chapter(176)
Vol. 13 Ch. 176
အသန့်စင်ဆုံးစနစ် အခန်း(176)
အားလုံးသည် ချောင်ဖုန်းကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့၏။ ထိုချိန်မှာ ချောင်ဖုန်းကို တိုက်ခိုက်လိုက်သော ဂိုဏ်းချူပ်တစ်ယောက်သည် ချက်ချင်းပင် ခန္ဓာကိုယ်ကြီးသည် ကွဲအက်ကာ ပေါက်ကွဲထွက်သွား၏။
ထိုအခါ အားလုံးသည် သတ်ဖြတ်ခြင်းစွမ်းအားအရှိန်အဝါကို ခံစားလိုက်ရတဲ့အခါ မြေပြင်သို့ သက်ဆင်းကာ ဒူးထောက်ကာ တောင်းပန်လိုက်ကြလေသည်။ ချောင်ဖုန်းသည် လေဟာနယ်တွင် အစီအရင် ရေးဆွဲကာ ထိုလူများအားလုံးရဲ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။
ချောင်ဖုန်းသည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး "ခုကစပြီး မင်းတို့ဂိုဏ်းတွေ အားလုံး ငါရဲ့ ရွှေဝက်ဝံဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတွေထဲပဲ ၊ လက်မခံရင်တော့ မင်းတို့အားလုံး ခုနတစ်ယောက်နောက်ကို လိုက်ဖို့ပြင်ထား " ဟု ကြိမ်းဝါးလိုက်သည်။
အားလုံးသည် မောမကြည့်ရဲဘဲ ချောင်ဖုန်းရဲ့ အမိန့်ကို နာခံမည်ဟု ဂတိသစ္စာဆိုလိုက်ကြ၏။ ထို့နောက် ချောင်ဖုန်းသည် ရွမ်တိုင်အား ကြည့်လိုက်ပြီး "ရွှေဝက်ဝံဂိုဏ်းကို တိုးတက်အောင်လုပ်ဖို့ကတော့ မင်းတာဝန်ပဲ "ဟု အားလုံရှေ့တွင် ပြောလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။
ရွမ်တိုင်သည် ချောင်ဖုန်းဆိုလိုရင်းကို နားလည်သောကြောင့် ရွှေဝက်ဝံဂိုဏ်းအား နဂိုထက် ပိုစွမ်းအားကြီးအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ချောင်ဖုန်းမရှိတဲ့အခါ အရိုအသေပေးနေသော ဂိုဏ်းချုပ်များနဲ့သူတို့၏ အဖွဲ့သားများသည် ထလာကြပြီး အဖွဲ့ဖွဲ့စည်းဖို့ ရွမ်တိုင်အား မေးမြန်းလိုက်ကြ၏။
ရွမ်တိုင်သည် ချောင်ဖုန်း၏ တပည့်ဖြစ်မည်ဟု အားလုံးသည် ထင်နေကြ၏။ ရွှေဝက်ဝံဂိုဏ်း၏ အကြီးအကဲများနေရာကို အဆင့်မြှင့်တိုက်ခိုက်ရေးသမားများ အစားထိုးဝင်လာတဲ့အခါ ရွမ်တိုင်သည် ဝမ်းသာသွားခဲ့သည်။
ချောင်ဖုန်းသည် ရွှေဝက်ဝံဂိုဏ်းအား အခြေအနေ တစ်ခုထိရောက်အောင် ဆောင်ရွက်နေခဲ့၏။ ရွှေဝက်ဝံဂိုဏ်းသည် နဂိုထက်အဆပေါင်းများစွာ အင်အားကြီးမားလာတဲ့အခါ ချန်အင်ပါယာရဲ့ ထောင့်တိုင်ဂိုဏ်းဖြစ်သော ဝင်္ကပါသခင်ဂိုဏ်းသည် စိုးရိမ်လာလေသည်။
ချောင်ဖုန်းသည် ရတနာလက်နက်များနဲ့ သိုင်းကျင့်စဥ်များကို ဆုလာဒ်ဆောင်အမြဲ ချီးမြှင့်သောကြောင့် ဂိုဏ်းအများစုသည် ရွှေဝက်ဝံဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေကြ၏။ ရွမ်တိုင်သည်လည်း ချောင်ဖုန်းအား သူ့ဆရာအဖြစ် အမှန်တကယ်ပင် ခံယူလိုက်သည်။
ရွမ်တိုင်သည် ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး "ဆရာ........တကယ်ပဲ ၊ သူတို့နောက် လိုက်ဖို့ ဆုံးဖြတ်ထားတာလား...." ဟု ချောင်ဖုန်းအား မေးလိုက်၏။ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အဲ့ဒီအတွက် မင်းစိတ်ပူဖို့ မလိုဘူး"ဟု ပြတ်သားစွာ ပြောလိုက်သည်။
အချိန်သည် ညနေစောင်းသို့ရောက်လာတဲ့အခါ လေဟာနယ်အက်ကွဲကြောင်းမှ ဝတ်ရုံနီ ခြုံထားသော လူသုံးယောက်သည်
ရွှေဝက်ဝံဂိုဏ်းထဲသို့ ရောက်ရှိလာခဲ့၏။ ထိုလူတွေ ရောက်ရှိလာတာသိတဲ့အခါ ရွမ်တိုင်သည် အခန်းတစ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ရွမ်တိုင်သည် တည်ငြိမ်စွာဖြင့် အခန်းထဲကို ဝင်လာတဲ့အခါ လူတစ်ယောက်သည် "မင်းကဘယ်သူလဲ........ယွမ်ရုန်က ဘယ်မှာလဲ"ဟု မေးလိုက်သည်။ထိုအခါ ရွမ်တိုင်သည် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်ပြီး သူ့ကိုယ်သူ နှုတ်ဆက်လိုက်၏။
ထို့နောက် သူ့အဖေ ယွမ်ရုန်သည် ကိစ္စရှိ၍ ခရီးထွက်သွားပြီး တာဝန်များအား သူ့ကိုယ်လွဲပြောင်းပေးခဲ့ကြောင်း ပြောလိုက်သည်။ယွမ်ရုန်သည် သူ့တွင် သားရှိပြီး နောက်ပိုင်း သူ့အမွေကိုဆက်ခံလိမ့်မည်ဟု ထိုလူသုံးယောက်ကို ပြောဖူးထား၏။
ထိုလူသုံးယောက်ထဲမှာ အကြီးဆုံးတစ်ယောက်သည် "ကောင်းပြီလေ.......ဒီတစ်ခေါက် မင်းတို့ရွှေဝက်ဝံဂိုဏ်းက ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ သွားကြည့်ရသေးတာပေါ့" ဟု ပြောကာ အမှောင်ချထားသော အခန်းတစ်ခုထဲသို့ ထွက်ခွာလာခဲ့ကြ၏။
ရွမ်တိုင်သည် ရှေ့က ဦးဆောင်ခဲ့ပြီး ထိုနေရာသို့ ရောက်တဲ့အခါ တံခါးအား ဖွင့်ပေးလိုက်သည် ။ ထိုအခါ ၃ယောက်လုံးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောကျနေခဲ့၏။
ထို့နောက် သူ့တို့ရဲ့ သိုလှောင်ကွင်းများထဲမှ ဆေးပုလင်များ ထုတ်ပေးလိုက်ပြီး "ကောင်းတယ်.......မင်းတို့သာ ပိုကြိုးစားမယ်ဆိုရင် ဆရာကြီးက မင်းတို့ ဒီထက်ပိုများများ ဂရုစိုက်မှာပဲ" ဟု ပြောလိုက်သည်။
အလွန်မှောင်စွာရှိနေသော အခန်းကြီးထဲတွင် လူများစွာသည် ငိုယိုသံများ ၊ ဒေါသထွက်၍ အော်ဟစ်နေသံများဖြင့် ဆူညံနေခဲ့၏။
ထိုလူများကြားတွင် တိတ်ဆိတ်ငြိမ်သက်နေသာ လူတစ်ယောက်ပင် ရှိနေခဲ့သည်။ထိုလူကတော့ ချောင်ဖုန်းပင် ဖြစ်၏။
ရွှေဝက်ဝံဂိုဏ်းမှ ဖမ်းဆီး ခံထားရသော လူများသည် စွမ်းအင်ကို ချိတ်ပိတ်ထားနိုင်သော ကြိုးများ၏ တုတ်ထားခြင်းကို ခံရပြီး အမှောင်ခန်းထဲတွင် ရက်ပေါင်းများစွာနေနေရ၏။ ယခုအခါမှတော့ ဝတ်ရုံနီဂိုဏ်းသည် ဆေးလုံးများနဲ့ လဲလှယ်၍ ထိုလူတွေအား ခေါ်ဆောင်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။
ဝတ်ရုံနီဂိုဏ်းမှ လူသုံးယောက်သည် သူတို့ရဲ့ သိုလှောင်ကွင်းထဲမှ နေရာပြောင်းအစီအရင်ကို ဖန်တီးနိုင်သော ရတနာများကို ထုတ်လိုက်ပြီး သူတို့ လက်ချောင်းများကို လှုပ်ရှားလိုက်၏။
မိနစ်ပိုင်းအတွင်းတွင် ပင်လယ်ရေပြာရောင် အစီအရင်စက်ဝိုင်းပြီး ဖြစ်ပေါ်လာပြီး ဝေလငါးကြီး တစ်ကောင်သည် အစီအရင်စက်ဝိုင်းအောက်တွင် လှည့်ပတ်စွာ ရှိနေလေသည်။ထို့နောက် ရွမ်တိုင်သည် ၂မိနစ်အတွင်း အခန်းထဲမှ ထွက်၍ အစီအရင်စက်ဝိုင်းထဲကို ဝင်ဖို့ အော်ဟစ် ကြိမ်းမောင်းလိုက်၏။
ထို၂မိနစ်အတွင်း အခန်းထဲမှာ ကျန်ရှိမယ်ဆို သတ်ပစ်မည် ဟု ခြိမ်းခြောက်လိုက်သည်။ထိုအခါ မှောင်မဲနေသော အခန်းထဲမှ လူများစွာသည် ထွက်လာကြပြီး အစီအရင်စက်ဝိုင်းပေါ်သို့ နေရာယူလိုက်ကြ၏။
အားလုံးသည် သူတို့လက်များတွင် ရှိနေသော ကြိုးများကို ဖျက်ဆီးဖို့ ကြိုးစားနေသော်လည်း အရာမထင်ကြပေ။ လူများအားလုံးသည် အစီအရင် စက်ဝိုင်းပေါ်သို့ ရောက်သွားအခါ အစီအရင်စက်ဝိုင်းကြီးနဲ့ အားလုံးသည် လုံးဝပျောက်ကွယ်သွား၏။
ရွမ်တိုင်သည် သူ့ဆရာလုပ်သည့်အရာတိုင်း အောင်မြင်မည်ဟု ယုံကြည့်ရှိနေလေသည်။ ဆေးပုလင်းများထဲမှ ဆေးလုံးများ ထုတ်ကာ ချေပစ်လိုက်ပြီး သူဆရာကို ကူညီနိုင်ဖို့အတွက် ဂိုဏ်းကို ပိုတိုးတက်အောင်လုပ်ဖို့ အစီအစဥ်များ ဆွဲနေခဲ့၏။
အလွန်ပင်ထုထည်ကြီးမားသော ကျောက်တိုင်ကြီးများ ပတ်လတ်အတွင်းတွင် လူအယောက်တစ်ရာကျော်သည် နေရာပြောင်းစက်ဝန်းနဲ့ အတူပေါ်လာခဲ့သည်။ ထိုအခါ ခေါင်းတွင် ကျားမျက်နှာရှိသောသံမျက်နှာဖုံးအား ခေါင်းတွင်တပ်ဆင်ထားသူသည် အားလုံးရဲ့ရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့၏။
ထိုနေရာသို့ ရောက်ရှိလာတဲ့အခါ စနစ်မှ ချောင်းဖုန်းအား တာဝန်ပေးအပ်လိုက်သည်။
{စနစ်ရှင်အတွက် ပထမခြေလှမ်းတာဝန် စတင်ပါပြီ ပထမခြေလှမ်းအဆင့်တွင် စနစ်ရှင်သည် ဝတ်ရုံနီဂိုဏ်း၏ ထောင့်တိုင်ဖြစ်သော အဂ္ဂိရတ်အဖွဲ့အစည်းအား အမြစ်ပြတ် ရှင်းလင်းရပါမည် }
ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်း၏ အဂ္ဂိရတ်အဖွဲ့အစည်းကို အမှန်တကယ်ပင် ရောက်ရှိလာတဲ့အတွက် အားလုံးကို အစအနမကျန်အောင် ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်၏။
ထို့နောက် ပြုံးရွှင်သော မျက်နှာဖြင့် "အားလုံးပဲ ငါ့ရဲ့ ခန်းမကနေ မင်းတို့ အားလုံးကို ကြိုဆိုပါတယ် " ဟု ရယ်မောကာ ပြောလိုက်ပြီး ရှေ့မှ လမ်းပြကာ အားလုံးကို ခေါ်ဆောင်သွားခဲ့သည်။ခန်းမထဲသို့ရောက်တဲ့အခါ ဘေးပတ်ပတ်လည်လည်တွင် လူအရိုးများအား သံကြိုးများဖြင့် ချိတ်ဆွဲထားတာကို မြင်တဲ့အခါ အားလုံးသည် ကြောက်လန့်သွားကြ၏။
သူတို့အား ခေါ်ဆောင်လာသောသူသည် သူတို့စကားသာ နားထောင်မယ်ဆို ကြောက်ရွံစရာ မလိုဘူးဟု ပြောလိုက်သည်။ ထိုလူသည် ရပ်တန့်သွားတဲ့အခါ သူ့ရဲ့နောက်တွင် ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူ အယောက်၃၀ပင် ထွက်လာခဲ့၏။
သို့သော် ထိုလူတွေသည် မကြာသေးခင်က ဝိညဥ်နယ်ပယ်ရောက်ရှိလာတဲ့အတွက် သူတို့ရဲ့စွမ်းအားများသည် တည်ငြိမ်မှုမရှိသေးပေ။
ထိုလူအားလုံးသည် ဝတ်ရုံနီဂိုဏ်းသားများပင်ဖြစ်သည်။
အားလုံးသည် ကြောက်ရွံနေတဲ့ချိန်မှာ ထိုအဖွဲ့ရဲ့ခေါင်းဆောင်သည်
သူတို့ဂိုဏ်းရဲ့ စည်းကမ်းချက်များကို ပြောပြလိုက်၏။ အဂ္ဂိရတ်ပညာရှင်များသည် သူတို့၏ အကြီးအကဲများထံတွင် ပညာသင်၍ ဂိုဏ်းအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးမည်ဆိုရင် ဂိုဏ်းတွင် နေရာတစ်ခု ရရှိလာစေရမည်ဟု အာမခံကာ ပြောလိုက်သည်။
ထို့အတူ တိုက်ခိုက်ရေးသမားသည်လည်း သူတို့ရဲ့ခိုင်းစေချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဆိုရင် ကျင့်ကြံမှုအဆင့်ကို
၃ဆအထိ မြန်တဲ့ အဆင့်ငါး ၊ အဆင့်ခြောက်ဆေးလုံးများ ချီးမြှင့်မည်ဟု မြူဆွယ်ကာ ပြောဆိုလိုက်၏။
သို့သော် သူတို့ရဲ့ စကားကို နားမထောင်ရင်တော့ ဘေးမှာ ချိတ်ဆွဲထားသော လူအရိုးများကဲ့သို့ မသေမချင်းနှိပ်စပ်မယ်လို့ ခြိမ်းခြောက်ကာ ပြောဆိုလိုက်သည်။
အားလုံးသည် သူတို့ ရွေးချယ်စရာမရှိတာကို သိရှိနေခဲ့၏။ ဝတ်ရုံနီခြုံထားသော လူအယောက်၃၀သည် ၁၅ယောက်တစ်ဖွဲ့ ခွဲလိုက်သည်။ဘယ်ဘက်အဖွဲ့မှ ဦးဆောင်သူသည် "အားလုံးပဲ.......မင်းတို့ထဲက အဂ္ဂိရတ်ပညာရှင်တွေက ငါရဲ့အဖွဲ့နဲ့ လာပူးပေါင်းပါ" ဟု အေးဆေးပင် ပြောလိုက်၏။
ထိုအခါ ညာဘက်အဖွဲ့မှ ဦးဆောင်သူသည်လည်း တိုက်ခိုက်ရေးသမားများကလည်း သူ့အဖွဲ့အား ပူးပေါင်းဖို့ ပြောလိုက်သည်။အားလုံးသည် ကြောက်ရွံနေသော်လည်း သူတို့အမိန့်ကို မလွန်ဆန်ရဲပေ။