chapter(177)
Vol. 13 Ch. 177
အသန့်စင်ဆုံးစနစ် အခန်း(177)
အားလုံးသည် ကြောက်ကြောက်ရွံရွံဖြင့် အဖွဲ့နှစ်ဖွဲ့ဆီသို့ သွားခဲ့ကြ၏။ တဖြည်းဖြည်းနဲ့ အဖွဲ့နှစ်ဖွဲ့တွင် လူများပြည့်သွားပြီး လူ၁၀၀ကျော်ရှိသော အုပ်စုကြီးသော နေရာတွင် ချောင်ဖုန်းတစ်ယောက်ထဲသာ ကျန်ခဲ့လေသည်။
အားလုံးသည် ငြိမ်သက်စွာ ရှိနေသော ချောင်ဖုန်းအား အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။ ထိုအခါ ထိုနှစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သော ကျားမျက်နှာဖုံးကို ခေါင်းမှာ တပ်ဆင်ထားသောသူသည် ချောင်ဖုန်းကို နားများကန်းနေလားဟု အော်ဟစ်ကာ လိုက်လေသည်။
ချောင်ဖုန်းသည် လျှပ်တစ်ပြက်အတွင်းမှာ ကျားမျက်နှာဖုံးတပ်ဆင်ထားသော လူနားသို့ ရောက်ရှိသွား၏။ ချောင်ဖုန်းရဲ့ အလျင်သည် သူ့ထက်ပင် သာလွန်နေသောကြောင့် မုန့်ပိုင်ချင်ဟု ခေါ်သော လူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
ချောင်ဖုန်းသည် အေးစက်သော အသံဖြင့် ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်သော အကြောင်းအရာများကို မေးလိုက်၏။ ချောင်ဖုန်းသည် သူတို့ဂိုဏ်းအကြောင်း သိချင်၍ ဟန်ဆောင် အဖမ်းခံကာ လိုက်ပါလာခဲ့ကြောင်း မုန့်ပိုင်ချင်သည် သိရှိသွားသည်။
ထိုချိန်မှာ ဝတ်ရုံနီဂိုဏ်း၏ တိုက်ခိုက်ရေးသမားအဖွဲ့၏ ခေါင်းဆောင်သည် "ကောင်စုတ်လေး.......မင်းကသေချင်နေတာပဲ "ဟု ပြောကာ သွေးရောင်ရှိသော စွမ်းအင်လုံးကြီးဖြင့် တိုက်ခိုက်လိုက်၏။
သို့သော် ထိုလူရဲ့ သွေးစွမ်းအင်လုံးသည် ချောင်ဖုန်းရှိကို မရောက်ခင်မှာ ထိုလူသည် ပေါက်ကွဲကာ သေဆုံးသွားလေသည်။ ထိုအခါ မုန့်ပိုင်ချင်သည် မျက်လုံးများပင် ပြူးသွားပြီး ချောင်ဖုန်းကို ဝိုင်းဝန်း သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်၏။ထိုအခါ ဝတ်ရုံနီဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် လေပေါ်သို့ ပျံသန်းလိုက်ကြသည်။
ထို့နောက် သူတို့၏ တိုက်ခိုက်ရေးစွမ်းအား အရှိန်အဝါများကို ထုတ်လွှင့်လိုက်ပြီး သတ်ဖြတ်ရေးစွမ်းအားအရှိန်အဝါများဖြင့် ချောင်ဖုန်းအား တိုက်ခိုက်လိုက်ကြ၏။ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားများသည် ချောင်ဖုန်းရှိ တစ်ပြိုင်နက် ရောက်ရှိလာကြလေသည်။
ထိုချိန်မှာ ရီချုံနဲ့ ရန်ယိုသည် ချောင်ဖုန်းခန္ဓာကိုယ်အတွင်းမှ လျှပ်စီးအလျင်ဖြင့် ထွက်လာခဲ့ပြီး အရာအားလုံးကို ရပ်တန့်စေနိုင်သော စွမ်းအားအရှိန်အဝါကို အသုံးပြုလိုက်၏။
ဝတ်ရုံနီဂိုဏ်းမှ လူများသည် သူတို့ တိုက်ခိုက်လိုက်သော တိုက်ခိုက်ရေးစွမ်းအားများ ရပ်တန့်သွားရုံသာမက သူတို့ခန္ဓာကိုယ်များ လှုပ်ရှား၍မရတော့တဲ့အခါ ကြောက်လန့်သွားကြသည်။ အားလုံးသည် သတ်ဖြတ်ရေးအရှိန်အဝါစွမ်းအားများ ထွက်နေသော ခေါင်းနှစ်လုံးနဂါးကောင်ကြီးအားကြည့်၍ နှလုံးများ ရပ်မတန့်ဖြစ်နေကြ၏။
ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ယင်ယန်သတ်ဖြတ်ခြင်းစွမ်းအားကို သုံးကာ ဝတ်ရုံနီဂိုဏ်းရဲ့ လူများထံမှ ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူလိုက်သည်။သို့သော် ချောင်ဖုန်းသည် မုန့်ပိုင်ချင်အား အသုံးလိုသေး၍ ကျင့်ကြံခြင်းစွမ်းအားများ မစုပ်ယူခဲ့ပေ။
ခဏလေးအတွင်းမှာပဲ ဝတ်ရုံနီဂိုဏ်း၏ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်သမားများ၏ ခန္ဓာကိုယ် အလောင်းများသည် လေပေါ်မှ ကျဆင်းလာခဲ့၏။ ချောင်ဖုန်းသည် လေဟာနယ်တွင် အဖြူရောင် အစီအရင်တစ်ခုအား ရေးဆွဲလိုက်ပြီးမုန့်ပိုင်ချင်ခန္ဓာကိုယ်အတွင်းကို ထည့်သွင်းလိုက်ကာ "ငါမေးထားတဲ့ မေးခွန်းဖြေလို့ ရပြီလား " ဟု မေးလိုက်သည်။
မုန့်ပိုင်ချင်သည် ရီချုံနဲ့ ရန်ယိုကို တချက်ကြည့်လိုက်ပြီး ကြောက်ကြောက်လန့်လန့် ဖြင့် ဝတ်ရုံနီဂိုဏ်း၏ အကြောင်းများအား စတင်ပြောပြခဲ့၏။ မုန့်ပိုင်ချင်သည် ခေါင်းနှစ်လုံးနဂါးကို မြင်ပြီးတဲ့နောက် ချောင်ဖုန်းသည် သူတို့ခေါင်းဆောင် အလိုရှိသော လူတစ်ယောက်ဆိုတာ သိရှိသွားခဲ့သည်။
ဝတ်ရုံနီဂိုဏ်းရဲ့ ဂိုဏ်းချုပ်သည် ချောင်ဖုန်းအား တွေ့လျှင် သူ့အားသတင်းပို့ဖို့ အားလုံးအား အမိန့်ပေးထား၏။ မုန့်ပိုင်ချင်သည် ခေါင်းငုံရင်း စတင်ပြောပြပါတော့သည်။နတ်ဆိုးသားရဲမျိုးနွယ်သည် လွန်ခဲ့သော လအနည်းငယ်မှစ၍ ရုတ်တရက် သူတို့အား အဆက်အသွယ်ဖြတ်သွားခဲ့ပြီး အကူအညီမပေးတော့ပေ။
သို့သော် ဝတ်ရုံနီဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင် များပြားစွာ ပေါ်ထွက်လာတဲ့အတွက် အင်အားသည် နဂိုကထက် ပိုကောင်းလာပြီး အင်ပါယာတိုင်းပြည်အနှံတွင် သူတို့၏ လက်အောက်ခံဂိုဏ်းခွဲများစွာ ရှိကြောင်း ပြောပြလိုက်၏။
ဝိညဥ်နယ်ပယ်အဆင့်မရောက်ရှိသေးသော တိုက်ခိုက်ရေးသမားများသည် သူတို့၏ စုန့်ဝိညဥ်စွမ်းအားကို ဂိုဏ်းတွေ ပေးအပ်ထားရ၏။ ဝတ်ရုံနီဂိုဏ်းတွင်ရှိသော အဆင့်၆ အဆင့်၇ အဂ္ဂိရတ်ပညာရှင်တွေသည် ထို စုန့်ဝိညဥ်စွမ်းအားကို ဆေးအမယ်များ ၊ ကျင့်ကြံမှုစွမ်းအား များနဲ့ ပေါင်းစပ်ကာ ဆေးလုံးများ ဖော်စပ်ပေးနေခြင်း ဖြစ်သည်။
ယခုအခါမှာ ဝတ်ရုံနီဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင် များစွာ ပိုမိုတိုးလာတဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာ အင်ပါယာတိုင်းပြည်များအားလုံးသည် သူတို့လက်အောက်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း
ယုံကြည်ချက်အပြည့်အဝ ရှိနေကြ၏။
အားလုံးပြောပြပြီးနောက် မုန့်ပိုင်ချင်သည် သူ့အား ချမ်းသာပေးဖို့ တောင်းဆိုလိုက်သည်။ ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်း၏ အဂ္ဂိရတ်အဖွဲ့အစည်းနေရာကို သူ့အား ခေါ်ဆောင်သွားပေးဖို့သာ မုန့်ပိုင်ချင်အား စေခိုင်းလိုက်၏။
ချောင်ဖုန်းသည် သူ့အား အဆုံးထိအသုံးချလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မုန့်ပိုင်ချင်သည် မထူးတဲ့အဆုံး အသက်ရှင်မယ့်လမ်းကိုသာ ရွေးဖို့ ဆုံးဖြတ်လိုက်၏။ မုန့်ပိုင်ချင်သည် သူ့သိုလှောင်ကွင်းထဲမှ ဝတ်ရုံနီ ဝတ်စုံအား ချောင်ဖုန်းအား ပေးလိုက်ပြီး လူများစွာနဲ့ အတူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ရီချုံနဲ့ရန်ယို ပျောက်ကွယ်သွားမှသာ အားလုံးသည် သူတို့ရင်ဘတ်မှ စို့နေသော အလုံးကြီး ကျသွားသလို ခံစားလိုက်ရ၏။ ဘေးနှစ်ဖက်တွင် အနီရောင်နံရံများရှိသော ဂူပုံစံခန်းမတစ်ခုထဲကို ချောင်ဖုန်းတို့သည် ဝင်လာခဲ့ကြသည်။
ထိုနေရာတွင် မုန့်ပိုင်ချင်ကဲ့သို့ ကျားမျက်နှာဖုံးကို ခေါင်းတွင် တပ်ဆင်ထားသောသော တိုက်ခိုက်ရေးသမားများသည် မုန့်ပိုင်ချင်ကို မြင်တဲ့အခါ "အကြီးအကဲပိုင်ချင်ကို.....အရိုအသေပြုပါတယ်" လို့ ပြောကာ လက်နှစ်ဖက် ဆုပ်ကာ ခေါင်းငုံ၍ အရိုအသေပေးနေခဲ့ကြ၏။
အစိမ်းရောင်အစီအရင်စက်ဝိုင်းရေးဆွဲထားသော တံခါးရှေ့သို့ ရောက်တဲ့အခါ မုန့်ပိုင်ချင်သည် လက်နှစ်ဖက်ဆုပ်၍ နောက်ထပ်အဂ္ဂိရတ်ရှင်များ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းပို့ပေးဖို့ တံခါးရှေ့မှ စောင့်ဆိုင်းနေသော လူနှစ်ယောက်ကို ပြောလိုက်၏။
မုန့်ပိုင်ချင်ခေါင်းပေါ်ရှိ ကျားမျက်နှာဖုံးသည် ငွေရောင်ဖြစ်ပြီး
တံခါးရှေ့မှ စောင့်ဆိုင်းနေသော လူနှစ်ယောက်ရဲ့ ခေါင်းပေါ်မှာတော့ ရွှေရောင် မျက်နှာဖုံးကို တပ်ဆင်ထားခြင်း ဖြစ်သည်။
တံခါးရှေ့မှာနှစ်ယောက်သည် လေဟာနယ်တွင် စာတစ်ချို့ရေးဆွဲလိုက်ပြီး တံခါးပေါ်ရှိ အစီအရင်ထဲသို့ ထည့်သွင်းလိုက်၏။
ထို့နောက် ထိုနှစ်ယောက်သည် ရှေ့ကို ပြန်ကြည့်ကာ မူလအတိုင်း ပြန်ရပ်နေခဲ့၏။ ခဏအကြာတဲ့အခါ အစိမ်းရောင် အစီအရင်တံခါး
ကြီး ပွင့်လာခဲ့သည်။ ထိုအခါ စောင့်နေသော လူနှစ်ယောက်သည် အထဲကို ဝင်သွားဖို့ အမိန့်ပေးလိုက်၏။
လမ်းတစ်လျှောက်လုံးတွင် များစွာသော အစောင့်များသည် ကင်းစောင့်၍ နေလေသည်။ အားလုံးသည် အထဲရောက်တဲ့အခါ လှပစွာလင်းထိန်နေသော ဧရာမကြာပွင့်ကြီး၏ အောက်တွင် မိန်းကလေးတစ်ဖွဲ့ ယောကျာ်းလေးတစ်ဖွဲ့သည် ဆေးမီးဖိုအိုးများဖြင့် ဆေးလုံးများ ဖော်စပ်နေတာကို တွေ့လိုက်ကြရ၏။
ထိုလူများရဲ့ ခေါင်းပေါ်မှာတော့ အစိမ်းရောင်ကျားမျက်နှာဖုံးကို တပ်ဆင်ထားခြင်းဖြစ်သည်။အခန်းထဲတွင် ရံနံပေါင်းစုံ စုံလင်နေ၍ နေရတာ အဆင်မပြေလှပေ။
ဝတ်ရုံနီဂိုဏ်း၏ တိုက်ခိုက်ရေးသမားများသည် ငွေရောင်ကျားမျက်နှာဖုံး ၊ အစီအရင်ဆရာများသည် ရွှေရောင်ကျားမျက်နှာဖုံးနဲ့ အဂ္ဂိရတ်ပညာရှင်များသည် အစိမ်းရောင်ကျားမျက်နှာဖုံးတို့ကို ဂိုဏ်းအတွင်းထဲတွင် အမြဲတပ်ဆင်ထားရ၏။
မုန့်ပိုင်ချင်ရောက်လာတာကို မြင်တဲ့အခါ သူနဲ့ရွယ်တူ ရှိသော လူတစ်ယောက်သည် "အကိုချင်.......ဘယ်လိုဖြစ်ပြီး ကိုယ်တိုင်ရောက်လာတာလဲ" ဟု ပြုံးရွင်ကာ ပြောလိုက်၏။
ထိုလူသည် မုန့်ပိုင်ချင်နဲ့ တူသော ငွေရောင်ကျားမျက်နှာဖုံးအား ခေါင်းတွင် တပ်ဆင်၍ ထားသည်။
မုန့်ပိုင်ချင်သည် ဝတ်ရုံနီဂိုဏ်း၏ ဂိုဏ်းချုပ်ရောက်လာဖို့ကိုသာ မျှော်လင့်နေခဲ့သည်။ ချောင်ဖုန်းအား ရင်ဆိုင်ဖို့ဆို သူတို့ဂိုဏ်းချုပ်မှ လွဲရင် ဝတ်ရုံနီဂိုဏ်းတွင် နောက်တစ်ယောက်မရှိပေ။ ဒါတောင် မကျိန်းသေနိုင်ဘူးဟု မုန့်ပိုင်ချင်သည် တွေးနေခဲ့၏။
မုန့်ပိုင်ချင်သည် ဘာမှ ပြန်မပြောတာကြောင့် သူ့အား ပြောနေသောလူသည် ပုခုံးအား ပုတ်ကိုင်လိုက်ပြီး "အကိုချင်......အကိုချင်" ဟု ခေါ်လိုက်သည်။ ထိုအခါမှသာ မုန့်ပိုင်ချင်သည် "ညီလေးသွမ်......ငါ့မှာ လုပ်စရာမရှိတာနဲ့ ငါကိုယ်တိုင် သူတို့လေးတွေကို ခေါ်လာတာပဲ" ဟု ပြောလိုက်၏။
ထိုအခါ ချိုင့်သွမ်ဟု ခေါ်သော လူသည် "အကိုချင်လာတာနဲ့ အတော်ပဲ.......ဂိုဏ်းချုပ်က အကိုချင်ကို ခိုင်းစရာရှိလို့ ကျွန်တော်ကို ခေါ်ခိုင်းလိုက်တယ် " ဟု ပြောလိုက်သည်။ မုန့်ပိုင်ချင်သည် သူတို့ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် ရောက်နေတဲ့အတွက် ဝမ်းသာသွားခဲ့သည်။
ချောင်ဖုန်းသည် မုန့်ပိုင်ချင်သာ ကြားနိုင်သော အသံစွမ်းအင်လှိုင်းဖြင့် ထိုနေရာကို သူ့အား ခေါ်ဆောင်သွားဖို့ ပြောလိုက်၏။ ဝတ်ရုံနီဂိုဏ်း၏ ဂိုဏ်းချုပ်သည် အစောကတည်းကပင် ချောင်ဖုန်းကို တွေ့ရင် သူ့ရှိရောက်အောင် ခေါ်လာဖို့ အမိန့်ပေးထားတဲ့အတွက် ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မုန့်ပိုင်ချင်သည် ပြုံးရွင်စွာဖြင့် "ညီလေးသွမ်......သူတို့ကို စောင့်ရှောက်ပေးပါအုံး" ဟု ပြောလိုက်၏။ ချိုင်သွမ်သည် သူ့တပည့်တစ်ယောက်အား ခေါ်လိုက်ပြီး သူတို့လုပ်ဆောင်ရမည့် တာဝန်ကို ခိုင်းစေလိုက်သည်။
ချောင်ဖုန်းသည် ဝတ်ရုံနီ ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ချိုင်သွမ်သည် ထူးဆန်းသလို ဖြစ်နေခဲ့၏။ မုန့်ပိုင်ချင်သည် ချောင်ဖုန်းမှာ သူ့ရဲ့ ယုံကြည်ရတဲ့လူ ဖြစ်တဲ့အတွက် စိတ်မပူဖို့ ချိုင်သွမ်ကို ပြောလိုက်သည်။