← Chapters

ပြင်းထန်သော အသက်ရှင်လိုစိတ်

Vol. 86 Ch. 1191

ပြင်းထန်သော အသက်ရှင်လိုစိတ်

Vol. 86 Ch. 1191

မိုဝူကျိက အနည်းငယ်မျှ တွေဝေနေပြီးနောက် ဤအမျိုးသမီးအား အောက်ချပေးဖို့ ဆုံးဖြတ်လိုက်၏။

မိုဝူကျိဆီတွင် ဤအမျိုးသမီးအား အောက်ချပေးရန် ရွေးချယ်လိုက်သည့် အကြောင်းအရင်းတချို့ ရှိနေသည်။ တစ်စုံတစ်ယောက်ကို ဤကဲ့သို့ လူမဆန်သောနည်းလမ်းဖြင့် အပြစ်ပေးပုံအား မိုဝူကျိအနေနှင့် သဘောမကျသည်က တစ်ချက်ဖြစ်၏။ ထို့အပြင် မိုဝူကျိသည် ဤနေရာ၌ ကိစ္စတချို့ လုပ်ဖို့ လိုအပ်ပေသည်။ သူက ဤနေရာတွင် သစ်နက်ကို ပြုစုပျိုးထောင်ရန် လိုအပ်သလို သီးသန့်ကျင့်ကြံရန်လည်း လိုအပ်လေသည်။

သူ ကျင့်ကြံတော့မည့် ခန်းမ၏ အပြင်ဘက်နံရံတွင် မိန်းမတစ်ယောက် အကပ်ခံထားရသည့်အဖြစ်ကိုလည်း မသက်မသာ ခံစားရသည်။

ဤသို့ တွေးပြီးနောက် မိုဝူကျိက ထိုဝိညာဉ်မီးတောက်ကို ဖယ်ရှားပစ်ရန် လက်ကို မ လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဝိညာဉ်မီးတောက်ဆီ ပညာရှင်နှလုံးသားမီးတောက်ကို ပစ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း ထိုဝိညာဉ်မီးတောက်မှာ အစအနမကျန် ပျောက်ကွယ်သွားလေ၏။

ထို့နောက် မိုဝူကျိက အမျိုးသမီး၏ ခြေနှင့်လက်တို့တွင် ချုပ်နှောင်ထားသည့် မရေမတွက်နိုင်သော အတားအဆီးများကို ဖယ်ပေးလိုက်သည်။

သူ စတင်ကျင့်ကြံသည့် အချိန်ကတည်းက အထူးချွန်ဆုံး တိုးတက်မှုမှာ ဆေးလုံးတာအို၊ လက်နက်တာအိုနှင့် အဆောင်တာအိုတို့ မဟုတ်ရုံသာမက သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းပင် မဟုတ်ခဲ့ချေ။ သူအထူးချွန်ဆုံးအရာမှာ အစီအရင်တာအို ဖြစ်သည်။ ဝိဇ္ဇာတစ်ယောက်ပင်လျှင် သူ၏ အစီအရင်တာအိုအဆင့်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤအမျိုးသမီးသည် ညှင်းပန်းနှိပ်စက်မှု မည်မျှကြာအောင် သည်းခံခဲ့ရသည်ကို မိုဝူကျိ မသိပေ။ ဤဝိညာဉ်ပေါ်တွင် ကျန်နေသေးသည့် နောက်ဆုံးထွက်သက်သည်ပင် သူမအပေါ်ရှိ အတားအဆီး အချုပ်အနှောင်များကြောင့်သာ ကျန်ရှိနေသေးခြင်း ဖြစ်၏။ ဝိညာဉ်မီးတောက်နှင့် အတားအဆီးအားလုံးကို သူ ဖယ်ရှားလိုက်သည်နှင့် ဤအမျိုးသမီး အပြီးအပိုင် သေဆုံးသွားနိုင်ချေမှာ အနည်းဆုံး ၉၀ ရာခိုင်နှုန်း ရှိသည်။

မိုဝူကျိက ဆုံးဖြတ်ချက်ကို ချပြီးသားဖြစ်သည်။ ဤအမျိုးသမီး သေဆုံးသွားပြီးနောက် သူမဆီတွင် ပြန်လည်ဝင်စားခွင့် ရရှိစေရန်အတွက် သူက သူမအား သေသေချာချာ မြေမြုပ်ပေးမည် ဖြစ်သည်။

မိုဝူကျိအား အံ့သြသွားစေသည်မှာ အမျိုးသမီးသည် ဝိညာဉ်မီးတောက်နှင့် အတားအဆီးများအား မိုဝူကျိ ဖယ်ရှားပြီးသည့်နောက်တွင်ပင် မသေဆုံးသွားချေ။ အမှန်တကယ်၌ သူမ၏ စွမ်းအားထဲတွင် ပြင်းပြင်းထန်ထန် အသက်ရှင်လိုစိတ် တစ်ခု ရှိနေလေသည်။

မိုဝူကျိပင်လျှင် ဤကဲ့သို့ ပြင်းပြင်းပျပျ အသက်ရှင်သန်လိုစိတ်မျိုးကို လေးစားမိသည်။ နှစ်ပေါင်းများစွာ အနှိပ်စက်ခံရပြီးသည့်နောက်တွင်ပင် သူမဆီ၌ ဤကဲ့သို့ ပြင်းပျသော အသက်ရှင်လိုစိတ် ရှိနေနိုင်သေးသည်မှာ တကယ့်ကို လေးစားစရာ ကောင်းလှပေသည်။

ဤသည်ကား ထွက်ပြေးဖို့ ကြိုးစားနေခြင်း မဟုတ်ဘဲ အသက်တစ်ချောင်းအပေါ် ထားရှိသည့် လေးစားမှုတစ်ခု ဖြစ်၏။ တခြားတစ်ယောက်သာဆိုပါက သူတို့၏ ဘဝကို ဖြစ်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်ပေလိမ့်မည်သာ ဖြစ်သည်။

အစပိုင်းတွင် မိုဝူကျိက အမျိုးသမီးအား အနှိပ်စက်ခံနေရခြင်းမှ လွတ်မြောက်သွားစေရန်သာ ရည်ရွယ်ခဲ့သည်။ သူက သူမအား ပြန်လည်ဝင်စားနိုင်ခွင့် ရရှိနိုင်ရန် ကူညီချင်ခဲ့သည်။ သို့သော် သူက သူမအား ကယ်တင်ရန် စိတ်ကူး မရှိခဲ့ပေ။ သို့မဟုတ်ပါက သူမအား လွတ်မြောက်အောင် လုပ်ပေးပြီးသည်နှင့် သူက ဆေးလုံးများကို ထုတ်ယူပြီး ကယ်တင်ပြီးနှင့်လေပြီ။ သို့ပေသည့်တိုင် အမျိုးသမီး၏ အသက်ရှင်လိုစိတ်က မိုဝူကျိအား အမှန်တကယ် အံ့အားသင့်စေလေသည်။

သူက တုံ့ဆိုင်းခြင်းမရှိဘဲ အသက်ဓာတ်နတ်ဆေးလုံး ၁၀ လုံးကျော်ကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံးများသည် ဆေးလုံးစွမ်းအင်အဖြစ် အသွင်ပြောင်းသွားကာ အမျိုးသမီးအား ရစ်ပတ်လိုက်လေ၏။

အချိန်တိုလေးအတွင်း အမျိုးသမီး၏ စွမ်းအားမှာ သိသိသာသာ ကြီးထွားလာလေသည်။ မိုဝူကျိ ဖော်စပ်ထားသည့် ဆေးလုံးတိုင်းအား အညစ်အကြေး လုံးဝကင်းစင်သည်ဟု ယူဆနိုင်လေသည်။ အညစ်အကြေးကင်းစင်သော အသက်ဓာတ်နတ်ဆေးလုံး တစ်လုံးသည်ကား ကျင့်ကြံသူတိုင်းအတွက် အထွတ်အထိပ် အသက်ကယ် ရတနာတစ်ပါး ဖြစ်လေသည်။

မိုဝူကျိက အသက်တစ်ချက် ရှူရှိုက်လိုက်ရင်း အတားအဆီး အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။ သူက အစီအရင်အတွင်းသို့ ဟုန်မုန့်စွမ်းအင်တချို့ ထည့်သွင်းပြီးနောက် အမျိုးသမီးအား အစီအရင်ထဲ၌ ဖုံးကွယ်ထားလိုက်သည်။ သူမ အသက်ရှင်နိုင်မည် မရှင်နိုင်မည်သည်ကား သူမ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်နေလေသည်။

ဟုန်မုန့်စွမ်းအင်မှာ အင်မတန် အဖိုးတန်သော်လည်း မိုဝူကျိအတွက်မူ နောက်ထပ် ရတနာတစ်ခုမျှသာ ဖြစ်နေသည်။

ဤကိစ္စများအားလုံးကို ပြုလုပ်ပြီးသွားသည့်နောက် မိုဝူကျိက ခန်းမထဲသို့ ချက်ချင်း မဝင်သွားချေ။ သူက ခန်းမအပြင်ဘက်တွင် ကာကွယ်ရေးအစီအရင်များကို စတင် ခင်းကျင်းလိုက်သည်။ သတ်ဖြတ်ရေး အစီအရင်၊ ထောင်ချောက်အစီအရင်၊ ဖုံးကွယ်ရေး အစီအရင်၊ စွမ်းအားစုစည်းရေး အစီအရင်၊ စွမ်းအားဖုံးကွယ်ရေး အစီအရင် စသည်စသည်တို့အား ခင်းကျင်းလိုက်လေသည်။

မိုဝူကျိက အဆင့် ၉ နတ်ဘုရား အစီအရင်များကို ခင်းကျင်းလိုက်၏။ နောက်ဆုံးသော အစီအရင်အလံကို ပစ်လွှတ်လိုက်ပြီးနောက် မိုဝူကျိက ရုတ်တရက်ကြီး စိတ်ထဲတွင် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ထုံမင်၏ ပြောစကားအရ အမှောင်ထုမူလခန်းမသည် အမှောင်ကမ္ဘာထဲတွင် အရေးအပါဆုံးနေရာ ဖြစ်သည်။ အစောပိုင်းတွင် သူအမှောင်ထုမူလခန်းမမှ တိတ်တိတ်လေး ခိုးထွက်ပြီး သတ္တကမ္ဘာလက်ချောင်းနှင့် အမှောင်ထုစည်းမျဉ်းများအပေါ် အသိဉာဏ်ပွင့်မှု ရခဲ့သည့်အချိန်တွင် သူသည် ထိုအကြောင်းအား များများစားစား မတွေးမိခဲ့ပေ။ လက်ရှိ၌ သူက ဤမျှအထိ ကြီးမားသည့် ဆူညံသံများ ပြုလုပ်နေသည့်တိုင် မည်သူမျှ ရောက်မလာသည်မှာ တော်တော်လေး ထူးဆန်းနေလေသည်။ အမှောင်ထု မူလခန်းမဆီသို့ လာစဉ်လမ်းတစ်လျှောက်၌လည်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့မိသည့်အဖြစ်ကို စဉ်းစားမိသွားကာ မိုဝူကျိက ဤနေရာတွင် တစ်ခုခု ဖြစ်ပွားခဲ့လိမ့်မည်ဟု တွေးမိလိုက်သည်။

ဤအတွေးမှာ ကြာကြာ မခံလိုက်ပေ။ မိုဝူကျိက ချက်ချင်းပင် ထိုအကြောင်းကို ဆက်မတွေးတော့ချေ။ သူသည် ဤနေရာတွင် ဆူဆူညံညံကိစ္စရပ်ကြီးကို လုပ်ရဲလေရာ သူ့ဆီသို့ လူတွေရောက်လာမည်ကိုလည်း မကြောက်ပေ။

လော့ရှု စေလွှတ်လိုက်သည့် ဝိဇ္ဇာတစ်ပိုင်း ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း မိုဝူကျိဆီတွင် ရှိလေသည်။ အမှောင်ကမ္ဘာထဲရှိ ကျင့်ကြံသူတစ်ယောက်အား သူက အဘယ်ကြောင့် ကြောက်နေရမည်နည်း။

အစီအရင်အားလုံးကို ခင်းကျင်းပြီးသည့်နောက် မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများကို စတင် စိုက်ထူလိုက်သည်။

၃၀၀၀ သော ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများနှင့် ၅၀၀၀၀ သော အဆင့်မြင့် နတ်ဝိညာဉ် သွေးကြောများကို ခန်းမအနှံ့ စိုက်ထူပြီးသည့်နောက်တွင် မိုဝူကျိက အမှောင်ထု မူလခန်းမထဲသို့ ဝင်သွားလိုက်သည်။

သူ ဤခန်းမထဲ၌ နေရမည့် အချိန်ကာလမှာ သေချာပေါက် တိုးတောင်းလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ သူအနေနှင့် ကျင့်ကြံဖို့လိုသလို သစ်နက်ကိုလည်း ပြုစုပျိုးထောင်ပေးဖို့ လိုသောကြောင့် ဖြစ်သည်။

အမှောင်ထု မူလခန်းမသည် သစ်နက် စတင်ရှင်သန်ခဲ့သည့်နေရာ ဖြစ်သည်။ ဤခန်းမမှာ သစ်နက် ရှင်သန်ရန် အသုံးပြုခဲ့သည့် မူလသဲမြေရှိသည့် နေရာလည်း ဖြစ်နေပြန်သည်။ မိုဝူကျိက သစ်နက်အား အသက်ပြန်သွင်းရန် လုပ်မည်ဖြစ်လေရာ သူ့ဆီတွင် ဟုန်မုန့်သဲ ရှိနေလျှင်တောင်မှ သူက သစ်နက်ကို စိုက်ရန် အသင့်တော်ဆုံးနေရာကို ရွေးချယ်ချင်သည်။

အမှောင်ထုမူလခန်းမအလယ်သို့ ရောက်ရှိသည့်အချိန်တွင် မိုဝူကျိက သူ၏ဟုန်မုန့်သဲကို ထုတ်ယူလိုက်သည်။ သူက ခန်းမအလယ်တည့်တည့်တွင် ဟုန်မုန့်သဲကို ထားလိုက်သည်။ ထို့နောက် သူက သစ်နက်အပိုင်းအစများနှင့် အမှောင်ထုသဘာဝအမြုတေအား ဟုန်မုန့်သဲပေါ်တွင် ထားလိုက်ကာ ထိုအရာများအား ကာကွယ်ရန် အစီအရင်တစ်ခုကို အသုံးပြုလိုက်သည်။

အကယ်၍ တခြားအရာများ မခင်းကျင်းပါဘဲ သစ်နက် ရှင်သန်ကြီးထွားနိုင်ပါက ဤသို့ ပြုလုပ်ခြင်းနှင့်ပင် လုံလောက်နေလေပြီ။ အကယ်၍ သစ်နက်သာ မရှင်သန်နိုင်ပါက တခြားအရာများ ခင်းကျင်းလျှင်လည်း ထူးမည် မဟုတ်ပေ။

ကူရှင်းရန်၏ သစ်နက်အပေါ် နားလည်ထားပုံအရ သစ်နက်၏ အစောပိုင်းရှင်သန်ခြင်းအတွက် အမှောင်ထု သဘာဝအမြုတေနှင့် အဆုံးမရှိသော နတ်ဝိညာဉ်စွမ်းအားများကို လိုအပ်လေသည်။ ဤသည်ကလည်း များစွာသော နတ်ဝိညာဉ်သွေးကြောများကို မိုဝူကျိ စိုက်ထူထားရသည့် အကြောင်းအရင်းပင် ဖြစ်၏။

ထိုသို့ပြုလုပ်ပြီးသည့်အခါ မိုဝူကျိက အချိန်စက်ဝန်းပြားကို ထုတ်ယူကာ သစ်နက်နှင့် မလှမ်းမကမ်းနေရာတွင် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

ရွှေလှေကားအား အသုံးပြုခဲ့သည့် ထိုငွေရောင်ဝတ်ရုံ လူကြီးနှင့် တိုက်ခိုက်ရခဲ့သည့် အတွေ့အကြုံမှ မိုဝူကျိက သူသည် ဝိဇ္ဇာတစ်ယောက်အတွက် ပြိုင်ဖက်ဖြစ်ရန် အဝေးကြီး လိုနေသေးကြောင်း ခံစားလိုက်ရသည်။ လော့ရှုအပြင် တခြားဝိဇ္ဇာများလည်း ရှိနေသေးသည်။ လော့ရှုက ကိုယ်တိုင် ရောက်မလာဘဲနှင့်ပင် ရွှေလှေကားကို သုံးပြီး သူ့အား သတ်နိုင်လုနီးနီး ဖြစ်ခဲ့သည်။ အကယ်၍ တစ်နေ့နေ့တွင် သူသာ လော့ရှုနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ၏ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၅ ကျင့်ကြံဆင့်သည် သေချာပေါက် လုံလောက်ဦးမည် မဟုတ်ပေ။

အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီးနောက် မရေမတွက်နိုင်သော နတ်ဝိညာဉ်သွေးကြောများမှ နတ်ဝိညာဉ်စွမ်းအားများမှာ ချက်ချင်း ဆွဲထုတ်ခံလိုက်ရသည်။ ကြောက်မက်စရာကောင်းလောက်အောင် သိပ်သည်းနေသော နတ်ဝိညာဉ်စွမ်းအင်တို့က အမှောင်ထု မူလခန်းမတစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံထားသည်။ အင်မတန် ကြီးမားသော နတ်ဝိညာဉ်စွမ်းအား ဝဲကတော့တစ်ခုက ဤနေရာ၌ ဖြစ်တည်လာလေသည်။

အချိန်စက်ဝန်းပြားထဲတွင် ကျင့်ကြံသည့်ကာလ၌ အချိန်ကုန်သည်မှာ အရမ်းကို မြန်ဆန်လွန်းလှ၏။

နှစ်တစ်သောင်းကြာပြီးနောက် မိုဝူကျိသည် ဝိဇ္ဇာတစ်ပိုင်း အဆင့် ၆ သို့ ရောက်ရှိသွားသည်။

နှစ်ငါးသောင်းကြာပြီးနောက် မိုဝူကျိက အဆင့် ၇ သို့ ဝင်ရောက်သွား၏။

ဝိဇ္ဇာတစ်ပိုင်း အဆင့် ၇ ထဲသို့ ရောက်သွားပြီးသည့်နောက် မိုဝူကျိက ကျင့်ကြံခြင်းတွင် ပို၍ အာရုံစူးစိုက်လာလေသည်။ ကာကွယ်ရေးအစီအရင်ကို တစ်ယောက်ယောက်က လာမတိုက်သရွေ့ မိုဝူကျိသည် သူ၏ ဂူပိတ်ကျင့်ကြံခြင်းကို ရပ်လိမ့်မည် မဟုတ်ပေ။

***

ကျယ်ပြောလှသော အာကာပြင်အတွင်း ငွေရောင် ယာဉ်ပျံတစ်စီးသည် ဦးတည်ရာမဲ့စွာ ပျံသန်းလေသည်။

ယာဉ်ပျံအရှေ့တွင် မတ်တပ်ရပ်နေသည့်သူမှာ အညိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူအနားနား သွားရပ်လိုက်မည်ဆိုပါက ထိုလူကြီး၏ ပြင်းထန်သော အမျက်ဒေါသနှင့် သတ်ဖြတ်ငွေ့တို့အား ခံစားနိုင်လိမ့်မည် ဖြစ်သည်။

ဤလူကြီးသည်ကား လိန်ဟုန်ကျီနောက် လိုက်ဖမ်းဖို့ကို လက်လျှော့လိုက်သော ထန်းဟန်ပင် ဖြစ်၏။ သူက ဝတ်ရုံစိမ်း သူတော်စင်သခင်မသည် သူမ တပည့်ရင်း၏ လုပ်ကြံခံရသည့် အဖြစ်ကို မသိသေးချေ။ ဤအခိုက်အတန့်၌ သူသည်သာ ကံအဆိုးဆုံး ဝိဇ္ဇာဖြစ်သည်ဟု သူ့ကိုယ်သူ ယုံကြည်နေလေသည်။

အင်မတန် ကံဆိုးသော ထုံမင်ကတော့ ချွင်းချက်ဖြစ်၏။

သူသည် အားကောင်းလှသော ဝိဇ္ဇာတစ်ယောက် ဖြစ်သော်လည်း ပုရွက်ဆိတ်တစ်ကောင်က မဟာဖျက်ဆီးရေးပညာရပ်ကို သုံးကာ သူ့အား အလစ်ချောင်း တိုက်ခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက်တွင် သူက မိုးကြိုးပုရွက်ဆိတ် တစ်ကောင်ကြောင့် ထိတ်လန့်ခဲ့ရကာ လိုက်လံဖမ်းဆီးဖို့ကို စွန့်လွှတ်ရန်မှတစ်ပါး ရွေးစရာ မရှိခဲ့ချေ။ ပို၍ ဆိုးဝါးသည့်အဖြစ်မှာ ယခုအချိန်တွင် သူသည် အာကာပြင်ထဲ၌ လမ်းပျောက်နေလေသည်။ အာကာပြင်ထဲတွင် နှစ်ထောင်ချီ ရောက်ရာပေါက်ရာ သွားလာပြီးသည့်နောက် သူက နတ်ဘုရားကမ္ဘာကိုပင် မရှာနိုင်ခဲ့ချေ။

အကယ်၍ သူသာ ဦးတည်ရာမရှိ ဟိုဟိုသည်သည် ဆက်လက်လျှောက်သွားနေပါက ရောက်လာတော့မည့် ကမ္ဘာပျက်ကပ်ကြီးသည် သူနှင့် လားလားမျှဆိုင်တော့မည် မဟုတ်ပေ။ သူ၏ နဂိုစွမ်းအားကို ပြန်ရအောင်ပင် မကျင့်ကြံနိုင်ပါက မည်သည့်စမ်းသပ်ချက်ကိုများ ဖြတ်သန်းဖို့ သူအနေနှင့် ပြောနိုင်လေဦးမည်နည်း။

ယခုအချိန်တွင် ကျင့်ကြံသူ တစ်ယောက်ယောက်ကိုသာ တွေ့မိပါက ထန်းဟန်သည် ထိုကျင့်ကြံသူကို သေချာပေါက် စုတ်ဖြဲပစ်မည် ဖြစ်သည်။ ထို့နောက် လမ်းကြောင်းရှာရုံအတွက် ထိုသူ၏ ဝိညာဉ်တစ်ခုလုံးကို မွေနှောက်ရှာဖွေပစ်မည်။

ကြည့်ရသည်မှာ ထန်းဟန်၏ ဒေါသနှင့် မကျေနပ်ချက်တို့ကို ခံစားမိသွားပုံပေါ်သည်။ အကြောင်းမှာ သူက ယာဉ်ပျံတစ်ခု၏ အရိပ်အယောင်ကို အမှန်တကယ် ရှာတွေ့သွားသောကြောင့် ဖြစ်သည်။

သိပ်စဉ်းစားမနေဘဲ ထန်းဟန်က ယာဉ်ပျံကိုစီးကာ ထိုယာဉ်ပျံဆီ ဦးတည်သွားလိုက်သည်။

နာရီအနည်းငယ်ကြာပြီးနောက် သူ၏ စိတ်စွမ်းအားအတွင်း ယာဉ်ပျံအား ပီပီသသ မြင်လာရသည်။ ထို့နောက် သူက အင်မတန် စိတ်လှုပ်ရှားသွားသည်။ အကြောင်းမှာ ယာဉ်ပျံပေါ်တွင် ငယ်ရွယ်လှပသော ကျင့်ကြံသူ မိန်းမပျိုတစ်ဦးအား တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

အာကာပြင်ထဲ၌ နှစ်ပေါင်းများစွာ လမ်းပျောက်ကာ တစ်ဦးတည်း မကျေမနပ်ဖြစ်နေရသည့် ထန်းဟန်က ကျင့်ကြံသူမိန်းမပျိုအား အဘယ်ကြောင့်များ အလွတ်ပေးလိမ့်မည်နည်း။

ယာဉ်ပျံက အာကာပြင်ကို လျင်မြန်စွာ ဖြတ်သန်းလိုက်ပြီး ကျင့်ကြံသူမိန်းမပျို၏ ယာဉ်ပျံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

ထန်းဟန်အား အံ့သြသွားစေသည်မှာ ကျင့်ကြံသူမိန်းမပျိုက ထန်းဟန်ဆီမှ ထွက်ပြေးရန် အရှိန်မတင်ပေ။ တကယ်တမ်းတွင် သူမ ကြည့်ရသည်မှာ သူ မှီလာသည်ကို စောင့်နေသည့်အလား သူမ၏ ယာဉ်ပျံကို အရှိန်လျှော့ထားပုံပေါ်လေသည်။

“စီနီယာ… စီနီယာ့ဆီမှာ စကြာဝဠာအာကာပြင်မြေပုံ ရှိသလားဆိုတာလေး မေးပါရစေရှင်”

မိန်းမပျိုက ထန်းဟန် ရောက်လာသည်ကို သတိပြုမိသော်လည်း ထန်းဟန်၏ ရည်ရွယ်ချက်ကို သိပုံမပေါ်ပေ။ သူမက သူ့အား ရိုးသားဖြူစင်သည့် မျက်ဝန်းအစုံနှင့် သာယာပျော့ပျောင်းသော အသံလေးဖြင့် မေးမြန်းလိုက်သည်။

ထန်းဟန်၏ ယာဉ်ပျံမှာ ရပ်တန့်သွားသည်။ ထို့အပြင် သူ၏ ရင်ထဲရှိ ဒေါသတရားတို့မှာ ပို၍ ကြီးထွားလာသည်။ သူက ကျင့်ကြံသူ တစ်ယောက်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သော်လည်း ထိုကျင့်ကြံသူမှာလည်း သူ့လိုပင် လမ်းပျောက်နေဟန် ရှိသည်။

အကယ်၍ သူ၏ ဒေါသနှင့် မကျေနပ်မှုများကို ဤမိန်းမပျိုအပေါ် ပုံချလိုက်မည်ဆိုလျှင်ပင် သူအနေနှင့် နတ်ဘုရားကမ္ဘာဆီသို့ ပြန်သွားနိုင်မည့်လမ်းကြောင်းကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။

“အလို”

ထန်းဟန်၏ စိတ်စွမ်းအားက သူမ ယာဉ်ပျံ၏ အတားအဆီးကို ဖြတ်ကျော်လိုက်သည့်အချိန်၌ သူက အံ့အားသင့်စွာ “အလို” ဟု ရေရွတ်လိုက်မိသည်။

ဤလှပငယ်ရွယ်သော ကျင့်ကြံသူ မိန်းမပျိုသည်ကား တကယ်တမ်းတွင် ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ ကျင့်ကြံဆင့် ရှိနေလေသည်။ ဤသည်မှာကား သူ မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။ ဤမိန်းမပျိုမှာ အသက်မကြီးသေးမှန်း သူ ရေးရေးလေး ခံစားမိသည်။ ပြောရမည်ဆိုလျှင် သူမက တော်တော်လေးကို ငယ်သေးပုံ ပေါ်လေသည်။ ဤကဲ့သို့ အသက်ငယ်ငယ်လေးနှင့် ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ ကျင့်ကြံဆင့်တွင် ရောက်နေနိုင်လေရာ သူမသည် မည်မျှတောင် ပါရမီ ရှိလိုက်လေမည်နည်း။

***

All Chapters