chapter(184)
Vol. 13 Ch. 184
အသန့်စင်ဆုံးစနစ် အခန်း(184)
ထိုချိန်မှာ ရဲ့ထျန်သည် သူ့စွမ်းအား အရှိန်အဝါအား ထုတ်လွင့်လိုက်ပြီး "ထန်ကျန်........မင်းထွက်မလာရင် မင်းရဲ့သားကို ငါကိုယ်တိုင်ဖမ်းဆီးခေါ်ဆောင်သွားရလိမ့်မည်" ဟု ကျယ်လောင်စွာဖြင့် ပြောလိုက်၏။
ရဲ့ထျန်ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားအရှိန်အဝါကြောင့် ခန်းမအတွင်းရှိ လူများမှာ ကြောက်လန့်၍ နေကြလေသည်။ထန်ကျန်သည် စိတ်ပျက်စွာနဲ့ပဲ သူထိုင်နေသော နေရာမှ ပျောက်ကွယ်သွား၏။
ထိုချိန်မှာ ချောင်ဖုန်းသည် အေးအေးဆေးဆေးပင် စားပွဲဝိုင်းတစ်ခုကိုသွားကာ ဝိုင်ခွက်လေးကို လှုပ်လိုက်ပြီး မော့သောက်လိုက်သည်။ ချောင်ဖုန်းသည် ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာလာသော ရီချုံနဲ့ ရန်ယို၏ လူပုံစံကို ပထမဆုံး တွေ့လိုက်ရတဲ့အတွက် ထူးဆန်းသလို ဖြစ်သွားခဲ့၏။
ရီချုံသည် အလွန်ပင် ခန့်ညားသော နီနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားပြီး ရန်ယိုကတော့ ရေခဲပြာရောင် ဝတ်စုံအား ဝတ်ဆင်၍ ထားလေသည်။ချောင်ဖုန်းဘေးမှ မိန်းကလေးသည် အံ့အားသင့်စွာဖြင့် "နင်က..........ဂျူနီယာမောင်လေးချောင်ဖုန်းမလား....." ဟု မေးလိုက်သည်။
ထိုမိန်းကလေးတော့ တခြားလူမဟုတ်ဘဲ စုဟန်မိုပင် ဖြစ်၏။ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "စီနီယာအမဟန်မိုပဲ........" ဟု ပြောကာ ပြန်လည် နှုတ်ဆက်လိုက်၏။
စုဟန်မိုသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသို့ ပြန်ရောက်တဲ့အခါ ချောင်ဖုန်းအား ကျေးဇူးဆပ်ချင်တဲ့အတွက် ရှာဖွေခဲ့သော်လည်း ချောင်ဖုန်းမျာ တာဝန် ထမ်းဆောင်ရန် ထွက်ခွာသွားပြီဆိုတာ သိလိုက်ရ၏။
ထိုချိန်မှစပြီး ချောင်ဖုန်းသည် ဂိုဏ်းအား ပြန်လာခြင်းမရှိသောကြောင့် သေသွားသည်ဟု ယူဆမိလိုက်သည်။ ဆုဟန်မိုသည် ချောင်ဖုန်းမှန်းသိရှိသွားတဲ့အခါ "ဂျူနီယာမောင်လေး.......ညီမလေးရွယ်ချင်းကရော နင်နဲ့အတူ ပါမလာဘူးလား " လို့ ပြုံးကာ မေးလိုက်၏။
ထိုချိန်မှာ ပန်းပွင့်လေးများပါသော ဂါဝန်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်သည် ဆုဟန်မိုအနားကို ရောက်ရှိလာပြီး
"မမဟန်မို.......သူကဘယ်သူလဲ ၊ ရွမ်ဖိန်......သူ့ကို ကျိုးတိုင်းပြည်ထဲမှာ တစ်ခါမှ မမြင်ဖူးဘူး " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ထိုမိန်းကလေးအား ဂရုမစိုက်ဘဲ ရီချုံတို့ရှေ့ ရောက်ရှိလာသော ထန်ကျန်ကို ကြည့်လိုက်သည်။ ထန်ကျန်သည် ရီချုံနဲ့ရန်ယိုကို တွေ့တဲ့အခါ သူ့စိတ်ထဲတွင် အတုအယောင်လို့သာ ထင်နေခဲ့၏။
ရဲ့ထျန်သည် " ထန်ကျန်.......မင်းက ဘယ်လိုသတ္တိတွေ ရှိနေလို့ သခင်ကို ပုန်ကန်ရဲတာလဲ " ဟု ပြောလိုက်သည်။ ထန်ကျန်သည် သူ့စွမ်းအားဖြင့် အကာအကွယ်ဖန်တီးလိုက်ပြီး ဘယ်သူမှ မမြင်ရအောင် လုပ်လိုက်၏။
အားလုံးသည် ပြသာနာတစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ကြသည်။
ရွမ်မိန်နားမှ အမျိုးသားသည် ချောင်ဖုန်းနားသို့ တရှိန်ထိုး ပြေးဝင်သွားပြီး "ငါ့အဖေတစ်ခုခုဖြစ်ရင် မင်းလဲ အသက်ရှင်ရလိမ့်မယ်လို့ မထင်ထားနဲ့ "ဟု ဒေါသထွက်စွာ ပြောလိုက်၏။
ရွမ်မိန်သည် ချောင်ဖုန်းရှေ့မှ ကာဆီးလိုက်ပြီး ဓားထုတ်လိုက်သည်။ ရွမ်မိန်သည် သူ့မအား အရင်တိုက်ခိုက်ဖို့ ပြောလိုက်ပြီး ချောင်ဖုန်းကို ထိခိုက်ခွင့်မပေးချေ။ ထိုအခါ ထန်ကျန်ရဲ့ သားဖြစ်သူ ထန်ရွမ်သည် သူရဲ့သတို့သမီးလောင်းမှ လူအများရှေ့တွင် တခြားလူအား ကာကွယ်ပေးနေတဲ့အတွက် အရှက်ရသွား၏။
ထိုချိန် မိုးခန်းကျိုင်သည် သူ့သမီးအား တားမည့်ချိန်တွင် ကျိုးရန်သည် သူ့နောက်ရောက်ရှိလာ၍ ထိုကိစ္စကို ဝင်မပါဖို့ ပြောလိုက်ပြီး ချောင်ဖုန်းနဲ့ပက်သက်သော အကြောင်းအရာများကို ပြောပြလိုက်သည်။ချောင်ဖုန်းရဲ့ နောက်ခံအင်အားသည် အလွန်ပင်ကြောက်စရာကောင်းလိမ့်မည်ဟု မိုးခန်းကျိုင်သည် လုံးဝမထင်ထားပေ။
ထန်ရွမ်သည် သူ့စွမ်းအားများကို ရုတ်သိမ်းကာ နောက်ပြန်ဆုတ်လိုက်ပြီး မကျေမနပ်ဖြစ်၍ သွားသည်။ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်......မိန်းကလေးရွမ်မိန်" လို့ ထိုင်နေလျက်ပင် ပြောလိုက်၏။
ရွမ်မိန်သည် "သခင်လေးချောင်ဖုန်း......ခုနလူတွေက ဘယ်သူတွေလဲ" ဟု မေးလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် သူ့ရဲ့မိတ်ဆွေတွေလို့ ပြောလိုက်ပြီး စိတ်မပူဖို့ ပြောလိုက်၏။ စုဟန်မိုရဲ့နားမှ ရွမ်ဖိန်သည် ချောင်ဖုန်းဟု ခေါ်သံကြားလိုက်တဲ့အခါ သူ့အမရွမ်မိန် ပြောပြောနေသော လူတစ်ယောက်ဆိုတာ သိသွားခဲ့သည်။
ထိုချိန်မှာ ကင်းမြှီးကောင်မျိုးနွယ်စုမှ ဝိညဥ်နယ်ပယ်အဆင့်ရောက်ရှိနေသော လူနှစ်ယောက်သည် သူတို့ထိုင်နေသော နေရာမှ ထလာကြပြီး"ဟီးဟီးဟီး.....မင်းကို အကာအကွယ်ပေးမယ့်သူတွေ မရှိတုန်း မင်းကို တစ်ခါထဲ သတ်ပစ်ရမယ် " လို့ ပြောကာ သွားကြီးဖြီးကာ ပြေးဝင်လာခဲ့၏။
ထိုနှစ်ယောက်အရှိန်သည် အလွန်ပင် လျင်မြန်နေသောကြောင့် မိုးခန်းကျိုင်သည် ချောင်ဖုန်းရှေ့မှ ရွှမ်မိန်အား ဆွဲခေါ်သွားလေသည်။
ရွမ်မိန်သည် သူ့အဖေလက်ထဲမှ ရုန်းထွက်မရတာကြောင့် ချောင်ဖုန်းအား စိတ်ပူ၍ သွားကာ အော်ဟစ်လိုက်၏။
စုဟန်မိုသည် အထူးတဲ့အဆုံး ချောင်ဖုန်းအား ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ဓားကို ထုတ်မည်ချိန်မှာ ချောင်ဖုန်းသည် အေးဆေးပင် ဝိုင်အရက်ကို သောက်နေသဖြင့် အံ့အားသင့်သွား၏။
ထိုချိန်မှာပဲ ကင်းမြှီးကောင်မျိူးနွယ်စုမှ အကြီးအကဲနှစ်ယောက်သည် ချောင်ဖုန်းရဲ့ ၁ပေအကွာသို့ ချက်ချင်းရောက်ရှိလာပြီး "သွားသေလိုက်တော့....." လို့ပြောကာ အမြှီးပုံစံလက်နက်ဖြင့် ထိုးချလိုက်၏။
ချောင်ဖုန်းသည် ဝိုင်အရက်ခွက်ကို ချလိုက်ပြီး " လစ်စမ်း........" ဟု ပြောလိုက်တဲ့အခါ စွမ်းအင်အရှိန်အဝါတစ်ခု ထွက်ရှိလာပြီး ထိုလူနှစ်ယောက်လုံးပို လွင့်ပြန်ထွက်သွားစေလေသည်။ ထို့နောက် ချောင်ဖုန်းရဲ့ ရှေ့တွင် လူ၃ယောက်သည် ပေါ်လာခဲ့ပြီး ထန်ရွမ် နဲ့ ထိုအကြီးအကဲ နှစ်ယောက်ကို စတင်တိုက်ခိုက်လေ၏။
ထိုအခါ မိုးခန်းကျိုင်သည် ချောင်ဖုန်းရဲ့စွမ်းအားနဲ့ နောက်ခံအင်အားမှာ သူတို့ခန့်မှန်းလို့ မရသည်ကို သိရှိသွားကြသည်။ရုပ်သေးရုပ်တို့ရဲ့ တိုက်ကွက်အနည်းငယ်မှာပဲ ထန်ရွမ်တို့ သုံးယောက်သည် ပြန်တောင် ချနိုင်စွမ်းမရှိဘဲ လဲကျသွားခဲ့သည်။
ထိုချိန်မှာပဲ ရီချုံတို့ အဖွဲ့သည် ပြန်လည်၍ ပေါ်လာခဲ့၏။ ထန်ကျန်ဆီမှ သတင်းတစ်ချို့ကို ရီချုံတို့သည် ထပ်မံရရှိလိုက်ကြသည်။
ရီချုံနဲ့ရန်ယိုအား ခွဲထုတ်ခဲ့သော နေရာတွင် ထန်ကျန်သည် အဖမ်းခံထားရ၏။ထို့နောက် လူတစ်ယောက်သည် သတိမေ့နေသော ရီချုံနဲ့ရန်ယိုအား အခန်းထဲမှ ခေါ်ထုတ်သွားခဲ့၏။
ထို့ကြောင့် ထန်ကျန်သည် သူ့ရဲ့သခင်ပြန်ရှင်လာပြီဆိုတာ လုံးဝအယုံအကြည်မရှိပေ။သူရဲ့စိတ်ထဲတွင် နှစ်ယောက်လုံးသေသွားပြီဟု သတ်မှတ်လိုက်ခြင်းပင် ဖြစ်၏။ ရီချုံသည် ရန်ယိုထက် စွမ်းအားပိုမြင့်မားသောကြောင့် ခွဲထုတ်ချိန်တွင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီး စွမ်းအားတစ်ချို့ကို ရရှိနေခဲ့သေးသည်။
ရန်ယိုသည် ကိုယ်ထည်ဝါမရှိသော သားရဲတစ်ကောင်အဖြစ်သို့သာ ပြောင်းလဲသွားခဲ့ပြီး သာမန်သာ ဖမ်းချုပ်ခံခဲ့ရ၏။ ရီချုံကတော့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်နေတုန်းပင် ဖြစ်သောကြောင့် လူအများ၏ နှိပ်စက်မှုကို ခံခဲ့ရပြီး သူ့မှတ်ဥာဏ်တချို့တစ်ဝက်သည် ပျက်စီးသွားခဲ့သည်။
ထန်ကျန်ရဲ့စကားများသည် အမှန်အကန်ပင် ဖြစ်နေသောကြောင့် ရီချုံနဲ့ ရန်ယိုသည် ခွင့်လွှတ်လိုက်၏။ ရီချုံသည် ခုချိန်ကစပြီး လူသားအပြစ်မပြုဖို့ ပြောလိုက်ပြီး ရွယ်အင်ပါယာသို့ ပြောင်းရွေ့စေခိုင်းလိုက်သည်။
ထန်ကျန်သည် ဘာမှပြန်မပြောရဲဘဲ သူ့လူတွေ ခေါ်ကာ ကျိုးနန်းတော်မှ ထွက်ခွာသွားခဲ့၏။ ရီချုံသည် အားလုံအဆင်ပြေသွားပြီဖြစ်၍ ပျောက်ကွယ်သွားပြီး ချောင်ဖုန်းခန္ဓာကိုယ်နဲ့ ပြန်
လည်ပေါင်းစပ်၍ သွားခဲ့သည်။
ချောင်ဖုန်းသည် ရွမ်မိန်အား ရွယ်အင်ပါယာ၏ အမိန့်တံဆိပ်ပြားပေးခဲ့ပြီး အကူအညီလိုအပ်ရင် အမိန့်ပြားအား အသက်သွင်းဖို့ ပြောလိုက်ပြီး အားလုံးကို နှုတ်ဆက်ကာ ကျိုးနန်းတော်၏ လူမြင်ကွင်းရှေ့မှ လုံးဝပျောက်ကွယ်၍ သွားလေသည်။
အားလုံးသည် ပါးစပ်အဟောင်းသားပင် ပျောက်ကွယ်သွားသော ချောင်ဖုန်းတို့ကြည့်ကာ နန်းတော်အတွင်းမှာ ကျန်ရှိခဲ့၏။
ယန်ကျီဟုန်နဲ့ စွေ့ရိုသည် ရွယ်အင်ပါယာ၏ မှော်အဂ္ဂိရတ်ပညာရပ်မျှော်စင်တွင် ချောင်ဖုန်းပေးအပ်ထားသော နည်းလမ်းများဖြင့် ကြိုးကြိုးစားစား လေ့ကျင့်နေကြသည်။ ချောင်ဖုန်းရဲ့ ထောက်ပြမှုကြောင့် ထိုနှစ်ယောက်လုံးသည် နှစ်အနည်းငယ်အတွင်းမှာ အဂ္ဂိရတ်ပညာရပ်တွင် ဆရာတစ်ဆူ ဖြစ်လာလိမ့်မည်ဟု အားလုံးသည်ယုံကြည်နေကြ၏။
ရွမ်တိုင်သည်လည်း ချောင်ဖုန်းရဲ့ ကျင့်စဥ်မှု အားလုံးကို သင်ယူနေခဲ့ပြီး မအိပ်မစား လေ့ကျင့်နေခဲ့ခြင်း ဖြစ်ပေသည်။