← Chapters

chapter(179)

Vol. 13 Ch. 179

chapter(179)

Vol. 13 Ch. 179

အသန့်စင်ဆုံးစနစ် အခန်း(179)

အားလုံးသည် အေးစက်စက်အသံကြီး ထွက်ပေါ်လာသော နေရာကို ကြည့်လိုက်ကြ၏။ ချောင်ဖုန်းသည် လေပေါ်တွင် အသာအယာပင် ရှိနေတုန်းပင် ဖြစ်သည်။ ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံသည် အလွန်ပင် တောက်ပနေသောကြောင့် ဆူးရှနေ၏။

ချောင်ဖုန်းခန္ဓာကိုယ်ပေါ်တွင် သူ့ရဲ့ စွမ်းအားကိုပင် ခုခံနိုင်သော ဝတ်စုံမျိုး ရှိနေတဲ့အတွက် လွင်ကျန့်ချွင်သည် လိုချင်တပ်မက်မိသွားသည်။ ထိုချိန်မှာ ဝတ်ရုံနီဂိုဏ်းမှ အကြီးအကဲနှစ်ယောက်သည်

အချိန်မဆွဲဖို့ လွင်ကျန့်ချွင်အား အော်ဟစ်လိုက်၏။

ထိုအခါ လွင်ကျန့်ချွင်သည် နောက်ထပ်တစ်ကြိမ် သူ့စွမ်းအားကို

လက်ဖဝါးနှစ်ဖက်တွင် စုစည်းလိုက်သည်။ထိုအခါ လက်ဖဝါးနှစ်ခုကြားတွင် အပြာရောင်ချီးစွမ်းအင်အလင်းလုံးကြီး ပေါ်ထွက်လာခဲ့၏။

ချောင်ဖုန်းသည် မျက်လုံးတစ်ချက်မှိတ်ပြီး ပြန်ပွင့်လာတဲ့အခါ လက်တစ်ဖက်စီတွင် မီးတောက်စွမ်းအင်နဲ့ ရေခဲစွမ်းအင်သည် ပေါ်ထွက်လာခဲ့သည်။ လွင်ကျန့်ချွင်သည် ချောင်ဖုန်းလက်ထဲမှ မီးတောက်နဲ့ရေခဲစွမ်းအားမှ ကြောက်စရာကောင်းသော အရှိန်အဝါ ခံစားမိတဲ့အခါ ကြောက်လန့်မိသွား၏။

သူ့ဘဝတွင် ခုလိုဖြစ်ဖူးတာ ဒုတိယအကြိမ်ဖြစ်တဲ့အပြင် ပထမတစ်ခေါက်ထက် ပိုကြောက်စရာကောင်းနေခဲ့သည်။ လွင်ကျန့်ချွင်ရဲ့

ဇနီးမိန်းကလေးသည် သူ့ယောကျာ်းကို ကြည့်ကာ စိုးရိမ်နေခဲ့၏။ သူသည် အဆင့်၇ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် မီးတောက်တွေအကြောင်း ကောင်းကောင်းပင် သိသည်။

ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်အား သုံးကိုယ်ခွဲလိုက်ပြီး"ကံကြမ္မာအစီအရင်အဆုံးသတ်ခြင်း ကျင့်စဥ်" လို့ ရေရွတ်လိုက်ပြီး မီးတောက်နဲ့ရေခဲစွမ်းအား စုစည်းလိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဆေးလုံးအရွယ်ရှိသော စွမ်းအင်လုံးလေးတစ်လုံးသည် ချောင်ဖုန်းရဲ့ လက်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်။

ကိုယ်ပွားနှစ်ယောက်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ လွင်ကျန့်ချွင်သည် သူ့၏ အပြာရောင်စွမ်းအင် အလင်းလုံးကြီးပစ်လွှတ်လိုက်တာနဲ့ ချောင်ဖုန်းသည်လည်း သူ့လက်ထဲမှ သေးငယ်သော စွမ်းအင်လုံးအား ပစ်လွှတ်လိုက်သည်။

​လွင်ကျန့်ချွန်ရဲ့ အပြာရောင်စွမ်းအင်လုံးကြီးနဲ့ ချောင်ဖုန်း၏ လိမ္မော်ရောင်နဲ့ရေခဲစိမ်းရောင်နှစ်မျိုးစပ်ထားသော ရေခဲမီးတောက်စွမ်းအင်လုံးကို မြင်လိုက်တဲ့အခါ အားလုံးသည် အကာအကွယ်စွမ်းအက်များ အမြန် ဖန်တီးလိုက်ကြ၏။

စွမ်းအင်ကြီးနှစ်ခု ထိပ်တိုက်တွေ့သွားတဲ့အခါမှတော့ ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့အခါ တန်ပြန်သော စွမ်းအားကြီးသည် ပေါက်ကွဲသောနေရာမှ တချက်ချင်း ထွက်ပေါ်လာခဲ့သည်။

အကာအကွယ်ဖန်တီးထားသောသော သူများသည် ပထမတချက်စွမ်းအား ရိုက်ခက်မှုမှာတင် သူတို့၏ အကာအကွယ်စွမ်းအင်များ ပျက်စီးသွား၏။ လွင်ကျန့်ချွင်သည် သူ့ရဲ့စွမ်းအားဖျက်ဆီးခံရတဲ့အခါ ကြောက်လန့်၍ သွားသည်။

ထိုချိန်မှာပဲ ပေါက်ကွဲသောနေရာမှ သေးငယ်သော ရေခဲမီးတောက်စွမ်းအင်လုံးလေးသည် လွင်ကျန့်ချွင်နားသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာခဲ့၏။

ရေခဲမီးတောက်စွမ်းအင်လုံးလေးသည် သူတို့ ခေါင်းဆောင်၏ စွမ်းအင်ထက် သာလွန်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။

လွင်ကျန့်ချွင်သည် သူ့နားရောက်ရောက်ရှိလာသော ရေခဲမီးတောက် စွမ်းအင်လုံးအသေးလေးမှ သေခြင်းတရားစွမ်းအားကြီးကို ခံစားလိုက်ရတဲ့အတွက် ရှောင်ပြေးဖို့ လုပ်လိုက်သည်။

ရေခဲမီးတောက်စွမ်းအင်လုံးသည် လွင်ကျန့်ချွင်အနားသို့ ရောက်တဲ့အခါ ကွဲထွက်သွားပြီး သေးငယ်သောအပ်ချောင်းလေးများစွာ အဖြစ်သို့ ပြောင်းလဲသွား၏။ အပ်ချောင်းလေးများသည် ရေခဲတစ်ပိုင်း မီးတောက်တစ်ပိုင်းပုံစံဖြစ်သွားသည်။

လွင်ကျန့်ချွင်သည် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးဖို့ လုပ်လိုက်ပင်မယ့် ဖောက်ထွက်၍ မရတဲ့အခါ " မဖြစ်နိုင်တာ........ဘယ်ချိန်က ဒီနေရာမှာ အစီအရင်က ရှိနေတာလဲ" ဟု တစ်ယောက်ထဲ ရေရွတ်လိုက်၏။

ချောင်ဖုန်းသည် ရီချုံတို့ စတင်တိုက်ခိုက်ချိန်တွင် လေဟာနယ်အကန့်အသတ်အစီအရင်ကို ဖွဲ့စည်းထားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ချောင်ဖုန်းရဲ့ ခွင့်ပြုချက်မရှိဘဲ ထွက်သွားခွင့် မရချေ။

ထိုချိန်မှာပဲ ချောင်ဖုန်းရဲ့ ကိုယ်ပွားနှစ်ယောက်သည် လွင်ကျန့်ချွင်အား ရေခဲမီးတောက်စွမ်းအင်လုံးဖြင့် ဘေးနှစ်ဖက်မှ ပစ်သွင်းလိုက်၏။

လွင်ကျန့်ချွင်သည် ပြေးရာလမ်းကြောင်း ပိတ်သွားတဲ့အခါ အစီအရင်အား ဖျက်ဆီးနေခဲ့၏။ လေဟာနယ်အကန့်အသတ်အစီအရင်မှာ အရာတောင်မထင်ပေ။ လွင်ကျန့်ချွင်သည် သူ့ဘဝတစ်လျှောက်လုံး တည်ထောင်ခဲ့သော ဝတ်ရုံနီဂိုဏ်းသည် ချောင်ဖုန်းလက်ထဲမှာ ပျက်စီးသွားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

လွင်ကျန့်ချွင်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်လိုက်ရင်း ​မျက်လုံးနီနီကြီးများဖြင့် ချောင်ဖုန်းအား ကြည့်လိုက်၏။ သူ့ရင်ထဲမှာတော့ အရာအားလုံးဆုံးရှုံးရမှာ သိတဲ့အတွက် သေလောက်အောင်နာကျင်နေခဲ့သည်။

လွင်ကျန့်ချွင်သည် သူ့လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းပြားအား ချေမွပစ်လိုက်၏။ ရေခဲမီးတောက်အပ်ချောင်းများစွာသည် ဘက်ပေါင်းစုံမှ ကျရောက်လာတဲ့အခါ လွင်ကျန့်ချွင်သည် သူ့ခန္ဓာကိုယ်အား ဖောက်ကွဲပစ်လိုက်သည်။

ဝတ်ရုံနီဂိုဏ်းရှိလူများသည် သူတို့သည်လည်း မလွတ်မြောက်နိုင်သည်ဟု သိသွားတဲ့အခါ ချောင်ဖုန်းအား တိုက်ခိုက်လိုက်ကြ၏။သို့သော် အားလုံးသည် ပေါက်ကွဲထွက်ကာ သေဆုံးသွားကြလေသည်။

လွင်ကျန့်ချွင်ရဲ့ ဇနီးမယားသည် သူယောကျာ်းအဖြစ်ကြောင့် ​ကောင်းကင်ယံသို့ လက်တစ်ဖက်လှမ်းကာ မျက်ရည်များအဆက်မပြတ်ကျကာ ကြေကွဲနေခဲ့၏။

ချောင်ဖုန်းသည် လွင်ကျန့်ချွင်ရဲ့ စုန့်ဝိညဥ်စွမ်းအင်အား ဖမ်းဆီးမယ့်ချိန်တွင် လေဟာနယ်အကန့်အသတ်အစီအရင်သည် ရုတ်တရက် ကွဲကြေကာ ပျက်စီးသွားခဲ့၏။ ထို့နောက်လေဟာနယ်အက်ကွဲကြောင်းထဲမှ ဧရာမသွေးလက်ချောင်းကြီးထွက်ရှိလာပြီး လွင်ကျန့်ချွင်ရဲ့ စုန့်ဝိညဥ်စွမ်းအင်ကာ စုပ်ယူသွားပြီး လေဟာနယ်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

ချောင်ဖုန်းသည် ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုဧရာမသွေးလက်ချောင်းကြီးကို တိုက်ခိုက်လိုက်ပင်မယ့် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ဝတ်ရုံနီဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည်လည်း ရီချုံတို့ရဲ့ တိုက်ခိုက်မှုကြောင့် တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေပြီး စွမ်းအားများပင် အလွန်ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

ဝတ်ရုံနီဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်သည် သူတို့နောက်ကို ရေခဲမီးတောက် စွမ်းအင်လုံး ရောက်ရှိလာတာ သိတဲ့အခါ လျင်မြန်စွာ တုံပြန်လိုက်၏။ ထိုချိန်မှာဘဲ ရီချုံနဲ့ ရန်ယိုသည် အခွင့်ကောင်းယူကာ မီးတောက်လုံးနဲ့ရေခဲလုံးကြီးအား အကြီးအကဲနှစ်ယောက်ဆီသို့ ပစ်သွင်းလိုက်သည်။

အကြီးအကဲနှစ်ယောက်သည် အလစ်မှာ တိုက်ခိုက်ခံလိုက်ရတာကြောင့် အငိုက်မိသွားပြီး ကောင်းကင်ယံမှ မြေပေါ်သို့ ကျဆင်းသွားခဲ့၏။ ထို့နောက် နှစ်ယောက်လုံးကိုယ်တွင် အဝတ်အစားများမှာလဲ မီးလောင်ကျွမ်းနေခဲ့ပြီး တစ်ကိုယ်လုံးတွင် သွေးများစီးကျနေခဲ့သည်။

ထိုအခါ ရီချုံနဲ့ ရန်ယိုသည် သူတို့ခန္ဓာကိုယ်အား ပေါင်းစပ်လိုက်ပြီး ဧရာမခေါင်းနှစ်လုံး နဂါးအဖြစ်သို့ ပြန်၍ ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းစွမ်းအားကို အသုံးပြုလိုက်သည်။

မိုင်တစ်ရာအတွင်းရှိ အရာများအားလုံးသည် ရပ်တန့်သွားပေသည်။

အကြီးအကဲနှစ်ယောက်သည် သူ့တို့စွမ်းအင်များကို အလွန်အကျွံသုံးမိသွားတဲ့အတွက် ယခုအခါမှာ နတ်ဆိုးနဂါးညီနောင်ရဲ့ စွမ်းအားကို မချိုးဖြတ်နိုင်တော့ပေ။

ချောင်ဖုန်းသည် ရေခဲမီးတောက်စွမ်းအင်လုံးများဖြင့် ထိုနှစ်ယောက်အား အမြန်တိုက်ခိုက်လိုက်၏။ ရေခဲမီးတောက်စွမ်းအင်လုံးသည် ချောင်ဖုန်းလက်ထဲမှ လွတ်ထွက်သွားတာနဲ့ ရေခဲမီးတောက် အပ်ချောင်းလေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး

အကြီးအကဲနှစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ကာ ဝင်သွားလေသည်။

ထိုအခါ အကြီးအကဲနှစ်ယောက်သည် အသက်ရှင်လျက် သေသူအဖြစ်သို့ ပြောင်းလဲသွား၏။ ရီချုံနဲ့ ရန်ယိုသည် သူတို့စွမ်းအားများ ရုတ်သိမ်းလိုက်တာတောင် အကြီးအကဲနှစ်ယောက်သည် လှုပ်ရှားမှုမရှိတဲ့အခါ အံ့အားသင့်သွားသည်။

ရေခဲမီးတောက်အပ်ချောင်းများသည် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအားလုံးကို ပိတ်ဆို့တားလိုက်ပြီး လှုပ်ရှားမှု သွေးကြောအားလုံးကို ဖျက်စီးပစ်လိုက်ခြင်းကြောင့် အကြီးအကဲနှစ်ယောက်မှာ မိနစ်ပိုင်းအတွင်း သေဆုံးသွားတော့မည့် အလောင်းခန္ဓာကိုယ်ကြီးပင် ဖြစ်၏။

ထို့နောက် ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းရှိ ကျန်ရှိသေးသော လူများအားလုံးကို သတ်ပစ်ဖို့ ရီချုံတို့ အား စေခိုင်းလိုက်သည်။ထိုအခါ ရီချုံနဲ့ရန်ယိုသည် ဝတ်ရုံနီဂိုဏ်းရှိ လူများအားလုံးကို လိုက်လံသတ်ဖြတ်လေသည်။

ရီချုံနဲ့ရန်ယို၏ သတ်ဖြတ်နှုန်းသည် အလွန်ပင် မြန်ဆန်သော​ကြောင့် ခဏအတွင်းမှာပဲ ဝတ်ရုံနီဂိုဏ်းတစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ လွင်ကျန့်ချွင်ရဲ့ ဇနီးမယားကတော့ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။

ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့် အကြီးအကဲ နှစ်ယောက်သည်လဲ မြေပြင်ပေါ်သို့ ပစ်လဲကာ သေဆုံးသွားခဲ့၏။ချောင်ဖုန်းသည် စုန့်ဝိညဥ်စွမ်းအားနဲ့ ခန္ဓာကိုယ်အား ခွဲထုတ်လိုက်ပြီး သူ့သိုလှောင်ကွင်းထဲတွင် သိမ်းထားလိုက်သည်။

All Chapters