← Chapters

နောက်ဆုံး စစ်ဆေးခြင်း

Vol. 2 Ch. 27

နောက်ဆုံး စစ်ဆေးခြင်း

Vol. 2 Ch. 27

အခန်း (၂၇) နောက်ဆုံး စစ်ဆေးခြင်း

ရက်အနည်းငယ်က အေးချမ်းစွာနှင့် ပြီးဆုံးသွားသည်။ ဟန်ရှောင်း၏ နေ့စဉ်လုပ်ငန်းတွင် အမှိုက်ပုံသို့သွား၍ သေနတ်များ ထုတ်လုပ်ခြင်း ပါဝင်လာသည်။ နေ့တိုင်း ပြီးဆုံးလျှင် ပိုက်ဆံရပြီး၊ စက်ရုပ်ရိုဗာအတွက် လိုအပ်သော အပိုပစ္စည်းများကိုလည်း ကောက်ယူနိုင်၏။ သူက စက်ရုပ်၏ အချို့အစိတ်အပိုင်းများကိုပင် ပြုလုပ်နေပြီဖြစ်သည်။ သို့သော် တပ်ဆင်ရန်ကိုတော့ ခဏဆိုင်းထားသေး၏။

အဘိုးကြီးလူသည်လည်း တစ်ခါတစ်ရံ ပုန်းလျှိူကွယ်လျှိုးဖြင့် ဟန်ရှောင်းအလုပ်လုပ်နေသည်ကို လာလာချောင်း၏။ သူက ဟန်ရှောင်း၏ နောက်ခံကို သူ၏လက်ရာများမှတစ်ဆင့် ဖော်ထုတ်ချင်သော်လည်း ဟန်ရှောင်းက ကိုယ့်ဖာသာသင်ထားခြင်း (စနစ်မှတစ်ဆင့်) ဖြစ်သဖြင့် သူ့အားထုတ်မှုမှာ အကျိုးမရှိဖြစ်‌သွားသည်။

အရပ်ရှည်ရှည် လူအိုကြီးက အဘိုးကြီးလူနှင့် ၅ခုတန်းဂိမ်းဆော့ရန် မကြာခဏ ရောက်လာပြီး၊ ထိုအရာက ဟန်ရှောင်းကို နားလည်ရခက်စေသည်။ ၅ခုတန်းဂိမ်းက ဒီလောက်ပျော်ဖို့ ကောင်းလို့လား။ အရပ်ရှည်ရှည် လူအိုကြီးက တဖြည်းဖြည်းချင်း ဟန်ရှောင်းနှင့် စကားစပြောလာသည်။ ဟန်ရှောင်းကလည်း သူ့ကို ဧည့်ခံရသည်ကို ပျော်ရွှင်နေ၏။ အရာအားလုံးက သူကြံစည်ထားသည့်အတိုင်း ဖြစ်နေသည်။

ယန္တရားပညာရှင်များအတွက်၊ ပစ္စည်းများပြုလုပ်ခြင်းက အတွေ့အကြုံအမှတ် အများဆုံး ရရှိစေ၏။ နောက်တွင် မွမ်းမံခြင်း၊ ပြုပြင်ခြင်းတို့ဖြစ်ကာ တပ်ဆင်ခြင်းက နောက်ဆုံးဖြစ်သည်။

ယခု ဟန်ရှောင်းသည် အဆင့်မြင့်အသိပညာ ရရှိရန် နည်းလမ်းမရှိ၍၊ သူ၏ စုဆောင်းထားသော အတွေ့အကြုံအမှတ်များကို ကျွမ်းကျင်မှုစွမ်းရည် ၃ခုအား မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ [အခြေခံစက်ယန္တရားရင်းနှီးမှု အဆင့် ၃] [အခြေခံတိုက်ခိုက်ရေး အဆင့် ၈] နှင့် [အခြေခံ ပစ်ခတ်နည်း အဆင့် ၆] ။ အမြင့်ဆုံးအဆင့်နှင့် အနီးကပ်ဆုံးဖြစ်အောင် မြှင့်တင်လိုက်ပြီး၊ အရည်အချင်းအမှတ် အများအပြား ရရှိခဲ့သည်။

[အလုပ်သင်ယန္တရားပညာရှင်] အဆင့်သို့တက်ရန်အတွက် လိုအပ်သော အကြိုလိုအပ်ချက်ကြောင့် [အလယ်အလတ်အဆင့် စက်ယန္တရားရင်းနှီးမှု] ကို ဖွင့်ပြီးဖြစ်သွားသည်။ ထိုလိုအပ်ချက်မှာ [အခြေခံစက်ယန္တရားရင်းနှီးမှု] တွင် အဆင့် ၅ သို့ ရောက်နေရန် လိုအပ်သည်။ စက်ယန္တရားရင်းနှီးမှုသည် များစွာသော ဒီဇိုင်းပုံစံများနှင့် ကျွမ်းကျင်မှုစွမ်းရည်များအတွက် ပုံမှန် အကြိုလိုအပ်ချက်များထဲမှ တစ်ခုဖြစ်သည်။

ဟန်ရှောင်းတွင် အလွန်များပြားသော အရည်အချင်းအမှတ် ၁၅မှတ် ရှိသော်လည်း၊ မုန်တိုင်းထန်မဲ့ နေ့တွေအတွက် ချန်ထားတာ ပိုကောင်းပါသည်။ ဤအချက်ကို သူ ခက်ခက်ခဲခဲ သင်ယူလာခဲ့ရခြင်းဖြစ်သည်။

ကီရိုအမှိုက်ပုံတွင်၊ ဟန်ရှောင်းက မနက်တိုင်း သေနတ်များ ပြုလုပ်ပေးနေ၏။

သူထွက်သွားတော့မည့် အချိန်တွင်၊ ရက်ကွန်းက သူ့ကို ပိုက်ဆံတစ်ထပ်လှမ်းပေးရာ ရေတွက်မနေတော့ဘဲ အိတ်ထဲထည့်လိုက်သည်။

"ဒီနေ့အတွက် ဒီလောက်ပဲ။ ငါအရင် သွားတော့မယ်။"

ဟန်ရှောင်းက ပြောလိုက်သည်။

"မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ သေနတ်တွေကို အချိန်အတိုင်းအတာ တစ်ခုအထိ မလိုတော့ဘူး။ ဒါပေမယ့် ငါတို့ရဲ့ အပေးအယူက ရှိတုန်းပဲနော်။ မင်းအနေနဲ့ ဆက်ပြီး အပိုင်းအစတွေ လာကောက်လို့ ရပါသေးတယ်။"

ယခု ဟန်ရှောင်းက သူ့အတွက် ရည်ရွယ်ချက်ပြည့်အောင် အလုပ်လုပ်ပေးပြီး ဖြစ်သဖြင့်၊ ရက်ကွန်းက ဟန်ရှောင်းကို ရှင်းပစ်ရန် ကြံစည်နေခဲ့သည်။ သို့သော်၊ အချိန်မကျသေးပေ။ ရက်ကွန်းသည် အလွန်သတိရှိသော လူတစ်ယောက်ဖြစ်သည်။

"အဆင်ပြေပါတယ်။"

သူ့ရည်ရွယ်ချက်ကို မြင်နေသည့် ဟန်ရှောင်းက ပြန်ပြောလိုက်သည်။

သူက အမှိုက်ပုံမှ ထွက်လာပြီး၊ မမေ့မလျော့ပင် ဟိုကွေ့ဒီဝင်လုပ်ကာ မျက်ခြေဖြတ်လိုက်ပြီး ကြီးမားသော စက်ပစ္စည်းဈေးကွက်သို့ ရောက်လာခဲ့သည်။

ဤဈေးသည် အနောက်ပိုင်းမြို့တော်ကျောင်းနှင့် ယန္တရားကျောင်းတော်တို့မှ ကျောင်းသားများအကြားတွင် အစိတ်အပိုင်းများနှင့် သတ္တုများ စုံလင်မှုကြောင့် နာမည်ကြီးသည်။

ဟန်ရှောင်းက သူရရှိထားသည့် ရေပင်လယ်ဒေါ်လာ ၇၀,၀၀၀လုံးကို သုံးကာ စက်ရုပ်ရိုဗာ‌နှင့် အပေါ့စားယန္တရားလက် တည်ဆောက်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့သည်။

ပစ္စည်းများ ဝယ်ယူပြီးနောက်၊ အခန်းသို့ပြန်လာပြီး စက်ရုပ်နှင့် လက်တို့ကို ဆက်လက် ပြုလုပ်လေသည်။

(TL Note : အခြားဝတ္ထုတွေလိုမျိုး ဈေးကိုသွားတာနဲ့ ရန်ဖြစ်မယ် ထင်မနေနဲ့နော် 😜)

…

ရက်အနည်းငယ်ကြာသော်၊ ဟန်ရှောင်းသည် ရိုဗာအတွက် အစိတ်အပိုင်းအားလုံးကို ပြုလုပ်ပြီးသွား၍၊ အခန်းတွင်း၌ စက်ရုပ်ကို တပ်ဆင်နေသည်။

၁.၂မီတာ မြင့်မားပြီး၊ ကျည်ကာပြားက အတွင်းဘက် အစိတ်အပိုင်းများကို ကာကွယ်ထားသည်။ အပေါ်ပိုင်းသည် လည်ပင်းမရှိသည်မှလွဲ၍ လူတစ်ယောက် ပုံစံဖြစ်သည်။ ပေါင်းစပ်ထားသော ဆားကစ်တစ်ခုဖြင့် အလုပ်လုပ်စေနိုင်သည်။

စက်ရုပ်၏လက်ကို လူတစ်ယောက်၏ လက်ကဲ့သို့ ကွေးနိုင် လှည့်နိုင်အောင် အပိုင်း ၂ပိုင်းခွဲထားသည်။ လက်ချောင်းများကို ဟန်ရှောင်းက သေနတ်အဖြစ် ပုံသွင်းထားသည်။ ကိုယ်ပိုင်းကလည်း ၉၀ဒီဂရီ လှည့်နိုင်ပြီး အတွင်းကို ကျည်ကပ်များအဖြစ် အကန့်လိုက် မွမ်းမံထားသည်။

ခြေထောက်အစား၊ တင့်ကားချိန်းကြိုးဖြင့် ရွေ့လျားစေသည်။

စနစ်က ဟန်ရှောင်းကို သူ၏ ဖန်တီးမှုအတွက် နာမည်ပေးရန် တိုက်တွန်း၏။ သူ၏ အတိတ်က နာမည်ပေးသည့် စတိုင်အတိုင်း နာမည်ပေးလိုက်၏။ "ရိုဗာ (၁)"

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ရိုဗာ (၁) (တင့်ကားပုံစံ)

အမျိုးအစား - စက်ရုပ်

အဆင့်အတန်း - သာမန်

အခြေခံအချက်အလက်များ - ခိုင်ခံ့မှု ၈၀၀/၈၀၀ ၊ ခုခံနိုင်မှု ၁၈ ၊ ပါဝါ ၅၉ ၊ အမြင့်ဆုံးအမြန်နှုန်း ၂၃ ၊ စွမ်းအင် ၁၂၀/၁၂၀

အမြင့် - 1.18 မီတာ

အလေးချိန် - 64.8 ကီလိုဂရမ်

ထိန်းချုပ်မှုပုံစံ - အဝေးထိန်း (လျှပ်စစ်အချက်ပြမှု)

ထိန်းချုပ်မှု အကွာအဝေး - အချင်းဝက် 50 မီတာ

စွမ်းအင်အရင်းအမြစ် - ဘက်ထရီယူနစ်

စွမ်းအင်အသုံးပြုမှု - ၈/မိနစ်

ပါဝါစွမ်းရည် - ၃၆/၈၀ Ona

ညာလက်မောင်း မော်ဂျူး- အရွယ်အစားသေးငယ်သော စက်သေနတ် –ထိခိုက်နိုင်မှု 35-40 ၊ ပစ်ခတ်မှုနှုန်း 4 (အမြင့်ဆုံး 7 – 10 စက္ကန့်အတွက်)၊ ကျည်ကပ် 30 (+60 ခါးပတ်တွင်ရှိသည်)၊ စွမ်းအား 40 ၊ တိကျမှု 18%

ဘယ်လက်မောင်း မော်ဂျူး- အရွယ်အစားသေးငယ်သော စက်သေနတ် –ထိခိုက်နိုင်မှု 35-40 ၊ ပစ်ခတ်မှုနှုန်း 4 (အမြင့်ဆုံး 7 – 10 စက္ကန့်အတွက်)၊ ကျည်ကပ် 30 (+60 ခါးပတ်တွင်ရှိသည်)၊ စွမ်းအား 40 ၊ တိကျမှု 18%

ကျွမ်းကျင်မှုများ (စကေးများ)

- မိမိကိုယ်ကို ဖျက်ဆီးခြင်း - ၃၀မီတာ အချင်းဝက်အတွင်း ပေါက်ကွဲပျက်စီးမှု ၂၈၀-၄၃၀

- သတ္တုချပ်ဝတ်တန်ဆာ - (ထိုးဖောက်နိုင်သည့်တိုက်ခိုက်ခြင်းမှလွဲ၍) ထိခိုက်ပျက်စီးမှုကို ၈% လျှော့ချပေးသည်။

မှတ်ချက်- ဒီကောင်လေးက ပုံစံက ခပ်တုံးတုံးဆိုပြီး လျှော့မတွက်ပါနဲ့။

[ရိုဗာ] သည် စက်ရုပ်အမျိုးအစားတစ်ခုအတွက် သီးသန့်မဟုတ်ပါ။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ရိုဗာ(၁)ကို ပြုလုပ်ရန် အသုံးပြုသည့် ပစ္စည်းများမှာ သာမန်ပစ္စည်း ၂မျိုးသာဖြစ်သည့် စတီးနှင့် ပလတ်စတစ်တို့ဖြစ်သည်။ အကယ်၍ ဟန်ရှောင်းသာ အရည်အသွေးပိုကောင်းသည့် စတီးအလွိုင်းကို အသုံးပြုခဲ့လျှင်၊ ရိုဗာ(၁)သည် ပို၍အကြမ်းခံပြီး ကာကွယ်မှု ပိုကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေ၊ သူက ရိုဗာကို ပိုကောင်းသည့် အစိတ်အပိုင်းများ ရရှိချိန်တိုင်း အဆင်ပြေသလို လဲလှယ်ကာ အဆင့်မြှင့်နိုင်ပြီး၊ ဤသို့လုပ်နိုင်သည်ကပင် ယန္တရားပညာရှင်၏ အားသာချက်ဖြစ်သည်။

စက်ရုပ်များ၊ မော်တော်ယာဉ်များနှင့် မိုဘိုင်းဝတ်စုံများတွင် တပ်ဆင်နိုင်သည့် မော်ဂျူးအရေအတွက်ကို ၎င်းတို့၏ 'စွမ်းအင်ပမာဏ' ဖြင့် ကန့်သတ်ထားသည်။ စွမ်းအင်အရင်းအမြစ်၏ အရည်အသွေးအပြင် 'စွမ်းအင်ပမာဏ ' ကို 'စွမ်းအင်' အရည်အချင်းများဖြင့် အဆင့်မြှင့်တင်နိုင်သည်။ ရိုဗာ(၁) ၏ စွမ်းအင်ရင်းမြစ်သည် ဘက်ထရီယူနစ်ဖြစ်သောကြောင့် ၎င်း၏ စွမ်းအင်ပမာဏမှာ နည်းပါးသည်။

ရိုဗာကို တည်ဆောက်၍ ပြီးစီးသွားခြင်းက ဟန်ရှောင်းကို အတွေ့အကြုံအမှတ် ၂၄,၀၀၀ ရစေခဲ့သည်။

နောက်နေ့တွင်၊ အပေါ့စားယန္တရားလက်လည်း တည်ဆောက်၍ ပြီးသွားသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် အပေါ့စားယန္တရားလက် (ဘယ်ဘက်) ကို ပြုလုပ်ပြီးပါပြီ။ အတွေ့အကြုံအမှတ် ၂,၅၀၀ ရရှိပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သူ၏ ဒုတိယ အပေါ့စားယန္တရားလက်သည်လည်း အရင်လိုပင် ဘယ်ဘက်သာဖြစ်သည်။ သို့သော်လည်း၊ အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းများမှာ အရင်တစ်ခုထက် အရည်အသွေး ပိုနိမ့်ရာ၊ လက်သည်လည်း အဆင့်အတန်း ပိုနိမ့်သွား၏။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အပေါ့စား ယန္တရားလက် (ဘယ်ဘက်)

အဆင့်အတန်း : သာမန်

အခြေခံအချက်အလက် : ထိခိုက်နိုင်မှု : ၂၈-၄၅၊ ခုခံနိုင်မှု : ၈-၁၂၊ ပါဝါအဆင့် : ၂၆၊ ခိုင်ခံ့မှု : ၂၀၅/၂၀၅

စက်ပစ္စည်းလိုအပ်ချက် : ၂၃ ခွန်အား

ဘောနပ်အချက်အလက် : -၄ မြန်နှုန်း

အရှည် : ၀.၅၁ မီတာ

အလေးချိန် : ၆.၁ ကီလိုဂရမ်

အပိုဆုကြေး : +၆ ခွန်အား

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

လက်ရှိတွင်၊ ဟန်ရှောင်း၏ အားအကောင်းဆုံး တိုက်ခိုက်သည့်ပုံစံမှာ အနီးကပ်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အပေါ့စားယန္တရားလက်သည့် သူနှင့် ကောင်းကောင်း လိုက်ဖက်ညီပေသည်။

အနီးကပ်တိုက်ခိုက်ရေးကို အားသာသည့် ယန္တရားပညာရှင်ကို ယန္တရားစစ်သည်ဟု ခေါ်ကြသည်။ ဟန်ရှောင်းသည် ထိုလမ်းကို လျှောက်ရန် မရည်ရွယ်ထားပေ။ ယန္တရားပညာရှင်တစ်ယောက် အမှန်တကယ် ထူးချွန်သည့်နေရာမှာ အဝေးပစ်စွမ်းရည်ပင် ဖြစ်သည်။ သို့သော်၊ ယန္တရားစစ်သည် စတိုင်သည်သာ အဆင့်နိမ့်သေးသည့် ယန္တရားပညာရှင်တစ်ယောက်ကို အမြင့်ဆုံး တိုက်ခိုက်မှုစွမ်းရည် ပေးနိုင်သည့်အတွက် အခုတော့ ဒါလုပ်မှပင် ဖြစ်မည်။

ဟန်ရှောင်းက အောက်ထပ် မဆင်းခင် အပေါ့စားယန္တရားလက်ကို ဝှက်လိုက်သည်။ လူချမ်းက ဧည့်သည်တစ်ယောက်နှင့် စကားပြောနေပြီး၊ ထိုဧည့်သည်မှာ ဟန်ရှောင်းပေါ်လာသည်နှင့် တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။ သိသာစွာပင်၊ ဌာန၁၃မှ အေးဂျင့် နောက်တစ်ယောက်ပင်။

လွန်ခဲ့သည့်ရက်များအတွင်း၊ ဌာန၁၃က ဟန်ရှောင်းကို စုံစမ်းရန် အသွင်ယူအေးဂျင့် အများအပြား စေလွှတ်ခဲ့သည်။ သို့သော် ဟန်ရှောင်းကို စုံစမ်းရန် ခက်ခဲလွန်းလှသဖြင့်၊ သူတို့က နည်းလမ်းပေါင်းစုံ အသုံးပြုနေရသည်။

"ဘာလို့ လူတွေအများကြီး နင့်ကိုမေးနေကြတာလဲ။" အေးဂျင့်များ ထွက်သွားပြီးနောက် လူချမ်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အင်း... ကျွန်တော်က နာမည်ကြီးတယ်လေ။"

"ဒါပေမယ့်၊ သူတို့အကုန်လုံးက ယောက်ျားလေးတွေလေ။"

ဟန်ရှောင်း ဆွံ့အသွားသည်။

"အစ်မတွေးနေသလို မဟုတ်ဘူး။"

"စိတ်မပူပါနဲ့၊ ငါနင့်ကို မဝေဖန်ပါဘူး။" လူချမ်းက ပြန်ပြောရင်း တခစ်ခစ်ရယ်နေ၏။

နင်ကဘာလို့ အဲ့လိုရယ်နေရတာလဲ။

ရုတ်တရက်၊ ဟန်ရှောင်း အလေးအနက် ဖြစ်သွားသည်။ သူက စနစ်၏ အသိပေးချက်ကို ရလိုက်၏။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် E အမျိုးအစား မစ်ရှင်ကို [ရန်ပြုသူ] အစပျိုးလိုက်သည်။

လက်ခံမည်/ ငြင်းပယ်မည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း တွေဝေသွား၏။ ဘာကများ ဒီလိုမစ်ရှင်မျိုးကို အစပျိုးလိုက်ပါလိမ့်။

လက်ခံမည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

မစ်ရှင် အနှစ်ချုပ် - သင့်ခေါင်းအတွက် ဆုကြေးငွေကို မျက်စိကျနေကျသည်။ ရန်သူများကလည်း နီးကပ်လာပြီး အရိပ်ထဲတွင် ပုန်းနေကြသည်။ တချိန်တည်းတွင်၊ အဖွဲ့တစ်ဖွဲ့ကလည်း သင်၏အလားအလာကို အကဲဖြတ်ရန် စောင့်ကြည့်နေကြသည်။ သင်ဘာလုပ်မည်နည်း။

လိုအပ်ချက် - မသေအောင်နေပါ။

ဆုလာဘ် - အတွေ့အကြုံအမှတ် ၁၀,၀၀၀

အပိုဆုလာဘ် - ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်းကတ် (အခြေခံ) x၁ကတ်

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းက ဝတ္ထုဆန်နေသည့် မစ်ရှင်အနှစ်ချုပ်ကို ကြည့်ပြီး စိတ်လေသွားသလို မျက်လုံးများ လှန်လိုက်မိသည်။

မစ်ရှင်အနှစ်ချုပ်တွင် ပြောထားသည့် အဖွဲ့တစ်ဖွဲ့မှာ သေချာပေါက်ပင် ဌာန၁၃ကို ဆိုလိုသည်။ ဟန်ရှောင်းက သဲလွန်စများကို စုစည်းပြီးသောအခါ ဌာန၁၃က သူ၏သတင်းထွက်သွားအောင် လုပ်လိုက်ပြီး သူ၏တိုက်ခိုက်မှုစွမ်းရည်ကို သုံးသပ်နိုင်အောင် အကွက်ချထားမှန်း မှန်းဆမိသွားသည်။ သို့သော်လည်း၊ ထိုအတိုင်းဆိုလျှင် သူ့ကိုလိုက်နေသည့် လူများမှာ အလွန်မသန်မာနိုင်ပေ။ ဌာန၁၃က မြို့တော်ထဲတွင် အထိတ်တလန့်ဖြစ်သွားလောက်အောင် စွန့်စားလိမ့်မည်မဟုတ်။

ဟန်ရှောင်းက E အမျိုးအစား မစ်ရှင်၏ ဆုလာဘ်ကို စိတ်မဝင်စားသော်လည်း၊ အပိုဆုလာဘ်ကတော့ သူ့မျက်လုံးကို ဖမ်းစားသွား၏။ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်းကတ်သည် ရရှိရန် ခက်ခဲသည် မဟုတ်လား။

မစ်ရှင်တွင် အပိုဆုလာဘ် ရှိပါက၊ ဖြည့်ဆည်းရမည့် လျှို့ဝှက်အခြေအနေတစ်ခု ရှိသည်ဟု ဆိုလိုသည်။ ဟန်ရှောင်း မှန်းဆမိသည်မှာ ဤမစ်ရှင်၏ လျှို့ဝှက်အခြေအနေမှာ ရန်ပြုသူအားလုံးကို သတ်ဖြတ်ရန်ပင် ဖြစ်လိမ့်မည်။

"ရန်သူက အချိန်မရွေး ပေါ်လာနိုင်တယ်ဆိုတော့၊ ဝပ်ရှော့မှာ မနေတော့တာ ကောင်းမယ်။"

ဟန်ရှောင်းက အဘိုးကြီးလူကို မမှီခိုလိုပေ။ ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက်၊ တိုက်ပွဲအတွက် အကောင်းဆုံးနေရာကို တွေးမိသွားသည်။

ကီရို စွန့်ပစ်အမှိုက်ပုံ။

အခန်း (၂၇) ပြီး၏။

လင်းဆက်

All Chapters