← Chapters

chapter(183)

Vol. 13 Ch. 183

chapter(183)

Vol. 13 Ch. 183

အသန့်စင်ဆုံးစနစ် အခန်း(183)

အချိန်သည် တဖြည်းဖြည်းကြာလာပြီးနောက် အားလုံးသည် နေရပ်များသို့ ပြန်သွားခဲ့ကြ၏။ ချောင်ဖုန်းသည် ရီမျိုးနွယ်အားလုံးအား ရွယ်အင်ပါယာထဲသို့ ခေါ်ဆောင်ကာ ပညာများကို စတင်သင်ယူခိုင်းခဲ့သည်။

ရီမျိုးနွယ်စုသည် ချောင်ဖုန်းကြောင့် အလွန်ပင် ဝမ်းသာနေခဲ့သည်။

ရွယ်ချင်းသည် သူ့ရဲ့အခန်းထဲတွင် ကျင့်ကြံနေတဲ့အချိန်မှာ ချောင်ဖုန်းရောက်ရှိလာတဲ့အခါ ရပ်နား၍ "ကိုကိုချောင်ဖုန်း........ရွယ်ချင်းကို ပြောစရာရှိလို့လား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် ရွယ်ချင်းလက်ဖဝါးအား သူ့လက်ဖဝါးဖြင့် ပူးလိုက်ပြီး သူပြောသမျှကို လိုက်လုပ်ဖို့ ပြောလိုက်၏။ထိုအခါ ရွယ်ချင်းလဲ ချောင်ဖုန်းပြောသလို လိုက်လုပ်ခဲ့သည်။ ရွယ်ချင်းသည် သူခန္ဓာကိုယ်အတွင်းအား အမည်မသိစွမ်းအားတစ်မျိုး ဝင်ရောက်လာတာကို ခံစားလိုက်ရ၏။

ငါးမိနစ်ကြာတဲ့အခါ ချောင်ဖုန်းနဲ့ရွယ်ချင်းသည် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ ချောင်ဖုန်းသည် ရွယ်ချင်းခန္ဓာကိုယ်တွင် နတ်ဘုရားသွေးစက်အား ရှာဖွေ၍ မတွေ့ရှိခဲ့ပေ။ ချောင်ဖုန်းသည် ဇွဲမလျော့ပဲ နောက်ထပ်တစ်ကြိမ် စစ်ဆေးလိုက်၏။

ချောင်ဖုန်းသည် အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီးတဲ့နောက်မှာတော့ နတ်ဘုရားသွေးစက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ချောင်ဖုန်းသည် ရွယ်ချင်းအား ငြိမ်သက်စွာ နေခိုင်းခဲ့ပြီး နတ်ဘုရားသွေးစက်အား အသက်ဝင်လာအောင် စတင် သူ့စွမ်းအားဖြင့် ဆောင်ရွက်ပါတော့သည်။

တစ်ရက်ကြာပြီးတဲ့နောက်မှာ နတ်ဘုရားသွေးစက်သည် အသက်ဝင်သွားပြီး ရွယ်ချင်းသည် ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်ကို ခုန်တက်သွားခဲ့၏။ နတ်ဘုရားသွေးစက်မှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ချောင်ဖုန်းနဲ့ ရွယ်ချင်း၏ ခန္ဓာကိုယ်တွင် အဝတ်အစားများ မရှိတော့ပေ။

နှစ်ယောက်လုံးသည် မျက်လုံးများ ပြန်ပွင့်လာတဲ့အခါ သူတို့ ခန္ဓာကိုယ်တွင် အဝတ်အစားများ မရှိတော့တာကို သိတဲ့အခါ အံ့အားသင့်သွားကြ၏။ နတ်ဘုရားသွေးစက်၏ စွမ်းအားသည် သူတို့ခန္ဓာကိုယ်ရှိ အကာအကွယ်ဝတ်စုံများကို ဖျက်စီးသွားလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ချောင်ဖုန်းသည် ရင်ဘတ်ရှိ ရင်နှစ်မွှာအား စိုက်ကြည်နေတဲ့အခါ ရွယ်ချင်းသည် သိုလှောင်ကွင်းထဲမှ အဝတ်အစား ဝတ်တော့မည့်ချိန်မှာ ချောင်ဖုန်းရဲ့ လက်နှစ်ဖက်သည် သူ့မရဲ့ ရင်နှစ်မွှာကို ရောက်ရှိလာတဲ့အတွက် အဝတ်အစားအား သိုလှောင်ကွင်းထဲသို့ ပြန်ထည့်လိုက်၏။

ချောင်ဖုန်းသည် ရွယ်ချင်းအား ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ခန္ဓာကိုယ်အနှံ အနမ်းများခြွေပါတော့သည်။ ရွယ်ချင်းသည် ချောင်ဖုန်း၏ ပြုစုယုယမှုများကြောင့် ညည်းတွားသံလေးများ ထွက်ပေါ်လာလေသည်။

ချောင်ဖုန်းသည် အနမ်းများ ခြွေပြီးနောက် ရွယ်ချင်းအား ဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲသို့ ထည့်ထားခဲ့သည်။တဖြည်းဖြည်းနဲ့ ရွယ်ချင်းရဲ့ ညည်းသံလေးသည် ပို၍ ကျယ်လာခဲ့ပြီး မျက်လုံးများပင် မှိတ်ကာ နှစ်ယောက်သား တစ်ညလုံးပျော်ရွင်စွာ ဖြတ်သန်းပါတော့၏။

မနက်မိုးလင်းတဲ့အခါ ရွယ်ချင်းသည် ချောင်ဖုန်းရဲ့ ရင်ခွင်ထဲမှာ နေရင်း ချောင်ဖုန်းအတွေးများကို ရိပ်မိနေတဲ့အတွက် မေးလိုက်သည်။

ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအများအား ပြောပြလိုက်၏။

ရွယ်ချင်းသည် သူ့အကိုမှာ ဝတ်ရုံနီဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ချောင်ဖုန်းသည် လွင်ကျန့်ချွင်၏ ကျင့်ကြံမှုစွမ်းအားကိုသာ ဖျက်စီးဖို့ စဥ်းစားခဲ့သော်လည်း လွင့်ကျန့်ချွင်အား ကယ်ဆယ်မယ်လူ ရှိလာလိမ့်မည်မထင်ထားခဲ့ချေ။

ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းရဲ့နောက်ကွယ်မှာ အနိူင်းမဲ့အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနိုင်မည်လို့ ခန့်မှန်းထား၏။ ချောင်ဖုန်းသည် ထိုအတွက် အထက်နယ်မြေကို တက်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောလိုက်သည်။

ရွယ်ချင်းသည် သူ့စွမ်းအင်များ မတည်ငြိမ်သေးသရွေ့ အချိန်တစ်ခုထိ သူ့ကို စောင့်ပေးဖို့ ချောင်ဖုန်းအား တောင်းဆိုလိုက်၏။

ချောင်ဖုန်းသည် ရွယ်ချင်းအား နမ်းလိုက်ပြီး အဝတ်အစားဝတ်ကာ ထိုအခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ချောင်ဖုန်းသည် သူ့ရဲ့ကိုယ်ပိုင်အခန်းထဲတွင် ဝတ်ရုံနီဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်၏ ခန္ဓာကိုယ်များကို သန့်စင်လိုက်ပြီး ရုပ်သေးရုပ်ပြုလုပ်ရန် ဆောင်ရွက်လေသည်။

နာရီပိုင်းအတွင်းမှာပဲ ချောင်ဖုန်းသည် အင်အားအလွန်ကောင်းသော ရုပ်သေးရုပ်၂ရုပ်ကိုပင် ပိုင်ဆိုင်သွားခဲ့၏။

ထိုချိန်တွင် ရီချုံနဲ့ရန်ယိုသည် နတ်ဆိုးသားရဲမျိုးနွယ်များကို ပြန်လည်စုဆောင်းနေတဲ့အတွက် ချောင်ဖုန်း ခန္ဓာကိုယ်ထဲမှ ခဏတာ ထွက်ခွာ၍ နေခဲ့၏။ နတ်ဆိုးသားရဲမျိူးနွယ်သည် သူတို့သခင် မသေသေးသည်ဟု သတင်းရရှိတဲ့အခါ လူသားမျိုးနွယ်နဲ့ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

သို့သော် ကင်းမြှီးကောက်နတ်ဆိုးသားရဲမျိုးနွယ်စုရဲ့ဘုရင်သည် ရီချုံနဲ့ ရန်ယိုသည် အတုသာ ဖြစ်ပြီး အားလုံးကို လှည့်စားနေတာဖြစ်ကြောင်း သတင်းထုတ်ပြန်ခိုင်းထား၏။ ဟွမ်ရှို့လင်းသည် ထိုကိစ္စများကို ရီချုံနဲ့ရန်ယိုကို တင်ပြနေခဲ့သည်။

ကင်းမြှီးကောက်မျိုးနွယ်စုဘုရင် ထန်ကျန်သည် ကျိုးတိုင်းပြည်အတွင်းတွင် လူပုံစံပြောင်းလဲကာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားခဲ့၏။ ရီချုံနဲ့ရန်ယိုသည် ထိုကိစ္စကို သိတဲ့အခါ ဒေါသထွက်သွားသည်။

ရီချုံသည် ချောင်ဖုန်းရောက်လာတဲ့အခါ ထိုပြသာနာအား ပြောပြလိုက်၏။ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး သွားဖြေရှင်းဖို့ ရီချုံနဲ့အတူ ထွက်ခွာလာခဲ့သည်။ကျိုးတိုင်းပြည်၏ ကျိုးနန်းတော်တွင် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ တစ်ခုသည် ကျင်းပနေခဲ့၏။

ကျိုးတိုင်းပြည်ရဲ့ ကောင်းကင်ယံတစ်ခုတွင် ချောင်ဖုန်းသည် ပြန်လည်၍ ပေါ်လာခဲ့၏။ ရဲ့ထျန် နဲ့ ဟွမ်ရှို့လင်းတို့သည် ချောင်ဖုန်းရဲ့ ဘေးမှ ပေါ်လာခဲ့ကြသည်။ ဟွမ်ရှို့လင်းသည် "သခင်လေး......အကြီးအကဲထန်ကျန်တို့က ကျိူးတိုင်းပြည်ရဲ့ နန်းတော်မှာ ရောက်ရှိနေကြပါတယ် " ဟု ရိုသေစွာဖြင့် ပြောလိုက်၏။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ၃ယောက်လုံးသည် ထိုနေရာမှ ပြန်လည်ပျောက်ကွယ်သွားလေသည်။ ကျိုးတိုင်းပြည်ရဲ့ ဘုရင့်ဖြစ်သော မိုးခန်းကျိုင်သည် ရယ်မောစွာဖြင့် သူ့ရှေ့အား လူအား ပြောဆိုနေခဲ့၏။

မိုးခန်းကျိုင်ရဲ့ ရှေ့မှာ ထိုင်နေသောသူသည် ထန်ကျန်ပင် ဖြစ်သည်။

ထန်ကျန်ရဲ့ သားသည် ရွမ်မိန်အား အလွန်နှစ်သက်သဘောကျ​ေသောကြောင့် လက်ထပ်တောင်းရမ်းပေးဖို့ သူ့အဖေအား တောင်းဆိုခဲ့၏။

ထျန်ကျန်သည် သူ့တို့မှာ ရှိသော ရတနာများစွာဖြင့် တောင်းရမ်းခဲ့သည်။ ရတနာများစွာသည် ကျိုးနန်းတော်အတွက် များစွာအထောက်အကူ ပြုနိုင်မည်ကို သိတဲ့အခါ မိုးခန်းကျိုင်သည် လက်ထပ်ထိမ်းမြှားပေးဖို့ သဘောတူလိုက်၏။

မင်္ဂလာပွဲအခမ်းအနားကို လာရောက်ဂုဏ်ပြုသူများစွာလဲ ရှိနေခဲ့သည်။ ကျိုးနန်းတော်၏ မင်္ဂလာပွဲ ခန်းမထဲသို့ လူသုံးယောက်သည် လျှပ်တစ်ပြက်ပေါ်လာခဲ့၏။ ထန်ကျန်သည် မျက်နှာပျက်စွာဖြင့် "အကြီးအကဲရဲ့ထျန်လား.......သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာတာလဲ " လို့ ရေရွတ်လိုက်သည်။

ရွမ်မိန်သည် သူ့ရဲ့ အနီရင့်ရင့်ဇာပုဝါလွှာလေးအတွင်းမှ ခန်းမထဲသို့ ရောက်ရှိလာသော လူသုံးယောက်အား ကြည့်လိုက်၏။ ရွှမ်မိန်သည် ဝမ်းနည်းစွာဖြင့် "သခင်လေးချောင်ဖုန်းလား........သူက ငါ့ကို ဂုဏ်လာပြုတာလား " ဟု စိတ်မကောင်းစွာဖြင့် တွေးနေခဲ့သည်။

ရွမ်မိန်သည် သူ့အဖေကြောင့်သာ မင်္ဂလာပွဲကို လက်ခံလိုက်ခြင်းပင် ဖြစ်၏။ ရွမ်မိန်ရဲ့စိတ်ထဲတွင် ယခုအချိန်မှာ ချောင်ဖုန်းသာ သူ့ကို ကယ်ထုတ်သွားရင်ကောင်းမှာပဲဟု တွေးနေခဲ့လေသည်။

ရွမ်မိန်သည် ချောင်ဖုန်းတို့ ၃ယောက်ကို ကြည့်နေသဖြင့် သူ့အနားမှ သတို့သား ဝတ်စုံဖြင့် အမျိုးသာသည် "မိန်းကလေးရွမ်.......သူတို့က မင်းမိတ်ဆွေတွေလား......" ဟု မေးမြန်းလိုက်၏။

ရွမ်မိန်သည် "သခင်လေးထန်........သူတို့သုံးယောက်ထဲမှာ အလယ်ကလူက ရွမ်မိန်ရဲ့ မိတ်ဆွေပါ ၊ ကျန်တဲ့နှစ်ယောက်ကိုတော့ ရွမ်မိန် ပထမဆုံး မြင်ဖူးတာပဲ " ဟု အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

All Chapters