← Chapters

chapter(174)

Vol. 13 Ch. 174

chapter(174)

Vol. 13 Ch. 174

အသန့်စင်ဆုံးစနစ် အခန်း(174)

ထို့နောက် တစ်နှစ်အတွင်းမှာပဲ သူ့အဖေသည် နတ်နယ်ပယ်အဆင့်မှ ဝိညဥ်နယ်ပယ်အဆင့်သို့ ခုန်တက်သွားခဲ့ပြီး ကျန်ရှိသော လက်အောက်အကြီးအကဲများသည်လည်း ကျင့်ကြံခြင်းအဆင့်များ ထိုးတက်လာခဲ့၏။

ထိုအချိန်ကစပြီး ရွမ်တိုင်ရဲ့အဖေသည် အဂ္ဂိရတ်ပညာရှင်များနဲ့ ကျင့်ကြံသူအများအပြားကို ဖမ်းဆီးထားပြီး ဂိုဏ်းရဲ့ အချုပ်ခန်းထဲတွင် ချုပ်နှောင်၍ ထားသည်။ဒါပေမယ့် ရွမ်တိုင်သည် သူ့အဖေလုပ်ရပ်များအား သဘောမကျပေ။

ထို့ကြောင့် ဖမ်းမိထားသော လူများကို တိတ်တဆိတ်လွှတ်ပေးလေ့ရှိ၏။ ချောင်ဖုန်းသည် ရွမ်တိုင်ရဲ့ စကားများကို ကြားပြီးနောက် "ကောင်းပြီလေ.......မင်းငါ့ကို ညာရဲရင်တော့ ငါမင်းကို အရှင်ထားမှာ မဟုတ်ဘူး " ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် ရွမ်တိုင်အား ခေါ်ဆောင်၍ မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်အတွင်းကို ရောက်နေသော အဖွဲ့များရှိနေသော နေရာများကို ရွမ်တိုင်အား မြေပုံပေါ်တွင် ထောက်ပြခိုင်းလိုက်၏။

မှော်အဂ္ဂိရတ်အင်ပါယာထဲတွင် အဂ္ဂိရတ်ပညာရှင်များကို ဖမ်းဆီးရန်အတွက် အဖွဲ့ပေါင်းများစွာ ရောက်ရှိနေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားခဲ့ချေ။ချောင်ဖုန်းသည် ရွမ်တိုင်အား လေဟာနယ်အက်ကွဲကြောင်းမှ တဆင့် အင်ပါယာနတ်ဘုရားရဲတိုက်သို့ ခေါ်ဆောင်လာခဲ့၏။

အင်ပါယာနတ်ဘုရားရဲတိုက်၏ အခန်းတစ်ခန်းထဲတွင် ရွမ်တိုင်း ၊ ရီဟန်နဲ့ ချောင်ဖုန်းတို့သုံးယောက်သည် ကျွီတန်ရှီအား ထိုင်စောင့်နေခဲ့သည်။ ချောင်ဖုန်း ပြန်လည်ရောက်ရှိလာတာ သိသော်အခါ ကျွီတန်ရှီနဲ့ ကျွီတန်လွီသည် ချက်ချင်းရောက်ရှိလာပြီး ချောင်ဖုန်းအား "ခေါင်းဆောင်အား အရိုအသေပေးပါတယ် " ဟု ပြောကာ ဒူးထောက်အရိုအသေပြုလိုက်၏။

ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်ဖြစ်နေလိမ့်မည်ဟု ရွမ်တိုင်သည် မထင်ထားခဲ့ချေ။ မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တွင် အင်ပါယာနတ်ဘုရားရဲတိုက်၏ အင်အားသည် အင်အားအကြီးမားဆုံးဖြစ်သည်ဟု ရွမ်တိုင်သည် သိရှိထား၏။

ရွမ်တိုင်သည် ခြေဖျားလက်ဖျားများပင် အေးစက်နေခဲ့သည်။ သူ့လက်ချောင်းလေးများ တုန်တုန်ခါခါဖြင့်ချောင်ဖုန်းအား ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။ ကျွီတန်ရှီသည် သူတို့ရဲ့ အဂ္ဂိရတ်ပညာရှင်များ တချို့ ထပ်မံပျောက်ဆုံးနေတဲ့အကြောင်း ချောင်ဖုန်းအား ပြောပြလိုက်၏။

ထိုအခါ ချောင်ဖုန်းသည် မြေပုံစာလိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ မြေပုံစာလိပ်ပေါ်တွင် အနီရောင် ကြက်ခြေခတ်များကို တွေ့တဲ့အခါ ကျွီတန်ရှီသည် "ခေါင်းဆောင်.......ဒါက" ဟု မေးမြနလိုက်၏။

ရွမ်တိုင်သည် ကြောက်ကြောက်ရွံရွံနဲ့ အဖြစ်မှန်များကို ပြောပြလိုက်သည်။ ကျွီတန်ရှီသည် သူဘာလုပ်ရမလဲ သိသွားပြီး ချောင်ဖုန်းကို အရိုအသေပြုကာ ကျွီတန်လွီနဲ့အတူ ပြန်၍ ထွက်ခွာ၍ သွား၏။

ချောင်ဖုန်းသည် "ဝတ်ရုံနီဂိုဏ်း ဒီတစ်သက်မင်းငါ့ကို နှိပ်စက်လို့ ပြီးအုံးမှာလား......" ဟု ညဥ်းတွားလိုက်ပြီး ရွမ်တိုင်ကို ခေါ်ကာ

ချန်အင်ပါယာတိုင်းပြည်ကို ထွက်ခွာလာပါတော့သည်။ ရွမ်တိုင်သည် သူ့အဖေအား မသတ်ဖြတ်ဖို့ လမ်းတစ်လျှောက်လုံး တောင်းပန်နေခဲ့၏။

ချန်အင်ပါယာတိုင်းပြည်ရှိ ရွှေဝက်ဝံဂိုဏ်းရှေ့တွင် လူပေါင်းများစွာ ရောက်ရှိနေတဲ့အတွက် ရွမ်တိုင်သည် ​ဘာများဖြစ်တာလဲဟု လူတစ်ယောက်အား ပြေးမေးလိုက်သည်။ရွမ်တိုင်သည် သူကိုယ်သူ သိုဝှက်စွာနေသောကြောင့် ရွှေဝက်ဝံဂိုဏ်းချုပ်၏ သားမှန်း ဘယ်သူမှ မသိရှိပေ။

ရွှေဝက်ဝံဂိုဏ်း၏ ဂိုဏ်းချုပ်ယွမ်ရုန်သည် ဂိုဏ်းအတွင်းသို့ ဝင်ခိုလှုံမည့် လူများသည် ကျင့်ကြံမှုစွမ်းအားနှစ်ဆမြန်ျစမည့် ဆေးလုံးအ လစဥ် ရရှိနိုင်မည် ဖြစ်ကြောင်း ကြေညာထား၏။

ထို့ကြောင့် ဂိုဏ်းမရှိသော ကျင့်ကြံသူများသည် ရွှေဝက်ဝံဂိုဏ်းကို ဝင်နိုင်ဖို့ တန်းစီနေကြခြင်းပင် ဖြစ်ကြောင်း ရွမ်တိုင်အား ရှင်းပြလိုက်သည်။ချောင်ဖုန်းသည် သားတစ်ယောက်အနေနဲ့ အဖေတစ်ယောက်ကို ဆုံးရှုံးရမည် ဆိုလျှင် သေလောက်အောင် ခံစားရမည်ကို ကိုယ်ချင်းစာ၍ ယွမ်ရုန်အား ပြင်းထန်သော ပြစ်ဒဏ်ကို ပေးဖို့ ဆုံးဖြတ်ထားလေသည်။

လူအုပ်ကြီးသည် ရွှေဝက်ဝံဂိုဏ်း၏ ဝင်ပေါက်ဝကို ပိတ်ထားသဖြင့် ချောင်ဖုန်းသည် လေဟာနယ်အက်ကွဲကြောင်းထဲမှ တဆင့် ရွှေဝက်ဝံဂိုဏ်းအတွင်းသို့ ဝင်လာခဲ့၏။ ရွှေဝက်ဝံဂိုဏ်းအတွင်းသို့ ရောက်ရှိလာတဲ့အခါ မိန်းကလေးတစ်ယောက်သည် ချောင်ဖုန်းတို့ရှိ ပြေးလာခဲ့သည်။

ထိုမိန်းကလေးကတော့ ရွမ်တိုင်၏ မိန်းကလေးပင် ဖြစ်သည်။ ယုဟွမ်ဟု ခေါ်သော မိန်းကလေးသည် "စီနီယာအကိုရွမ်.......ရှင်ဒီရက်ပိုင်း ဘယ်တွေသွားနေတာလဲ ၊ နောက်ပြီး သူတို့ နှစ်ယောက်ကရော ဘယ်သူတွေလဲ " ဟု ချောင်ဖုန်းတို့အား ကြည့်ပြီး ရွမ်တိုင်ကို မေးလိုက်၏။

ထိုချိန်မှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် လမ်းလျှောက်လာခဲ့ရင်း "ဆရာတူညီမလေးယုဟွမ်......အသုံးမကျတဲ့ကောင်နဲ့အတူ ရှိနေမှာတော့ အမှိုက်တွေပဲ နေမှာပေါ့" ဟု လှောင်ပြောင်စွာ ပြောလိုက်သည်။

ထို့နောက် ချီကျန်ရှင်းဟု ခေါ်သော အနက်ရောင်ဝတ်စုံဖြင့်လူသည် ယုဟွမ်ရဲ့ ခါးအား ဖက်လာတဲ့အခါ ယုဟွမ်သည်လည်း ချီကျန်ရှင်းရဲ့ လက်များကို ဆုပ်ကိုင်ထားလိုက်၏။ ရွမ်တိုင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အသဲကွဲများကွဲသလို ခံစားလိုက်ရသည်။

ရွမ်တိုင်သည် လက်ညိုးထိုးကာ "မင်း......မင်းတို့"မှ လွဲ၍ အခြားစကားများထွက်မလာခဲ့ပေ။ ယွမ်ရုန်သည် သူ့နဲ့ပက်သက်ပြီး သူ့သား အန္တရာယ်ရှိမှာ ဆိုး၍ ဂိုဏ်းတပည့်သားအဖြစ်သာ ဂိုဏ်းထဲတွင် နေခိုင်းခဲ့၏။

ရွမ်တိုင်သည် သူ့အဖေပေးတော့ ဆေးလုံးများအား အမြဲလွှတ်ပစ်ခဲ့တဲ့အတွက် ကျင့်ကြံမှုအဆင့်သည် တခြားသူများထက် နိမ့်ကျနေခဲ့၏။ ယွမ်ရုန်သည် သက်တော်စောင့်အချို့ကိုတော့ သူ့သားအား ကာကွယ်ရန် အမြဲစောင့်ကြည့်ခိုင်းထားသည်။

ရွမ်တိုင်ရဲ့ ဖြစ်ရပ်သည် သူ့အတိုင်းပင် ဖြစ်နေတဲ့ ချောင်ဖုန်းသည်

ဘယ်လိုဖြစ်နေလိမ့်မလဲ နားလည်နေခဲ့၏။ ချောင်ဖုန်းသည် မျက်လုံးတစ်ချက် စုံမှိတ်လိုက်တဲ့အခါ ချီကျန်းရှီနဲ့ ယုဟွမ်သည် တစ်ကွဲတစ်ပြားဖြင့်ကာ လွင့်ပြန်ထွက်သွားလေသည်။

ချောင်ဖုန်းသည် လက်နောက်ပစ်လိုက်ပြီး "မင်းခုနက ဘယ်သူကို အမှိုက်လို့ပြောတာလဲ " ဟု မေးလိုက်၏။ ချီကျန်းရှင်းသည် သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ယုဟွမ်ကို ဆွဲထူလိုက်သည်။

ထို့နောက် ရွမ်တိုင်ကို ကြည့်ကာ "ကောင်းတယ်.......မင်းက ငါ့ကို တိုက်ခိုက်ဖို့အတွက် အပြင်လူတွေကို ငှားလာရဲတယ် ၊ အကြီးအကဲတွေကို မင်းဘယ်လို ဖြေရှင်းမလဲ ငါသိချင်မိတယ် " လို့ ဒေါသထွက်စွာပြောရင်း ယုဟွမ်နဲ့ အတူ ထွက်ခွာသွားခဲ့၏။

ရွမ်တိုင်သည် မြေပေါ်သို့ ထိုင်ချလိုက်ပြီး စိတ်ညစ်စွာဖြင့် ငိုင်နေလေသည်။ ထို့နောက် ရွမ်တိုင်သည် ယုဟွမ်အား မေ့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ဘဝကို အစကနေ ပြန်စဖို့ သက်ပြင်းချလိုက်၏။

ထိုချိန်မှာ ချီကျန်းရှီနဲ့ အကြီးအကဲ သုံးလေးယောက်သည် ချောင်ဖုန်းတို့ ရှေ့မှောက်ကို ရောက်ရှိ၍ လာခဲ့လေသည်။ ချီကျန်းရှင်းသည် "ရွမ်တိုင်.......မင်းအကြီးအကဲတွေကို အမှန်အတိုင်း ဝန်ခံဖို့ ငါမျှော်လင့်တယ် " ဟု ပြောလိုက်၏။

ရွှေဝက်ဝံဂိုဏ်းမှ အကြီးအကဲများသည် ရွမ်တိုင်အား ချီကျန်ရှင်း ပြောတာ အမှန်တွေပဲလား လို့ မေးလိုက်သည်။ ရွမ်တိုင်သည် ဘာမှမဖြေကြားတဲ့အခါ အကြီးအကဲတွေသည် ဖမ်းဆီးရန် တိုက်ခိုက်ရေးအရှိန်အဝါများကို ထုတ်လွှင့်လိုက်ပြီး "ရွမ်တိုင်......မင်းက သူစိမ်းနဲ့ပေါင်းပြီး စီနီယာအကိုကို ဒဏ်ရာရစေတဲ့အတွက် နောက်လူတွေ ထပ်မလုပ်ရဲအောင် ငါမင်းကို ပြင်းထန်တဲ့ စံနမူနာအပြစ်ကို ပေးရမည် "ဟု ပြောလိုက်သည်။

အကြီးအကဲတွေသည် စကားဆုံးတာနဲ့ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်ချိန်မှာ "ဘယ်သူငါ့သားကို ထိရဲလဲ......"ဟု သော အသံနဲ့အတူ လူငါးယောက်တစ်ဖွဲ့သည် ရောက်ရှိ၍ လာခဲ့၏။

အကြီးအကဲ အားလုံးသည် အသံကြားရာကို လှည့်ကြည့်လိုက်တဲ့အခါ ရွှေဝက်ဝံဂိုဏ်းချုပ် ယွမ်ရုန်ဖြစ်နေလေသည်

။ ထိုအခါ အကြီးအကဲလေးယောက်ကာ ခါးကုန်း၍ ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်ပြီး "ဂိုဏ်းချုပ်......ဒီနေရာကို ဘယ်လိုလုပ်ရောက်ရှိလာတာလဲ " ဟု မေးလိုက်၏။

ယွမ်ရုန်သည် ဒေါသထွက်စွာဖြင့် ရွမ်တိုင်ရှေ့မှ ကာဆီးလိုက်ပြီး သူ့သားကို ထိရဲတဲ့လူ သတ်ပစ်မည်ဟု ပြောလိုက်သည်။ အကြီးအကဲများသည် ဆွံ့အ၍ သွား၏။ ရွမ်တိုင်သည် ဂိုဏ်းချုပ်၏ သားဖြစ်နေလိမ့်မည်ဟု သူတို့သည် မထင်ထားပေ။

အားလုံးသည် ငေးငိုင်နေချိန်မှာ ချောင်ဖုန်းသည် "ခင်ဗျားတို့ စကား များလို့ ပြီးပြီလား " ဟု အားလုံးကို ပြောလိုက်သည်။ ထိုအခါ ရွှေဝက်ဝံဂိုဏ်း၏ အကြီးအကဲများသည် ရွမ်တိုင်အား တိုက်ခိုက်လို့ မရတော့တဲ့အခါ ချောင်ဖုန်းအပေါ် သူ့တို့ဒေါသများကို ပုံချ၍ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။

မူကျီတုံဟု ခေါ်သော အကြီးအကဲသည် "လူငယ်လေး......မင်းက ကို့ထက်အကြီးအကဲတွေကို ရိုသေရကောင်းမှန်း မသိဘူးပဲ အဲ့ဒီအတွက် ငါမင်းရဲ့မိဘတွေအစား ဆုံးမပေးရမယ်" ဟု ပြောကာ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ချောင်ဖုန်းအား အနီးကပ် ထိုးချလိုက်သည်။

သို့သော် မူကျီတုံသည် ချောင်ဖုန်းရဲ့ အနားကို ရောက်တဲ့အခါ ရပ်တန့်သွား၏။မူကျီတုံသည် သူ့စွမ်းအင်များ ချိတ်ပိတ်ခံရကာ လုံးဝလှုပ်ရှားလို့ မရတော့ပေ။ ထို့နောက် ရွှေဝက်ဝံဂိုဏ်းတစ်ဂိုဏ်းလုံးမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။

All Chapters