chapter(172)
Vol. 13 Ch. 172
အသန့်စင်ဆုံးစနစ် အခန်း(172)
ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိတာနဲ့ စနစ်မှ ဆုချီးမြှင့်ထားသော ဧကရာဇ်နယ်မြေဟု ခေါ်သော နေရာသစ်သို့ သိချင်တဲ့အတွက် လေဟာနယ်အက်ကွဲကြောင်းကြီးသို့ ဝင်သွားခဲ့သည်။
ချောင်ဖုန်းသည် စက္ကန့်ပိုင်းအတွင်းမှာ သူမရောက်ဖူးသော နယ်မြေသစ်အား ရောက်ရှိလာခဲ့၏။ ချောင်ဖုန်းသည် လူကင်းမဲ့သော စျေးလမ်းမကြီးတွင် ရောက်ရှိနေတဲ့အတွက် လမ်းလျှောက်ကာ အားလုံးအား လိုက်လံကြည့်ရှုနေလေသည်။
ထိုချိန်မှာ အဖြူရောင်ဝတ်စုံဖြင့် ပုသိမ်ထီးလေးဆောင်းထားကာ
ချောမောလှပသော မိန်းကလေးသည် ချောင်ဖုန်းနောက်မှ ပြေးဝင်လာခဲ့၏။ ချောင်ဖုန်းသည် ရှောင်ရှားဖို့ သူ့စွမ်းအားများသုံးလိုက်တဲ့အခါ ထိုနေရာမှ မလှုပ်တဲ့အတွက် အံ့အားသင့်သွားလေသည်။
ထိုချိန်မှာ မိန်းမပျိုလေးသည် ချောင်ဖုန်းရဲ့ ခါးကို ဖက်သွားလိုက်ပြီး စားသောက်ဆိုင်၏ အပေါ်ထပ်နေရာကို ခေါင်ဆောင်သွားခဲ့သည်။ မိန်းမပျိုလေးသည် "ရှင်က သေချင်နေတာလား........မကြာခင်မှာ ချင်ကာကွယ်စောင့်ရှောက်သူ လာမှာ ရှင်မသိဘူးလား "ဟု ချောင်ဖုန်းအား ဆူဟောက်လိုက်၏။
ချောင်ဖုန်းသည် ထိုမိန်းမပျိုလေးရဲ့ စကားကို စိတ်မဝင်စားပါ လောလောဆယ် သူ့ရဲ့စွမ်းအင်များ ချိတ်ပိတ်ခံထားရနေတဲ့အတွက် စိတ်ပျက်နေခဲ့သည်။
ထိုချိန်မှာ စနစ်မှ "ဧကရာဇ်နယ်မြေမှ စနစ်ရှင်အား ကြိုဆိုပါတယ်ရှင့် ၊ စနစ်ရှင်သည် မူလနယ်မြေနဲ့ ဧကရာဇ်နယ်မြေအား အလွယ်တကူ ကူးပြောနိုင်သော်လည်း ကျင့်ကြံခြင်း စွမ်းအားများအား ချိတ်ပိတ်ခံထားရပါမည် ၊ စနစ်ရှင်ရဲ့အားသာချက်စွမ်းအားကတော့ ဧကရာဇ်နယ်မြေတွင် နတ်ဘုရားအဆင့်ကျင့်ကြံသူထွက်ပေါ်လာခဲ့ရင်တောင် စိတ်ကူးနဲ့တင် သတ်ဖြတ်နိုင်မည်ဖြစ်သည် " လို့ ချောင်ဖုန်းအား အသိပေးလိုက်လေသည်။
ချောင်ဖုန်းသည် နတ်ဘုရားတစ်ပါးကိုတောင် စိတ်ကူးနဲ့တင် သတ်ဖြတ်နိုင်သည်ဟု ကြားလိုက်တဲ့အခါ အံ့အားသင့်သွား၏။
နတ်ဘုရားတစ်ပါးကိုတောင် သတ်ဖြတ်နိုင်သာ စွမ်းအားမျိုးရှိမည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။
ချောင်ဖုန်းသည် သူ့အား ကယ်ဆယ်လိုက်သော မိန်းမလှပျိုလေးအား ဂရုမစိုက်ဘဲ ဒုတိယထပ်သို့ မြေပြင်ပေါ်ကို ခုန်ဆင်းမလို့ လုပ်ချိန်မှာ ရီချုံသည် "အကိုကြီး.......ရီချုံတို့ကိုပါ သေစေချင်နေတာလား " ဟု သတိပေးလိုက်သည်။
ထိုအခါချောင်ဖုန်းသည် "ဟုတ်သားပဲ ..."ဟု ပြောကာ ရယ်လိုက်ပြီး လှေကားထစ်မှ အောက်သို့ ပြန်ဆင်းသွား၏။ အဖြူဝတ်စုံနဲ့ မိန်းမပျိုသည် ချောင်ဖုန်းအား စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။
ချောင်ဖုန်းသည် တရွေ့ရွေ့နဲ့ လမ်းလျှောက်လာခဲ့ချိန်မှာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် ချောင်ဖုန်းရှေ့မှာ ပေါ်လာခဲ့၏။ ထိုလူသည် ချောင်ဖုန်းခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက်ကို မခံစားရတဲ့အတွက် အံ့အားသင့်နေခဲ့သည်။
ဧကရာဇ်နယ်မြေအတွင်းတွင် သာမန် သေမျိုး လူသားစင်စစ်မရှိပေ။ဧကရာဇ်နယ်မြေရှိလူများသည် အနိမ့်ဆုံးကျင့်ကြံသူတောင် ဧကရာဇ်နယ်ပင်အဆင့်စွမ်းအားမျိုးရှိ၏။
အနီရောင် ဝတ်ဆင်ထားသောလူသည် "ငါ့နာမည်က ချင်ဖီးရှောင်ပါ ဧကရာဇ်နယ်မြေက လူတွေကတော့ ငါ့ကို ချင်ကာကွယ်သူလို့ ခေါ်ကြတယ် ၊ မိတ်ဆွေရဲ့ နာမည်ကရော " ဟု ချောင်ဖုန်းရဲ့ နာမည်အား ရိုရိုသေသေ မေးလိုက်သည်။
ချောင်ဖုန်းရဲ့ ကျင့်ကြံမှု အဆင့်သည် သူ့ထက်သာလွန်နေသည်ဟု
အနီရောင်ဝတ်စုံဖြင့် လူသည် ထင်နေခဲ့၏။ထို့ကြောင့် ချောင်ဖုန်းအား မလေးမစား မဆက်ဆံရဲပေ။ ချောင်ဖုန်းသည် "ငါ့နာမည်က............ ရီချောင်ဖုန်း " ဟု ပြောလိုက်ပြီး သူသိချင်သော အရာများကို မေးလိုက်သည်။
ထိုအခါ ချင်ဖီးရှောင်သည် ချောင်ဖုန်းမှ သူ့အား စိတ်ဓာတ်စမ်းတာလားဟု တွေးထင်ကာ အကြောင်းအရာများကို ပြောပြလိုက်၏။
ချောင်ဖုန်းရောက်ရှိလာသော နေရာတွင်ဧကရာဇ်နယ်မြေ ၊ နတ်ဆိုးနယ်မြေ ၊ ကောင်းကင်နန်းတော်နယ်မြေ ၊ မသေမျိုးနယ်မြေ ၊ ကန္တာရနယ်မြေ ၊ ပင်လယ်မီးလှိုင်းနယ်မြေ နှင့် ရေခဲစွယ်နယ်မြေ ဟု၍ နယ်မြေ ၇ မျိုး ခွဲခြားသတ်မှတ်ထားသည်။
ထို နယ်မြေ ၇ခုလုံးအား အနိူင်းမဲ့အဆင့်ကျင့်ကြံသူများက ကာကွယ်စောင့်ရှောက်ထား၏။ နယ်မြေ ၇ခုလုံးရှိ လူများသည် အနိူင်းမဲ့အဆင့် ကျင့်ကြံသူများနဲ့ ဆက်နွယ်သော အမျိုးနွယ်ဝင်များပင် ဖြစ်သည်။
သို့သော် အနိူင်းမဲ့အဆင့်ကျင့်ကြံသူများသည် ကျင့်ကြံရင်း ပျောက်ကွယ်နေကြတဲ့အတွက် သူ့တို့ရဲ့ မျိုးဆက်များမှာ မောက်မာစွာ မနေရဲပေ။
ချောင်ဖုန်းသည် စနစ်မှ ဆုလာဒ်အဖြစ် ပေးသော နယ်မြေသည် အထက်နယ်မြေ ဖြစ်နေမလားဟု ခန့်မှန်းနေခဲ့၏။ ချင်ဖီးရှောင်သည် အသက်ငယ်ရွယ်သေးသော်လည်း နတ်နယ်ပယ် အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ချင်ဖီးရှောင်သည် ဧကရာဇ်နယ်မြေ၏ ပြသာနာများကို ကာကွယ်စောင့်ရှောက်ရသော တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်၏။ သူ၏ ဘိုးဘေးဖြစ်သော အနိူင်းမဲ့နယ်ပယ်အဆင့် ကျင့်ကြံသူသည် ပျောက်ကွယ်နေတာ အလွန်ကြာပြီဖြစ်တဲ့ ချင်ဖီးရှောင်တို့ မျိုးနွယ်စုသည် အင်အားကြီးမားသော ကျင့်ကြံသူများ၏ အမိန့်ကို နာခံရကြောင်း ပြောပြလိုက်သည်။
ချင်ဖီးရှောင်တို့ မျိုးနွယ်စုသည် ထိုတာဝန်ကို မလုပ်ချင်ပေ။ တခြားသူများကဲ့သို့ ကျင့်ကြံခြင်းကို အာရုံစိုက်ချင်ကြ၏။ ချောင်ဖုန်းသည် ချင်ဖီးရှောင်အား အံ့အားသင့်စေသော စကားလုံးများကို ပြောလိုက်သည်။
ထိုစကားကတော့ သူတပည့်အဖြစ် ခံယူခိုင်းခြင်းပင် ဖြစ်၏။
ချင်ဖီးရှောင်သည် ချောင်ဖုန်းက သူ့အား တပည့်အဖြစ်ခံယူခိုင်းတဲ့အတွက် ဆွံ့အသွားလေသည်။
ချောင်ဖုန်းသည် သူ့သို့လှောင်ကွင်းလက်စွပ်ထဲမှ အသွင်ကိုးမျိူးမရဏဓားအား ထုတ်လိုက်၏။ ထို့နောက် ဓားကို မြေပေါ်သို့ ထောက်ထားလိုက်ပြီး "ဘယ်လိုလဲ ငါ့တပည့်ဖြစ်ဖို့ ဆန္ဒရှိပြီလား......" ဟု မေးလိုက်သည်။
ချင်ဖီးရှောင်သည် ချောင်ဖုန်းလက်ထဲမှ ဓားကို တွေ့တဲ့အခါ အံ့အားသင့်စွာဖြင့် ကျောက်ရုပ်သဖွယ် ကြည့်နေခဲ့၏။ နယ်မြေ ၇ခု ကို အုပ်ချုပ်နေသော အဆင့်မြင့် ကျင့်ကြံသူသည် အသွင်ကိုးမျိုး မရဏဓားကို ယနေ့အချိန်ထိ ရှာဖွေနေတုန်းပင် ဖြစ်သည်။
ဒဏ္ဍာရီထဲတွင် ပျောက်ဆုံးနေသော ဓားတစ်လက်သည် ချောင်ဖုန်းလက်ထဲတွင် မျက်မြင်တွေ့နေရတဲ့အခါ ချင်ဖီးရှောင်သည် သူ့ကိုယ်သူတောင် မယုံနိုင်ပေ။ထို့အပြင် ချင်ဖီးရှောင်သည် သူသာ ချောင်ဖုန်းရဲ့ တပည့်အဖြစ်ခံယူမည်ဆိုရင် ထိုဓားကို ပိုင်ဆိုင်ရမည့်ဖြစ်တဲ့
အိပ်မက်မက်နေသလားဟု တွေးထင်နေခဲ့၏။
ချောင်ဖုန်းသည် ပြတ်သွားစွာဖြင့် "မင်းစိတ်မဝင်စားဘူးဆိုရင်တော့.......ငါရှေ့ကဘေးဖယ်လိုက်တော့" လို့ ပြောလိုက်သည်။ ချင်ဖီးရှောင် သူအိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာ သိသွားတဲ့အခါ ဒူးထောက်လိုက်ပြီး "ဖီးရှောင်......ဆရာကို အရိုအသေပြုပါတယ်" ဟု ပြောကာ ဂါဝါရပြုလိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးသည် အံ့အားသင့်သွားသည်။ထိုမိန်းကလေးသည် ချောင်ဖုန်းတို့အနားကို ရောက်ရှိလာပြီး "သခင်လေးချင်......ရှင်ဘာလုပ်နေတာလဲ "ဟု မေးလိုက်၏။
ချောင်ဖုန်းသည် ဓားအား ချင်ဖီးရှောင်ကို ပေးလိုက်ပြီး နောက်မှ ပြန်တွေ့မယ်လို့ ပြောကာ ပျောက်ကွယ်သွားခဲ့သည်။ချောင်ဖုန်းသည် သူတို့ရှေ့တွင် လုံးဝပျောက်ကွယ်သွားတဲ့အခါ ကျန်ခဲ့သော နှစ်ယောက်သည် ချောင်ဖုန်းအား အနိူင်းမဲ့နယ်ပယ်အဆင့်ကျင့်ကြံသူ ဘိုးဘေးအကြီးအကဲဟု ထင်သွားကြ၏။
ပီပီယောင်ဟု ခေါ်သော အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးသည်
ချောင်ဖုန်းအား ပြောဆိုမိတာတွေကို နောင်တရသွားသည်။ချင်ဖီးရှောင်ကတော့ ဝမ်းသာနေလေသည်။ သူ့ရဲ့စိတ်ထဲတွင် သူတို့မျိုးနွယ်စုဘိုးဘေးပြန်ပေါ်လာပြီဟု ထင်နေခြင်းဖြစ်၏။
ချင်ဖီးရှောင်သည် ဓားအားထည့်သိမ်းလိုက်ကာ ပီပီယောင်ကို နှုတ်ဆက်၍ ထိုနေရာမှ ပျံသန်းသွားခဲ့သည်။မှော်အဂ္ဂိရတ်အင်ပါယာ၏ ကျင့်ကြံခြင်းအခန်းထဲတွင် ချောင်ဖုန်းသည် ပြန်လည် ရောက်ရှိလာပြီဖြစ်၏။ ယန်ကျီဟုန်သည် ကျင့်ကြံနေဆဲ ဖြစ်၍ ချောင်ဖုန်းသည် တစ်ယောက်ထဲ ပြန်ထွက်လာခဲ့သည်။
ချောင်ဖုန်းသည် ကျင့်ကြံခန်းအခန်းမှ ထွက်ခွာလာပြီးနောက် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မှာ ဆံပင်အနီရောင်ရှိပြီး နဖူးတွင် အပြာရောင်ကြိုးပတ်စီးထားသော လူလေးယောက်သည် ချောင်ဖုန်းရှေ့က်ု ရောက်ရှိလာခဲ့၏။
ချောင်ဖုန်းသည် ထိုလူတွေအား ဂရုမစိုက်ဘဲ ထွက်သွားမည့်ချိန်မှာ
ထိုလေးယောက်ထဲမှ လင်းထန်စန်းဟု ခေါ်သော လူရဲ့ လက်သည် ချောင်ဖုန်း ပုခုံးပေါ်ကျရောက်လာခဲ့သည်။ လင်းထန်စန်းသည် သူ့ရဲ့ ကျန်လက်တစ်ဖက်ရှိ သံမဏီတုတ်ချောင်းအား လှည့်ကစားလိုက်ပြီး "အသားမနာချင်ရင်........ငါတို့ခေါ်ရာ အေးဆေးလိုက်ခဲ့" လို့ ခြိမ်းခြောက်လိုက်၏။
ချောင်ဖုန်းသည် တစ်ချက်ပြုံးလိုက်သည်။လင်းထန်စန်းသည် "မင်းက ဘာရီတာလဲ " လို့ ပြောနေချိန်မှာ လက်သီးစွမ်းအင်တစ်ချက်သည် သူ့မျက်စိတည့်တည့်သို့ ကျရောက်လာခဲ့၏။ လင်းထန်စန်းသည် အလွန်လျင်မြန်သော လက်သီးစွမ်းအားကြောင့် လုံးဝမရှောင်ရှားနိုင်ပေ။
လင်းထန်းစန်းသည် ကျောက်နံရံနဲ့ ဆောင့်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မလှုပ်ရှားနိုင် ဖြစ်သွား၏။ထိုအခါ ကျန် ၃ယောက်သည် လင်းထန်းစန်းအား ပြေးထူလိုက်ပြီး ထွက်ပြေးဖို့ကြံလိုက်သည်။
သို့သော် လေးယောက်လုံးသည် လွင့်ပြန်ထွက်သွားကာ သွေးကြောများစွာ ပျက်စီးသွားပြီး ဒန်တျန်ပါ ထိခိုက်သွားခဲ့၏။ ထိုလူတွေသည် မြေပြင်ပေါ်တွင် သတိလစ်သွားတဲ့အခါမှသာ ချောင်ဖုန်းနဲ့ ရီဟန်သည် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။