← Chapters

Chapter(178)

Vol. 13 Ch. 178

Chapter(178)

Vol. 13 Ch. 178

အသန့်စင်ဆုံးစနစ် အခန်း(178)

ထို့နောက် ချောင်ဖုန်းတို့သည် ပိတ်စအနီများစွာရှိသော အခန်းကြီးကို ရောက်ရှိလာခဲ့၏။ချိုင်သွမ်သည် "ခေါင်းဆောင်.......အကိုချင် ရောက်ရှိလာပါပြီ" ဟု တံခါးအပြင်ဘက်မှ ပြောလိုက်၏။

ထိုအခါ အထဲမှ ဝင်လာဖို့ အမိန့်ပေးလိုက်သည်။

တံခါးသို့ ဝင်လာပြီးနောက် အနီရောင်ပိတ်စအရှည်များစွာကို ဖြတ်ကျော်ပြီးတဲ့အခါ ပန်းပွင့်အနီရောင်ရှိသော ကုတင်ပေါ်တွင် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

နဖူးတွင် အနီရောင်ပတ္တမြားလည်ဆွဲလေး ဆွဲထားသော မိန်းမပျိုသည် အင်္ကျီမရှိသော ယောကျာ်းသား၏ ပေါင်ပေါ်တွင် ထိုင်နေပြီး ရင်ခွင်အားမှီနေခဲ့၏။ ချောင်ဖုန်းသည် ထိုလူကို တွေ့တဲ့အခါ အံ့အားသင့်သွားသည်။

ဝတ်ရုံနီဂိုဏ်းရဲ့ ဂိုဏ်းချုပ်သည် ရွယ်ချင်း၏ အကိုဖြစ်သော လွင်ကျန့်ချွင် ဖြစ်နေလိမ့်မည် မထင်ထားခဲ့ချေ။လွင်ကျန့်ချွင်သည် သူ့ရင်ခွင်ထဲမှ မိန်းကလေးအား ဘေးသို့ ပွေ့ချီကာ ချလိုက်ပြီး သူ့ရဲ့ အင်္ကျီအား ပြန်ဝတ်လိုက်၏။

လွင်ကျန့်ချွင်သည် ဝတ်ရုံနီ ဝတ်ဆင်ထားသော ချောင်ဖုန်းကို တွေ့တဲ့အခါ သိနေသလိုပင် ခံစားနေရသည်။ ထိုချိန်မှာ ချောင်ဖုန်းသည် အပေါ်ထပ် ဝတ်ရုံနီကြီးအား ခွာချလိုက်၏။ လွင့်ကျန့်ချွင် ချောင်ဖုန်းမျက်နှာကို တွေ့လိုက်တဲ့အခါ "ဟားဟားဟားဟား........နောက်ဆုံးတော့ မင်းက ငါရှေ့ကို ရောက်ရှိလာပြီပဲ" ဟု ပြောလိုက်သည်။

လွင်ကျန့်ချွင်သည် အမှန်တကယ်ပင် ဝတ်ရုံနီဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်သည်။ ချောင်ဖုန်းမှာ သူ့အစီအစဥ်များကို ဖျက်စီးနေသော လူတစ်ယောက်ဖြစ်တဲ့အပြင် သူဆရာပေးထားသော ရေခဲစွမ်းအင်ရှိသော ရတနာသည် ချောင်ဖုန်းလက်ထဲတွင် ရှိနေခဲ့၏။

ထို့ကြောင့် လွင်ကျန့်ချွင်သည် ချောင်ဖုန်းအား အလွတ်မပေးမှာ အလွန်ပင်ကျိန်းသေလှ၏။ လွင်ကျန့်ချွင်သည် သူ့ညီမလေးရွယ်ချင်းအား ငယ်စဥ်ကတည်းက သူကိုယ်တိုင် ပြုစုပျိုးထောင်လာခြင်းဖြစ်သည်။

ထိုအချိန်တွင် လွင်ကုံသွေသည် သူ့ဂိုဏ်းတိုးတက်ဖို့အရေးမှ လွဲလို့ ကျန်တာ ဂရုမစိုက်ပေ။ ဒါပေမယ့် ရွယ်ချင်းသည် အမှောင်ထု အဆိပ်ခန္ဓာကိုယ်ပိုင်ရှင်မှန်း သိသွားတဲ့အခါ လွင်ကုံသွေသည် ရွယ်ချင်းအား စတင်ဂရုစိုက်ခဲ့ပြီး အရွယ်နဲ့ မလိုက်အောင် ကျင့်ကြံခိုင်းခဲ့၏။

ရွယ်ချင်းသည် စတင်ကျင့်ကြံပြီး ၁လမပြည့်ခင်မှာပဲ ကျင့်ကြံခြင်းမှ တန်ပြန်သော ဒဏ်ရာများ ရရှိလာခဲ့သည်။ ထိုအခါ လွင်ကျန့်ချွင်သည် သူ့ညီမလေးအား ဖိအားမပေးဖို့ လွင်ကုံသွေအား ပြောဆိုခဲ့၏။

သို့သော် လွင်ကုံသွေသည် သူ့ဂုဏ်သတင်းကျော်ကြားဖို့ အတွက်သာ ဂရုစိုက်ခဲ့တဲ့အတွက် ရွယ်ချင်းရရှိသော ဒဏ်ရာများကို သတိမထားခဲ့ပေ။ ထို့ကြောင့် လွင်ကျန့်ချွင်သည် သူ့ညီမလေးအား ခေါ်ကာ ဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။

လွင်ကျန့်ချွင်သည် အင်အားနည်းသော အန်းမြို့လေးတွင် ရွယ်ချင်းအား မွေးစားဖို့ လုယွဲ့အား အကူအညီတောင်းခဲ့သည်။ ထို့နောက်သူသည် တခြားအရပ်ကို ထွက်ခွာသွားပြီးနောက် ​စွမ်းအားကြီးမားသော ဆရာတစ်ယောက်နဲ့ တွေ့ဆုံခဲ့၏။

ဒီလိုနဲ့ သူ့ဆရာရဲ့ ဖေးမမူဖြင့် လွင်ကျန့်ချွင်သည် အံ့အားသင့်စရာကောင်းသော ဝတ်ရုံနီဂိုဏ်းကြီးအား တည်ထောင်နိုင်ခဲ့သည်။

လွင်ကျန့်ချွင်ရဲ့ စွမ်းအားသည် လက်ရှိမှာ ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။

လွင်ကျန့်ချွင်သည် ကိုယ်ပွားဖြင့် တိုက်ခိုက်စဥ်မှာ ရှုံးနိမ့်ခဲ့ပင်မယ့်

သူ့ရဲ့စွမ်းအားအစစ်အမှန်ဖြင့် တိုက်ခိုက်မည်ဆိုရင် ချောင်ဖုန်းအား အလွယ်တကူပင် သတ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်အဝပင် ရှိနေခဲ့သည်။

လွင်ကျန့်ချွင်နားမှ မိန်းမပျိုသည် "ယောကျာ်း......ရှင်သူ့ကို သိလို့လား " ဟု မေးလိုက်သည်။ ထိုအခါ လွင့်ကျန့်ချွင်သည် ချောင်ဖုန်းသည် သူ့ယောက်ဖ တစ်ယောက်ဖြစ်သော်လည်း သူတို့ဂိုဏ်းကို ဖျက်စီးဖို့ ရောက်လာတဲ့ အကြောင်း ပြောလိုက်၏။

ထိုအခါ မိန်းမပျိုသည် ချောင်ဖုန်းအား ကြည့်ကာ အံ့အားသင့်သွားသည်။ ချောင်ဖုန်းရဲ့ အသက်အရွယ်သည် သူ့ညီမနဲ့ ရွယ်တူဖြစ်သော်လည်း ဝတ်ရုံနီဂိုဏ်းအား ဖျက်ဆီးနိုင်တဲ့စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု မထင်ထားပေ။

လွင့်ကျန့်ချွင်သည် သူ့အား နောက်နေသလား ဟု မိန်းမပျိုသည် ထင်နေခဲ့၏။ ထိုချိန်မှာ လွင်ကျန့်ချွင်သည် "ငါ့ညီမလေးအပေါ်ထားတဲ့စေတနာကြောင့် မင်းအသက်ကိုတော့ ငါယူမှာ မဟုတ်ဘူး ၊ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှု ကိုတော့ ငါဖျက်စီးရလိမ့်မည်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး သူ့အား သတ်ဖို့ လွယ်ကူမှာ မဟုတ်ဘူးဟု လွင်ကျန့်ချွင်အား ပြောလိုက်သည်။ ရီချုံနဲ့ ရန်ယိုသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်ခွာလာပြီး သူတို့နှစ်ယောက်နဲ့ အရည်အချင်းယှဥ်နိုင်သော စွမ်းအာမျိုး ခံစားနေရသည်ဟု ချောင်ဖုန်းအား ပြောလိုက်၏။

လွင်ကျန့်ချွင်သည် ဧရာမ ခေါင်းနှစ်လုံး နဂါးကို မြင်တာနဲ့ "အကြီးအကဲတို့ ထွက်လာဖို့ အချိန်တန်ပြီ " လို့ ပြောလိုက်သည်။

ထိုအခါ လွင်ကျန့်ချွင်ရဲ့ ဘေးနှစ်ဖက်လေဟာနယ်သည် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး ဝိညဥ်နယ်ပယ်အထွဋ်အထိပ်စွမ်းအား ရှိသော တိုက်ခိုက်ရေးသမား နှစ်ယောက်ထွက်ပေါ်လာခဲ့၏။

ထိုအဖိုးကြီးနှစ်ယောက်ကို တွေ့တဲ့အခါ ရီချုံနဲ့ရန်ယို ဒေါသစိတ်များပေါက်ကွဲထွက်လာပြီး "ဒီတစ်ခါတော့ မင်းတို့လွတ်မယ်မထင်နဲ့" လို့ ပြောလိုက်သည်။ လွင်ကျန့်ချွင်ခေါ်လိုက်သော နှစ်ယောက်ထဲတွင် တစ်ယောက်သည် ဓားတစ်ခြမ်းကိုယ်တစ်ခြမ်းဂိုဏ်းမှ ဘိုးဘေးပင် ဖြစ်၏။

ထိုလူနှစ်ယောက်သည် ဝတ်ရုံနီဂိုဏ်း၏ ကောင်းကင်ယံအထက်သို့ ထိုးဖောက်တက်သွားပြီး ရီချုံနဲ့ ရန်ယိုသည်လည်း ခန္ဓာကိုယ်အား ခွဲထွက်ကာ ထိုနှစ်ယောက်နောက်အား တရှိန်ထိုး လိုက်သွားကြလေသည်။ချောင်ဖုန်းသည် အရည်အချင်းအနည်းငယ်သာ ရှိပြီး နတ်ဆိုးညီနောင်နှစ်ပါးရဲ့ စွမ်းအားကို အားကိုးနေသည်ဟု ထင်နေခဲ့ကြ၏။

လွင်ကျန့်ချွင်သည် ပြုံးရယ်လိုက်ပြီး "ငါ့မှာ မင်းကို သတ်ပစ်အရည်အချင်းရှိပြီထင်တယ် ......ဒါပေမယ့် မင်းသာ အညံခံမယ်ဆိုရင်တော့ ငါပြောထားတဲ့အတိုင်း မင်းကျင့်ကြံမှုကိုတော့ ဖျက်စီး ရလိမ့်မယ် " ဟု ချောင်ဖုန်းကို ပြောလိုက်သည်။

ချောင်ဖုန်းသည် ကောင်းကင်ယံအထက်သို့ ပျံတက်သွားခဲ့ပြီး ကောင်းကင်ယံအထက်တွင် တိုက်ခိုက်နေသော ရီချုံနဲ့ ရန်ယို တို့၏ တိုက်ပွဲကိုကြည့်နေခဲ့၏။

နတ်ဆိုးနဂါးညီနောင်နဲ့ ဝတ်ရုံနီဂိုဏ်းမှ အကြီးအကဲနှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအင်များ ထိပ်တိုက်ဆုံတဲ့အခါ လေဟာနယ်များသည် ပျက်စီးသွားပြီး ပြင်းထန်သော ပေါက်ကွဲသံများသည် ကောင်းကင်ယံအထက်တွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ဝတ်ရုံနီဂိုဏ်းတွင် ရှိနေသော ဝိညဥ်နယ်ပယ်အဆင့်အောက် ရောက်ရှိသေးသော ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာသော ပေါက်ကွဲခြင်း စွမ်းအားများ၏ ရိုက်ခတ်မှု ဒဏ်ကြောင့် လွင့်ပြန့်ထွက်ကာ နံရံများနဲ့ ဆောင့်ကာ ဒဏ်ရာများစွာ ရရှိကြကုန်၏။

ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများကတော့ ကောင်းကင်ယံအထက်ရှိ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးအား မျက်တောင်မခတ် ကြည့်ရှုနေကြသည်။ သို့သော် သူတို့အားလုံးသည် အနားတောင် မကပ်ရဲကြပေ။

ချောင်ဖုန်းသည် သူ့စကားကို အလေးနက်မထားဘဲ တိုက်ပွဲကိုသာ

အာရုံစိုက်နေတဲ့အတွက် လွင်ကျန့်ချွင်သည် ဒေါသထွက်သွားပြီး ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်စွမ်းအား အရှိန်အဝါကို ထုတ်လိုက်ပြီး ချောင်ဖုန်းအား "သွားသေလိုက်တော့......" လို့ ပြောကာ

သူ့လက်ဖဝါးအား လှုပ်ရှားလိုက်ပြီး အပြာရောင်စွမ်းအင် တစ်မျိုးဖြင့် ပစ်သွင်းလိုက်၏။

ချောင်ဖုန်းသည် နတ်ဘုရားပလ္လင်အလင်းတန်းစွမ်းအားနဲ့ ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်စွမ်းအား အရှိန်အဝါ နှစ်ခုအား ထုတ်လွှင့်လိုက်တဲ့အခါ ချောင်ဖုန်းရဲ့ခန္ဓာကိုယ်သည် ရွှေရောင်တောက်နေခဲ့ပြီး ကျောဘက်တွင် ရွှေရောင်စက်ဝိုင်း နှစ်ခု ထွက်ပေါ်လာတဲ့အတွက် နတ်ဘုရားတစ်ပါးလို့တောင် ထင်သွားကြသည်။

အောက်တွင် ကြည့်နေသော လူများသည် သူတို့ခေါင်းဆောင်ရဲ့ ပထမဆုံးတိုက်ပွဲကို မြင်ရတဲ့အတွက် ချောင်ဖုန်းသည် သူတို့ခေါင်းဆောင် ရှာဖွေခိုင်းသော လူဖြစ်နေမလားဟု ခန့်မှန်းလိုက်ကြ၏။

ချောင်ဖုန်းသည် လွင်ကျန့်ချွင်တိုက်ခိုက်လိုက်သော အပြာရောင်စွမ်းအင် အလင်းတန်းအား ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် ထိုးချလိုက်သည်။ ထိုအခါ လွင်ကျန့်ချွင်သည် "မင်းအဆင့်နဲ့ ငါ့ရဲ့ လျှပ်စီးတေးသွားစွမ်းအင်ကို ကာကွယ်နိုင်မယ် ထင်နေတာလား " ဟု ရယ်မောစွာ ပြောလိုက်သည်။

ချောင်ဖုန်းသည် အပြာရောင်စွမ်းအင်အလင်းတန်း ထိုးချလိုက်သောလည်း လေဟာနယ်ကိုသာ တိုက်ခိုက်မိသွား၏။ ချောင်ဖုန်းသည် သူ့နောက်ကျောကို လှည့်ကြည့်လိုက်ပင်မယ့် အပြာရောင်စွမ်းအင်အလင်းတန်းကြီးသည် သူ့ကျောပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုအခါ အပြာရောင်အခိုးအငွေ့များအတူ ကျယ်လောင်စွာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။လွင်ကျန့်ချွင်သည် "မင်းက တကယ်တော်တဲ့ပါရမီရှင်တစ်ယောက်ပါ ၊ ဒါပေမယ့် ငါ့ကို ရန်လာစမိတာ မင်းအမှားပဲ " ဟု ကျယ်လောင်းစွာကောင်းကင်ယံတွင် ရယ်မောလိုက်၏။

သူတို့ခေါင်းဆောင်သည် ရန်သူကို သတ်နိုင်သွားတဲ့အခါ အားလုံးသည် ဝမ်းသာ ပျော်ရွင်သွားကြလေသည်။သို့သော် ထိုချိန်မှာ

"ငါပြောပြီးပြီလေ......မင်းရဲ့အဆင့်နဲ့ ငါ့ကို သတ်နိုင်ဖို့ မဖြစ်နိုင်သေးဘူး "လို့ အေးစက်စက်အသံကြီးသည် ကောင်းကင်ယံအထက်တွင် ပြန်လည် ထွက်ပေါ်လာခဲ့၏။

လွင်ကျန့်ချွင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားသည် ကျောပြင်သို့ ကျရောက် လာချိန်တွင် ချောင်ဖုန်းသည် ဒဏ်ရာအနည်းငယ်သာ ရရှိအောင် ကာကွယ်ရေးစွမ်းအားကို အမြန်ထုတ်လွင့်လိုက်သည်။ ချောင်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်ရေးစွမ်းအားအရှိန်အဝါကို ခံစားမိလိုက်တာကြောင့် ပြင်းထန်သော ဒဏ်ရာရရှိမည်ဟု ထင်နေသော်လည်း သူခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်မျှ မရရှိခဲ့ပေ။

All Chapters