← Chapters

chapter(171)

Vol. 13 Ch. 171

chapter(171)

Vol. 13 Ch. 171

အသန့်စင်ဆုံးစနစ် အခန်း(171)

ချောင်ဖုန်းတို့သည် ညတွင်းချင်း လှုပ်ရှားခဲ့ပေမယ့် ထိုသတင်းသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တစ်ခုလုံးသို့ သတင်းပျံနှံသွား၏။

အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့သခင်အသစ်က မကောင်းဆိုးဝါးတစ်ကောင်လိုပဲ ကြောက်စရာကောင်းသည်ဟု အားလုံးသိရှိသွားကြသည်။

ချောင်ဖုန်းတို့ ပြန်ရောက်လာတဲ့အခါ အင်ပါယာနတ်ဘုရားရဲတိုက်မှ လူများအားလုံးသည် ပျော်ရွင်ဝမ်းသာစွာ ဂုဏ်ပြုနေကြ၏။

သတ်ဖြတ်ခြင်းနန်းတော်၏ ဖမ်းဆီးခံထားရသော လူများထဲတွင် ဝူတိုင်းပြည်က လူများပါလာခဲ့ရင် သူ့ကို သတင်းလာပြောဖို့ ချောင်ဖုန်းသည် အမိန့်ပေးလိုက်သည်။

ချောင်ဖုန်းနဲ့ အကြီးအကဲများ ရှိနေချိန်မှာ လူတစ်ယောက်သည် အလောတကြီး ပြေးလာ၏။ ထိုလူသည် ကြောက်ရွံစွာဖြင့် ကျွီတန်ရှီအား ပြောလိုက်သည်။ကျွီတန်ရှီရဲ့ ညီဖြစ်သူ ကျွီတန်လွီသည်

အခြေအနေမကောင်းတဲ့အကြောင်း ပြောပြလိုက်၏။

ထိုအခါ ကျွီတန်ရှီသည် ဒူးထောက်လိုက်ပြီး "ခေါင်းဆောင်........ကျေးဇူးပြုပြီး ၊ ကျွန်တော်ညီလေးရဲ့ အသက်ကို ကယ်တင်ပေးပါ " ဟု ​စိုးရိမ်စွာနဲ့ ပြောလိုက်သည်။

ချောင်ဖုန်း၏ အဂ္ဂိရတ်ပညာ အရည်အချင်းသည် သူ့ထက်အဆပေါင်းများစွာ သာလွန်သောကြောင့် ကျွီတန်ရှီသည် သူ့ညီရဲ့အသက်ကို ကယ်တင်နိုင်မည်ထင်၍ ချောင်ဖုန်းအား တောင်းဆိုလိုက်ခြင်း ဖြစ်၏။

ချောင်ဖုန်းသည် ကျွီတန်ရှီမှာ သူ့ထက်အသက်အတော်ပင်ကြီးသည် ဖြစ်၍ ပြန်ထူလိုက်ပြီး "အကြီးအကဲတန်ရှီ.......အကြီးအကဲရဲ့ညီဆို

မှတော့ အင်ပါယာရဲ့ အကြီးအကဲတစ်ယောက်ပဲလေ ၊ ကျွန်တော်က ဘယ်လျစ်လျူရှု့ထားပါ့မလဲ " ဟု ပြောလိုက်သည်။

ထိုအခါ ကျွီတန်ရှီသည် ချောင်ဖုန်းအား ကျေးဇူးတင်ကာ ကျွီတန်လွီရှိသို့ ခေါ်ဆောင်လာခဲ့၏။ ကျွီတန်လွီသည် ရေခဲငွေ့များစွာထွက်နေသော အေးစက်သော ရေခဲကုတင်ကြီးပေါ်တွင် အိပ်စက်နေရင်း သွေးများ ခနခန ထအန်နေလေသည်။

ကျွီတန်ရှီတို့သည် အခန်းထဲသို့ ဝင်လာပြီးနောက် "ခေါင်းဆောင်.......သူက ငါ့ညီလေးပဲ ၊ အင်ပါယာနတ်ဘုရားရဲတိုက် ရဲ့ ဒုဘိုးဘေးအကြီးအကဲဆိုလဲ မမှားဘူး " ဟု ချောင်ဖုန်းအား ပြောပြလိုက်၏။

ကျွီတန်လွီသည် မျက်ကွင်းများမှာ မဲညိုနေပြီး တစ်ကိုယ်လုံး ပိန်ချုံးနေပြီဖြစ်သည်။ခန္ဓာကိုယ်အတွင်းမှာလဲ သွေးများပင် အတော်ကုန်ခန်း၍ နေ၏။ ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအားဖြင့် ကျွီတန်လွီရဲ့ ခန္ဓာကိုယ်အတွင်းအား စစ်ဆေးကြည့်လိုက်သည်။

ကျွီတန်လွီရဲ့ သွေးကြောများသည် ပြတ်ထွက်နေခြင်း မဟုတ်ဘဲ သွေးကြောများသည် သေးငယ်လေး အပေါက်လေးများ ဖြစ်နေခြင်းဖြင်၏။ ထို့ကြောင့် ကုသရန် ပိုခက်ခဲ၍ ကျွီတန်ရှီသည် အတင့်ရဲ၍ မကုသရဲပေ။

ချောင်ဖုန်းသည် ကျွီလွမ်လွီရဲ့ ခန္ဓာကိုယ်အား စစ်ဆေးပြီးတာနဲ့ စာရွက် တစ်ရွက်ရေးကာ လိုအပ်သော ဆေးအမယ်များကို ဆောင်ရွက်ခိုင်းလိုက်၏။ ကျွီတန်ရှီသည် ဆေးအမယ်များ ရလာတဲ့အခါ ချောင်ဖုန်းသည် ကျောက်စည် တစ်လုံးထဲသို့ ရေအပြည့်ထည့်ကာ ထိုဆေးအမယ်များထည့်၍ ကျိုချက်ထားခိုင်းလိုက်သည်။

ကျွီတန်ရှီသည် ချောင်ဖုန်းပြောသည့်အတိုင်း ကျောက်စည်တစ်လုံးယူကာ ရေနဲ့ဆေးအမယ်များထည့်ကာ ရောကျိုချက်နေ၏။ ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲမှ မီးကျောက်ဖြင့်သန့်စင်ထားသော အပ်ဘူးလေးကို ထုတ်လိုက်သည်။

ကျွီတန်လွီရဲ့ အခြေအနေသည် အဆိုးဘက်ရောက်နေသဖြင့် ချောင်ဖုန်းသည် မပေါ့ဆရဲပေ။ချောင်ဖုန်းသည် အပ်ချောင်းများကို ကျွီတန်လွီရဲ့ သွေးကြောများသို့ ပစ်သွင်းလိုက်၏။ ထို့နောက် သွေးကြောရှိ အပေါက်ငယ်လေးများစွာကို ပြုပြင်ပေးနေခဲ့သည်။

ကျွီတန်လွီသည် ပြန်လည်သတိရရှိလာပြီး မျက်လုံးဝါးတားတားဖြင့် ချောင်းဖုန်းအား ကြည့်လိုက်၏။ သူရဲ့ခန္ဓာကိုယ်မှာ နာကျင်မှုတွေ လျော့ကျသလို ခံစားနေရတာကြောင့် ကျွီတန်လွီသည် ထူးဆန်းသလိုပင် ဖြစ်နေခဲ့သည်။

ကျွီတန်လွီသည် ကုတင်ပေါ်မှ လှဲနေရာမှ ထိုင်မလို့ကြိုးစားစဥ်မှာ ချောင်းဖုန်းသည် လှမ်းတားလိုက်၏။ကျွီတန်လွီသည် အင်ပါယာနတ်ဘုရား ရဲတိုက်မှာ ချောင်ဖုန်းကို မမြင်ဖူးတာကြောင့် "မင်းကဘယ်သူလဲ......"ဟု မေးလိုက်သည်။

ကျွီတန်ရှီသည် ချောင်ဖုန်းခိုင်းတာများ ပြင်ဆင်ပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့၏။ ကျွီတန်ရှီသည် ချောင်ဖုန်းအား လက်နှစ်ဖက်ဆုပ်ကာ "ခေါင်းဆောင်.......ငါအားလုံးပြင်ဆင်ပြီးပါပြီ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် နောက်တစ်နာရီအကြာမှာ ဆေးကျိုချက်ထား သော ကျောက်စည်ထဲကို သုံးနာရီခြား တစ်ကြိမ် စိမ်ရမည်ဖြစ်ပြီး တစ်နေ့ကို ၁၀နာရီစိမ်ဖို့ လိုအပ်သည်ဟု ပြောကာ ထွက်ခွာသွားခဲ့၏။

ကျွီတန်ရှီသည် ငယ်ရွယ်သော ကောင်လေးအား တလေးတစားဆက်ဆံနေသဖြင့် ကျွီတန်လွီသည် "တန်ကျီ.......သူက ဘယ်သူလဲ ၊ ဘာလို့ မင်းက အဲ့လောက်ရိုသေ ရနေတာလဲ" ဟု မေးလိုက်၏။ ကျွီတန်ရှီသည် ချောင်ဖုန်းနဲ့ ပက်သက်သော အရာတချို့ကို ပြောလိုက်တဲ့အခါ ကျွီတန်လွီသည် ကြောက်လန့်၍ သွားလေသည်။

ကျွီတန်လွီသည် သူရဲ့ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်တဲ့ နှစ်ပေါင်းများစွာ ပျက်စီးနေသော သွေးကြောများသည် အကုန်နီးပါး ပြန်လည်ကောင်းမွန်သွားတဲ့အတွက် ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရပ်မှာ နတ်ဘုရားတစ်ပါးဖြစ်နေမလားဟု တွေးထင်နေခဲ့၏။

ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ အခန်းများအား လိုက်လံ ကြည့်ရှုနေလေသည်။ ထိုချိန်မှာ ယန်ကျီဟုန် ရောက်ရှိလာပြီး "ဆရာကို ကျီဟုန်း အရိုအသေပေးပါတယ်" ဟု ဒူးထောက်ကာ ကြိုဆိုလိုက်သည်။

ချောင်ဖုန်းသည် ယန်ကျီဟုန်ကို ထခိုင်းလိုက်ပြီး အင်ပါယာနတ်ဘုရားရဲတိုက်ရဲ့ ကျင့်ကြံသော ခန်းမအဆောင်ကို သူနဲ့ လိုက်ရှာဖို့ ပြောလိုက်၏။ ချောင်ဖုန်းသည် သူရဲ့ စိတ်ဝိညဥ်စွမ်းအားဖြင့် ချီဝိညဥ်စွမ်းအင် ပေါ်များသော နေရာကို ရှာလိုက်သည်။

ချောင်ဖုန်းနဲ့ယန်ကျီဟုန်သည် အင်ပါယာနတ်ဘုရားရဲတိုက်၏ လူများရှင်းလင်းသော နေရာတစ်ခုကို ဦးတည်လာခဲ့၏။ ကုန်တံတားအသေးလေးအဆုံးတွင် ကြီးမားသော သံတံခါးကြီးနဲ့အတူ ကင်းစောင့်နေသော အင်ပါယာနတ်ဘုရားရဲတိုက်တံဆိပ်ဖြင့် ကင်းစောင့်နေသော အစောင့်နှစ်ယောက်ကို တွေ့လိုက်ရသည်။

ချောင်ဖုန်းတို့ရဲ့ဘေးကို အတွဲတစ်တွဲသည် ရောက်ရှိလာ၏။ ချောင်ဖုန်းသည် ထိုအတွဲထဲမှ လူတစ်ယောက်ကို မှတ်မိသွားသည်။ထိုသူကတော့ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းမှာ တွေ့ခဲ့သော အဆင့်ခြောက် အဂ္ဂိရတ်ပညာရှင် ဖြစ်သော ရီမင်လီပင် ဖြစ်၏။

ချောင်ဖုန်းသည် ရီမင်လီအား ဒီနေရာမှာ ပြန်တွေ့ဆုံလိမ့်မည်ဟု မထင်ထားပေ။ ချောင်ဖုန်းသည် ရီမင်လီနဲ့ တွေ့ဆုံခဲ့သော အချိန်တွင်

မျက်နှာကို ဖုံးကွယ်ထားသောကြောင့် ရီမင်လီသည် ချောင်ဖုန်းကို မမှတ်မိချေ။

ရီမင်လီ၏ ဘေးမှ မိန်းကလေးသည် သူ့လက်ချောင်းလေးများဖြင့် ရီမင်လီရဲ့ ရင်ဘတ်ပို ပွတ်သတ်လိုက်ပြီး "သခင်လေးမင်လီ......ရှင်သူတို့ကို သိလို့လား " ဟု ချွဲနွဲစွာဖြင့် ပြောလိုက်၏။ ရီမင်လီသည် ချောင်ဖုန်းတို့အား မသိရှိပေ။

သို့သော် ယန်ကျီဟုန်ရဲ့ အလှတရားသည် သူ့အား ဆွဲဆောင်နေခဲ့သည်။ရီမင်လီသည် ယန်ကျီဟုန်ရဲ့ ခန္ဓာကိုယ်အား သိမ်းကြုံးကြည့်လိုက်ပြီး ပိုင်ဆိုင်ချင်စိတ် ဖြစ်ပေါ်နေခဲ့၏။

ရီမင်လီသည် သူ့ရင်ဘတ်ပေါ်ရှိ လက်ကို ဆွဲကိုင်လိုက်ပြီး "ရဲတိုက်ထဲ ခုမှ ရောက်လာတဲ့အကြီးအကဲသစ်လေးတွေက ငါတို့ကို ရိုသေလေးစားရမှန်း မသိဘူး ထင်တယ်" လို့ ချောင်ဖုန်းတို့ နှစ်ယောက်ကို ပြောလိုက်သည်။

ယန်ကျီဟုန်သည် သူ့ဆရာဘယ်သူဖြစ်ကြောင်း ပြောမည့်ချိန်မှာ ချောင်ဖုန်းသည် ယန်ကျီဟုန်လက်ကို ဆွဲ၍ ရှေသို့ ဆက်သွားခဲ့၏။

အစောင့်နှစ်ယောက်သည် ချောင်ဖုန်းတို့ကို အရိုအသေပြုကာ တံခါးကို ဖွင့်ပေးလိုက်သည်။

ရီမင်လီက တောက်တစ်ချက် ခေါက်လိုက်ပြီး "မင်းထွက်လာတဲ့အချိန်ထိ ငါစောင့်နေမယ်" ဟု ပြောကာ စိတ်ဆိုးဆိုးနဲ့ ထိုနေရာမှ နောက်ပြန်လှည့်ကာ ထွက်ခွာသွားခဲ့၏။ ချောင်ဖုန်းသည် အထဲရောက်တဲ့အခါ ဆေးပုလင်းပေးလိုက်ပြီး ကျင့်ကြံမှုကိုလဲ နောက်မကျအောင် ကြိုးစားဖို့ ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် အခန်းတစ်ခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး သူ့ရရှိထားသော ကျင့်ကြံခြင်းစွမ်းအားသို့ စတင်သန့်စင် စုပ်ယူနေလေ၏။

သတ်ဖြတ်ခြင်းနန်းတော်မှ ရရှိလာသော ရတနာလက်နက်များအားများ ဆုလာဒ်ဆောင်အဖြစ် ထုတ်ယူရန် ကျွီတန်ရှီသည် အမိန့်ထုတ်ပြန်လိုက်သည်။ထိုအခါ စစ်သည်တော်များသည် ရတနာလက်နက်များ ရရှိမှာ ဖြစ်တဲ့အတွက် ဝမ်းသာနေခဲ့ကြ၏။

ထို့အပြင် အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်အား ကာကွယ်ရေး စစ်သည်တော်တွေ၏ ခေါင်းဆောင်ရာထူးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်သည်။ ပုံမှန်အားဖြင့် အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်သည် စစ်ဘက်ရေးဆိုင်မှာ ဆွေးနွေးခွင့်သာ ရရှိခြင်း ဖြစ်၏။

ထိုသတင်းသည် မှော်အဂ္ဂိရတ်အင်ပါယာတစ်တိုင်းလုံးအား အံ့အားသင့်စေလေသည်။ ထိုအတွက် မှော်အဂ္ဂိရတ်အင်ပါယာတစ်တိုင်းပြည်လုံးရှိ ဂိုဏ်းပေါင်းစုံသည် အင်ပါယာ၏ ခေါင်းဆောင်သစ်အား ကြိုဆိုပွဲကို တက်ရောက်ဖို့ အမိန့်ထုတ်ပြန်ထား၏။

ချောင်ဖုန်းသည် တစ်ရက်အတွင်းမှာပဲ သူရဲ့ စွမ်းအားများသည် ထိုးတက်လာခဲ့ပြီး ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်ကို ထိုးဖောက်သွားခဲ့သည်။ချောင်ဖုန်းရဲ့ သွေးကြောများသည် အားလုံးများ မီးချော်ရည်များအတိုင်း နီးရဲတောက်စွာ စီးဆင်းနေကြ၏။

All Chapters