chapter(182)
Vol. 13 Ch. 182
အသန့်စင်ဆုံးစနစ် အခန်း(182)
ရဲ့ထျန်ရဲ့ အင်အားစုဆောင်းထားမူသည် ချောင်ဖုန်းတို့အားလုံးအား ဆွံ့အစေ၏။ ရဲ့ထျန်သည် ဖုန့်တုံရာနယ်မြေတွင် ဆန်းကြယ်သော ရတနာများဖြင့် ကျင့်ကြံသူအများအပြားအား မြူဆွယ်လေ့ရှိသည်။
ထိုသို့ ရောက်ရှိလာသူများ အားလုံးသည် မြွေနတ်ဆိုးမျိုးနွယ်၏ ဖမ်းဆီးခြင်းကို ခံရပြီး အသိဉာဏ်ဖျက်ဆီးဟာ လူအသစ်အတွင်း ပုံရိုက်သွင်းခံရ၏။ ချောင်ဖုန်းသည် ပြသာနာအားလုံးအား ဖြေရှင်းဖို့ အကြံရသွားခဲ့သည်။
ရဲ့ထျန်သည် ချောင်ဖုန်းအား သဘောမကျပေ။ သို့သော် ရီချုံတို့အား စကားကိုလဲ မလွန်ဆဲရဲတာကြောင့် ချောင်ဖုန်း ပြောသမျှကို နာခံပါတော့သည်။
၃ရက်ကြာပြီးတဲ့နောက်တွင် အံ့အားသင့်စရာကောင်းသော သတင်းသည် အင်ပါယာတိုင်းပြည်အား ထိပ်လန့်သွားစေခဲ့၏။
အားလုံးသည် မယုံကြည်နိုင်ပေမယ့် စုံစမ်းစေလွှတ်တဲ့အခါ အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။
ထိုသတင်းကတော့ ဖုန့်တုံရာနယ်မြေမှ ရွယ်အင်ပါယာဟုသော တိုင်းပြည်တစ်ခု ပေါ်ထွက်လာခြင်းပင် ဖြစ်၏။ ထို့အပြင် အနီးနားရှိ အင်ပါယာတိုင်းပြည်များ အားလုံးနဲ့ နာမည်ရှိသော ဂိုဏ်းကြီးအားလုံးကို ဖိတ်ကြားထားခြင်း ဖြစ်သည်။
ရက်ပိုင်းအတွင်းမှာ ဖုန့်တုံရာနယ်မြေ၏ ဘေးပတ်ပတ်လည်တွင် အလွန်ပင် မြင့်မားသော ကျောက်တံတိုင်းကြီးများထွက်ပေါ်လာခဲ့၏။ ချောင်ဖုန်းသည် အားလုံးအား သူကိုယ်တိုင် လိုက်လံစီစဥ်ခဲ့သည်။
ဧရာမနံရံတံတိုင်းများအားလုံးတွင် အကာအကွယ်အစီအရင်များထည့်သွင်းထား၏။ ထိုတံတိုင်း၏ နောက်တွင် ရဲတိုက်၄တိုက်ကို အရပ်မျက်နှာ တစ်ခုစီမှာ ထားရှိထားသည်။ ထိုရဲတိုက်များ နောက်တွင် အစီအရင်ပညာ ၊ အဂ္ဂိရတ်ပညာ နဲ့ သိုင်းကျင့်စဥ်များအား သင်ကြားရာ မျှော်စင် ၃ခုကိုလဲ တည်ဆောက်ထားခိုင်း၏။
ထို့နောက် အားလုံး၏ အလယ်မှာတော့ ကျယ်ဝန်းတော် နန်းတော်ကြီးအား တည်ဆောက်ထားလေသည်။ နန်းတော်၏ ကောင်းကင်ယံအထက်တွင် အနက်ရောင်သရဖူအောက်တွင် ရွယ်အင်ပါယာဟု ရေးထိုးထားသော အလှံတိုင်ကြီးအား လွှတ်တင်ထားခဲ့၏။
၁လကြာပြီးတဲ့နောက်မှာတော့ ရွယ်အင်ပါယာကြီး တည်ထောင်မှုသည် ပြီးစီးသလောက်ဖြစ်သွားသည်။ ချန်ရှောင်နဲ့ ဝမ်လင်းတို့နှစ်ယောက်သည် မကြာခင်မှာ ထီးနန်းဆက်ခံတော့မှာ ဖြစ်၏။ ရွယ်အင်ပါယာသည် သူတို့၏ လူများကို သတ်ပစ်ခဲ့သည်ကို သိရှိခဲ့သော်လည်း ပါးမွှားပင်ဖြစ်သည်။
ချန်ရှောင်နဲ့ ဝမ်လင်းသည် ရွယ်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ ဆောင်ရွက်ဖို့ ပြင်ဆင်ထားကြသည်။ အကြောင်းရင်းကတော့ အင်အားပိုကြီးမားချင်လို့ပင် ဖြစ်၏။
အလွန်ပင် ကျယ်ပြန့်သော ရွှေဝါရောင် ခန်းမကြီးထဲတွင် စားပွဲခုံသေးလေးများစွာသည် ရာကျော်ပင်ရှိသည်။အချိန်ခဏအတွင်းမှာပဲ အင်ပါယာများနဲ့ ဂိုဏ်းအသီးသီးရှိ လူများသည် ထိုခန်းမအတွင်းသို့ ရောက်ရှိလာကြ၏။
ရောက်ရှိလာသောသူများသည် ရွယ်အင်ပါယာ၏ အင်အားကို သတင်းကြားမိထားတာကြောင့် ပူးပေါင်းဆောင်ရွက်ကြဖို့သာ ရောက်ရှိလာကြခြင်းဖြစ်သည်။ မနက်ခင်းပိုင်းမှာပဲ လူများစွာသည်
ခန်းမထဲတွင် နေရာလုကာ ရောက်ရှိနေကြပြီး ရွယ်အင်ပါယာ၏ ဘုရင်နဲ့ တွေ့ဆိုဖို့ စောင့်ဆိုင်းနေကြ၏။
ကျွီတန်ရှီတို့အဖွဲ့ ရောက်ရှိလာတဲ့အခါ အံ့အားသင့်သွားကြသည်။ မှော်အဂ္ဂိရတ်အင်ပါယာသည် တခြားသော အင်ပါယာများနဲ့ မဟာမိတ်ဖွဲ့လေ့မရှိသောကြောင့် ပင်ဖြစ်၏။ အားလုံးသည် ဟိုကြည့်ဒီကြည့်ဖြင့် တီးတိုးပြောနေချိန်မှာ ခန်းမတံခါး ပွင့်လာတဲ့အခါ တိတ်ဆိတ်သွားကြပြီး အမြန်လှည့်ကြည့်လိုက်ကြသည်။
ချောင်ဖုန်းတို့ နှစ်ယောက်သည် လက်ချင်းချိတ်ကာ ခန်းမထဲသို့ ဝင်လာတဲ့အခါ ချန်ရှောင်သည် "ရေခဲသူတော်စင်းဂိုဏ်းက အကြီးအကဲတွေတောင် ရောက်နေပြီလေ ၊ သူတို့ နှစ်ယောက်က ဘာလာလုပ်တာလဲ " ဟု ပြောလိုက်၏။
ချောင်ဖုန်းကို တွေ့တဲ့အခါ လူတစ်ချို့သည် သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။ ချောင်ဖုန်းသည် စားပွဲခုံအလွတ်များကာ ကျော်လွန်ပြီး ရှေ့ကို ဆက်သွားတဲ့အခါ မနာလိုမုန်းတီးနေသော လူများသည် "ဧကန္တ.......သူက ရွယ်အင်ပါယာရဲ့ ဘုရင်လား " ဟု တုန့်လှုပ်စွာဖြင့် ပြောလိုက်၏။
ထိုချိန်မှာပဲ ချောင်ဖုန်းနဲ့ ရွယ်ချင်းသည် ရွယ်အင်ပါယာတံဆိပ်ရှိသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ အများစုသည် တံတွေးများပင် သီးသွား၏။ ချောင်ဖုန်းသည် ရွယ်အင်ပါယာ၏ ဘုရင်ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ထိုချိန်မှာပဲ အားလုံးသည် ထကာ ချောင်ဖုန်းအား နှုတ်ဆက်လိုက်ကြသည်။ချောင်ဖုန်းသည် အားလုံးကို ပြန်လည်၍ နှုတ်ဆက်လိုက်ပြီး ပြန်ထိုင်လိုက်၏။ ချောင်ဖုန်းသည် တခြားတစ်ဖက်တွင် ကျုံးအင်ပါယာတိုင်းပြည် နဲ့ မဟာအင်ပါယာတိုင်းပြည်အတွင်းရှိ ဝတ်ရုံနီဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများကို လိုက်လံ ဖျက်ဆီး ခိုင်းခဲ့သည်။
ချောင်ဖုန်းသည် အသံစွမ်းအင်လှိုင်းဖြင့် ရွယ်အင်ပါယာတိုင်းပြည်နဲ့နဲ့ ပူးပေါင်းချင်တဲ့လူတွေက စားပွဲဝိုင်းပေါ်ရှိ စွမ်းအင်လုံးလေးအား အသက်သွင်းဖို့ ပြောလိုက်၏။ အားလုံးသည် တိတ်ဆိတ်နေချိန်မှာ အင်ပါယာနတ်ဘုရားရဲတိုက်၏ စားပွဲဝိုင်းမှ အနက်ရောင်စွမ်းအင်အလင်းတန်းသည် စတင်ထွက်ပေါ်လာခဲ့သည်။
အင်ပါယာနတ်ဘုရားရဲတိုက်လို အင်အားကြီးမားသော အဖွဲ့သည် တွေဝေမနေဘဲ ပူးပေါင်းလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ပေ။
ထိုချိန်မှာပဲ ကျုံးအင်ပါယာတိုင်းပြည်အတွင်း၏ ရေခဲသူတော်စင်ဂိုဏ်း ၊ လျူဂိုဏ်း ၊ ငရဲမီးတောက်ဂိုဏ်း ၊ ရေခဲနဂါးမင်းဂိုဏ်း နဲ့ မဟာအင်ပါယာတိုင်းပြည်အတွင်းရှိ နဂါးမင်းတံဆိပ်ဂိုဏ်း ၊ ပါးရှန်းဂိုဏ်း ၊ အမည်မဲ့ဂိုဏ်း အပြင် ချန်အင်ပါယာရှိ ရွှေဝက်ဝံဂိုဏ်းတို့သည် တချိန်ထဲမှာပဲ စွမ်းအင်လုံးလေးအား အသက်သွင်းလိုက်၏။
တခြားဂိုဏ်းများသည် သူတို့ရဲ့အင်အားတောင့်တင်းရန်အတွက် ရွယ်အင်ပါယာနဲ့ မဟာမိတ်ဖွဲဖို့ သဘောတူလိုက်ကြလေသည်။
ထိုအခါ တော်ဝင်မိသားစုများသည် သူတို့ရဲ့ အင်ပါယာတိုင်းပြည်အတွင်းရှိ ထောင့်တိုင်တစ်ခုလို အင်အားကြီးမားသော ဂိုဏ်းများက တွေးတောခြင်းတောင်မရှိဘဲ သဘောတူကြလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ထိုလုပ်ရပ်သည် တော်ဝင်မိသားစုများအား အကြပ်တွေ့ကာ သူတို့ကို ရူးခါသွားစေ၏။ နောက်ဆုံးမှာတော့ အင်ပါယာတိုင်းပြည် ၆ပြည်နဲ့ ဂိုဏ်းများစွာသည် ရွယ်အင်ပါယာတိုင်းပြည်နဲ့ အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့သည်။
ချောင်ဖုန်းသည် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ချင်တဲ့လူရှိလားဟု မေးမြန်းလိုက်၏။ ချောင်ဖုန်းရဲ့ စကားသည် သူတို့အား လှောင်ပြောင်နေသလားဟု ထင်လိုက်ရသည်။ အားလုံးသည် မဟာမိတ်အဖွဲ့ခေါင်းဆောင်အား ချောင်ဖုန်းကိုသာ ဆက်ခံဖို့ ပြောလိုက်ကြသည်။
ချောင်ဖုန်းရဲ့ အရည်အချင်းသည် သူထင်ထားသည်ထက် လုံးဝ သာလွန်သွားပြီဆိုတာ သိလိုက်ရတဲ့အခါ ရွယ်ချင်းသည် နဂိုထက်ပိုကြိုးစားဖို့ ဆုံးဖြတ်လိုက်၏။ ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးပြလိုက်သည်။
အားလုံးသည် ပျော်ရွင်စွာဖြင့် စားသောက်နေကြချိန်မှာ အနီရောင်ဝိညဥ်စွမ်းအင်များရှိနေသော ဓားရှည်တစ်လက်သည် ချောင်းဖုန်းရှိသို့ လျင်မြန်သော အရှိန်တစ်ခုဖြင့် ရောက်ရှိလာခဲ့၏။
ထိုချိန်မှာ ရီဟန်ထွက်ရှိလာပြီး ထို အနီရောင်ဝိညဥ်စွမ်းအင်များရှိသော ဓားအား ထိုးချလိုက်သည်။
ထိုအခါ ဓားသည် အဖိုးအိုတစ်ယောက်ရဲ့လက်ထဲသို့ ပြန်ရောက်သွား၏။ ထိုအဖိုးအိုသည် သူ့ဓားအား စွမ်းအင်များထပ်မံ ဖြည့်တင်းလိုက်ပြီး "ဒီနေ့မှာ ငါမင်းကို မရရအောင် သတ်ပစ်ရမယ် " ဟု ပြောကာ ထပ်မံတိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။
ထိုလူကတော့ တခြားလူမဟုတ်ပေ။လီဝမ်ရီ၏ အဖေဖြစ်သော ဇူးအင်ပါယာရဲ့ အရှင်ဘုရင်ဖြစ်သည်။ လီရှစ်လုန်သည် သူ့သားသေသွားသည်ကို သိရှိတဲ့အချိန်ကစပြီး သတ်ဖြတ်သူကို လိုက်လံစုံစမ်းခဲ့ပြီး ချောင်ဖုန်းဆိုတာ သိရှိခဲ့၏။
လီရှစ်လုန်သည် ချောင်ဖုန်းပျောက်သွားပြီး သူ့ရဲ့နားကို လျှပ်တစ်ပြက် ရောက်လာတဲ့အခါ ကြောက်လန့်သွားသည်။ ချောင်ဖုန်းအနားသို့ ရောက်ရှိသို့ ရောက်ရှိလာတာနဲ့ လီရှစ်စုန်သည် စွမ်းအင်များချိတ်ပိတ်ခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။
ချောင်ဖုန်းသည် သူ့စွမ်းအားအရှိန်အဝါကို တစ်ချက်ကို ထုတ်လွှင့်လိုက်တဲ့အခါ အင်အားပြင်းထန်သော စွမ်းအားအရှိန်အဝါသည် ခန်းမထဲရှိ လူများအားလုံးကို ရိုက်ခတ်၍ သွား၏။ အားလုံးသည် ချောင်ဖုန်းရဲ့စွမ်းအား အရှိန်အဝါသည် အနိူင်းမဲ့နယ်ပယ် အဆင့်ကို ရောက်ရှ်နေသလားဟု ထင်လိုက်ကြသည်။
ချောင်ဖုန်းသည် နောက်တစ်ကြိမ်ဆိုရင်တော့ ဇူးအင်ပါယာတစ်ခုလုံးကို ဖျက်စီးပစ်မည်ဟု ကြိမ်းဝါးလိုက်ပြီး ခန်းမထဲကနေ နှင်ထုတ်လိုက်၏။ လီရှစ်စုန်လဲ ကြောက်ကြောက်လန့်လန့်ဖြင့် သူလူများနဲ့အတူ ခေါင်းငုံကာ ခန်းမထဲမှာ ထွက်ခွာသွားပါတော့သည်။
ချောင်ဖုန်းသည် ရွယ်ချင်းနားသို့ ပြန်လည် ရောက်ရှိသွားပြီး အေးဆေးပင် ထိုင်လိုက်၏။ ထိုချိန်မှာ စနစ်မှ ဆုလာဒ်ဆောင်အား ချောင်ဖုန်းကို ချီးမြှင့်လိုက်သည်။
{ရေး.......စနစ်ရှင်သည် မှော်အမြူတေငါးခု နဲ့ နတ်ဘုရားသွေးစက်ကျင့်စဥ်ကို ပိုင်ဆိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်......}
အလွန်ပင် အင်အားကြီးမားခဲ့သော ဝတ်ရုံနီဂိုဏ်းသည် အောက်လောကနယ်မြေတွင် အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏ ။
ချောင်ဖုန်းသည် မှော်အမြူတေငါးခုကို ရရှိခြင်းထက် နတ်ဘုရားသွေးစက် ကျင့်စဥ်ကို ရရှိခြင်းအတွက် ပျော်ရွင်နေခဲ့သည်။