← Chapters

chapter(181)

Vol. 13 Ch. 181

chapter(181)

Vol. 13 Ch. 181

အသန့်စင်ဆုံးစနစ် အခန်း(181)

ကျုံးအင်ပါယာနဲ့မဟာမိတ်အင်ပါယာကြားရှိ ဖုန့်တုံရာနယ်မြေတွင်

သဘာဝမီးတောက်တစ်မျိုးသည် ပေါ်ထွက်လာခဲ့သည်။ အင်ပါယာ နှစ်ခု၏ နယ်စောင့် စစ်သည်တော်များသည် အဖြူရောင်ရှိသောသဘာဝမီးတောက်၏ စွမ်းအား ထွက်ပေါ်လာခြင်း​ကြောင့် တော်ဝင်နန်းတော်သို့ အမြန် အကြောင်းကြားခဲ့၏။

ဖုန့်တုံရာနယ်မြေသည် အင်မတန်ကြောက်စရာကောင်းသော နယ်မြေတစ်ခုဖြစ်သည်။ ဖုန့်တုံရာနယ်မြေတွင် အင်အားကြီးမားသော မိုးကြိုးများသည် အစဥ်မပြတ် ပစ်ချလေ့ရှိ၏။ ထိုမိုးကြိုးရဲ့စွမ်းအား​သည် ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သောစွမ်းအား မျိုးရှိသည်။

ဖုန့်တုံရာနယ်မြေသည် ကျုံးအင်ပါယာနဲ့မဟာအင်ပါယာနယ်မြေထက်ပင် ကျယ်ပြန့်ပြီး ထိုနယ်မြေသည် ကန့်သတ်နယ်မြေတစ်ခုလဲ ဖြစ်သေး၏။

သဘာဝမီးတောက် ထွက်ပေါ်လာတဲ့အခါ ချန်ရှောင်နဲ့ဝန်လင်းသည် နှစ်ဦးသားတွေ့ဆုံပြီး ထိုနယ်မြေအား အပိုင်အခြားလုပ်ကာနယ်ကျော်၍ ရှာမဖွေဖို့အကြောင်း ချန်ရှောင်သည် ပြောလိုက်သည်။။ ထိုကိစ္စသည် မလွယ်ကူလှ၍ ဝန်လင်းသည် မီးတောက်ကိုသာ အရင်တွေ့တဲ့လူက ယူဖို့ ပြောဆိုခဲ့၏။

ဖုန့်တုံရာနယ်မြေတွင် အင်ပါယာနှစ်ခုမှ လွှတ်လိုက်သော စစ်သည်တော်တိုင်းသည် ထိုနယ်မြေမှ ပြန်ထွက်လာခြင်းမရှိပေ။ ကျုံးအင်ပါယာ၏ စစ်သည်တော်များကို ဖုန်တုံရာနယ်မြေအတွင်းမှာ မဟာအင်ပါယာက သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ချန်ရှောင်သည် ကောက်မှတ်ချက်ချလိုက်၏။

ထို့အတူ မဟာအင်ပါယာ၏ စစ်သည်တော်များကို ကျုံးအင်ပါယာမှ

ခြုံခိုသတ်ပစ်ခြင်း ဖြစ်မည်ဟု ဝန်လင်းသည် ယူဆလိုက်ခြင်းဖြစ်သည်။ထိုကြောင့် အင်ပါယာ နှစ်ခုရဲ့ တိုက်ပွဲသည် စတင်လာခဲ့ခြင်းဖြစ်​၏။

ချောင်ဖုန်းသည် သူပထမဆုံးရောက်ရှိဖူးသော တောနက်မှာ ဖုန့်တုံရာနယ်မြေ ဖြစ်ကြောင်း သိရှိလိုက်သည်။ ချောင်ဖုန်းနဲ့ရွယ်ချင်းသည် သူတို့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ ချန်ရှောင်သည် ဖုန့်တုံရာနယ်မြေကို စောင့်ကြည့်ထားဖို့ ကျုံးစစ်သူကြီးကို အမိန့်ပေးလိုက်၏။

ရွယ်ချင်းသည် တောနက်ကြီးထဲသို့ ရောက်တဲ့အခါ "ကိုကိုချောင်ဖုန်း ......ဒီနေရာက ဖုန့်တုံရာနယ်မြေလား ..." ဟု မေးလိုက်သည်။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ကာ ရွယ်ချင်းလက်ကို သေချာ ဆုပ်ကိုင်ထားပြီး သတိထားနေဖို့ ပြောလိုက်၏။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် တောနက်ကြီးထဲသို့ ပျံသန်းဝင်လာခဲ့သည်။ သားရဲပေါင်းများစွာသည် ချောင်ဖုန်းသို့ ရောက်ရှိလာမှန်းသိတဲ့အခါ ထွက်ပြေးနေခဲ့ကြ၏။ တောနက်အလယ်သို့ ရောက်တဲ့အခါ ​​အသံမှာ ပို၍ တိတ်ဆိတ်လာလေသည်။

ချောင်ဖုန်းသည် လူစွမ်းအင်အငွေ့အသက်ကို ခံစားလိုက်ရတဲ့အခါ သစ်ပင်နောက်သို့ ကွယ်ကာ ရပ်တန့်လိုက်၏။ လူတစ်ယောက်သည် သူ့လက်ထဲမှ မီးအလင်းရောင်ပါသော ဖန်လုံးကို ကိုင်ကာ တောနက်ထဲတွင် ပျံသန်းနေခဲ့သည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် တောနက်ထဲတွင် လူရှိနေတဲ့အတွက် အံ့အားသင့်သွား၏။ ထိုလူသည် ပျံသန်းနေရာမှ ရပ်လိုက်ပြီး ဟိုကြည့် ဒီကြည့်ဖြင့် "ငါပဲ စိတ်ထင်နေတာလား ...." ဟု ပြောကာ နောက်သို့ ပြန်လှည့်ကာ ပျံသန်းသွားသည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် ထိုလူနောက်ကို လျင်မြန်စွာ လိုက်၍ သွားခဲ့၏။ ထိုလူသည် အလွန်ပင်မြင့်မားသော သစ်ပင်ရှေ့ကို ရောက်တဲ့အခါ သူ့လက်ထဲမှ မီးဖန်လုံးလေးကို ပြန်သိမ်းလိုက်သည်။

ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ဒိုင်ဗားရှင်းအစီအရင်သည် သစ်ပင်ကြီး၏ မျက်နှာပြင်မှ ထွက်ပေါ်လာခဲ့၏။ ထိုလူသည် အစီအရင်ထွက်လာတာနဲ့ အထဲသို့ ခုန်ဝင်ပြီး ပျောက်ကွယ်သွားလေသည်။

ချောင်ဖုန်းနဲ့ ရွယ်ချင်းသည်လည်း အခြေအနေကို ခဏ စောင့်ကြည့်ပြီး ထိုသစ်ပင်ကြီးရှေ့သို့ သက်ဆင်းလိုက်သည်။ ထို့နောက် ချောင်ဖုန်းသည်လည်း ရှေ့က လူကဲ့သို့ လက်ချောင်းများကို လှုပ်ရှားတဲ့အခါ ပ​ျောက်ကွယ်သွားတဲ့ အစီအရင်ကြီးသည် ပြန်လည်ထွက်ပ​ေါ်လာခဲ့၏။

ချောင်ဖုန်းနဲ့ရွယ်ချင်းလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးအစီအရင်အတွင်းသို့ ခုန်ဝင်လိုက်သည်။ အထဲသို့ ရောက်သွားတဲ့အခါ အလွန်ပင် အံ့အားသင့်စရာကောင်းသော မြင်ကွင်းကို ချောင်ဖုန်းတို့သည် တွေ့ရှိလိုက်ရ၏။

မှောင်မဲနေသော တောနက်ကြီးထဲမှ အလွန်ပင် လင်းထိန်ပြီး အပြင်လောကတူသော ပတ်ဝန်းကျင်ကို ချောင်ဖုန်းတို့သည် တွေ့လိုက်ရသည်။ ထိုနေရာတွင် ကပွဲတစ်ခု ရှိနေပြီး လူများစွာသည်လည်း စားသောက်ကာ ကခုန်နေကြ၏။

လူတစ်ယောက်သည် ဝိုင်ခွက်နှစ်ခွက်ထည့်ထားသော ဗန်းကလေးသယ်ဆောင်လာပြီး ချောင်ဖုန်းနဲ့ရွယ်ချင်းအား တစ်ယောက်တစ်ခွက် ပေးသွားသည်။ ချောင်ဖုန်းသည် သူ့စိတ်ထဲတွင် သံသယ ဖြစ်သလို ခံစားနေရတဲ့အတွက် စိတ်ဝိညဥ်စွမ်းအားကို အသုံးပြုကာ ကြည့်လိုက်၏။

ထိုအခါ ပတ်ဝန်းကျင်သည် ချက်ချင်း မဲမှောင်သွားပြီး တောနက်ကြီး တစ်ခုလို့ ပြန်ဖြစ်သွားသည်။ ထို့အပြင် ကခုန်နေသော လူများမှာ လူသားမိန်းကလ​ေးများ မဟုတ်ဘဲ မြွေသားရဲမများပင် ဖြစ်နေခဲ့၏။

အင်ပါယာနှစ်ခုမှ ပျောက်ဆုံးသွားသော စစ်သည်တော်များ နဲ့ တောနက်ထဲသို့ အကြောင်းကိစ္စရှိလို့ ရောက်ရှိလာသူများသည် သေဆုံးသွားခြင်း မဟုတ်ဘဲ မြွေနတ်ဆိုးမျိုးနွယ်မှ ဖမ်းစားညို့ယူထာခြင်းပင် ဖြစ်သည်။

ရွယ်ချင်းသည် ချောင်ဖုန်းမျက်နှာမှာ ပြောင်းလဲသွားသဖြင့် သူ့စွမ်းအားဖြင့် ရှေ့က မြင်ကွင်းကို ကြည့်လိုက်တဲ့အခါ အန်ချင်သလို ဖြစ်သွား၏။ မြွေများစွာသည် လူတစ်ချို့၏ ခန္ဓကိုယ်မှာ ရစ်ခွေ နေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

ထိုချိန်မှာ ချောင်ဖုန်းနောက်သို့ မိန်းမပျိုတစ်ယောက် ရောက်ရှိလာပြီး "သခင်လေးက ဒီမှာဘာလုပ်နေတာလဲ ကျွန်မနဲ့အတူ နှစ်ယောက်ထဲ မကဲချင်ဘူးလား...ဟီးဟီး" ဟု ပြောကာ ချောင်ဖုန်းခန္ဓာကိုယ်အား ပွတ်သတ်လိုက်၏။

ချောင်ဖုန်းသည် သူ့အားလာကပ်နေသော မြွေနတ်ဆိုးမအား လည်ပင်းညှစ်လိုက်ပြီး "ငါနဲ့ဝေးဝေးမှာ နေစမ်း...." လို့ ပြောကာ လွင့်ပစ်လိုက်သည်။ထိုအခါ လူတစ်ယောက်သည် ​မိန်းမပျိုလေးအား ဆွဲထူလိုက်ပြီး သူ့သိုလှောင်ကွင်းထဲမှ လှံတစ်ချောင်းအား ထုတ်လိုက်၏။

ထိုလူသည် သူလှံအား ရေခဲဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး " ကောင်လေး........ဒီနေရာက ဘယ်နေရာလဲ မင်းသိရဲ့လား" ဟု ချောင်ဖုန်းအား မေးလိုက်သည်။ ထိုလူရဲ့ နာမည် ရှောင်ဝန်ဖြစ်ပြီး

မြွေနတ်ဆိုးမျိုးနွယ်၏ အစောင့်တစ်ယောက်ဖြစ်၏။

ရှောင်ဝန်သည် ချောင်ဖုန်းအား တိုက်ခိုက်မလို့ ကြံရွယ်စဥ်မှာ "မြွှေနတ်ဆိုးသားရဲမျိုးနွယ်လား.........အဲ့တာဆို ရဲ့ထျန်လဲ ဒီနေရာမှာ ရှိနေမှာပေါ့ " ဟု ရီချုံသည် ပြောလိုက်၏။ထိုနေရာတွင် ရှိနေသော လူများအားလုံးသည် ​ရီချုံရဲ့စကားကြောင့် အံ့အားသင့်သွားကြသည်။

ရဲ့ထျန်သည် မြွေနတ်ဆိုးသားရဲမျိုးနွယ်၏ အရှင်သခင်တစ်ယောက်ဖြစ်ပြီး ကျန်ရှိသေးသော သူ့မျိုးနွယ်အား ကာကွယ်ရန်အတွက် ဖုန့်တုံရာနယ်မြေတွင် ပုန်းကွယ်၍ နေခြင်းပင် ဖြစ်သည်။ အသံသည် ဘယ်နေရာက ထွက်ပေါ်လာမှန်းမသိတဲ့အတွက် အားလုံးသည် နေရာအနှံကို လိုက်လံ ကြည့်ရှုနေ၏။

ထိုချိန်မှာ ရီချုံနဲ့ရန်ယိုသည် ချောင်ဖုန်း ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာပြီး "ရဲ့ထျန်..........ငါလာနေတာတောင် မင်းကအရိုအသေလာမပြုသေးဘူးလား" ဟု ပြောလိုက်သည်။

ဧရာမခေါင်းနှစ်လုံးနဂါးကို မြင်တဲ့အခါ လူသားမျိုးနွယ်မှ လူများသည် ကြောက်ရွံပြီး ထိုနေရာမှ ထွက်ပြေးသွားကြလေသည်။ ထိုချိန်မှာ ပတ်ဝန်းကျင်သည် အမှောင်တောနက်ကြီး တစ်ခုလို ပြန်ဖြစ်သွားခဲ့သည်။

ထို့အပြင် ရှောင်ဝန်နဲ့ တခြားမိန်းမပျိုများသည် လူသားတစ်ပိုင်းမြွေတစ်ပိုင်း ပြောင်းလဲသွားပြီး " အရှင်သခင်ကို........အရိုအသေပြုပါတယ်" ဟု ပြောကာ ရီချုံနဲ့ရန်ယိုအား ဂါဝါရပြုလိုက်သည်။

စွမ်းအင်ဓာတ်လုံးထဲမှ မှော်စွမ်းအားများ စုပ်ယူနေသော လူတစ်ယောက်သည် "သခင်.......တကယ်ပဲသခင်ပဲလား" ဟု ပြောကာ လေဟာနယ်အက်ကွဲကြောင်းသို့ ဝင်သွားလေသည်။ ထိုလူကတော့ ရဲ့ထျန်ပင် ဖြစ်ပြီး မြွေနတ်ဆိုးမျိုးနွယ်၏ အရှင်သခင်ပင် ဖြစ်သည်။

ရဲ့ထျန်သည် ရီချုံနဲ့ရန်ယို မြင်တဲ့အခါ ဒူးထောက်ကာ ​အရိုအသေပေးလိုက်၏။ မြွေနတ်ဆိုးသားရဲမျိုးနွယ်သည် ရီချုံတို့ မရှိတော့တဲ့နောက်မှာ လူသားမျိုးနွယ်၏ လိုက်လံသတ်ဖြတ်ခြင်းကြောင့် ဖုန်တုံရာနယ်မြေထဲတွင် ပုန်းကွယ်နေခဲ့သည်။

ရဲ့ထျန်သည် ဖုန့်တုံရာနယ်မြေထဲသို့ ရောက်ရှိလာသော လူသားတွေရဲ့ အသိဉာဏ်ကို ဖျက်ဆီးပစ်ကာ အင်အားစုဆောင်း၍ သူ့သခင်အတွက် ကလဲ့စားချေပေးဖို့ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ ရဲ့ထျန်သည် ရုတ်တရက် လူသားများဖြစ်သော ချောင်ဖုန်းနဲ့ရွယ်ချင်းကို ကြည့်လိုက်ပြီး မျက်လုံးများမှာ နီရဲသွား၏။

ထိုချိန်မှာ ရီချုံနဲ့ရန်ယိုသည် ဒေါသထွက်စွာဖြင့် သူ့သခင်ကို ထိရင် ​တစ်ယောက်မှအရှင်မထားဘူးဟု ဆိုလိုက်သည်။ ရဲ့ထျန်သည် ကြောက်လန့်၍ သွားပြီး အမြန်တောင်းပန်လိုက်လေသည်။

လူသားတစ်ယောက်က သူတို့ခေါင်းဆောင်ရဲ့ သခင်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချောင်ဖုန်းသည် လူသားမျိုးနွယ်တွေကို ခေါ်ထုတ်ဖို့ ရဲ့ထျန်အား ​အေးဆေးပင် ပြောလိုက်၏။

ရွယ်ချင်းသည် အနည်းငယ်ကြောက်ရွံနေခဲ့သည်။ အလွန်ပင် ကြောက်စရာကောင်းပြီး အင်အားကြီးမားသော နတ်ဆိုးသားရဲသည် ချောင်ဖုန်းကို ကာကွယ်ပေးနေတဲ့အတွက် ရွယ်ချင်းသည် ချောင်ဖုန်းအစား ဝမ်းသာနေလေသည်။

ရဲ့ထျန်သည် လူသားမျိူးနွယ်တပ်ဖွဲ့အား ခေါ်လာခဲ့ဖို့ ရှောင်ဝန်ကို အမိန့်ပေးလိုက်၏။ ရှောင်ဝန်သည် အရိုအသေပြုလိုက်ပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ ခဏအတွင်းမှာပဲ များစွာသော ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် လေဟာနယ်အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာခဲ့၏။

All Chapters