← Chapters

ပေါက်ကရလေးဆယ်

Vol. 3 Ch. 32

ပေါက်ကရလေးဆယ်

Vol. 3 Ch. 32

အခန်း (၃၂) ပေါက်ကရလေးဆယ်

ဟန်ရှောင်း၏ ခေါင်းပေါ်ရှိ အိတ်ကို ‌ဖယ်လိုက်သောအခါ၊ သူက အလွန်လင်းထိန်နေသည့် အခန်းတစ်ခုအတွင်း ရောက်နေသည်ကို တွေ့ရသည်။ အလင်းရောင်နှင့် အသားကျသွားအောင် အချိန်ခဏ ယူလိုက်ရ၏။

သု့ကို အေးစက်စက် သတ္တုခုံတွင် ထိုင်ခိုင်းထားပြီး ရှေ့တွင် စားပွဲတစ်လုံးရှိနေ၏။ ဒါက ပုံမှန် စစ်ကြောရေးအခန်းတစ်ခုဖြစ်ပြီး တစ်ဖက်ပိတ်မှန် တစ်ခုလည်း ရှိနေ၏။

လူ၂ယောက်က စားပွဲတစ်ဖက်တွင် ထိုင်နေကြသည်။ လီဟွေ့နှင့် ဖုန်းကျွင်းပင်။

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ၊ ငါက ကြယ်နဂါးနိုင်ငံ မဟာဗျူဟာ ကာကွယ်ရေးဌာနရဲ့ စုံစမ်းထောက်လှမ်းရေး အရာရှိတစ်ယောက်ပါ။" ဖုန်းကျွင်းက ပြောလိုက်သည်။ "ဒါငါတို့ ပထမဆုံး တွေ့ဖူးတာတော့မဟုတ်ဘူး၊ မင်းငါ့ကို မှတ်မိလား။"

"ငါမှတ်မိတာပေါ့။" ဟန်ရှောင်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။ "ပိုက်ဆံအိတ် အကြီးကြီးနဲ့ လူကြီး။"

ဖုန်းကျွင်း ဘာပြောရမှန်းမသိ ဖြစ်သွား၏။ မင်းဒီအကြောင်း မပြောလို့ မရဘူးလား။

"ဌာန၁၃၊ လီဟွေ့။" လီဟွေ့က သူ့ကိုယ်သူ မိတ်ဆက်၏။ သူ၏ အမူအရာနှင့် စကားပြောပုံ နှစ်ခုလုံးသည် ကျောက်တုံးကဲ့သို့ အေးစက်နေသည်။

ကြယ်နဂါးနိုင်ငံ၏ မဟာဗျူဟာ ကာကွယ်ရေးဌာနတွင် ဌာနစိတ်စုစုပေါင်း ၁၃ခု ပါဝင်ပြီး ဌာန၁၃ဟု ခေါ်ကြသည်။

"ငါတို့မင်းကို ဟန်ရှောင်းလို့ ခေါ်ရမလား၊ ဇီးရိုးလို့ ခေါ်ရမလား" ဖုန်းကျွင်းက မေးလိုက်သည်။

"မင်းတို့ကြိုက်သလိုခေါ်။"

"အပိုတွေ ပြောမနေနဲ့။" လီဟွေ့က ဖြတ်ပြောလိုက်သည်။ "ဘာလို့ ဂျာမီနယ်အဖွဲ့အစည်းက မင်းကို ဆုကြေးငွေ ဒေါ်လာ ၁သန်းထုတ်ထားလဲဆိုတာနဲ့ မင်းသိသမျှ အကုန်ပြောပြစမ်း။"

"ငါက ဘာလို့ မင်းတို့ကို ပြောရမှာလဲ။" ဟန်ရှောင်းက ဇဝေဇဝါနှင့် မေးလိုက်သည်။

လီဟွေ့က အေးစက်စက် ရယ်မောလိုက်၏။"မင်းဒီနေရာကို ဘာထင်နေလို့လဲ။ ငါတို့မင်းကို ပြောစေချင်ရင် မင်းပြောရမယ်။"

"ဒါဆို ငါမပြောရင်ရော" ဟန်ရှောင်းက လှောင်ပြောင်လိုက်၏။ "ငါ့ကိုပစ်မှာလား"

"ငါမလုပ်ရဲဘူးထင်လို့လား။" လီဟွေ့က ပြန်ပက်သည်။

"တော်တော့၊ တော်ကြတော့။ စိတ်အေးအေးထားကြပါ။ ဟန်ရှောင်း၊ ငါတို့က အစိုးရဘက်ကဆိုတာ သိသင့်တယ်။ မင်းသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ငါတို့လဲ မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ဘူး။"

ဟန်ရှောင်းက ပြုံးလိုက်ပြီး ထိုင်ခံတွင် ပို၍သက်တောင့်သက်သာဖြစ်အောင် ထိုင်လိုက်ကာ ပြန်ပြောလိုက်သည်။ "ရဲကောင်းနဲ့ ရဲဆိုး။ ဘယ်လောက်ခေတ်နောက်ကျနေတဲ့ နည်းစနစ်လဲ။ မင်းတို့နည်းနည်း ထူးခြားတာလေး လုပ်လို့မရဘူးလား။ ငါဆိုရင်ကွာ မိန်းမ‌လှလေးတွေဆို ခံစားတတ်တယ်လေ။ မျက်နှာထားတင်းတင်းနဲ့ လူအိုကြီး ၂ယောက်ကို စကားပြောနေရတာ ဘယ်လောက် စိတ်ကုန်ဖို့ကောင်းလဲ။ အပြုံးနဲ့ ဝန်ဆောင်မှုပေးစမ်းပါ၊ နားလည်လား။ လာစမ်းပါ၊ ပြုံးပြစမ်းပါ။"

ဟန်ရှောင်း၏ ပြောချက်က ကွက်တိပင် ထိ၏။ ဖုန်းကျွင်း နောက်ဆုတ်သွားသည်။ ဖုန်းကျွင်းက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ရင်း လီဟွေ့ကို တစ်ချက်ကြည့်ရင်း ဆက်သွယ်လိုက်သည်။ လီဟွေ့က နားလည်၏။ သူက ဒေါသတကြီး ထရပ်ကာ ဟန်ရှောင်းကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။ "ဒီနေရာက မင်းဟာသလုပ်ရမယ့် နေရာမဟုတ်ဘူး၊ ငါမင်းကို ထောင်ထဲ ထည့်ချင်သလောက် ထည့်ထားလိုက်လို့ရတယ်။"

"ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ။"

ဟန်ရှောင်းက ပျက်ရယ်ပြုလိုက်ကာ ရုတ်တရက် သူ့မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ်သွားပြီး ထပ်ပြောလိုက်သည်။

"ငါက ဂျာမီနယ်အဖွဲ့အစည်းက လာတာ။ ခြိမ်းခြောက်တာလား။ အဲလိုဟာတွေက ငါ့အပေါ် အလုပ်ဖြစ်မယ်ထင်နေတယ်ပေါ့။ လာစမ်းပါ၊ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မနေစမ်းပါနဲ့။ မင်းတို့ငါ့ကို ပူးပေါင်းစေချင်တာလား၊ ရတယ်လေ။ မင်းတို့ဘက်က စိတ်ရင်းအမှန် ပြစမ်းပါ။ ငါနဲ့စကားပြောဖို့ အရည်အချင်းရှိတဲ့သူတစ်ယောက် သွားခေါ်လိုက်။ မင်းတို့ ၂ယောက်ကတော့ မရသေးဘူး။"

ဟန်ရှောင်းက ပြောပြီးသည်နှင့် သူ့ကို ချည်ထားသည့် လက်ထိပ်ကြိုးကို အားဖြင့်ဆောင့်ဆွဲကာ ထိုင်ခုံကို ရိုက်ချလိုက်သည်။ အခန်းကျဉ်းလေးထဲတွင် ပဲ့တင်သံက ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ဖုန်းကျွင်းနှင့် လီဟွေ့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့၏တာဝန်မှာ ဟန်ရှောင်း၏ သဘောထားကို ဖမ်းဆုပ်နိုင်ရန်သာဖြစ်သည်။ ဟန်ရှောင်းကလည်း ဒါကိုကောင်းကောင်း သိထား၍ သူ့တွင် တစ်ခုခု ရှိထားသည်ဟု ကြေညာပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ကြောက်ရွံ့ခြင်းမရှိဘဲ ပြုမူနေခြင်းဖြစ်သည်။

ရုတ်တရက်၊ လေးနက်သော အသံတစ်သံက စစ်ကြောရေးခန်းထဲရှိ စပီကာမှ ထွက်ပေါ်လာသည်။ "မင်းသဘောအတိုင်းပဲ၊ ငါမင်းနဲ့ စကားပြောမယ်။"

"မင်းက ဘယ်သူလဲ။"

ဟန်ရှောင်းက မေးလိုက်ရင်း သိသာနေသည့် တစ်ဖက်ကြည့်မှန်ဘက်သို့ လှည့်လိုက်သည်။

"ဌာန၁၃၊ စုံစမ်းထောက်လှမ်းရေး ဒါရိုက်တာ။ ငါမင်းနဲ့ပြောဖို့ အရည်အချင်းမီရဲ့လား။

"မင်းကတော့ ရပါလိမ့်မယ်။"

ဟန်ရှောင်းက ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။ဖုန်းကျွင်းနှင့် လီဟွေ့ နှစ်ယောက်လုံး မျက်လုံးများ တွန့်သွား၏။ ဘယ်လောက်အရှက်မရှိတဲ့ကောင်လဲ။ဒါရိုက်တာက မသိချင်ယောင်ဆောင်လိုက်ပြီး စမေးသည်။

"မင်းပြောခဲ့တယ် မင်းက ဂျာမီနယ်အဖွဲ့အစည်းကဆို--"

"ငါ ဖြစ်ခဲ့တယ်။"

ဟန်ရှောင်းက သူ့ရဲ့ စကားကို ပြင်ပေးလိုက်သည်။

"ဒါဆို၊ မင်းက ထွက်ပြေးလာတာပေါ့။"

"ဟုတ်တယ်။"

"မင်းရဲ့ ရာထူးက ဘာလဲ။"

"ထောက်ပံ့ရေး သုတေသီ။"

"မင်းက ဘာကို သုတေသနလုပ်လဲ။"

"စက်ပစ္စည်းတွေနဲ့ လက်နက်တွေ။"

"မင်းလိမ်နေတာ" ဒါရိုက်တာက ဖြတ်ပြောလိုက်သည်။

"မင်းရဲ့ ဒေါ်လာ၁သန်း ဆုကြေးငွေကို ဘယ်လိုရှင်းပြမှာလဲ။"

ဟန်ရှောင်းက ပြုံးလိုက်သည် - ဤမေးခွန်းကို သူမျှော်လင့်ထားပြီးဖြစ်သည်။

"ငါ့ကို လူလိမ်လို့ ခေါ်နေမယ့်အစား၊ မင်းတို့ကပဲ ငါ့မှာ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရှိနေမယ်လို့ ယူဆထားတယ် မဟုတ်လား။ ဒါကြောင့် ငါ့ကို အဝေးက စုံစမ်းနေကြတာပေါ့။" သူက ပြန်ဖြေလိုက်သည်။

"သတင်းအချက်အလက်တွေက လက်နက်တစ်ခုလို အသုံးချလို့ရတယ် - ဒါပေမယ့် မှန်ကန်တဲ့ လက်ထဲမှာပဲ။ ငါ့ရဲ့ ခြေရာလက်ရာကို ဖော်ပြပြီး မင်းတို့နဲ့ ပူးပေါင်းချင်စိတ်ရှိတယ်ဆိုတာ သက်သေပြခဲ့တယ်။ ငါက မင်းတို့ရဲ့ ရန်သူ မဟုတ်ဘူး။ ရန်သူက ဂျာမီနယ်အဖွဲ့အစည်းပဲ။ ပြီးတော့ သူတို့က ငါ့ရဲ့ရန်သူလည်း ဟုတ်တယ်။

"ဘာဖြစ်လို့ ငါတို့က မင်းနဲ့ပူးပေါင်းရမှာလဲ။" ဒါရိုက်တာ ပြန်မေးလိုက်သည်။ "မင်းဘေးကို ကြည့်လိုက်စမ်းပါ - မင်းက ငါတို့ နယ်မြေထဲမှာ။ ငါတို့မှာ မင်းစကားပြောအောင် လုပ်နိုင်တဲ့ ကိရိယာတွေ အများကြီးရှိတယ်။"

ဟန်ရှောင်းက တည်ငြိမ်စွာပြုံး၍ ခဏရပ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"စာတိုမှတ်တမ်း: "Galaxy"ပြက္ခဒိန် ၆၈၇၊ ဂျွန်လ ၁၄ရက်၊ အချက်ပြသည့် တည်နေရာ : ရေပင်လယ်ဂြိုလ်။ ဦးတည်ချက်ပန်းတိုင် : ကြယ်နက်ဂြိုလ် စခန်း (၈)။ စာတိုတွင်ပါဝင်သည့် အကြောင်းအရာတွေက ထိပ်တန်းလျှို့ဝှက်ချက်။"

ဒါရိုက်တာ၏ စကားသံမှာ ၁၀မိနစ်ခန့် ငြိမ်သက်သွားသည်။

ဖုန်းကျွင်းနှင့် လီဟွေ့မှာ ထိတ်လန့်သွား၏။ ဟန်ရှောင်းက သူတို့ကို ပေါက်ကရတွေ လျှောက်ပြောနေသော်လည်း၊ ယခု ပြောလိုက်သည်က ဒါရိုက်တာအတွက် သိသာစွာပင် တန်ဖိုးရှိ သတင်းအချက်အလက်ဖြစ်သည်။ ဒါရိုက်တာက သတင်းကို ထိပ်တန်းအရာရှိများဆီ သတင်းပြန်ပို့ကာ ဆက်လက်ဆောင်ရွက်ရမည့် ညွှန်ကြားချက်ကို တောင်းခံနေသည်။အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်၊ ဒါရိုက်တာက စပီကာမှ စကားပြောလာသည်။ ဤအချိန်တွင်တော့၊ သူအသံက အလွန်အလေး‌အနက် ဖြစ်နေသည့်ဟန်ရှိသည်။

"မင်းသေချာလား။"

သူက တိုက်ရိုက်ပင် မေးလိုက်သည်။

"မဟုတ်ရင် ကြယ်နက်ကို ငါဘယ်လို သိမှာလဲ။"

"...ကောင်းပြီ။"

စုံစမ်းထောက်လှမ်းရေး ဒါရိုက်တာ၏ အမူအရာမှာ အလွန် လေးနက်နေသည်။ အကယ်၍ ဟန်ရှောင်း သူ့ကိုပေးသည့် သတင်းက မှန်ကန်ပါက၊ ကြယ်နဂါးနိုင်ငံတင်မက ဂြိုလ်တစ်ခုလုံးအတွက်ပင် အလွန်အရေးပါလှသည်။

ဟန်ရှောင်း လှောင်ပြုံးပြုံးလိုက်သည်။ သူက သေချာပြင်ဆင်လာခဲ့သည် မဟုတ်လား။

စူးစမ်းရှာဖွေကြသည့် ကာလတွင်၊ ထောင်စုနှစ် ၁၀ခုကျော်ကြာအောင် စစ်မက်ဖြစ်ပွားနေသည့် ကြယ်စင်စုပါဝါကြီး ၃ခုရှိသည်။ အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ကြပြီးနောက်၊ ထိုအင်အားစုကြီး ၃ခုသည် သဘောတူညီမှုရခဲ့ပြီး တိုက်ခိုက်မှုများကို ရပ်စဲခဲ့ကြသည်။ ငြိမ်းချမ်းရေး၊ အာဏာနှင့် တိုးတက်မှုတို့အတွက် အတူတူ လက်တွဲပြီး လုပ်ကိုင်ကြမည်ဟု သဘောတူခဲ့ကြသည်။

စကြဝဠာကြီးမှာ အလွန်ကျယ်ပြန့်လှပြီး - မရေမတွက်နိုင်သော ကြယ်များနှင့် များစွာသော သက်ရှိပုံစံပေါင်းစုံတို့သည်လည်း နေရာအနှံ့အပြားတွင် ဖွံ့ဖြိုးတိုးတက်စွာ နေထိုင်လျက် ရှိကြသည်။ များပြားလှသော အချက်အလက်များနှင့် သတင်းများသည် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ စကြဝဠာအတွင်းသို့ အမြဲထုတ်လွှင့်လျက် ရှိနေပြီး၊ စကြာဝဠာအတွင်းရှိ သက်ရှိအားလုံး၏ စိတ်ကူးစိတ်သန်းများနှင့် စိတ်ဆန္ဒများ ပေါင်းစပ်မှုသည် 'စကြဝဠာ၏ တီးတိုးသံ' ဟု လူသိများသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေသည်။

စကြာဝဠာကြီးသည် အပေါ်ယံတွင် ငြိမ်သက်စွာ တည်ငြိမ်နေသော်လည်း အမှန်တကယ်တွင် လှုပ်ရှားမှုများဖြင့် စည်ကားလျက်ရှိသည်။

လူမှုအဖွဲ့အစည်း အမျိုးမျိုးတို့သည် တူညီသော ပြောင်းလဲမှုအဆင့်ကို ဖြတ်သန်းခဲ့ကြသည် - အာကာသကို သဘောကျ မြတ်နိုးခြင်းမှ ၎င်းတို့သည် တစ်ဦးတည်း ရှိနေခြင်းလားဟု တွေးတောခြင်းအထိ ဖြစ်သည်။ ကြီးမားသော စကြဝဠာထဲသို့ မဝင်ရောက်မီက - သူတို့၏ မာန်မာနကြောင့် ၎င်းတို့နှင့် သက်ဆိုင်သော ဂလက်ဆီများကို အနိုင်ယူ သိမ်းပိုက်ပြီး ၎င်းတို့သည် ရည်ရွယ်ခြင်းခံထားရသူ တစ်ဦးဖြစ်ကြောင်း တွေးနေခဲ့ကြသည် - သို့သော်လည်း သူတို့သည် တစ်ယောက်တည်း မဟုတ်ကြောင်းနှင့် လုံးဝ စပါယ်ရှယ်မဟုတ်ကြောင်း တွေ့ရှိခဲ့ကြသည်။

{TL Note : ဒီအပိုဒ်က နည်းနည်းရှုပ်နေမှာစိုးလို့၊ “စကြဝဠာကြီးထဲမှာ ကိုယ်တစ်ယောက်တည်း၊ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်း ရှိတာမဟုတ်ဘူး။ အခြားလူမှုအဖွဲ့အစည်းတွေ အများကြီး ရှိနေတယ်။ ဘဝင်မြင့်မနေနဲ့၊ မင်းက ဘာကောင်မှမဟုတ်ဘူး။” အဲလို ဆိုလိုတာပါ။}

စူးစမ်းလေ့လာထားသော စကြာဝဠာကို နယ်မြေများစွာခွဲ၍ ရှုမြင်နိုင်သည်။

ဥပမာ- Shattered Belt ၊ ရှေးခေတ်ကြယ်ကွင်းပြင် (Ancient Starfield)၊ ငွေခရု (Silver Spiral) ၊ နှင့် သန့်ရှင်းစင်ကြယ်သောပင်လယ် (Sea of Purity) ။

နယ်မြေတစ်ခုတွင် ဒါဇင်ပေါင်းများစွာသော ကြယ်အစုအဝေးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

ထိုကြယ်အစုအဝေးတစ်ခုစီတွင် ဂလက်ဆီပေါင်းများစွာပါဝင်သည်။

ဂလက်စီတစ်ခုသည် နံပါတ်တပ်ထားသော ကြယ်စနစ်များနှင့် မရေမတွက်နိုင်သော ဂြိုလ်များ၏ အိမ်တစ်ခုလိုပင် ဖြစ်သည်။

ထိုအရာများအားလုံးကို စုပေါင်း၍ 'Galaxy' ဂိမ်း၏ စိတ်လှုပ်ရှားဖွယ်ရာ ကမ္ဘာလုံးဆိုင်ရာ ရှုခင်းကို အတူတကွ ဖန်တီးခဲ့ကြသည်။

Shattered Belt – Colton Group – The Garden – 9th System – ရေပင်လယ်ဂြိုလ်

ဤသည်မှာ အခြေခံအားဖြင့် ကျယ်ပြောလှသော စကြဝဠာရှိ ရေပင်လယ်ဂြိုလ်၏နေရာဖြစ်သည်။ ၎င်း၏တိကျသော သြဒီနိတ်များကို ဖော်ပြရန်၊ ရှုပ်ထွေးသော ဂဏန်းသင်္ချာကို အသုံးပြု၍ ရရှိလာသော နံပါတ်များနှင့် စကားလုံးများကို ပေါင်းစပ်ယူရမည်ဖြစ်သည်။

ရေပင်လယ်ဂြိုလ်နှင့် ဆက်သွယ်မိသော ကြယ်စွမ်းအားစုသည် The Garden ၊ Kedolas ၏ အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဟန်ရှောင်းရည်ညွှန်းသော 'ကြယ်နက်' သည် မူလက Kedolas ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း ၎င်းတို့သည် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ခွဲထွက်ခဲ့ပြီး၊ ယခုအခါ ခါးသီးသော ရန်သူများဖြစ်နေကြသည်။

' Galaxy ' ၏ကမ္ဘာကြီးသည် ကြီးမားပြီး၊ စွမ်းအားများနှင့် လူမှုအဖွဲ့အစည်းများစွာတို့သည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ဆန့်ကျင်တိုက်ခိုက် နေကြသည်။ လူမှုအဖွဲ့အစည်းတစ်ခု၏ တိုးတက်မှုအဆင့်သည် ၎င်း၏ အာကာသအတွင်း သွားလာနိုင်မှုအပေါ် များစွာမူတည်သည်။ Kedolas များသည် wormholes သို့မဟုတ် အဆင့်မြင့်လူမှုအဖွဲ့အစည်းများမှ ဖန်တီးထားသော stargates များကို အမှီမပြုဘဲ ကြယ်စနစ်များကြားတွင် လွတ်လပ်စွာသွားလာနိုင်သောကြောင့် ၎င်းတို့ကို ရေပင်လယ်ဂြိုလ်ထက် အနည်းငယ်မြင့်မားသော ဂလက်ဆီလူမှုအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားနိုင်သည်။

အကယ်၍ ဂျာမီနယ်အဖွဲ့အစည်းသည် Blackstar နှင့် အမှန်တကယ် ဆက်သွယ်မိပြီး ၎င်းတို့၏ ပံ့ပိုးကူညီမှုကို ရရှိပါက၊ နိုင်ငံ၆နိုင်ငံအတွက် အလွန်တရာ ဆိုးရွားသွားမည်ဖြစ်ပါသည်။ ၎င်းတို့ကဲ့သို့ ဆိုးသွမ်းသော စွမ်းအားရှင်သည် ပါဝါသုံးပါးမှ ချမှတ်ထားသော စူးစမ်းရှာဖွေရေး စည်းမျဉ်းများကို ဂရုမစိုက်ဘဲ နေနိုင်သည်။

ပါဝါသုံးပါး- အပြည်ပြည်ဆိုင်ရာ စာချုပ် (ယခု ၎င်း၏ ၇ ကြိမ်မြောက် တည်းဖြတ်မှု)

ရေပင်လယ်ဂြိုလ်သည် ကြယ်စွမ်းအားစုနှင့် အဆက်အသွယ်ရှိထားသည့် သတင်းမှာ နိုင်ငံ၆နိုင်ငံက ထိန်းသိမ်းထားသော ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ထို့ကြောင့်၊ စုံစမ်းထောက်လှမ်းရေး ဒါရိုက်တာသည် ဟန်ရှောင်း အမှန်ကို ပြောနေသည်ဟု ယုံကြည်နေပြီး အလွန်ထိတ်လန့်သွား၏။

သို့သော်လည်း၊ တကယ့် အမှန်တရားမှာ ဂျာမီနယ်အဖွဲ့အစည်းသည် ‘ကြယ်နက်’နှင့် ထိုကဲ့သို့ ဆက်သွယ်မှု မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ အတည်ပြုရန် မဖြစ်နိုင်သောကြောင့် ဟန်ရှောင်းက ပုံပြင်တစ်ပုဒ် ဖန်တီးလိုက်ခြင်းဖြစ်သည်။ ဤအရာက သူ့ကို တန်ဖိုးထားစေရုံသာမက၊ ဂျာမီနယ်အဖွဲ့အစည်းကိုပါ အရေးယူဖို့ လှည့်ဖျားလိုက်သော နည်းပရိယာယ်တစ်ခုပင်။ ထို့အပြင်၊ ၎င်းသည် သူ၏အဓိကစနစ်၏တောင်းဆိုမှုကို ပြီးမြောက်အောင် ကူညီပေးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် မလုပ်ရမည်နည်း။

အစဦးဂြိုလ်များအားလုံးသည် တစ်ခုနှင့်တစ်ခု ဝေးကွာလှသည်။ သို့သော်၊ ကြယ်များအကြား အချင်းချင်း ဆက်သွယ်နိုင်သော ကိရိယာတစ်ခုရှိသရွေ့၊ ဆက်သွယ်နိုင်သည့် အထူးပြု ဂလက်စီခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ ရှိပါသည်။ သူတို့က ထုတ်လွှင့်မှုကို အလိုအလျောက်ရှာပြီး ဝယ်သူထံ ရောက်လာလိမ့်မယ်။ လူတစ်ယောက်မှာ ပိုက်ဆံအလုံအလောက်ရှိသရွေ့ စကြဝဠာတစ်ခုလုံးကို အပြည့်အ၀ ခရီးသွားဖို့ ဖြစ်နိုင်ပေသ။ တကယ်တမ်းပြောရရင်၊ မတူညီတဲ့ဂြိုလ်ပေါ်က ကစားသမားတွေ မစုစည်းနိုင်ရင် ဂလက်ဆီမှာ ပြိုင်ပွဲတွေနဲ့ ပြိုင်ပွဲတွေကို မည်ကဲ့သို့ ကျင်းပနိုင်မည်နည်း။ ဂိမ်းပြိုင်ပွဲအများစုကို ကြားနေ သို့မဟုတ် လူသူမရှိနေသော ဂြိုလ်များတွင် ကျင်းပလေ့ရှိသည်။

"ငါ့ကို ကြယ်နဂါးနိုင်ငံမြေပုံနဲ့ ဘောပင်တစ်ချောင်း ယူပေးပါ" ဟန်ရှောင်းက ရုတ်တရက် တောင်းဆိုလိုက်၏။

ဖန်းကျွင်းက ပစ္စည်းတွေကို ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။ ဟန်ရှောင်းက ဘောပင်ကို ကောက်ကိုင်လိုက်ပြီး မြေပုံပေါ်ရှိ နေရာ ၃ ခုကို ဝိုင်းလိုက်ကာ "ဒါတွေက ကြယ်နဂါးနိုင်ငံမှာရှိတဲ့ ဂျာမီနယ်အဖွဲ့အစည်းရဲ့ လျှို့ဝှက်အခြေစိုက်စခန်း သုံးခုပဲ။ အဲဒါကို ငါ့ရဲ့ ရိုးသားမှု သက်သေအဖြစ် မှတ်ယူလို့ရတယ်။”

“မင်းက ၃ခုပဲ သိတာလား”

ဟန်ရှောင်း စိတ်လေသွားသည်။

“ဘယ်ဟုတ်မလဲ၊ ဒါပေမယ့် မင်းတို့ ဒါတွေကို အရင်ကြည့်ကြည့်ပါဦး၊ ပြီးမှ ထပ်ပြောကြတာပေါ့။”

“မင်းရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ။” စုံစမ်းထောက်လှမ်းရေး ဒါရိုက်တာက နောက်ဆုံးတွင် မေးလိုက်သည်။ ဖုန်းကျွင်းနှင့် လီဟွေ့က သိလိုစိတ်ဖြင့် ဟန်ရှောင်းကို အနီးကပ် ကြည့်နေကြ၏။

“ဂျာမီနယ်အဖွဲ့အစည်းကို အတူတူ တိုက်ခိုက်ချင်ရုံပါပဲ။” ဟန်ရှောင်းက ပဟေဠိဆန်ဆန်ပြုံး၍ ပြန်ဖြေလိုက်သည်။၏

ဒါပဲလား... ဒါရိုက်တာက သူ့ဖာသာသူ တွေးနေမိသည်။

“ငါတို့ ဆွေးနွေးထားတာတွေကို အထက်ကို တင်ပြပေးမယ်။ ဆောရီးပါ၊ မင်းကတော့ ဒီမှာ အချိန်ခဏတော့ နေရဦးမယ်။”

ကလစ်

‘မိုက်’ ပိတ်သွား၏။

ဟန်ရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ထိပ်များကို ဝှေ့ယမ်းလိုက်တော့သည်။

“အချိန်မကြာစေနဲ့နော်၊ ငါ့မှာ နားရက်တစ်ရက်ပဲ ရထားတာ။”

အခန်း (၃၂) ပြီး၏။

လင်းဆက်

Photo Crd: Google

All Chapters