီး အပြုံးချိုချိုနှင့် ကြိုဆိုလိုက်သည်။

"ကြိုဆိုပါတယ်၊ ဘာပြင်စရာများ ရှိပါသလဲ။"

"ကျွန်တော့်ကား ပျက်သွားတယ်"

လူလတ်ပိုင်းအရွယ်လူကြီးက ဟန်ရှောင်းကို ကြည့်ရင်းပြော၏။

"အပြင်ဘက်မှာ"

"ရပါတယ်၊ ပြဿနာမရှိပါဘူး။"

လူချမ်းက သူ၏ ကိရိယာသေတ္တာကို ယူတော့မည့်အချိန်တွင်၊ လူလတ်ပိုင်းအရွယ်လူကြီးက ဟန်ရှောင်းကို လက်ညှိုးထိုးပြီး

"ဒီညီလေးက ငါ့ကားကို ပြင်စေချင်တယ်။"

လူချမ်း ကြောင်အသွား၏။ ငါကမလုပ်နိုင်ဘူးလို့ ထင်ရလို့လား။ မင်းက ကျား၊မခွဲခြားဆက်ဆံတာပဲ။

"ကျွန်တော်လုပ်လိုက်မယ်။"

ဟန်ရှောင်းက သဘောတူလိုက်ပြီး ကိရိယာသေတ္တာကို အငြင်းခံလိုက်ရသည့်ဘော့စ်ဆီမှ ယူလိုက်၏။

၂ယောက်သား လမ်းကြားလေးထဲသို့ ထွက်လာပြီး ဆီဒင်ကားအဟောင်းလေး ရပ်ထားသည့် လမ်းမကြီးပေါ်သို့ ရောက်လာသည်။

"ဒီကားပဲ။"

ဟန်ရှောင်းက ဘောနက်ဖုံးကို ဖွင့်လိုက်ပြီး စစ်ဆေးလိုက်ကာ၊ စတင်ပြုပြင်တော့သည်။

ဟန်ရှောင်း ကားပြင်နေစဉ် လူကြီးက စကားစရန် ကြိုးစား၏။

"ကလေး၊ မင်းက တော်တော်ငယ်သေးတယ် မဟုတ်လား။"

"ကျွန်တော် အသက် ၃၀ရှိပြီ။"

'၃၀၊ မင်းက ငါမျက်လုံးကန်းနေတယ် ထင်တာလား' လူကြီးမှာ ဒေါသထွက်လုနီးနီး ဖြစ်သွားသည်။

"မင်းကို ဘယ်လိုခေါ်ရမလဲ။" သူက မေးလိုက်၏။

"တစ်ယောက်ယောက်ရဲ့ နာမည်မေးရင် မင်းရဲ့ရိုးသားမှုကိုလည်း ပြသင့်တာပေါ့။"

ဟန်ရှောင်းက မကြည့်ဘဲ ပြန်ပြော၏။

"ကျုပ်က ဖုန်းကျွင်း။" လူကြီးက အားတောင့်အားနာဖြင့် ပြန်ဖြေသည်။

"နာမည်ကောင်းပဲ"

သူ့အသံက ရိုးသားဟန် မရှိသော်လည်း ဟန်ရှောင်းက ချီးကျူးလိုက်ရာ၊ လူကြီးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

"ဒါပေမယ့်၊ မင်းနားလည်မှုလွဲနေပြီ။ ငါက ဆေးလိပ်တစ်လိပ်လောက် လိုချင်တာပါ။"

သူက ဖြည့်ပြောလိုက်သည်။

ဖုန်းကျွင်းက ကသိကအောက်နှင့် ဆေးလိပ်ဘူးကို ထုတ်ကာ ဟန်ရှောင်းကို တစ်လိပ် ပေးလိုက်သည်။

"မင်းငါ့ကို ဟန်ရှောင်းလို့ ခေါ်လို့ရတယ်။"

ဟန်ရှောင်းက မိတ်ဆက်လိုက်ပြီး တစ်ချက်ခန့်ရှိုက်ကာ အလုပ်ပြန်လုပ်နေ၏။

ဖုန်းကျွင်းက ထပ်ပြီးစူးစမ်း၏။

"ဟန်ရှောင်း၊ မင်းက ဒီကမဟုတ်ဘူး မဟုတ်လား၊ ဘယ်ကနေ..."

"ပြီးပြီ။" ဟန်ရှောင်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။

'ဘာလဲဟ၊ ငါ အခုမှ စုံစမ်းမလို့လေ၊ မင်းအဲ့ဒီလောက် မမြန်လို့မရဘူးလား။'

ဟန်ရှောင်းက အသက်မပါသော မျက်နှာဖြင့် လက်ကို ဖြန့်လိုက်ပြီး

"ပိုက်ပြတ်နေတယ်၊ ဒေါ်လာ ၆၀ကျတယ်၊ ပေးတော့။"

"ဟုတ်တယ်လေ၊ ပိုက်ပြတ်နေတာ ငါသိတာပေါ့ကွ၊ ငါတမင် ဖြတ်ထားတာလေ။"

ဖုန်းကျွင်းက ပြုံးပြလိုက်ပြီး ပိုက်ဆံအိတ်ကိုထုတ်ကာ ဟိုလိုလိုသည်လိုလို လုပ်ကာ အချိန်ဆွဲနေ၏။

"မင်းက တော်တော်ကျွမ်းကျင်တာပဲ၊ ဘယ်ကသင်လာတာလဲ။"

"ပင်ကိုယ်အရည်အချင်းပဲ။"

"အိုး အံ့ဩစရာပဲ၊ မင်းဘယ်က လာတာလဲ။"

"တောပိုင်းက"

"..."

ဟန်ရှောင်းက မျက်ခုံးပင့်လိုက်သည်။

"မင်းငါ့ဆီက လျှော့ဈေးရဖို့ ကြိုးစားနေတာလား။"

ကြံရာမရသည့်အဆုံး၊ ဖုန်းကျွင်းက ချောင်းဆိုးလိုက်ပြီး ပိုက်ဆံကို ထုတ်ကာ ပေးလိုက်ရသည်။

'ဌာနက ကုန်ကျစရိတ်ကို ပြန်ပေးမှာပါနော်' သူက ‌သိချင်နေသည်။

"ပိုက်ဆံရှာဖို့ နောက်၁နာရီလောက် ကြာဦးမယ် ထင်နေတာ၊ ပိုက်ဆံအိတ်က ဘယ်လောက်တောင် ကြီးတာလဲ။" ဟန်ရှောင်းက လှောင်ပြောင်လိုက်သည်။

သူက သီချင်းသံကဲ့သို့ လေချွန်ရင်း၊ ပစ္စည်းများ သိမ်းဆည်းကာ ဝပ်ရှော့သို့ ပြန်သွားသည်။

သူထွက်သွားသောအခါ ဖုန်းကျွင်းက ပျော်ရွှင်စွာဖြင့် ဖုန်းခေါ်လေတော့သည်။

"ကနဦးလေ့လာစူးစမ်းခြင်း ပြီးပါပြီ။ ပစ်မှတ်က ယန္တရားပညာရှင် ဖြစ်ပြီးတော့ သူ့ရဲ့ ခြိမ်းခြောက်နိုင်မှုအဆင့်က မသေချာသေးပါ။ ထိတွေ့မှုကြာချိန် ၄မိနစ် ၃၈စက္ကန့်။ ပစ်မှတ်က သူ့ကိုယ်သူ ဟန်ရှောင်းလို့ နာမည်ပေးထားတယ်။ အကြံပြုလိုတာက စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ပါပဲ၊ ပြီးတော့ တိုက်ရိုက်‌ဖြေရှင်းတာကို ရှောင်သင့်ပါတယ်။"

"သူ့ရဲ့ စရိုက်လက္ခဏာအပေါ် ငါ့ရဲ့ ဆန်းစစ်ချက်က အင်း.... ဟုတ်တယ်... အရမ်း စိတ်တိုစရာကောင်းတယ်။"

အခန်း (၂၆) ပြီး၏။

လင်းဆက်

All Chapters