← Chapters

မနာလိုဝန်တိုခြင်း

Vol. 2 Ch. 28

မနာလိုဝန်တိုခြင်း

Vol. 2 Ch. 28

အခန်း (၂၈) မနာလိုဝန်တိုခြင်း

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695187821754-819x1024.jpg

ကီရိုအမှိုက်ပုံသည် ရက်ကွန်းအုပ်စိုးသည့် နယ်မြေဖြစ်သည်။ ဟန်ရှောင်းက ငှက်၂ကောင်ကို ခဲ၁လုံးတည်းနှင့် သတ်ရန် ကြံစည်နေ၏။ သူက သူ၏ကိရိယာများကို ချလိုက်ပြီး လူချမ်းကို တစ်ခုခု တောင်းဆိုရန် လှမ်းခေါ်လိုက်သည်။

"ကျွန်တော် ၁ရက်လောက် ခွင့်ယူချင်တယ်။"

"အိုကေ"

လူချမ်းက ပြန်ပြောရင်း

"တစ်ခုခု မှားနေလို့လား။"

"မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ။"

ဟန်ရှောင်းက ရပ်ပြီး မေးလိုက်သည်။

ဟန်ရှောင်းကို ကြည့်ရသည်မှာ အမြဲလိုလို ထိုင်းမှိုင်းနေပြီး ပျင်းစရာကောင်းသည်ဟု ထင်ရသော်လည်း ပတ်ဝန်းကျင်ကို သတိထားမိတတ်သည့် လူချမ်းကတော့ သူနှင့်ပက်သက်၍ တစ်ခုခု အပြောင်းအလဲဖြစ်နေသည်ကို သတိပြုမိသည်။ ဟန်ရှောင်း သူမအပေါ် ပေးနေသည့် ခံစားချက်ကို ဖော်ပြရလျှင်၊ အန္တရာယ်ရှိသည်ဟူသော စကားလုံးသာ သူမစိတ်ထဲ ပေါ်လာ၏။

"မင်းအခက်အခဲ တစ်ခုခုရှိတယ်ဆိုရင် ငါသေချာပေါက် ကူညီမှာပါ။"

သူမက အလေးအနက် ပြော၏။

ဘာပြန်ပြောရမှန်း မသိဘဲ သူမကို ငေးကြည့်နေမိရာ လူချမ်းက အနေရခက်စွာဖြင့် နေရာရွှေ့သွား၏။ သူမက အခြားတစ်ဖက် လှည့်ကြည့်ပြီး ဆံပင်များကို လက်ဖြင့်လိမ်နေရင်း ပြောလိုက်သည်။

"အဲလိုစိုက်ကြည့်တာ ရိုင်းတယ်ဆိုတာ မသိဘူးလား"

ဟန်ရှောင်းသည်လည်း တစ်ဖက်သို့ လှည့်ကာ

"ကျွန်တော် ညစာပြန်စားဖြစ်မှာ မဟုတ်ဘူး။"

"ငါ့ရဲ့ နောက်ဆုံးတီထွင်မှုလေးကို မြည်းစမ်းခိုင်းမလို့ စဉ်းစားနေတာ၊ ငရုတ်ကောင်းမှုန့် နာနတ်သီး နံရိုးနှပ် နံနံပင် " လူချမ်းက စိတ်ဓါတ်ကျစွာ ပြောလိုက်သည်။

ဟန်ရှောင်း တစ်ကိုယ်လုံး တုန်တက်သွား၏။ ဒါ ဘယ်လိုငရဲက ဟင်းမျိုးလဲဟ။

ဟန်ရှောင်း အခန်းသို့ ပြန်လာပြီး ပြင်ဆင်လေသည်။ ခဏအကြာ၊ ကျောပိုးအိတ်လွယ်ပြီးနှင့် တွန်းလှည်းတစ်စီးတွန်းကာ ထွက်သွားတော့သည်။

…

"ဘော့စ်၊ အဲ့ဒီကလေးက ပစ်မှတ်လား။"

နေကာမျက်မှန်တပ်ထားသည့် လူကြီးက ဟန်ရှောင်းကို နောက်ယောင်ခံလိုက်နေသည်။ ဟန်ရှောင်း နောက်သို့ လှည့်ကြည့်သည့် အချိန်တိုင်း ဖုန်းရုံကိုဖြစ်စေ၊ စာအုပ်တန်းကိုဖြစ်စေ ပတ်ဝန်းကျင်ရှိ တစ်ခုခုကို အသုံးချ၍ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက သိသာစွာပင် ကြေးစားတစ်ယောက် ဖြစ်သည်။ သူက နားအတွင်းရှိ အသေးစားအသံဖမ်းစက်ကို သုံးကာ လမ်း၂လမ်းအကွာရှိ ဗန်ကားအတွင်းတွင်ရှိသော သူ၏ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်သွယ်နေခဲ့သည်။ ဗန်ကားထဲတွင် မျက်နှာဖုံးတပ်ထားသူ ၅ယောက်ရှိနေ၏။ သူတို့အားလုံးသည် ဟန်ရှောင်းကို တိုက်ခိုက်မည့်သူများ ဖြစ်ကြသည်။

သူတို့သည် ဆုကြေးငွေထုတ်ခံထားရသူများကို အမဲလိုက်သည့် "ပျားအဆိပ်ဆူးအဖွဲ့" ဖြစ်သည်။ သူတို့သည် မြေအောက်လောကတွင် အတော်အတန်‌ ကျော်ကြားပြီး၊ မစ်ရှင်တော်တော်များများကိုလည်း အောင်မြင်ထား၏။ သူတို့က ကံကောင်းစွာဖြင့် ဟန်ရှောင်း၏ ခြေရာလက်ရာကို မထင်မှတ်ဘဲ တွေ့ခဲ့ခြင်းဖြစ်သည်။

သူတို့အတွက်၊ ဤမစ်ရှင်သည် သူတို့အရင်လုပ်ခဲ့သော မစ်ရှင်များထက် ပို၍အရေးပါ၏။ ဆုကြေးငွေကို ဘေးဖယ်ထားလျှင်ပင်၊ ဂျာမီနယ်အဖွဲ့အစည်း၏ မျက်နှာသာပေးမှုနှင့် နောက်ခံရရှိရန်ကို မျှော်လင့်ထားကြသည်။

“ဒီကလေးက ဘယ်လိုလုပ် ဒေါ်လာ ၁သန်း တန်ရတာလဲ။ သူ့ကိုကြည့်ရတာ လုံးဝသာမန်ပဲ။ ဒီဟာက လွယ်လွယ်လေးပဲ။"

အဖွဲ့၏ နံပါတ်(၂)က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ငါတို့က ကြယ်နဂါးနိုင်ငံထဲမှာဆိုတာ မမေ့နဲ့၊ မြန်မြန်လှုပ်ရှားကြ။"

ခေါင်းဆောင် ကယ်လီက သူ့သေနတ်ကို စစ်ဆေးရင်း ပြောလိုက်သည်။

…

"ပစ်မှတ်က ရွေ့လျားနေတယ်။"

အနက်ရောင် ဂျစ်ကားတစ်စီးက ဟန်ရှောင်း‌ေနာက်ကို အဝေးမှ လိုက်လာ၏။ ဌာန၁၃၏ အေးဂျင့်အဖွဲ့တစ်ဖွဲ့ ဂျစ်ကားထဲတွင်ရှိပြီး၊ ကပ်ပတိန် လီဟွေ့က ဦးဆောင်လာ၏။ သူ၏ဘေးတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အေးဂျင့် ၈ယောက်နှင့် အကြံပေးအဖြစ် တာဝန်ယူထားသည့် ဖုန်းကျွင်းတို့ ရှိနေ၏။ သူတို့အားလုံး မေ့ဆေးသေနတ်များ ကိုင်ထားကြသည်။

ဟန်ရှောင်း မျှော်လင့်ထားသလိုပင်၊ ဌာန၁၃က "ပျားအဆိပ်ဆူးအဖွဲ့"ကို သူ့ကိုစမ်းသပ်ရန် အသုံးချထားခြင်းဖြစ်သည်။ အေးဂျင့်များကတော့ သူရဲကောင်းများအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။

ဖုန်းကျွင်းက ဟန်ရှောင်းကို တိုက်ရိုက် ရိုက်ကူးနေသည့် ဗီဒီယိုတစ်ခုကို ပြသနေသည်။

"ပစ်မှတ်က စီရင်စု(၇)ရဲ့ ကီရိုအမှိုက်ပုံကို ဦးတည်နေပုံရတယ်။ "ပျားအဆိပ်ဆူးအဖွဲ့"ကလည်း နောက်က လိုက်နေတယ်။ တိုက်ပွဲက အမှိုက်ပုံမှာ ဖြစ်ရင်တော့ အကောင်းဆုံးပဲ။”

…

ဟန်ရှောင်း အမှိုက်ပုံသို့ ရောက်လာရာ ရက်ကွန်းက အံ့ဩသွား၏။

သူဘာလို့ ဒီရောက်လာတာလဲ။

"ငါဒီမှာ အစိတ်အပိုင်းတစ်ချို့ လာရှာတာ။" ဟန်ရှောင်းက ပုံမှန်အတိုင်းပင် လိမ်ပြောလိုက်၏။ ဒါက ယုံကြည်ရလောက်သည့် ဆင်ခြေတစ်ခုပင်။

ရက်ကွန်းက ဟန်ရှောင်းက နေ့လည်စာ အတူစားဖို့ ဖိတ်ခေါ်သည်။ သူက ငြင်းဆန်လိမ့်မည်ဟု ယူဆထားသော်လည်း မမျှော်လင့်ဘဲ ဟန်ရှောင်းက လက်ခံလိုက်ရာ ရက်ကွန်းမှာ သိသိသာသာပင် အငိုက်မိသွား၏။

ဟန်ရှောင်းက သူ၏ နှာခေါင်းစည်းကို ချွတ်လိုက်ပြီး သူ့မျက်နှာကို ရက်ကွန်းအား ပြလိုက်သည်။ ရက်ကွန်းက ဒီမျက်နှာမှာ ထူးထူးဆန်းဆန်းပင် ရင်းနှီးနေသလို ခံစားနေရ၏။

ဟန်ရှောင်းက ဒုစရိုက်လောကတွင် မေးခွန်းထုတ်စရာမလိုအောင် ကျော်ကြားနေသော်လည်း၊ အသေးစား လူမိုက်ကလေးဖြစ်သည့် ရက်ကွန်းနှင့် ဆက်စပ်၍မရဘဲ မဆီမဆိုင် ဖြစ်နေသည်။ ရက်ကွန်းသည် နောက်ဆုံးသတင်းများနှင့် ပက်သက်၍ သိရန် သိပ်စိတ်မဝင်စားလှပေ။

ဟန်ရှောင်းသည် သူဘယ်သူဖြစ်သည်ကို လျှို့ဝှက်ထားရန် နှာခေါင်းစည်းတပ်ထားလေ့ ရှိသော်လည်း အခုတော့ အရေးမကြီးတော့ပေ။

ရက်ကွန်း၏လူများက စားသောက်ပွဲကို ခင်းကျင်းပြီးနောက်၊ ဟန်ရှောင်းနှင့် ရက်ကွန်းက မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေကြသည်။

"သေနတ်နောက်ဆုံးအသုတ်က ဘယ်လိုလဲ။"

"73-WASPက တကယ်ကောင်းတဲ့ သေနတ်ပဲ။ နိုင်ငံ၆နိုင်ငံရဲ့ စစ်တပ်တောင် ဒီသေနတ်ကို သုံးနေကြတယ်။ မှောင်ခိုဈေးကွက်မှာ သေနတ်တစ်လက်ကို ဒေါ်လာ ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိ ဈေးပေါက်တယ်။ ငါအမြတ်အများကြီး ရခဲ့တာ မင်းကို ကျေးဇူးတင်ရမှာပဲ။"

ရက်ကွန်းက ဆေးလိပ်ဖွာလိုက်ရင်း ပြန်ဖြေသည်။

"ပြီးတော့ မင်းသေနတ်တွေရဲ့ အရည်အသွေးကလည်း ဈေးကွက်က တစ်ပတ်ရစ် သေနတ်တွေထက် အများကြီး ပိုကောင်းတယ်။"

အမြောက်အများထုတ်လုပ်သော သေနတ်များသည် တစ်လက်နှင့် တစ်လက် အရည်အသွေးက အများကြီး မကွာခြားသော်လည်း၊ ကွာခြားချက် အနည်းငယ်ကတော့ ရှိမည်သာ။ ထိုကွာခြားချက်တွေက ကုန်ကြမ်းပစ္စည်းများ ပေါင်းစပ်ခြင်းမှ ဖြစ်လာခြင်းဖြစ်သော်လည်း ကျွမ်းကျင်သော ယန္တရားပညာရှင်က အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သည်။ သေနတ်ကျွမ်းကျင်သူတစ်ယောက်သာ လက်ဖြင့်ပြုလုပ်သော သေနတ်နှင့် အများအပြားထုတ်လုပ်ထားသော သေနတ်ကို ခွဲခြားနိုင်သည်။

"ဒီထဲက ဘာတွေလဲ။"

ရက်ကွန်းက ဖောင်းကားနေသောအိတ်နှင့် တွန်းလှည်းကို ညွှန်ပြကာ မေးလိုက်သည်။

"အပိုပစ္စည်း တစ်ချို့ပါ။"

ဟန်ရှောင်းက ပြန်ဖြေ၏။ ရက်ကွန်းကလည်း အဖြေကို ကျေနပ်နေသည်။

သူတို့ ၂ယောက် စကားပြောရင်း ညမှောင်လာသည်။ ကောင်းကင်ကြီးကလည်း အလွန်လှပသော လိမ္မော်ရောင်နှင့် မဲနယ်ရောင်အသွင် ပြောင်းလဲလာ၏။

ရက်ကွန်း၏ လူတစ်ယောက်က အခန်းထဲ ပြေးဝင်လာပြီး

"ဘော့စ်၊ လူတစ်ယောက်က ဘော့စ်ကို လာရှာပါတယ်။"

"ငါဧည့်သည်နဲ့ ရှိနေတာ မတွေ့ဘူးလား။"

စိတ်ရှုပ်သွားသော ရက်ကွန်းက ပြန်ပြောသည်။

ထိုလူက ရက်ကွန်းနားသို့ကပ်ပြီး စကားတစ်ချို့ တီးတိုးပြောလိုက်သည်။ ရက်ကွန်းက ဟန်ရှောင်းကို စဉ်းစားချိန်ဆသလို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက ထရပ်လိုက်ပြီး ဟန်ရှောင်းကို ပြုံးပြလိုက်သည်။

"ငါ့ကို ခဏလောက် ခွင့်ပြုပါဦး။"

ပြောပြီး ထွက်သွားသည်။

ဟန်ရှောင်း၏ မျက်လုံးမှေးသွားသည်။ တစ်ခုခုတော့ ဖြစ်နေပြီ။

…

နာရီဝက်မတိုင်မီက၊

"ဝမ်းကွဲ၊ ငါဒီလောက် ခရီးအရှည်ကြီး လာခဲ့တာ မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ဘဝကို ကောင်းကောင်းဖြတ်သန်းချင်လို့လေ။ ငါ့ကို မစွန့်ပစ်ပါနဲ့ကွာ။"

မာကျဲက လူငယ်တစ်ယောက်နောက်လိုက်နေရင်း အသနားခံနေ၏။

သူက အနောက်ပိုင်းမြို့တော်သို့ သူ့ဝမ်းကွဲ၏အဖွဲ့ကိုဝင်ရန် လာခဲ့သော်လည်း၊ သူဝမ်းကွဲက သူ့ကို အသုံးမဝင်ဟု ယူဆပြီး တံခါးစောင့်အလုပ်သာ ပေးခဲ့သည်။ သိသာစွာပင်၊ မာကျဲက မကျေနပ်သော်လည်း၊ တောင်းပန်ရုံကလွဲ၍ သူဘာမှမလုပ်နိုင်ပေ။

"ငါမင်းကိုပြောထားတယ်၊ ငါ့ကို မင်းရဲ့ဝမ်းကွဲဆိုပြီး မခေါ်နဲ့လို့။"

စိတ်ရှုပ်နေသော လူငယ်က ပြန်အော်သည်။

"ဟုတ်တယ် ဟုတ်တယ် ငါ့အမှားပါ။ ငါ့ကိုယ်ငါ ပါးရိုက်ပါ့မယ်။"

မာကျဲက ပြန်ပြောရင်း သူ့ကိုယ်သူ တကယ်ပင် ပါးရိုက်လိုက်သည်။

"မင်းဘယ်လောက် သနားဖို့ကောင်းနေလဲ ကြည့်စမ်း။ ငါမင်းကို တံခါးစောင့်ခိုင်းခဲ့တာ၊ ငါတို့က ဆွေမျိုးတွေမို့လို့ပဲ။ လေလွင့်သွားလာသူတွေ ဘယ်လောက်များများ အပုတ်အသိုးတွေ စားနေရလဲ မင်းသိလား။ ငါအခု ဆရာကြီးတစ်ယောက်နဲ့ သွားတွေ့မလို့၊ ငါ့နောက်လိုက်မလာနဲ့။"

"ဆရာကြီး" မာကျဲ၏ မျက်လုံးများ လက်သွား၏။

"ဘယ်သူလဲ။"

"စီရင်စု(၇)ရဲ့ ဘော့စ်၊ မစ္စတာရက်ကွန်းပဲ။ စီရင်စု တစ်ခုစီတိုင်းမှာ မြေအောက်လောက ဘော့စ်တွေရှိတယ်။ သူတို့ ဘယ်လောက်တောင် စွမ်းအားကြီးလဲ မင်းသိလား။"

…

ဝမ်းကွဲညီအစ်ကို ၂‌ယောက် အမှိုက်ပုံရှေ့ ဝင်ပေါက်သို့ ရောက်လာသည်။ မာကျဲက လူငယ်နောက်လိုက်ရန် ကြိုးစားသော်လည်း လူငယ်က စိုက်ကြည့်လိုက်ရာ နောက်ဆုတ်လိုက်ရသည်။ မာကျဲက ထွက်သွားတော့မည့် အချိန်တွင် ဂိတ်တံခါးအကျော်၌ ဟန်ရှောင်းအား ကြိုဆိုနေကြသည်ကို သတိပြုမိသည်။ ဘာတွေလဲဟ။

“အဲဒီကလေးက ငါနဲ့အတူတူ ခိုးဝင်လာတဲ့တစ်ယောက် မဟုတ်လား။”

အစောင့်က လူငယ်ကို တားလိုက်သည်။

“ဒီနားမှာ ယောင်ပေပေ လုပ်မနေနဲ့” လူမိုက်က ပြော၏။

“ကျွန်တော်က ဘော့စ်ရဲ့ လူတစ်ယောက်ပါ။” လူငယ်က လေးလေးစားစားနှင့် ပြန်ပြောသည်။

“ကျွန်တော် တင်ပြစရာရှိလို့ လာခဲ့တာပါ။”

ရုတ်တရက်၊ မာကျဲက ဖြတ်ပြောလိုက်၏။

“အဲဒါ ဘယ်သူလဲ”

ဟန်ရှောင်းကို ညွှန်ပြကာ မေးလိုက်သည်။

“မင်းကို ဘယ်သူက စကားပြောခွင့် ပေးလို့လဲ။” ဒေါသထွက်သွားသော ဝမ်းကွဲက ပါးရိုက်မည် လုပ်လိုက်သည်။ သို့သော် အစောင့်က သူ့ကို တားလိုက်၏။

“အဲဒီလူက ဘော့စ်ရဲ့ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ပဲ။”

သူက ပြန်ဖြေသည်။

အရေးကြီးဧည့်သည်။ မာကျဲ ထိတ်လန့်သွားသည်။ သို့သော် သူ၏ ထိတ်လန့်မှုက ချက်ချင်းပင် မနာလိုမှု၊ ခါးသီးမှုတို့နှင့် နေရာလဲသွားသည်။ ဒါက မမျှတဘူးလေ။ ဘာလို့ အဲ့လို မသိမိုက်မဲတဲ့ ကောင်လေးက ငါ့ထက်အများကြီး အခြေအနေ ကောင်းနေရတာလဲ။

သူတို့ ၂ယောက် စကားပြောခဲ့သည့် ပုံရိပ်များ စိတ်ထဲတွင် ပြန်မြင်ယောင်လာရင် အရှက်ရလာသည်။

“မင်းက နည်းပညာရှင်ဟန်ကို သိလား။”

“သေချာမသိပါဘူး၊ ဒါပေမယ့် ငါတို့ ခိုးဝင်လာတုန်းက စကားနည်းနည်းပြောဖူးတယ်။”

အစောင့်၏ မျက်လုံးများ အရောင်လက်သွားသည်။

“ငါ့နောက်ကို လိုက်ခဲ့၊ ဘော့စ်က မင်းကို တွေ့ချင်လိမ့်မယ်။”

မာကျဲနှင့် လူငယ်မှာ ကြောင်အသွား၏။

အခန်း (၂၈) ပြီး၏။

လင်းဆက်

All Chapters