အခန်း(၅၈၀) အနောက်အရပ်က နေထွက်ခြင်း
Vol. 42 Ch. 580
အခန်း(၅၈၀) အနောက်အရပ်က နေထွက်ခြင်း
ကျိုးမိသားစုက မြို့တော်က လာကြသူများ ဖြစ်သည်။ သူတို့မိသားစု အခြေအနေကလည်း ကောင်းမွန်သည့်ပုံပင်။
သူတို့သားသာ ထူးချွန်ပါက သူမ၏ သမီးလည်း အရွယ်ကောင်းရောက်နေပါပြီ။ မြို့တော်ကလည်း အဆင်ပြေသည်။ သေးသေးဖွဲဖွဲနေရာမဟုတ်ပေ။
ကော်မြောင်ကျွင်းက သူမ အမေ၏ တုန့်ပြန်မှုကို မြင်သွားပြီး ရယ်မောလိုက်မိပါသည်။ ထို့နောက် အလွန်ရွှင်လန်းစွာဖြင့် စျေးသွားဝယ်ခဲ့ပါသည်။
ကျိုးရွှမ်ကတော့ ဒီအကြောင်းကို မသိခဲ့ပေ။ သူက ခြံထဲမှာ လက်ဝှေ့ထိုးနေပါသည်။ ဒါက အစ်ကိုကြီး ပြန်လာတော့ ကျိုးကွေ့လိုင်နှင့် သူ့ကို သင်ပေးခဲ့ခြင်းဖြစ်ပါသည်။
သင်ကြားပေးသည့်အထဲတွင် လက်သီးထိုးနည်းမျိုးစုံ ပါဝင်သည်။ သူတို့ငယ်စဥ်ကတည်းက ညီအစ်ကိုများ ခဏခဏ ရန်ဖြစ်ခဲ့ကြပြီး အတွေ့အကြုံ အများကြီး ရခဲ့ကြပါသည်။ ဒီလက်ဝှေ့နည်းလမ်းကို သင်ယူထားပါက သူတို့ ရန်ဖြစ်လျှင် ရှုံးနိမ့်မှာ မဟုတ်တော့ပေ။
ကျန်းကမ်းရောက်လာပြီး သူ့ဒုတိယအစ်ကို လက်ဝှေ့ထိုးနေတာကို မြင်သောအခါ ချက်ချင်း မနာလိုစွာကြည့်လိုက်ပြီး ပြောလိုက်၏။ "အစ်ကိုလတ် ကျွန်တော့်ကိုလည်း သင်ပေးပါဦး။"
"လာလေ" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်ပြီး သူ့ကို လမ်းညွှန်ပေးလိုက်ပါသည်။ လေ့ကျင့်နေကြတုန်း ကျိုးချင်းပိုင် ပြန်လာသည်။
သူ ပင်လယ်စာတွေအများကြီး ဝယ်လာသည်။ ကျန်းကမ်းက မြင်သွားပြီး အမြန်ပြောလိုက်ပါသည်။ "ခေါင်းကိုင်အဖေ ကျွန်တော့် အမေက ဒီနေ့ညအတွက် သူဟင်းချက်စရာတွေ ဝယ်ပေးမယ်လို့ပြောတယ်။ ဘာမှ မဝယ်ထားနဲ့နော်။ အများကြီး ဖြစ်ကုန်ပြီး မလတ်မဆတ်တွေ ဖြစ်ကုန်လိမ့်မယ်။"
"အေးပါ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ ဒီပင်လယ်စာတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါမည်။
သူ ဝက်နံရိုးဆန်ပြုတ်ပြုတ်ကာ ခရမ်းချဥ်သီးနဲ့ ကြက်ဥကြော်လိုက်ပါသည်။ ထို့နောက် ပင်လယ်ပုစွန်များစွာကို ရေနွေးဖြောခဲ့သည်။ ထို့နောက် ပဲနှစ်ကို လောင်းလိုက်သည်။ ထို့နောက် ငါးတံခွန်ခြောက်များကို ငါးညှီနံ့ပျောက်အောင် ဂျင်းအများကြီးထည့်ပြီး ချက်ပြုတ်လိုက်ပါသည်။
ဒါက မနက်စာအတွက်ဖြစ်ပြီး ပင်လယ်ပုစွန်က အများဆုံး ဖြစ်သည်။
ကျိုးချင်းပိုင် အားလုံးချက်ပြုတ်ပြီးသွားသောအခါ လင်းချင်းဟယ်ကို သွားနှိုးလိုက်ပါသည်။ လင်းချင်းဟယ်၏ ဗိုက်က နေ့တိုင်း ပိုပိုကြီးလာပါပြီ။ နေ့တိုင်းလည်း ပိုပြီး အအိပ်မက်လာသည်။ တကယ့်ကို ပျင်းရိပျင်းတွဲနိုင်လှပါသည်။
သူမ အိပ်ယာထကာ မျက်နှာသစ်ပြီးနောက် အပြင်မှာ လက်ဝှေ့ထိုးကျင့်နေသည့် နှစ်ယောက်ကို စားသောက်ဖို့ ခေါ်လိုက်ပါသည်။
"အမေ ပုစွန်များများစား၊ ကယ်လ်စီယမ်ဓာတ်ပြည့်ဝတယ်" ကျိုးရွှမ်က ပုစွန်ကို သူ့အမေအတွက် အခွံချွတ်ပေးရင်း ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်ကလည်း သူမအတွက် အခွံချွတ်ပေးနေပါသည်။ လင်းချင်းဟယ်က သူ့သားနဲ့ သူ့ယောက်ျားတို့၏ ဝန်ဆောင်မှုကို အလွန် ကျေနပ်နေပါသည်။ ထို့နောက် သူမ ပြောလိုက်၏။ "ရှင်တို့လည်း စားကြပါ။ ကျွန်မဖာသာ အခွံချွတ်လိုက်ပါ့မယ်။"
ပင်လယ်ပုစွန်များက အရသာရှိပါသည်။ ပင်လယ်ပုစွန်တင်မဟုတ်ဘဲ ရေဘဝဲလည်းပါသည်။ ထိုအစားအစာများက အာဟာရပြည့်ဝသည်။ အမှန်ပင်။ ခရမ်းချဥ်သီးနဲ့ ကြက်ဥကြော်ကိုလည်း စားကြပါသည်။
စားသောက်ပြီးနောက် ကျိုးရွှမ်က စားပွဲကို သန့်ရှင်းရေးလုပ်လိုက်သည်။ လုပ်ပြီးသွားတာနဲ့ ကျန်းကမ်းနဲ့ အတူတူ အပြင်ထွက်သွားပါသည်။
"အစ်ကိုလတ် ဒီနေ့ ဟွမ်းထျန်မှာ လမ်းသွားလျှောက်ကြရအောင်။ အရင်တစ်ခေါက် အစ်ကိုငယ်နဲ့ သွားခဲ့သေးတယ်။ အရင်တစ်ခေါက် သွားခဲ့တုန်းကထက် အများကြီး ပြောင်းလဲသွားပြီ။ အချိန်ကျရင် အစ်ကို့ဓာတ်ပုံတွေကိုလည်း ရိုက်ပေးမယ်" ကျန်းကမ်းက ပြောလိုက်ပါသည်။
"အေးပါ" ကျိုးရွှမ်က ဒီနေ့ကင်မရာကို အိမ်က ယူလာခဲ့ပါသည်။ အခု သူရောက်လာပြီ ဖြစ်သဖြင့် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်သွားသင့်ပါသည်။
သူတို့နှစ်ယောက် လမ်းလျှောက်သွားကြပြီး အိမ်တံခါးဝမှာ မြေပဲအခွံချွတ်နေသည့် အမေကော်ကို မမြင်ခဲ့ကြပေ။ သူမ၏ သမီးပြောစကားကို နားထောင်ပြီး တံခါးဝမှာ စောင့်နေခြင်း ဖြစ်ပါသည်။
သူ့ကို တွေ့ရလိမ့်မည်ဟု မထင်ခဲ့မိပါ။ အခုလေးတင် ထိုကောင်လေးကို သူမ မြင်ခဲ့သည်။ ကျန်းကမ်းက သူ့ကို အစ်ကိုလတ်ဟု ခေါ်သွားသည်။ ဒါက ကျိုးမိသားစု၏ ဒုတိယ သားဖြစ်ရမည်။ အရင်တစ်ခေါက်တုန်းက တစ်ယောက်ကို အစ်ကိုငယ်ဟု ခေါ်ခဲ့၏။
သို့သော်လည်း ဒီကောင်လေးကတော့ တော်တော်လေး ချောမောပါသည်။ အရပ်ရှည်ပြီး အရှိန်အဝါလည်း ကောင်းသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ပညာရေး အဆင့်အတန်းမြင့်မားသည့် လူတစ်ယောက်ပုံစံလည်း ပေါက်ပါသည်။
ထို့ကြောင့် အမေကော်က သမီးဖြစ်သူကို အမြန်ခေါ်လိုက်ပါသည်။ ကော်မြောင်ကျွင်းက ရေဇလုံနဲ့ ထွက်လာရင်း ပြောလိုက်သည်။ "အမေ ဘာဖြစ်တာလဲ။"
"ခုနက သူ့ကို မြင်လိုက်တယ်" အမေကော်က တီးတိုးပြောလိုက်သည်။
ကော်မြောင်ကျွင်းက သူမအမေစကားကို ချက်ချင်း နားလည်သွားပြီး မျက်နှာနီသွားပါသည်။ အမေကော်က ပြုံးကာ ပြောလိုက်ပါသည်။ "မဆိုးပါဘူး”
သူမလည်း သဘောကျမိပါသည်။
"အမေ မဟုတ်တာတွေ မပြောပါနဲ့။ သူက သမီးကိုတောင် သဘောကျပါ့မလားမသိသေးဘူး" ကော်မြောင်ကျွင်းက ခေါင်းငုံ့လိုက်ပါသည်။
"ဘာလို့ သဘောမကျရမှာလဲ။ ငါတို့က ရှန်ဟိုင်းမြို့တော်မှာ နေကြတာ။ မြို့တော်ကလူတွေထက် မနိမ့်ဘူး။ ပြီးတော့ နင်က သွက်လက်ပြီး ဝတ္တရားလည်း ကျေပွန်တယ်။ နင့်ကိုလက်ထပ်ရတဲ့လူက ကံကောင်းမှာပဲ" အမေကော်က ပြောလိုက်ပါသည်။
သူမမှာလည်း တွေးထားတာတွေရှိပါသည်။ သူမ၏ သမီးနဲ့ ကျိုးမိသားစု၏ သားနဲ့သာ အောင်အောင်မြင်မြင် လက်တွဲသွားနိုင်ပါက ကျိုးမိသားစု နောက်ပိုင်း မြို့တော်ပြန်သွားရင် သူတို့အိမ်က အလွတ်ဖြစ်မသွားနိုင်ဘူးလား။
အလွတ်ဖြစ်သွားရင် ဒီတိုင်းပဲ ကျန်ခဲ့မှာ မဟုတ်လား။ ဒါဆိုရင် အဲဒီအိမ်ကို သူမတို့ မိသားစု ပြောင်းမနေနိုင်ဘူးလား။ ဒီလိုဆို သူမတို့ တစ်ပြားတစ်ချပ်မှ သုံးစွဲဖို့ မလိုအပ်တော့ပါ။
ကော်မြောင်ကျွင်း၏ မျက်နှာက အနည်းငယ် ရှက်သွေးဖြာသွားပါသည်။ ကျိုးရွှမ်ကို မြင်သောအခါ သူမကို သဘောမကျမှာ စိုးရိမ်သဖြင့် စကားမပြောရဲခဲ့ပါ။
"နင်ကြိုးစားရမှာပေါ့။ သူ့ကို စကားများများ ပြောပေး။ ဒီလို လူငယ်လေးတစ်ယောက်က နင့်လို ကောင်မလေးတစ်ယောက်ကို မကြိုက်စရာ အကြောင်းကို မရှိဘူး" အမေကော်က တိုက်တွန်းလိုက်သည်။
ကော်မြောင်ကျွင်းက ရှက်သွေးဖြာနေသော မျက်နှာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
ဒီလိုအစီအစဥ်ရှိနေသဖြင့် လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ လမ်းထွက်လျှောက်သောအခါ အမေကော်က ပြုံးကာဖြင့် နှုတ်ဆက်ခဲ့ပါသည်။
လင်းချင်းဟယ် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ဘာမှ မပြောခဲ့ပါ။ ဒီတိုင်း ခေါင်းငြိမ့်ပြီး ပြန်တုန့်ပြန်လိုက်ပါသည်။
ကော်မိသားစုအတွင်းက ပဋိပက္ခများက ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့မိသားစုများက အခုထိ ခွဲမနေကြသေးပါ။ ခွဲနေနိုင်မှသာ တကယ်အဆုံးသတ်နိုင်ပါလိမ့်မည်။ အခုတော့ သူမ၏ အိမ်အကြောင်း သူတို့တွေးနေကြဆဲဖြစ်လောက်သည်။
"သူ ဘာတွေ ကြံနေလဲမသိဘူး" ဝေးဝေး ရောက်သောအခါ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်ပါသည်။
တကယ်ပါ။ သူတို့ အရင်တုန်းက ဖြတ်လျှောက်သွားတုန်းကဆို မမြင်ချင်ယောင်ဆောင်တတ်ပြီး ပိုဆိုးပါက မျက်စောင်းထိုးတတ်သေးသည်။ ဒီနေ့တော့ အနောက်အရပ်က နေထွက်သလို သူမတို့ကို နှုတ်ဆက်ခဲ့ပါသည်။
"သူ့ကို အာရုံထားမနေနဲ့" ကျိုးချင်းပိုင်ကတော့ ဂရုမစိုက်စွာ ပြောလိုက်ပါသည်။
သူ့မိန်းမကို လမ်းလျှောက်ဖို့ခေါ်လာပြီး စျေးလမ်းတစ်ခုကို ခေါ်လာခဲ့သည်။ ဒါက ဆိုင်များစွာရှိသည့် လမ်းအသစ်တစ်ခုဖြစ်ပါသည်။
ဒီအချိန်တွင် အလုပ်လုပ်နေသော အချိန်သာ ရှိသေးသည်။ ညဘက်တွင် လူပိုစည်ကားနိုင်ပါသည်။ အခုအချိန်က ပိုကောင်းပြီး လမ်းလျှောက်ဖို့ သင့်တော်ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က လမ်းလျှောက်ခဲ့ကြပြီး ပိုးချည်လည်စည်းနှစ်ထည်ကို ဝယ်ခဲ့ကြသည်။ လင်းချင်းဟယ်က နှစ်ထည်စလုံးကို သဘောကျပါသည်။ ထို့နောက် သူတို ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြသည်။
ဒီတစ်ခေါက် သူတို့ ပြန်လာတော့ ကော်မြောင်ကျွင်းနဲ့ ဆုံခဲ့ပြန်သည်။ ကော်မြောင်ကျွင်းက သူတို့ နှစ်ယောက်ကို မြင်သောအခါ မျက်နှာနီနီဖြင့် ဦးလေးနဲ့ ဒေါ်လေးဟု ခေါ်ခဲ့ပါသည်။
လင်းချင်းဟယ်က ထူးဆန်းနေသည်ဟု ခံစားနေရပါသည်။ ကော်မိသားစု ဘာတွေဖြစ်နေတာလဲ။
ကျိုးချင်းပိုင်က ကားမောင်းကာ ထွက်သွားသည်။ အဘွားကျန်းက ချည်ထိုးဖို့ ရောက်လာခဲ့သည်။
လင်းချင်းဟယ်က မေးလိုက်သည်။ "ဒေါ်လေး ကော်မိသားစု အိမ်တွေ့သွားပြီလား။"
"ဘယ်က အိမ်လဲ" အဘွားကျန်းက ကြောင်သွား၏။
"သူတို့နေဖို့အိမ်လေ။ အရင်တုန်းက ကျွန်မတို့မိသားစုကို အေးစက်စက် ဆက်ဆံနေတာလေ။ ဒါပေမယ့် ဒီနေ့တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ လာနှုတ်ဆက်တယ်။ သူတို့ အိမ်ရသွားလို့မဟုတ်ဘူးလား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"ငါတော့ ဘာမှ မကြားမိသေးဘူး" အဘွားကျန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "အရမ်းကြီး စိတ်ထဲထားမနေပါနဲ့။ ငါတို့အားလုံးက သာမန်လူတွေပဲ။ ပုံသေသတ်မှတ်ထားလို့မှ မရတာ"
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။"
"အိပ်ပျော်ပါတယ်။ ညကနေ အရုဏ်တက်တဲ့အထိ အိပ်ပျော်သွားတာ။ အခု အသက်အရွယ် ရလာတော့ အဲ့လို လှုပ်ရှားမှုတွေကို ခံနိုင်ရည်မရှိတော့ပါဘူးအေ" အဘွားကျန်းက ပြုံးလိုက်ပါသည်။
"ရာသီဥတု အေးလာရင် ထပ်သွားပေါ့။ အဲ့ဒီမှာ အခုလောလောဆယ် အရမ်းပူနေလို့ ပင်ပန်းတာပါ" လင်းချင်းဟယ်က ပြောလိုက်သည်။
၃ ရက်သာ ဖြစ်သည်။ ဒီခေတ်က လမ်းပန်းဆက်သွယ်ရေးများမှာ နောက်ပိုင်း မျိုးဆက်များလောက် မကောင်းပေ။ ထို့ကြောင့် လျှောက်ကြည့်ဖို့ နေရာအနည်းငယ်သာ ရှိပါသည်။
အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။ "ဒါဆို နောက်နှစ် နွေဦးရာသီကျရင် သွာကြမလား။"
"ဆောင်းဦးရာသီမှာလည်း တောတောင်တွေနဲ့ မေပယ်ရွက် အလှအပလေးတွေ ကြည့်ရှုဖို့ လာလို့ ရပါတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
"ဒီနှစ်တော့ အပင်ပန်းမခံနိုင်တော့ပါဘူး။ နောက်နှစ်မှပဲ ထပ်သွားတော့မယ်" အဘွားကျန်းက ပြုံးလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်၏။ အဘွားကျန်းက ဆက်ပြောသည် "သား ၃ ယောက်ထဲမှာ အခု သားအကြီးဆုံးကိုပဲ မတွေ့ရသေးတာနော်။"
"သူက အလုပ်များတယ်လေ။ ကျွန်မတောင် သူ့ကို နှစ်ကုန်မှာ ၂ ခါ ၃ ခါလောက်ပဲ မြင်ရတာ။ တကယ် သတိရပါတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။