← Chapters

Chapter(180)

Vol. 13 Ch. 180

Chapter(180)

Vol. 13 Ch. 180

အသန့်စင်ဆုံးစနစ် အခန်း(180)

ချောင်ဖုန်းသည် ဝတ်ရုံနီတစ်ဂိုဏ်းလုံးအား သတ်ဖြတ်ပြီးတဲ့အခါ စနစ်မှ ဆုချီးမြှင့်ခဲ့၏။ {ဂုဏ်ယူပါတယ် စနစ်ရှင်အတွက် သန့်စင်သော ကျင့်ကြံမှု စွမ်းအားအပြင် စနစ်ရှင်အား ရေခဲမီးတောက်ခန္ဓာကိုယ်အား ချီးမြှင့်လိုက်ပါပြီ }

ရေခဲမီးတောက် ခန္ဓာကိုယ်ဟု ကြားလိုက်တဲ့ ချောင်ဖုန်းသည် ​အံ့အားသင့်သွား၏။ ထိုချိန်မှာသူ့ခန္ဓာကိုယ်အတွင်းရှိ သန့်စင်မီးတောက်နဲ့ သန့်စင်ရေခဲသည် အရည်ပျော်ကျသွားသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံးရဲ့ သွေးကြောများအတွင်းကို စီးဝင်သွားလေသည်။

ချောင်ဖုန်းသည် တစ်ဖက်မှာ မီးတောက်ရဲ့ နာကျင်မှုဒဏ်နဲ့ နောက်တစ်ဖက်မှာ ရေခဲ၏ အေးစိမ့်မှု ဒဏ်းအား တစ်ပြိုင်နက် ခံစားနေရ၏။ ချောင်ဖုန်းခန္ဓာကိုယ် ရုတ်တရက်ပြောင်းလဲလာတဲ့အခါ ရီချုံနဲ့ရန်ယိုသည် ထူးဆန်းစွာဖြင့် ကြည့်နေခဲ့၏။

ချောင်ဖုန်း၏ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံးရှိ အရေပြားသည် မီးတောက်အက်ကွဲရာကြောင်းရာများ ထွက်ပေါ်လာခဲ့ပြီး ဘယ်ဘက်ခြမ်းတွင် ရေခဲအက်ကွဲကြောင်း များ ဖြစ်ပေါ်လာလေသည်။ ချောင်ဖုန်းရဲ့မျက်လုံးတစ်ဖက်သည်လည်း လိမ္မော်ရောင်မီးတောက်ဖြစ်နေပြီး နောက်တစ်ဖက်ကတော့ အစိမ်းရောင်ရေခဲမျက်လုံးအဖြစ်သို့ ပြောင်းလဲသွား၏။

ချောင်ဖုန်းသည် သေမတက်နာကျဥ်ခံစားရမှုဒဏ်ကြောင့် အော်ဟစ်လိုက်ရင်း ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ပြင်းထန်သောစွမ်းအားအရှိန်အဝါကြီးသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့သည်။

ချောင်ဖုန်းသည် နာကျင်မှုများ လုံးဝပျောက်ဆုံးသွားတဲ့အခါ သူ့ခန္ဓာကိုယ်အား ပြန်ကြည့်လိုက်တဲ့အခါ မူလအတိုင်း ပြန်ဖြစ်သွားခြင်းကို သိလိုက်ရ၏။ ထို့အပြင် ဝိညဥ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ချောင်ဖုန်းသည် သူ့ကိုယ်သူ အားရသွား၏။

ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ထိန်းချုပ်ကြည့်လိုက်တဲ့အခါ ရေခဲမီးတောက်ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားတဲ့အတွက် ဝမ်းသာသွားသည်။ ရေခဲမီးတောက်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲချိန်တွင် သတ်ဖြတ်ခြင်းစွမ်းအားများသည် ထိပ်ဆုံးထိ ရောက်ရှိသွားသလို ခံစားလိုက်ရ၏။

ချောင်ဖုန်းသည် ကျင့်ကြံမှုစွမ်းအားမလိုဘဲ ရေခဲမီးတောက်ခန္ဓာကိုယ်တစ်ခုထဲနဲ့ ဝိညဥ်နယ်ပယ်အထွဋ်အထိပ်လူကိုတောင် ယှဥ်တိုက်နိုင်မည်လို့ ယုံကြည်ချက်ရှိနေလေသည်။ ချောင်ဖုန်းသည် မူလခန္ဓာကိုယ်အသွင် ပြန်ပြောင်းလိုက်ပြီး ထိုနေရာမှ ရှိနေသော လူများအားလုံးကို ချန်အင်ပါယာ တိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့၏။

ချောင်ဖုန်းသည် ရွှေဝက်ဝံဂိုဏ်း၏ ငြိမ်သက်နေသော အခန်းထဲတွင် ဝိုင်အရက်ကို အသာအယာပင် ငှဲ့သောက်နေခဲ့သည်။ ထိုချိန် ရွမ်တိုင်သည် အခန်းထဲသို့ ဝင်လာခဲ့ပြီး ဝမ်းသာအားရစွာဖြင့် ပြောလိုက်၏။

ဝတ်ရုံနီဂိုဏ်းမှ ပြန်လည်ကယ်ဆယ်လာသော လူများသည် သူတို့ရဲ့ နေရပ်များကို ပြန်မသွားဘဲ ချောင်ဖုန်းရှိနေသော ရွှေဝက်ဝံဂိုဏ်းရဲ့လက်အောက်ကို အပြီးအပိုင် ဝင်ရောက်မည်ဟု ပြောလိုက်သည်။ ချောင်ဖုန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျင့်စဥ်စာလိပ်တစ်ခုအား ရွမ်တိုင်ကို ပေးလိုက်၏။

ထိုကျင့်စဥ် စာလိပ်ကတော့ ခဲ့စားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို လျင်မြန်အောင် တက်မြောက်စေနိုင်သည့် ကျင့်စဥ်ပင် ဖြစ်သည်။

ရွမ်တိုင်သည် ချောင်ဖုန်းပေးလိုက်သော ကျင့်စဥ်စာလိပ်အား ဝမ်းသာအားရစွာဖြင့် ဖတ်ကြည့်လိုက်၏။

သို့သော် ရွမ်တိုင်သည် အလွန်ပင်တန်ဖိုးကြီးသော အရှင်လျူဖုန်းထားခဲ့သော ကျင့်စဥ်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ရွမ်တိုင်သည် ဒူးနှစ်ဖက်ထောက်ကာ ချောင်ဖုန်းအား အကြိမ်ကြိမ်ဂါဝါရပြုလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် အစီအရင်တစ်ခုအား ရေးဆွဲလိုက်ပြီး သံရောင်တံဆိပ်ပြားပေါ်တွင် ရေးဆွဲလိုက်၏။ ချောင်ဖုန်းသည် ထိုတံဆိပ်ပြားကို ရွမ်တိုင်အား ပေးလိုက်ပြီး ဝိညဥ်နယ်ပယ်အဆင့်

ရောက်ရှိမှသာ ထိုတံဆိပ်ပြားအား အသက်သွင်းဖို့ ပြောလိုက်ပြီး ထိုအခန်းအတွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ရွမ်တိုင်သည် သူ့လက်ချောင်းများကို ဆုပ်လိုက်ပြီး ဝိညဥ်နယ်ပယ်အဆင့် ရောက်ရှိဖို့နဲ့ ရွှေဝက်ဝံကို ဂိုဏ်းကိုလဲ အင်ပါယာတိုင်းပြည်တွင် အင်အားအကြီးဆုံးဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

မိန်းကလေးတစ်ယောက်သည် ပြတင်းပေါက်အား ကြည့်ကာ

လူတစ်ယောက်အား လွမ်းဆွတ်နေလေသည်။ ထိုချိန်မှာပဲ လူတစ်ယောက်သည် သူနောက်ရောက်ရှိလာသည် ဟု ခံစားလိုက်ရတဲ့အခါ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။

ဒါပေမယ့် ထိုမိန်းကလေးသည် သူ့နောက်ရောက်ရှိလာသော လူအား ပြေးဖက်လိုက်ပြီး "ကိုကိုချောင်ဖုန်း.......ဘာလို့ ရွယ်ချင်းကို အကြာကြီးပစ်ထားနေတာလဲ" ဟု မျက်ရည်များပင် ဝဲကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

ချောင်ဖုန်းသည် ရွယ်ချင်းအား ပြန်ပွေ့ဖက်လိုက်ပြီး" နောက်ဆို ကိုယ်ဘယ်သွားသွား မင်းကို ခေါ်သွားပါ့မယ်" ဟု ပြောလိုက်သည်။ ထိုအခါ ရွယ်ချင်းသည် ချောင်ဖုန်းရင်ခွင်ထဲမှာ နေရင်း "ကိုကိုချောင်ဖုန်း........ရွယ်ချင်းကို မညာရဘူးနော် " ဟု ​ငိုမဲ့မဲ့ အသံဖြင့် ပြောလိုက်၏။

ချောင်ဖုန်းသည် ရွယ်ချင်းခေါင်းလေးအား ပွတ်ပေးလိုက်ရင်း လက်ဆွဲကာ ထိုအခန်းထဲမှ ထွက်ခွာလာခဲ့သည်။ရေခဲသူတော်စင်ဂိုဏ်းရဲ့ အခန်းတစ်ခန်းထဲတွင် လုပင်းတို့သည် ချောင်ဖုန်း ပြန်လာမည့်ရက်ကို စောင့်ဆိုင်းနေခဲ့သည်။

ထိုချိန်မှာ အခန်းတံခါးသည် ပွင့်သွားပြီး ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် လက်ချင်းချိတ်၍ ဝင်လာတာကို တွေ့သောအခါ သူ့တို့စိုးရိမ်ပူပန်မူများသည် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ ချောင်ဖုန်းနဲ့ရွယ်ချင်းသည် ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။

လွင်ကုံသွေသည် သူ့တပည့်နှစ်ယောက်နဲ့ အခန်းထဲသို့ ဝင်လာပြီး ကျုံးအင်ပါယာနဲ့မဟာအင်ပါယာ၏ တော်ဝင်မိသားစုများ၏ တိုက်ပွဲမှာ ပြင်းထန်လာနိုင်တဲ့အတွက် ရေခဲသူတော်စင်ဂိုဏ်းအပြင်ကို မထွက်ဖို့ အသိပေးလိုက်သည်။

ထိုချိန်မှာ {ကျုံးအင်ပါယာနဲ့မဟာအင်ပါယာတိုင်းပြည်အတွင်းရှိဝတ်ရုံနီဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများကို ရှင်းလင်း

ပါ ၊ ထိုအတွက် အဆင့်၁၀ရှိသော မှော်အမြူတေ ငါးခုနဲ့ ​နတ်ဘုရားသွေး​စက်ကျင့်စဥ်အား စနစ်ရှင်အတွက် ဆုချီးမြှင့်ပါမည်} ဟု စနစ်မှ တာဝန်ပေးလာခဲ့၏။

နတ်ဘုရားသွေးစက် ကျင့်စဥ်ဟု ကြားလိုက်တဲ့အခါ ချောင်ဖုန်းသည် အံ့အားသင့်သွားသည်။ နတ်ဘုရားသွေးစက် ကျင့်စဥ်သည်

အဂ္ဂိရတ်ပညာရပ်နဲ့ အလွန်ပင် သက်ဆိုင်၏။ ထူးခြားသော ပါရမီရှင်တစ်ယောက်တွင် နတ်ဘုရားသွေးစက်သည် ထိုလူရဲ့ ခန္ဓာကိုယ်အတွင်းမှ ပုန်းကွယ်စွာ နေတက်သည်။

ထို နတ်ဘုရားသွေးစက်အား အသက်သွင်းနိုင်မည်ဆိုရင် ထိုလူသည် နတ်ဘုရားတစ်ပါးဖြစ်ဖို့ အလားအလာရှိနိုင်မည် ဖြစ်၏။ တစ်နည်းအားဖြင့် နတ်ဘုရားသွေးစက်သည် ရွယ်ချင်း ၊ ရှယု တို့လို ထူးခြားသောခန္ဓာကိုယ်များတွင် ပါတက်သည်။

ရွယ်ချင်း၏ အမှောင်ထုအဆိပ်စွမ်းအားခန္ဓာကိုယ်သည် အခြား ခန္ဓာကိုယ်ပိုင်ရှင်များထက် ထူးခြားသောကြောင့် နတ်ဘုရားသွေးစက် ပါနိုင်လောက်မည်ဟု ချောင်ဖုန်းသည် ခန့်မှန်းလိုက်၏။

ချောင်ဖုန်းရဲ့ အရည်အချင်းကို သိသောကြောင့် လွင်ကုံသွေသည်

အင်ပါယာနှစ်ခုကြားရဲ့ ပြသာနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းများ ရှိလားဟု မေးလိုက်သည်။ ချောင်ဖုန်းသည် ထိုကိစ္စကို သူ့တာဝန်ထားဖို့ အားလုံးကို ပြောလိုက်၏။

ရေခဲသူတော်စင်ဂိုဏ်းသည် ကျုံးအင်ပါယာ၏ အင်အားအကြီးမားဆုံး ဂိုဏ်းဖြစ်သည့်အတွက် အင်ပါယာနှစ်ခုကြား တိုက်ပွဲဖြစ်လျှင် မဖြစ်မနေ ဝင်ပါရမည် ဖြစ်သည်။

ကျုံးအင်ပါယာနဲ့မဟာအင်ပါယာဂိုဏ်း၏ ရန်ပွဲသည် အိမ်ရှေ့စံ မင်းသားနှစ်ယောက်၏ ရန်ငြိုးကနေ စတင်လာတဲ့အတွက် ချောင်ဖုန်းသည် ထိုနှစ်ယောက်အား ပညာပေးဖို့ တွေးနေခဲ့လေသည်။ အင်ပါယာနှစ်ခု၏ အိမ်ရှေ့စံများသည်လည်း အင်ပါယာနှစ်ခု၏ တိုက်ပွဲတွင် ချောင်ဖုန်း ဝင်မပါဖို့ မျှော်လင့်နေခဲ့၏။

ချောင်ဖုန်းသည် ရွယ်ချင်းကို လက်ကို တွဲရင်း အားလုံးကို နှုတ်ဆက်ကာ ထိုအခန်းငယ်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ကျုံးအင်ပါယာ နန်းတော်အတွင်းရှိ ရေများစီးကျနေသော ရေတံခွန်လေးအနားတွင် နှစ်ယောက်သားပြန်လည် ပေါ်လာခဲ့၏။

ချောင်ဖုန်းတို့ကို မြင်တဲ့အခါ နန်းတော်အတွင်းမှာ ကင်းစောင့်နေသော စစ်သည်တော်အဖွဲ့သည် ဝိုင်းလိုက်ကြသည်။ ထို့နောက် ချောင်ဖုန်းတို့အား စစ်ဆေးမေးမြန်းလိုက်၏။

ချောင်ဖုန်းသည် ရေခဲသူတော်စင်ဂိုဏ်း၏ အမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက်တဲ့အခါ စစ်သည်တော်များသည် လက်နှစ်ဖက်ဆုပ်ပြီး ချက်ချင်း တောင်းပန်လိုက်လေသည်။ ချောင်ဖုန်းသည် အင်ပါယာနှစ်ခုကြား ပြသာနာကို ဆွေးနွေးချင်လို့ ရောက်ရှိလာကြောင်း ပြောပြလိုက်၏။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် ကျုံးအင်ပါယာနန်းတော်ရှိ နန်းဆောင်ထဲတွင် ထိုင်စောင့်နေခဲ့သည်။ ခဏအကြာမှာတော့ စစ်တပ်တစ်ခုနဲ့အတူ ချန်ရှောင်သည် ရောက်ရှိလာခဲ့၏။ ချန်ရှောင်သည် ချောင်ဖုန်းကို တွေ့တဲ့အခါ သဘောမကျပင်မယ့် ပြုံးကာ နှုတ်ဆက်လိုက်သည်။

ချောင်ဖုန်းသည် သူ့စကားကို ဂရုမစိုက်ဘဲ ပန်းသီးတစ်လုံးကိုသာ ကိုက်နေတဲ့အတွက် ချန်ရှောင်သည် ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်၏။ ထို့နောက် ချန်ရှောင်သည် သူ့ဘေးမှ စစ်သူကြီး ဂျန်းယွီဖျင်းအား မျက်စပစ်ကာ ပြသာနာများအား ပြောပြခိုင်းလိုက်သည်။

All Chapters