← Chapters

ပူးပေါင်းမှု ပျက်ပြယ်ခြင်း

Vol. 2 Ch. 29

ပူးပေါင်းမှု ပျက်ပြယ်ခြင်း

Vol. 2 Ch. 29

အခန်း (၂၉) ပူးပေါင်းမှု ပျက်ပြယ်ခြင်း

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695201026557.jpg

သူတို့၂ယောက်ကို အခန်းတစ်ခုဆီသို့ ခေါ်လာသည်။

"မင်းဘာလိုချင်လို့လဲ"

မာကျဲက ကြောက်ကြောက်လန့်လန့်နှင့် မေး၏။

"စိတ်အေးအေးထားပါ။ ဘာမှမဟုတ်ပါဘူး။ အဲဒီလူက သေနတ်တွေလုပ်တတ်တဲ့ ယန္တရားပညာရှင်တစ်ယောက်ပဲ။ ငါတို့ဘော့စ်က သူ့အပေါ် လှုပ်ရှားမလို့၊ ဒါပေမယ့် သူ့နောက်ခံကို ဘာမှ ရေရေရာရာ မသိသေးလို့ စောင့်နေကြတာ။ ငါသိချင်တာက မင်းသိတဲ့ သူ့အကြောင်း အကုန်လုံးပဲ။"

ဘော့စ်၏ မျက်နှာ‌သာပေးမှုကို ရတော့မည်ဆိုသည့် အတွေးနှင့် မာကျဲ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒါက သူ့ဝမ်းကွဲကို ကျော်လွှားရန် ဘဝတွင် တစ်ကြိမ်သာလာသည့် အခွင့်အရေး ဖြစ်သည်။ သူကနှာခေါင်းရှုံ့လိုက်ပြီး သူ့ဝမ်းကွဲကို အထင်အမြင်သေးသလို ကြည့်လိုက်သည်။

အဲဒီမျိုးမစစ်ကောင် ဟန်ရှောင်းဘာဖြစ်မလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။

နာရီဝက်ခန့် စောင့်ပြီးနောက်၊ ရက်ကွန်းက သူတို့နှင့် လာတွေ့သည်။ သူရောက်သောအခါ မာကျဲနှင့် သူ့ဝမ်းကွဲက အလျှင်အမြန်ထ၍ ကြိုဆိုလိုက်ကြသည်။ မာကျဲမှာ အလွန်ပင် စိတ်ဖိစီးလွန်း၍ သူ၏ ထိုင်ခုံကိုပင် တိုက်မိသွားသည်။

"မင်းက နည်းပညာရှင်ဟန်ရဲ့ နောက်ခံကို သိတာလား။"

ရက်ကွန်းက မေးလိုက်သည်။

"သူ့နာမည်က ဟန်ရှောင်းပါ။ ကျွန်တော်နဲ့အတူတူ မြို့ထဲခိုးဝင်လာတဲ့ လေလွင့်သွားလာသူ တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူပထမဆုံး ဒိကိုလာဖူးတာ၊ ဆွေမျိုးတွေလည်း မရှိပါဘူး။"

"ဒါပဲလား"

ရက်ကွန်း မျက်လုံးများ တွန့်သွားသည်။

ဘော့စ်၏ မကျေမနပ်ဖြစ်နေသည့်ပုံကြောင့် မာကျဲ တစ်ခုခုကို မှတ်မိရန် အပြင်းအထန် စဉ်းစားလိုက်သည်။

"အိုး ဟုတ်သားပဲ။ သူလာတုန်းက လက်ဗလာနဲ့ ဘာမှ ပါမလာဘူး။ အဝတ်အစားတွေကလည်း တော်တော်ကြီးကို စုတ်ပြတ်သတ်နေတယ်။ ဘယ်သူနဲ့မှကို မတူဘူး။"

"အရမ်းကောင်းတယ်။"

ရက်ကွန်းက ပြန်လှည့်ပြီး ထွက်သွားသည်။

"ဘော့စ်လိုချင်တာ ဘာပဲဖြစ်ဖြစ်ပါခင်ဗျ။"

မာကျဲက သူ့နောက်မှ အော်ပြောလိုက်သည်။

ရက်ကွန်းက ရပ်သွားပြီး ပြန်လှည့်ကာ သူ့ကို ကြည့်လိုက်သည်။

"ငါမင်းကို သဘောကျတယ်။ ငါ့အဖွဲ့ထဲ ဝင်လိုက်။"

မာကျဲ မျက်လုံးပြူးသွားပြီး ပျော်ရွှင်သွားသည်။

ငါကံကောင်းပြီဟ။

ရက်ကွန်းထွက်သွားပြီးနောက်၊ ဟွမ်မောင်က မာကျဲကို မျက်နှာလို မျက်နှာရ လုပ်တော့သည်။ ယခု သူတို့၏ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ မဟုတ်လား။

"မာကျဲ၊ အနာဂတ်မှာ ငါ့ကို စောင့်ရှောက်ပေးပါဦး။"

"မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်။"

မာကျဲက လှောင်ရယ်‌လိုက်သည်။

"ဝမ်း.. ဝမ်းကွဲ။"

နှစ်ယောက်လုံးသည် အရှက်မရှိစွာပင် အလျှင်အမြန် အလိုက်သင့် ပြောင်းလဲနိုင်ကြ၏။ မာကျဲက ဟွမ်မောင်၏ ပခုံး‌ပေါ်သို့ သူ့လက်ကို အားရဝမ်းသာ တင်လိုက်သည်။

"အစ်ကို၊ ဘော့စ်က ဟန်ရှောင်းကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။"

သူက အစောင့်ကို မေးလိုက်သည်။

"အသိသာကြီးပဲလေ။ သေနတ်တွေလုပ်တဲ့ ဒီဇိုင်းပုံစံကို ထုတ်ခိုင်းမယ်၊ ပြီးရင် တစ်စစီ လုပ်ပစ်လိုက်မယ်။"

"အဲဒါဆို ကောင်းတယ်။" စိတ်သက်သာသွားသည့် မာကျဲက ပြောလိုက်သည်။

…

၃မိနစ် မပြည့်ခင်မှာပင်၊ ရက်ကွန်းက စားသောက်ခန်းမသို့ ပြန်လာသည်။ ဟန်ရှောင်းက စားသောက်ပွဲများကို ထိပင်မထိရသေးပေ။ ရက်ကွန်းက ပြုံးလိုက်သည်။

"ဟန်ရှောင်း... ဟုတ်တယ်မဟုတ်လား။"

"ကြည့်ရတာ မင်းငါ့နာမည် သိသွားပြီပဲ။"

မုန်တိုင်းမလာခင် ငြိမ်သက်သလိုမျိုးကို ခံစားရ၍ ဟန်ရှောင်းက ကျောပိုးအိတ်ထဲရှိ အပေါ့စားယန္တရားလက်ကို လျှို့ဝှက်စွာ လှမ်းယူလိုက်သည်။

ကလစ်

လက်ကို တပ်ဆင်လိုက်သည်။ အစကတည်းက တိုက်ပွဲကို တိုက်ရန် ရည်ရွယ်ထားသော်လည်း၊ ဟန်ရှောင်းက သတိဝီရီယရှိစွာသာ ပြုမူခဲ့သည်။ သတိရှိခြင်း၏ အရေးကြီးပုံကိုလည်း အတိတ်ဘဝက "Galaxy" ဂိမ်းကစားခဲ့စဉ်က ခက်ခက်ခဲခဲ သင်ခဲ့ရသည်။

ရက်ကွန်းက စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေ၏။

"ဟီးဟီး၊ ငါအမြဲတမ်း မင်းဘယ်သူလဲဆိုတာ သိချင်နေခဲ့တာ၊ ဒါပေမယ့် တကယ်တမ်းကျတော့ မင်းက လေလွင့်သွားလာသူ တစ်ယောက်ပဲလား။ မင်းတကယ်ကို တချိန်လုံး သတိထားပြီးနေခဲ့တာပဲ။"

"အဲဒီတော့။"

ရက်ကွန်း၏ မျက်နှာ မည်းမှောင်သွား၏။

"မင်းဘယ်အခြေအနေ ရောက်နေလဲဆိုတာ နားလည်ရဲ့လား။ သေနတ်လုပ်တာနဲ့ ပက်သက်ပြီး မင်းသိတာတွေအကုန် ထုတ်ပေးစမ်း။"

"ဘာလို့ အဲ့လောက် သူစိမ်းဆန်တာလဲ။"

"သူစိမ်းဆန်တယ်၊ ငါတို့က စီးပွားရေး လုပ်ဖော်လုပ်ဖက်တွေ သက်သက်ပဲ၊ ဘာမှမပိုဘူး။"

"ငါလုပ်ချင်ရင် မင်းတို့အကုန်လုံးကို သတ်ပစ်လိုက်လို့ရတယ်လို့ ငါပြောရင် မင်းယုံမလား။"

ဟန်ရှောင်းက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

ရက်ကွန်းက နှာခေါင်းရှုံပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ချက်ချင်းပင်၊ သူ့ဘေးရှိ လူမိုက် ၄ယောက်က ဟန်ရှောင်းကို သေနတ်ဖြင့် ချိန်ထားလိုက်ကြသည်။

"ငါဘာမှ မပြင်ဆင်ထားဘူး ထင်တာလား၊ ဘယ်လိုဟာသလဲ။ အခုချိန်ထားတဲ့ သေနတ်တွေ အကုန်လုံး မင်းလုပ်ထားတာတွေပဲ။

ရက်ကွန်းနှင့် စားပွဲတစ်ဖက်ရှိ သူ့လူ ၄ယောက်အပြင်၊ အခန်းအပြင်တွင်လည်း အစောင့် ၂ယောက် ရှိသေးသည်။ ဟန်ရှောင်းအတွက် လှုပ်ရှားရန် နေရာကျဉ်းကျဉ်းလေးသာ ရှိပေသည်။

"ငါမင်းကို ပြောပြရင်တောင်မှ မင်းက ငါ့ကို နှုတ်ပိတ်ဦးမှာပဲ။"

ရက်ကွန်းက အေးစက်စက် ရယ်မောလိုက်သည်။ ဟန်ရှောင်းပြောသည့် အတိုင်းပင်။

"မင်း ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ မနာမကျင်လေးဖြစ်အောင် လုပ်ပေးမှာပေါ့။"

"ငါမလုပ်ဘူးဆိုရင်ရော"

"ငါ့မှာ နှိပ်စက်ရတာ တော်တော်ကျွမ်းကျင်တဲ့ လူတွေရှိတယ်။ နောက်ဆုံးတော့ မင်းပြောမှာပါ။"

ရုတ်တရက်၊ ဟန်ရှောင်းက ထပ်၍ မလှည့်စားတော့ရန် ဆုံးဖြတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုမှာ ပြောင်းလဲသွားသည်။

"မင်းငါ့ကို ချောင်ပိတ်နိုင်ပြီလို့ တကယ်ထင်နေတာလား။"

ရုတ်တရက်ဖြစ်သွားသော အပြောင်းအလဲကို ရက်ကွန်းကို အထိတ်တလန့် ဖြစ်သွားစေသည်။ သို့သော်လည်း၊ သူက ခေါင်းကို ယမ်းလိုက်၏။

မင်းရဲ့အိတ်ထဲမှာ ဘယ်လိုဝှက်ဖဲတွေပဲရှိရှိ၊ မင်းက ကျည်ဆံထက် မြန်နိုင်မှာလား။"

"ဒီထဲမှာ စွမ်းအားပြင်း ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေပါတယ်လို့ ပြောရင်ရော"

ရက်ကွန်းက ရယ်လိုက်သည်။ မာကျဲရောက်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ ဟန်ရှောင်းက ဘယ်လိုလုပ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်မှာလဲ။ သူက ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ။"

"ငါ့အကြောင်းပြောတာ ဘယ်သူလဲတော့ ငါမသိဘူး၊ ဒါပေမယ့် သူငါ့အကြောင်း နည်းနည်းပဲသိတာ သိသာတယ်။ ဘာလို့ မြေအောက်လောက နက်ဝက်ကို စစ်ပြီး နောက်ဆုံး ဆုကြေးငွေကို မကြည့်တာလဲ။”

ရက်ကွန်း မျက်မှောင်ကြုံ့သွားသည်။ ဟန်ရှောင်းက ဘယ်လိုလုပ် တည်တည်ငြိမ်ငြိမ် နေနိုင်တာလဲ၊ သူဘာတွေ လှည့်စားဖို့ ကြိုးစားနေတာလဲ။

ဟန်ရှောင်းသည် အနောက်ပိုင်းမြို့တော်တွင် အာဏာအနည်းငယ် ရှိသော်လည်း ကြီးကျယ်လှသော အစီအစဉ်ကြီးတွင် အသေးစား လူမိုက်‌လေးမျှသာ ဖြစ်သည်။ သူသည် မြေအောက်လောက၏ ကိစ္စများတွင် ပါဝင်ရန် သေးငယ်လွန်းသေးသည်။ ထို့ကြောင့် သူက ထိုသို့ကိစ္စမျိုးကို သိပ်ဂရုမစိုက်မိခြင်းဖြစ်သည်။

သူက အချိန်ဆွဲဖို့ ကြိုးစားနေတာပဲ။ ငါက ဘာလို့ နားထောင်ရမှာလဲ။

"မင်းငါ့ကို မယုံဘူးဆိုလည်း လောင်းကြမလား။ ဘဝဆိုတာ အံ့အားသင့်စရာတွေနဲ့ ပြည့်နေတာပဲလေ။ ငါအခု သတိထားမိတာ ဒီအခန်းက တော်တော်သေးတာပဲ၊ မဟုတ်ဘူးလား။ ဗုံးပေါက်ဖို့အတွက် အကောင်းဆုံးပဲနော်။ ပထမဆုံး ပေါက်ကွဲမှုလာမယ်၊ ပြီးရင် ဗုံးဆံတွေ လိုက်လာမယ်။ နောက်ဆုံး ဒီနေရာတစ်ခုလုံး မြေကြီးပေါ် ပြားပြားဝပ်သွားမယ်။ ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ ငါတို့က ပထမဆုံး ဗုံးဆံနဲ့တင် သေကုန်မှာ‌ဆိုတော့..."

"တော်လောက်ပြီ။ ငါ့မှာ ဟာသတွေအတွက် အဖြေမရှိဘူး။ မတ်တပ်ရပ်။ မဟုတ်ရင် မင်းတစ်ကိုယ်လုံး အပေါက်တွေ ဖြစ်သွားမယ်။"

ဟန်ရှောင်းက ပခုံးတွန့်ရင်း သက်ပြင်းချလိုက်သည်။

"ငါတို့တွေ ဆွေးနွေးလို့မရတော့မှတော့၊ ကောင်းပြီလေ။ ငါပေး..."

ရုတ်တရက်၊ နေ၏ နောက်ဆုံးအလင်းရောင်က ကွယ်ပျောက်သွားပြီး၊ အမှောင်ထုက ဖုံးလွှမ်းသွားသည်။

ဟန်ရှောင်းကလည်း ဒါကို စောင့်နေခြင်းဖြစ်သည်။

ဝရုန်း

ယန္တရားလက်က ကြုံးဝါးသံကြီးနဗင့် အသက်ဝင်လာပြီး၊ ကျောပိုးအိတ်ကို တစ်စစီ ဆုတ်ဖြဲလိုက်သည်။ ဟန်ရှောင်းက ထမင်းစားပွဲကို လှန်ပစ်လိုက်ရာ၊ ရက်ကွန်းနှင့် သူ့လူလေးယောက်ကို အိုးနှင့် ပန်းကန်ပြားများ ထိခိုက်မိကုန်၏။

ဆွေးနွေးမယ်... ဆုတောင်းလေ

သူ၏ အရှေ့တွင် ၄ယောက်ရှိပြီး အနောက်တွင် ၂ယောက်ရှိသည်။ ဟန်ရှောင်းက သူဘာလုပ်ရမည်ကို အတိအကျသိသည်။ သူက စားပွဲကို ကောက်မလိုက်ပြီး အကာအကွယ်အဖြစ် အသုံးပြုကာ ယန္တရားလက်ကို ရှေ့တွင်ထားပြီး ရပ်တန့်မရနိုင်သော လော်ရီကားကြီးကဲ့သို့ ရှေ့သို့ တိုးဝင်သွားသည်။လူမိုက် ၄ယောက်မှာ ယင်ကောင်များလို ဘေးသို့ လွင့်ထွက်သွား၏။

"ပစ်" သွေးများပေကျံနေသည့် မျက်နှာနှင့် ဒေါသထွက်နေသည့် ရက်ကွန်းက အော်လိုက်သည်။

ကျန်သေးသည့် အစောင့် ၂ယောက်က စတင် ပစ်ခတ်ကြသည်။

အခန်း (၂၉) ပြီး၏။

လင်းဆက်

All Chapters