← Chapters

chapter(173)

Vol. 13 Ch. 173

chapter(173)

Vol. 13 Ch. 173

အသန့်စင်ဆုံးစနစ် အခန်း(173)

အင်ပါယာနတ်ဘုရားရဲတိုက်၏ စစ်သည်တော်တစ်ယောက်သည် ချောင်ဖုန်းရှေ့သို့ ရောက်ရှိလာ၏။ထိုစစ်သည်တော်သည် ဒူးတစ်ဖက်ထောက်လိုက်ပြီး ကျွီတန်ရှီစီစဥ်ထားသော အကြောင်းအရာကို ပြောပြလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူအား လမ်းပြခိုင်းလိုက်၏။ အခန်းတစ်ခန်းထဲတွင် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းရှိ ဂိုဏ်းချုပ်များသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်သစ်အား မြင်တွေ့ဖူးချင်တဲ့အတွက် စောင့်ဆိုင်းနေကြသည်။

ထိုချိန်မှာ ရီဟန် ၊ ချောင်ဖုန်း၊ ကျွီတန်ရှီနဲ့ ကျွီတန်လွီတို့သည် အခန်းအတွင်းသို့ ဝင်လာခဲ့၏။ အားလုံးသည် ချောင်ဖုန်းကို တွေ့မြင်ရတဲ့အခါ ခေါင်းဆောင်သစ်သည် ခုလောက်ထိ ငယ်ရွယ်မည်ဟု မထင်ထားခဲ့ချေ။

ချောင်ဖုန်းသည် နောက်ကို အေးဆေးပင် မှီလို့ ရသော အနက်ရောင်ထိုင်ခုံကြီးပေါ်မှာ ထိုင်လိုက်သည်။ရီဟန်ကတော့ ချောင်ဖုန်းနားမှာ သက်တော်စောင့်အဖြစ် ရပ်လို့နေလေသည်။ထိုအခါ ဂိုဏ်းချုပ်အသီးသီးသည် သူတို့ထိုင်ခုံများမှ ထလိုက်ပြီး ချောင်ဖုန်းအား ကြိုဆိုလိုက်၏။

ချောင်ဖုန်းသည် ခေါင်းတချက်ငြိမ့်ပြလိုက်တဲ့အခါ အားလုံးသည် သူတို့ ထိုင်ခုံများတွင် ပြန်ထိုင်လိုက်ကြသည်။ထိုချိန်တွင် စနစ်မှ ချိုသာသော မိန်းကလေးငယ်အသံလေး ထွက်ပေါ်လာခဲ့၏။

{စနစ်ရှင်သည်........မှော်အဂ္ဂိရတ်အင်ပါယာတစ်တိုင်းပြည်လုံးအား သန့်စင်သော နယ်မြေအဖြစ် ပြောင်းလဲပေးရန် တာဝန်ရရှိပါသည်}

ချောင်ဖုန်းသည် သူဘာလုပ်ရမလဲဆိုတာ ချက်ချင်းသိရှိသွား၏။ ချောင်ဖုန်းသည် ထိုင်နေရာမှ ထလိုက်ပြီး သူ့ရှေ့ရှိ အလွန်ပင် ရှည်လျားသော စားပွဲခုံကြီးအား လက်နှစ်ဖက်ပင် ထောက်ကာ "ဒီထဲမှာ ငါ့နောက်လိုက်ဖို့ ဘယ်သူစိတ်ဝင်စားလဲ " ဟု မေးလိုက်သည်။

ချောင်ဖုန်းရဲ့စကားကြောင့် အားလုံးသည် ကြောင်တောင်တောင် ဖြစ်၍ သွား၏။ အင်ပါယာနတ်ဘုရားရဲတိုက်အနီးရှိ ဂိုဏ်းတချို့သည် "ခေါင်းဆောင်....... ကျွန်တော်တို့ကတော့ ဂိုဏ်းချုပ်အမိန့်ကို နာခံဖို့ အဆင့်သင့်ပါ " ဟု လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်ကြသည်။

အင်ပါယာနတ်ဘုရားရဲတိုက်သည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်၏ အင်အားအကြီးမားဆုံး ထောင့်တိုင် တစ်ခုဆိုသော်များလည်း တိုင်းပြည်အတွင်းရှိ ဂိုဏ်းများကတော့ သူ့လက်အောက်တွင် မရှိသေးပေ။

ရွှေရောင်မီးတောက်ဂိုဏ်းမှ ဂိုဏ်းဟောင်လုရုံသည် "ကြည့်ရတာ.......အင်ပါယာနတ်ဘုရားရဲတိုက်က ဂိုဏ်းကြီးတွေကို လက်ဖဝါးအုပ်ဖို့ ကြံစည်နေတာလား " လို့ သူ့လက်ထဲမှ ယက်တောင်အား ခတ်ကစားရင်း ပြောလိုက်၏။

သို့သော် သူပြောနေချိန်အတွင်းမှာပဲ ဂိုဏ်းအများစုသည် ချောင်ဖုန်းရဲ့ လက်အောက်ကို ခိုလှုံသွားပြီဖြစ်သည်။ ထိုအခါ ဟောင်လုရုံသည် အံ့အားသင့်သွား၏။ သူသည် အဆင့်၆ ဆေးလုံးဖော်စပ်နေတဲ့အတွက် အင်ပါယာနတ်ဘုရားရဲတိုက်တွင် ၂ရက် ၃ရက်အတွင်းဖြစ်ပျက်သွားသော အ​ကြောင်းအရာများအား မသိရှိသေးပေ။

ချောင်ဖုန်းသည် သူ့လက်အောက်ဝင်လာသော ဂိုဏ်းများအား ကျွီတန်ရှီအား စားရင်းမှတ်ခိုင်းလိုက်ပြီ အင်အားအစဥ်လိုက် ရာထူးပေးဖို့ ချက်ချင်းစီစဥ်ခိုင်းလိုက်၏။

ချောင်ဖုန်းရဲ့ အဂ္ဂိရတ်ပညာအရည်အချင်းနဲ့ ကျင့်ကြံမှု အဆင့်သည် သူတို့ လက်လှမ်းမမှီနိုင်တဲ့အတွက် ချောင်ဖုန်းရှိမှ ပညာများ သင်ယူဖို့ ဂိုဏ်းအများစုသည် ချောင်ဖုန်းလက်အောက်သို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ဟောင်လုရုံနဲ့ ဂိုဏ်းချုပ်အနည်းငယ်သာ တွေဝေနေခဲ့သည်။ ဒါပေမယ့် သူ့တို့ထက် အင်အားကြီးမားသော ဂိုဏ်းတွေတောင် ချောင်ဖုန်းလက်အောက်ကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ မှော်အဂ္ဂိရတ်အင်ပါယာတစ်တိုင်းလုံးရှိ ဂိုဏ်းအားလုံးသည် အင်ပါယာနတ်ဘုရား ရဲတိုက်၏ လက်အောက်သို့ ရောက်ရှိသွားခဲ့၏။

ချောင်ဖုန်းသည် ထိုအတွက် အားလုံးကို ဆုချီးမြှင့်မယ်ဟု ပြောလိုက်တဲ့အခါ ဂိုဏ်းချုပ်များသည် သူတို့ မျှော်လင့်သလို ဖြစ်လာတဲ့အတွက် ဆုရရှိရန် အချိန်တောင် မစောင့်ချင်ကြတော့ပေ။ ထို့နောက် အားလုံးသည် ချောင်ဖုန်းအား အရိုအသေပြုကာ သူတို့ဂိုဏ်းအသီးသီးသို့ ပြန်သွားကြ၏။

ထို့နောက် ချောင်ဖုန်းသည် ဆေးဖော်စပ်ခြင်းနည်းလမ်းစာလိပ် ၊ နှစ်ထောင်ချီ သက်တမ်းရှိသော ဆေးအမယ်များ နဲ့ သူတို့နဲ့ သင့်တော်သော ရာထူးအမိန့်ပြားများကို ဂိုဏ်းအသီးသီးကို ပို့ဆောင် စေခိုင်းခဲ့သည်။

ဖူရှောင်တန်သည် ချောင်ဖုန်းရှာဖွေခိုင်းထားသော ဝူတိုင်းပြည်မှ လူကို ရှာတွေ့ပြီဖြစ်ကြောင်း ချောင်ဖုန်းအား တင်ပြလိုက်၏။ချောင်ဖုန်းသည် ဖူရှောင်တန်နဲ့ ချက်ချင်းပင် လိုက်ကြည့်လိုက်သည်။

ချောင်ဖုန်းသည် နှစ်ထပ်ရှိသော ကုတင်၏ အပေါ်မှ အဖိုးအိုအား တွေ့လိုက်ရ၏။ ထိုအဖိုးအိုသည် အမှန်တကယ်ပင် ဝူဘုရင်ပင် ဖြစ်နေခဲ့သည်။ ယွင်ချီသည် အာဏာရရှိဖို့အက်နဲ့ အဖေအရင်းဖြစ်သော သူ့အားမ၅ါအရန်သူတွေ လက်ထဲပို့ခဲ့တာကြောင့် ဝူဘုရင်သည် စိတ်မကောင်း ဖြစ်နေခဲ့၏။

ချောင်ဖုန်းသည် ဝူဘုရင်အား ပြန်ပို့ပေးဖို့ ရက်အနည်းငယ်စောင့်ခိုင်းဖို့ ပြောသည်။ ဝူဘုရင်သည် ချောင်ဖုန်းက သူ့အား သိနေတဲ့အတွက် အံ့အားသင့်ကာ အခန်းငယ်အတွင်းတွင် ကျန်နေခဲ့လေသည်။

မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တွင် သတ်ဖြတ်ခြင်းနန်းတော်လိုမျိုး ဖြစ်မလာစေရန် ချောင်ဖုန်းသည် တစ်စုံတစ်ရာ သံသယဖြစ်ပေါ်လျှင် သူ့အား အကြောင်းကြားရန် အားလုံးအား အမိန့်ပေးထာ၏။

မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်၏ အစွန်းအဖျားတွင် အလွန်ရက်စက်ယုတ်မာသောအဖွဲ့အစည်း ထွက်ပေါ်လာကြောင်း ခ​ျောင်းဖုန်းသည် သတင်းရရှိသွားခဲ့၏။ ချောင်ဖုန်းသည် သူမျှော်လင့်စောင့်ဆိုင်းနေသော နေ့သည် ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ​နေရာအတိအကျအား မေးမြန်းပြီး ရီဟန်နဲ့ အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ချောင်ဖုန်းသည် မိနစ်ပိုင်းအတွင်းမှာပဲ လွင်တောင်ပိုင်းနယ်မြေလို့ ခေါ်သော နေရာကို ရောက်ရှိလာခဲ့၏။ ထိုနယ်မြေတွင် သတ်ဖြတ်ခြင်းနန်းတော်ကဲ့သို့ အဂ္ဂိရတ်ပညာရှင်များကို ဖမ်းဆီးနေသော

အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုသည် တိုင်းပြည်နှစ်ခုအား အသွားအလာလုပ်နေသော အဂ္ဂိရတ် ပညာရှင်များကို ဖမ်းဆီးရန် စောင့်ဆိုင်းနေကြသည်။

ချောင်ဖုန်းန​ဲ့ရီဟန်သည် ထိုနယ်စပ်နယ်မြေကို ရောက်တဲ့အခါ သာမာန်လူကဲ့သို့ လမ်းလျှောက်လာခဲ့၏။ ထိုနေရာတွင် သစ်ပင် ဝါးပင်များ မရှိတဲ့အတွက် နေရောင်သည် လင်းထိန်စွာ ရှိနေလေသည်။

ချောင်ဖုန်းတို့ ရောက်ရှိလာတ​ဲ့အခါ ဗိုက်ပူပူ ဂတုံးပြောင်ပြောင်ဖြင့် လူတစ်ယောက်သည် သူ့သံတုတ်ချောင်းကြီးကို ကိုင်ကာ

ဘယ်ဘက်လက်အား ဖြည်းညှင်းစွာ ရိုက်နေရင်း "ဟားဟားဟား.........ဒီနေ့ငါတို့ ထပ်စောင့်လိုက်တာ တော်တော်အကျိုးအမြတ်ရှိသွားပြီပဲ " ဟု သူ့လူများနဲ့အတူ ရယ်မောကာ

ပြောလိုက်၏။

ထိုချိန်မှာ "ဝမ်ကျောက်......မင်းဘာတွေ အချိန်ဆွဲနေတာလဲ " လို့ လူတစ်ယောက်သည် ဒေါသ ထွက်စွာ ဖြင့် ပြောလိုက်၏။ ထိုအခါ ဝမ်ကျောက်ဟု ခေါ်သော ဗိုက်ပူပူကတုံးဖြင့်လူသည် ရယ်လိုက်ပြီး "ဟီးဟီးဟီး.........သခင်လေးရွမ် ၊ ဒီကိစ္စက အလောတကြီး ဆောင်ရွက်လို့ မရဘူးလေ " ဟု ပြန်ပြောလိုက်သည်။

ချောင်ဖုန်းသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "မင်းတို့ထဲမှာ......ဘယ်သူက ခေါင်းဆောင်လဲ " ဟု မေးလိုက်၏။ ထိုအခါ ရွမ်တိုင်ဟု ခေါ်သော လူသည် ချောင်ဖုန်းအား ထူးဆန်းသလို ကြည့်နေခဲ့လေသည်။

ချောင်ဖုန်းသည် သူတို့အား ဂရုမစိုက်စွာ လေသံဖြင့် ပြောလာတဲ့အခါ ဝမ်ကျောက်သည် "ခွေးကောင်.......မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ် " လို့ ပြောလိုက်၏။ ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့် ရောက်ရှိလာတဲ့အခါ နတ်ဘုရားပလ္လင်းအလင်းစွမ်းအားသည် ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့သည်။

ဝမ်ကျောက်သည် နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးစွမ်းအား အရှိန်အဝါအား ထုတ်လိုက်ပြီး သူ့သံတုတ်ချောင်းအား မြေကြီးဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး ချောင်ဖုန်းအား ပြေးဝင်ကာ တိုက်ခိုက်လိုက်၏။

သို့သော် ဝမ်ကျောက်သည် ချောင်ဖုန်း၏ နတ်ဘုရားပလ္လင်အလင်းစွမ်းအားရဲ့ ရိုက်ခတ်မှုနဲ့ ထိတွေ့တဲ့အခါ တစ်ကိုယ်လုံးသည် ချက်ချင်းပင် ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး လေထဲမှာပင် ပျောက်ကွယ်သွားလေသည်။

ရွမ်တိုင်မှ လွဲ၍ ကျန်သောလူအားလုံးသည် ဘာမှမရှိတော့သလိုပင် ပျောက်ကွယ်၍ သွား၏။ ရွမ်တိုင်သည် ကြောက်လန့်၍ သွားပြီး ချောင်ဖုန်းအား ဒူးထောက်ကာ တောင်းပန်ပါတော့သည်။ ချောင်ဖုန်းရဲ့စွမ်းအားသည် သူ့အဖေထက် သာလွန်နေလိမ့်မည်ဟု ရွမ်တိုင်သည် မထင်ထားခဲ့ပေ။

ချောင်ဖုန်းသည် အသက်ရှင်ချင်သေးရင် တစ်ခုမကျန် သူ့အားပြောပြဖို့ ပြောလိုက်၏။ရွမ်တိုင်သည် ကြောက်ရွံစွာနဲ့ အမှန်အတိုင်းပင် ပြောပြလိုက်သည်။

လွန်ခဲ့သော ၁၀နှစ်တွင် ရွမ်တိုင်တို့ဂိုဏ်းသည် မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်နဲ့နီးကပ်စွာရှိသော ချန်အင်ပါယာတိုင်းပြည်ရဲ့ပါးမွှားဂိုဏ်း တစ်ခုပင် ဖြစ်၏။ သို့သော် တစ်နေ့တွင် အပေါ်ထပ်ဝတ်ရုံနီခြုံထားသော လူသုံးယောက်သည် သူ့အဖေနဲ့ တွေ့ဆုံပြီး ဂိုဏ်းမှ ပြန်ထွက်သွားခဲ့သည်။

All Chapters