← Chapters

chapter(175)

Vol. 13 Ch. 175

chapter(175)

Vol. 13 Ch. 175

အသန့်စင်ဆုံးစနစ် အခန်း(175)

ရွမ်တိုင်သည် ဒူးထောက်လိုက်ပြီး ခေါင်းငုံစွာဖြင့် သူ့အဖေရဲ့ အသက်ကို ချမ်းသာပေးဖို့ ထပ်မံတောင်းဆိုလိုက်၏။ အားလုံးရဲ့ကျင့်ကြံမှုစွမ်းအားသည် ချောင်ဖုန်းရဲ့သွေးကြောထဲသို့ စီးဆင်းနေကြလေသည်။

ချောင်ဖုန်းသည် ရွှေဝက်ဝံဂိုဏ်း တစ်ဂိုဏ်းလုံးအား မသတ်ဖြတ်ဘဲ ကျင့်ကြံမှုစွမ်းအားကို စုပ်ယူကာ ဒန်တျန်များအား ဖျက်ဆီးပစ်လိုက်၏။ မှော်အဂ္ဂိရတ်အင်ပါယာတိုင်းပြည်တွင်လဲ ကျွီတန်ရှီသည် သေးငယ်သော အဖွဲ့များ အားလုံးကို ရှင်းလင်းသုတ်စင်ပြီးသွားပြီဖြစ်လေသည်။

ထို့ကြောင့် စနစ်မှ {ဂုဏ်ယူပါတယ်........စနစ်ရှင်သည် မှော်အဂ္ဂိရတ်အင်ပါယာနဲ့ချန်အင်ပါယာကို သန့်စင်သော နယ်မြေအဖြစ် ပြောင်းလဲပေးနိုင်တဲ့အတွက် စနစ်ရှင်ရောက်ရှိဖူးသော နေရာမှန်သမျှကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်သည့် ဒိုင်ဗားရှင်းဆုလာဒ်ဆောင်ကို ရရှိပါမည်} ဟုသော အသံငယ်လေး ထွက်ပေါ်လာခဲ့၏။

ချောင်ဖုန်းသည် ယွမ်ရုန်အား ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်သော အကြောင်းအရာများကို မေးမြန်းကြည့်သော်လည်း သူထင်တဲ့အတိုင်းပင် ဖြစ်နေခဲ့သည်။ ယွမ်ရုန်သည် ကျင့်ကြံသူများနဲ့ အဂ္ဂိရတ်ပညာရှင်များကို ဖမ်းဆီးပေးထားရ၏။

ဝတ်ရုံနီဂိုဏ်းမှ လူများသည် တစ်လတစ်ကြိမ် လာရောက်၍ ဖမ်းမိသော လူအရေအတွက်ပေါ် မူတည်ပြီး ကျင့်ကြံခြင်းဆေးလုံးမျာအား လစဥ်တိုင်း ပေးအပ်လေ့ရှိသည်ဖြစ်ကြောင်း ယွမ်ရုန်သည် ချောင်ဖုန်းအား ရှင်းပြလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် အကြံဉာဏ် တစ်ခုကို ရ၍ မျက်နှာတွင် အပြုံးများ ထွက်ပေါ်လာခဲ့၏။ အင်အားကြီးမားသော ရွှေဝက်ဝံဂိုဏ်းသည် တစ်ရက်ထဲမှာပင် ချန်အင်ပါယာတိုင်းပြည်တွင် အင်အားအနည်းဆုံးဂိုဏ်းတစ်ခု ဖြစ်သွားသည်ဟုသော သတင်းသည် ချန်အင်ပါယာတစ်တိုင်းပြည်လုံးအား ပျံ့နှံ့၍ သွားလေသည်။

ထိုအခါ ရန်သူတော် ဂိုဏ်းတစ်ချို့သည် တိုက်ခိုက်ဖို့ စီစဥ်နေပြီ ဖြစ်၏။ ချောင်ဖုန်းသည် ရွှေဝက်ဝံဂိုဏ်းမှ စက္ကန့်ပိုင်းအတွင်း အင်ပါယာနတ်ဘုရားရဲတိုက်သို့ ရောက်ရှိသွားသည်။ ထိုလိုစွမ်းအားမျိုးသည် နတ်ဘုရားနယ်ပယ်အဆင့် ရောက်ရှိမှသာ ရရှိမည် ဖြစ်၏။

ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားရဲတိုက်သို့ ရောက်တဲ့အခါ ယန်ကျီဟုန်သည် ကျင့်ကြံရေးအဆောင်မှ ထွက်ခွာလာပြီးနောက် ပျောက်နေတာကို သိလိုက်ရ၏။ ချောင်ဖုန်းသည် ဒေါသထွက်သွားပြီး မျက်လုံးမှိတ်၍ ယန်ကျီဟုန် ခန္ဓာကိုယ်အတွင်းမှ အဆင့်၈မီးတောက်ရဲ့ စွမ်းအင်ကို ရှာဖွေလိုက်သည်။

အခန်းတစ်ခန်းထဲတွင် မိန်းကလေးတစ်ယောက်သည် ခြေလက်များကို ကြိုးတုတ်ကာ ကုတင်ပေါ်တွင် ဖမ်းဆီးထားခံရ၏။ ထိုမိန်းကလေးကတော့ ယန်ကျီဟုန်ပင် ဖြစ်သည်။ ယန်ကျီဟုန်သည် ကျင့်ကြံရေးအခန်းမှ ထွက်ခွာလာပြီးနောက် ရီမင်လီရဲ့ ဖမ်းဆီးခြင်းကို ခံထားရလေသည်။

ရီမင်လီသည် ယန်ကျီဟုန်ကို အပိုင်ရရှိရန်အတွက် ကုတင်ပေါ်တွင် ကြိုးတုတ်ကာ စိတ်ထစေသောဆေးလုံးမျိုးကို တိုက်ကျွေး၍ ထား၏။ ထို့နောက် အခန်းထဲသို့ ဝင်လာကာ သူ့လျှာအား သပ်လိုက်ပြီး "နောက်ဆုံးတော့ ငါမျှော်လင့်စောင့်စားတဲ့ နေ့တစ်နေ့ကို ရောက်ရှိလာပြီပဲ " ဟု ပြောကာ သူ့အဝတ်အစားများအား ချွတ်နေလေသည်။

ယန်ကျီဟုန်သည် သူ့စိတ်ကို မရမက ထိန်း၍ အားနွဲ့သော အသံဖြင့် ရီမင်လီအား မောင်းထုတ်နေခဲ့၏။ ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းတွင် သူ့ထက်အဆင့်မြှင့်တာကို သိသော်လည်း ရီမင်လီသည် ဂရုမစိုက်ပေ။

ချောင်ဖုန်းအား သတ်ဖြတ်ဖို့ သူ့တပည့်များကို အမိန့်ပေးလိုက်ချိန်တွင် သူ့အမိန့်တံဆိပ်ပြားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတဲ့အခါ ချောင်ဖုန်းသည် မှော်ဆေးနဆ်ဘုရားအဖွဲ့အစည်းကဆိုတာသိရှိလိုက်ရ၏။

သို့သော် သူသည် ချောင်ဖုန်းကို မရမက သတ်ပစ်ဖို့ အမိန့်ပေးလိုက်ပြီး သူ့တပည့်များအား အင်ပါယာနတ်ဘုရားရဲတိုက်မှ အပြီး ထွက်သွားခိုင်းခဲ့သည်။ထို့နောက် ယန်ကျီဟုန်ကို သူကိုယ်တိုင်ဖမ်းပြီး အခွင့်ကောင်းကို စောင့်နေခဲ့၏။

ရီမင်လီသည် ယန်ကျီဟုန်ရဲ့ကုတင်ပေါ်သို့ တက်ဖို့ လုပ်လိုက်ချိန်မှာ ချောင်ဖုန်းသည် သူ့ခြေထောက်အားကိုင်ကာ နံရံသို့ လွဲရမ်းလိုက်သည်။ ရီမင်လီသည် သူ့အခန်းထဲကို ချောင်ဖုန်း ရောက်ရှိလာတဲ့အခါ အံ့အားသင့်သွားခဲ့၏။

သူအခန်းကို ဝင်လာဖို့ဆိုတာ မလွယ်လှပေ။ ရီမင်လီသည် သူ့အခန်းတစ်လျှောက်တွင် အစောင့်များစွာ ချထားခြင်းဖြစ်သည့်အပြင် ချောင်ဖုန်းသည် အသက်ရှင်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရီမင်လီသည် နံရံကို မှီ၍ ထလိုက်ပြီး သူ့စေလွှတ်လိုက်တဲ့တပည့်တွေက ချောင်ဖုန်းရဲ့ လက်အောက်မှာ သေသွားတာလားဟု တွေးထင်လိုက်၏။ ထိုချိန်မှာ စုန့်ရှောင်လျိုသည် အခန်းထဲကို ဝင်လာခဲ့ပြီး ချောင်ဖုန်းကို တွေ့တဲ့အခါ အရိုအသေပြုလိုက်သည်။

စုန့်ရှောင်လျိုသည် သူ့နောက်တွင် ပါလာသော စစ်သည်တော်များအား ရီမင်လီကို ဖမ်းဖို့ အမိန့်ပေးလိုက်ပြီး "ခေါင်းဆောင်.......ကျွန်တော်တို့ သူ့ကို ဘာဆက်လုပ်လိုက်ရမလဲ"ဟု မေးလိုက်၏။

စုန့်ရှောင်လျိုသည် ချောင်ဖုန်းအား ဒူးထောက်အရိုအသေပေးတဲ့အပြင် ခေါင်းဆောင်ဟု ခေါ်လိုက်တဲ့အခါ "မင်း ........မင်းက........အင်ပါယာရဲ့ ခေါင်းဆောင်သစ်လား ၊ မဖြစ်နိုင်တာ " ဟု ရေရွတ်လိုက်လေသည်။

ရီမင်လီသည် သူလုပ်ခဲ့မိတာတွေအတွက် နောင်တပင်ရနေခဲ့၏။ ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာ သိသော်လည်း အင်ပါယာနတ်ဘုရားရဲတိုက်၏ ခေါင်းဆောင်သစ်ဖြစ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ချောင်ဖုန်းသည် ရီမင်လီရဲ့ ကျင့်ကြံစွမ်းအားကို ဖျက်ဆီး ခိုင်းလိုက်ပြီး ချုပ်နှောင်ထားဖို့ အပစ်ပေးလိုက်သည်။ ရီမင်လီသည် သူ့ဒန်တျန်ကို ဖျက်ဆီးခံရမယ့်အစား သတ်သေပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အား ဖောက်ခွဲဖို့ လုပ်လိုက်၏။

သို့သော် ရီမင်လီသည် မဖောက်ခွဲလိုက်ရခင်မှာ ချောင်ဖုန်းသည် သူ့ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူခံလိုက်ရတဲ့အတွက် နာကျင်စွာအော်ဟစ်သံသည် အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။ ရီမင်လီ သတိလစ်သွားတဲ့အခါ စုန့်ရှောင်လျိုတို့သည် ဖမ်းဆီးကာ အခန်းထဲမှ ထွက်ခွာသွားခဲ့၏။

ချောင်ဖုန်းသည် ယန်ကျီဟုန်တွင် ချုပ်နှောင်ထားသော ကြိုးများကို ဖယ်ရှားပေးလိုက်သည် ။ယန်ကျီဟုန်သည် သူ့လက်များလွတ်သွားတာနဲ့ သူ့ရင်ဘတ်အင်္ကျီကို ဖြဲဆုတ်ပစ်လိုက်ပြီး ချောင်ဖုန်းအား အတင်းဖက်ကာ နမ်းလိုက်၏။

ချောင်ဖုန်းသည် လက်တစ်ဖက်ဖြင့် ယန်ကျီဟုန်အား တားလိုက်ပြီး

ကျန်လက်တစ်ဖက်သည် ဆေးလုံးတစ်လုံးကို လျင်မြန်စွာ ဖော်စပ်လိုက်ပြီး ယန်ကျီဟုန် ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်လေသည်။ထိုအခါမှသာ ယန်ကျီဟုန်သည် ပျော့ခွေကာ ချောင်ဖုန်းရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့၏။

ချောင်ဖုန်းသည် ယန်ကျီဟုန်အား သူ့အခန်းထဲသို့ ခေါ်လိုက်ပြီး ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် အင်ပါယာနတ်ဘုရားရဲတိုက်၏ ဒုခေါင်းဆောင်ရာထူးအား သူ့တပည့် ယန်ကျီဟုန်အား ပေးအပ်လိုက်​၏။

ချောင်ဖုန်းရဲ့စကားကို အားလုံးသည် မလိုက်နာဘဲ မနေရဲပေ။

ချောင်ဖုန်းသည် ယန်ကျီဟုန် မေ့မြောနေစဥ်အတွင်း ဆေးလုံးဖော်စပ်နည်းများစွာနဲ့ မီးတောက်နဲ့ ပက်သက်သော တိုက်ခိုက်ရေး ကျင့်စဥ်များအား အသိဉာဏ်အတွင်းသို့ ထည့်သွင်းပေးပြီး အင်ပါယာနတ်ဘုရားရဲတိုက်မှ ထွက်ခွာလာခဲ့လေသည်။

ရွှေဝက်ဝံဂိုဏ်းတွင် ချောင်ဖုန်းကို ပေးထားသောအခန်းထဲသို့ ရွမ်တိုင်သည် အလောတကြီးဖြင့် ပြေးလာခဲ့၏။ ရွှေဝက်ဝံဂိုဏ်းရဲ့ ရန်သူတော်ဂိုဏ်းများသည် ဂိုဏ်းအတွင်းကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး အသာအယာပင် လမ်းလျှောက်ထွက်လာခဲ့၏။ ရွှေဝက်ဝံဂိုဏ်းရဲ့ ကောင်းကင်ယံအထက်တွင် ဝတ်စုံအသီးသီးဖြင့် ဂိုဏ်းပေါင်းစုံသည် လေထဲတွင် ရပ်၍ ယွမ်ရုန်အား ထွက်လာဖို့ စိန်ခေါ်နေခဲ့သည်။

ချောင်ဖုန်းသည် လေပေါ်သို့ ပျံတက်သွားခဲ့ပြီး သူသည် ရွှေဝတ်ဝံဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်ဖြစ်ပြီး ယွမ်ရုန်အား သတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြောလိုက်ပြီး ရွှေဝက်ဝံဂိုဏ်းကနေထွက်သွားဖို့ သတိပေးလိုက်၏။

ချောင်ဖုန်းရဲ့စွမ်းအား အငွေ့အသက်ကို မခံစားရတဲ့အတွက် ရောက်ရှိနေသော ဂိုဏ်း၅ဂိုဏ်းသည် ယုံရခက် မယုံရခက် ဖြစ်နေလေသည်။

အသက်၂၀ကျော်သာ ရှိသေးသော လူငယ်တစ်ယောက်သည် ဝိညဥ်နယ်ပယ်အဆင့်ရောက်ရှိနေသော​ ယွမ်ရုန်လို အဆင့်မြှင့်တိုက်ခိုက်ရေးသမားအား အလွယ်တကူ သတ်ပစ်ဖို့ မဖြစ်နိုင်ဘူးဟု တွေးနေကြ၏။

ထို့အပြင် ချောင်ဖုန်းသည် သူတို့အား မောင်းထုတ်နေတဲ့အတွက် လုံးဝမကျေနပ်ကြပေ။ ဂိုဏ်းချုပ် ၅ယောက်သည် "ကောင်စုတ်လေး.......မင်းက ငါ့တို့၅ယောက်ကို လှည့်စားဖို့ ပြင်နေတာလား " ဟု ပြောကာ သူ့ရဲ့ ရေစက်ကဲ့သို့ဓားပေါင်းတစ်သောင်းကျင့်စဥ်ဖြင့် ချောင်ဖုန်းအား တိုက်ခိုက်လိုက်၏။

ထိုလူရဲ့နောက်တွင် ခရီရောင် အစီအရင်ကြီး တစ်ခုထွက်လာပြီး ထိုထဲသော မိုးပြာရောင်ဝိညဥ်စွမ်းအင်ရှိသော ဓားပေါင်းများစွာသည် ချောင်ဖုန်းရှိသို့ တရှိန်ထိုး ရောက်ရှိလာလေ၏။သို့သော် ထိုဓားများသည် ချောင်းဖုန်းခန္ဓာကိုယ်နဲ့ ၁ပေကွာမှာ ရပ်တန့်သွားပြီး ကွဲကြေကာ ပျောက်ကွယ်သွားကြလေသည်။

ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား၏ တိုက်ခိုက်မှုသည် အနည်းငယ်တောင် လှုပ်ရှားမှုမရှိသော ချောင်ဖုန်းအပေါ်အနည်းငယ်တောင် သက်ရောက်မှု မရှိပေ။

All Chapters