အခန်း(၅၈၂) အိမ်ကိုမချစ်ဘူး
Vol. 42 Ch. 582
အခန်း(၅၈၂) အိမ်ကိုမချစ်ဘူး
စားသောက်ပြီးနောက် လက်ထောက်ခေါင်းဆောင်ကျန်းက ဒီနေ့ အလောတကြီး မသွားခဲ့ပါ။ သူ အိမ်မှာပဲ ဆက်နေခဲ့ပြီး တီဗီအတူတူကြည့်ခဲ့ကြသည်။
ကျန်းကမ်းက စာလေ့လာနေ၏။ သူက တစ်ခုခု နားမလည်သည့်အခါ မေးတတ်သည်။ ကျိုးရွှမ်ကလည်း ချက်ချင်း လမ်းညွှန်ပြသပေး၏။ ထို့နောက် မေးခွန်းတချို့ ပြန်မေးသည်။
ရွှယ်မိန်လီက အလွန်မနာလိုဖြစ်စွာ ပြောလိုက်ပါသည်။ "သူ့အစ်ကိုလတ်က တကယ်တော်တာပဲ။ သူအနာဂတ်မှာ ဘာဖြစ်ချင်တာလဲ။"
"သူ မစဥ်းစားရသေးပါဘူး။ ဒါပေမယ့် စာပဲဆက်သင်ချင်တယ်ထင်တယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
"စာပဲဆက်သင်ချင်တယ် ဟုတ်လား။ ကောလိပ်ဘွဲ့အထက်မှာ ဘာရှိသေးလို့လဲ" ရွှယ်မိန်လီက ပြောလိုက်ပါသည်။ သူမက အလယ်တန်း တတိယနှစ်သာ အောင်ဖူးသည်။ အမှန်ပင်။ ဒီအဆင့်လောက်ဆို ဒီမျိုးဆက်အတွက် အလွန်ကောင်းမွန်နေပါပြီ။
"ဘွဲ့လွန်လေ" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။
ရွှယ်မိန်လီက အလွန်အဆင့်မြင့်သည်ဟု ခံစားလိုက်ရပါသည်။ လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ "သူလုပ်နိုင်ရင် လုပ်ပါစေ။"
သူတို့သားမဟုတ်သဖြင့် ပြောရတာ မလွယ်ကူပါ။ သူတို့သားသာ ထိုအဆင့်လောက်ထိ ရောက်နိုင်ပါက သူထောက်ပံ့ပေးပါမည်။ အဓိကကတော့ သူ့သားအကြောင်း သူသိနေခြင်းဖြစ်သည်။
"အဖေ ကျွန်တော် မြို့တော်မှာ တက္ကသိုလ်သွားတက်လို့ရမလား" ကျန်းကမ်းက ဒီတစ်ခေါက် ထုတ်မေးလိုက်ပါသည်။
လက်ထောက်ခေါင်းဆောင်ကျန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “မင်း မြို့တော်မှာ ကျောင်းဝင်ခွင့်ရတဲ့အထိ အစွမ်းအစရှိရင်တော့ မင်းသွားတက်လို့ရပါတယ်။ မင်းရဲ့ခေါင်းကိုင်မိဘတွေလည်း အဲ့မှာရှိတာပဲ။"
သူက မကန့်ကွက်ပါ။ သို့သော် ရွှယ်မိန်လီကတော့ ကန့်ကွက်ခဲ့ပါသည်။ "ရှန်ဟိုင်းမြို့တော်က တက္ကသိုလ်တွေက နင့်အတွက် မလုံလောက်သေးဘူးလား။ မြို့တော်အထိ သွားမှဖြစ်မှာလား။"
"အမေ စိတ်မပူပါနဲ့။ ကျွန်တော် မြို့တော်ကို ရောက်ရင် ခေါင်းကိုင်အဖေနဲ့ အမေတို့လည်း ရှိနေတာပဲကို" ကျန်းကမ်းက အာမခံလိုက်ပါသည်။
"နင့်ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့က အဲ့အချိန်ကျရင် အလုပ်ရှုပ်နေမှာ သူတို့ကို သွားမနှောင့်ယှက်နဲ့” ရွှယ်မိန်လီက ပြောလိုက်သည်။
"နှောင့်ယှက်တယ်လို့တော့ မဟုတ်ပါဘူး" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"ဒီကောင်လေး ဘယ်လောက်ဆိုးလဲ ရှင်တို့ မသိပါဘူး။ ဒီက တက္ကသိုလ်တွေကလည်း ကောင်းပါတယ်။ ပြီးတော့ အဲ့ဒီက ဝင်ခွင့်စာမေးပွဲကို မအောင်မှာလည်း စိုးရိမ်မိတယ်။ အဲ့တာကြောင့် လက်လှမ်းမမှီဘူး" ရွှယ်မိန်လီက ပြန်ပြောလိုက်ပါသည်။
ဇာတ်လမ်းကတော့ ဒီမှာပဲ အဆုံးသတ်သွားခဲ့သည်။
သို့သော် သူတို့အိမ်ပြန်လာပြီး ညဘက်အိပ်ယာဝင်သောအခါ လက်ထောက်ခေါင်းဆောင်ကျန်းက သူမကို ပြောလိုက််သည်။ "ရှောင်ကမ်းက စာမေးပွဲအောင်ရင် သူ့ကို မြို့တော်မှာ စာသွားသင်ခိုင်းလို့ ရပါတယ်။"
"သူ ငယ်ငယ်လေးကတည်းက ကျွန်မတို့နဲ့ပဲ နေလာတာ။ ရှင်လိုက်လျောရင်တောင် ကျွန်မကတော့ ခံနိုင်ရည်မရှိဘူး။ သူအဲ့ဒီကို ရောက်သွားရင် ကျွန်မ သူ့ကို ဘယ်လိုဂရုစိုက်လို့ ရတော့မှာလဲ" ရွှယ်မိန်လီက ပြန်ပြောလိုက်ပါသည်။
"သူက ကောလိပ်တောင် တက်နေပါပြီဆိုမှ မင်းဂရုစိုက်ဖို့ လိုပါဦးမလား။ သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင် သင်ယူသင့်တယ်။ သူ့ခေါင်းကိုင်မိဘတွေလည်း ရှိနေတာပဲကို။ ဘာစိတ်ပူစရာ ရှိလို့လဲ" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။
သူက ကျိုးမိသားစုကို ဆွေမျိုးအဖြစ် တော်ထားရတာ ကျေနပ်ပါသည်။ ပြောစရာ ဘာအပြစ်မှ မရှိကြပေ။
ရွှယ်မိန်လီကလည်း လင််ချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ သူတို့သားကို ဂရုမစိုက်မှာကို စိတ်ပူနေခြင်းမဟုတ်ပါ။ အဓိကအကြောင်းအရင်းကတော့ သူ့သားနဲ့ မခွဲနိုင်ခြင်းသာဖြစ်သည်။
"ရှန်ဟိုင်းမြို့တော်ကကော မကောင်းဘူးလားလို့။ ရှောင်ကမ်း မြို့တော်သွားချင်ရင် နွေရာသီ အားလပ်ရက်တွေမှာ သွားလို့ရတာပဲ မဟုတ်ဘူးလား" ရွှယ်မိန်လီက ဆက်ပြီး ကန့်ကွက်သည်။
"ရှောင်ကမ်း အရမ်းသွားချင်နေတာ သိသာတယ်။ သူ့ကို ဒီနေ့ည ကြည့်ပါဦး။ တက်ကြွမှုတောင် သိပ်မရှိတော့သလိုပဲ။ သူ့ပညာရေးကို ထိခိုက်မှာ စိတ်ပူရတယ်။ ပြီးတော့ ယောက်ျားလေးဆိုတာ အမြဲတမ်း ချုပ်ကိုင်ထားလို့ မရဘူးလေ။ သူ့အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ကို ကြည့်ပါဦး။ တစ်ယောက်တည်း အပြင်သွားတဲ့အခါကျရင် ကိုယ့်အားကိုယ်မကိုးတတ်တဲ့လူ ရှိလို့လား" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။
မဟုတ်ပါက သူ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ကို သဘောကျသည်ဟု ဘာကြောင့် ပြောမည်နည်း။ သူတို့၏ ကလေးများကို ဒီလောက် အောင်မြင်အောင် သင်ကြားပြသပေးနိုင်သဖြင့် သူတို့၏ အကျင့်စရိုက်ကိုလည်း ဘာမှပြောစရာမလိုပါ။ မဟုတ်ပါက သူတို့ကလေးများကို ဒီလိုဖြစ်လာအောင် ပျိုးထောင်နိုင်မည် မဟုတ်ပေ။
သူ့မိဘများကလည်း ချီးကျူးမှုများဖြင့် ပြည့်နှက်နေကြသည်။ ကျိုးမိသားစုက ရိုးသားပြီး ဖြောင့်မတ်ကြသည်ဟု ဆိုသည်။ ပညာတတ်အရှိန်အဝါများပြည့်ဝနေသော ပညာတတ်မိသားစု စစ်စစ်ဖြစ်သည်ဟု ဆိုကြသည်။
ဒါ အမေကျိုးကျေးဇူးကြောင့် ဖြစ်ပါသည်။
အဘွားကျန်း မြို့တော်သို့ သွားခဲ့တုန်းက အမေကျိုး မိသားစုကိစ္စများကို ပြောခဲ့သည် မဟုတ်ပါလား။ ကျေးရွာဘက်က ကိစ္စများကိုတော့ မပြောခဲ့ပါ။ သူတို့သားကြီးတစ်ယောက်တည်း ကောလိပ်ကျောင်းသားမဟုတ်ဘဲ သူမ၏ တတိယသားတို့ မိသားစုမှာလည်း ကောလိပ်ကျောင်းသာလေး ရှိသည်ဟု ဆိုခဲ့သည်။ စတုတ္ထမိသားစုကတော့ ကောလိပ်ကျောင်းသားများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
အဘွားကျန်းက မနာလိုဖြစ်မိပါသည်။ သူမ၏ မိသားစုတွင် အခုချိန်ထိ တက္ကသိုလ် ကျောင်းသား မရှိသေးပါ။ လက်ထောက်ခေါင်းဆောင်ကျန်းက အထက်တန်းကျောင်းသာ အောင်ခဲ့သည်။
အကြီးဆုံးမြေးက လက်ရှိ အထက်တန်းကျောင်း ကျောင်းသားသစ်ဖြစ်သဖြင့် သူတို့မိသားစုမှာ ကောလိပ်ကျောင်းသား မရှိသေးပါ။ ကျိုးမိသားစုမှတော့ ကောလိပ်ကျောင်သားတွေ ဘယ်လောက်တောင် များလိုက်သလဲ။
ဒီခေတ်က ကောလိပ်ကျောင်းသားမျာား၏ တန်ဖိုးမြင့်မားမှုကြောင့် သူတို့ကို ပညာတတ်မိသားစုဟု ခေါ်ဆိုနိုင်ပါသည်။
ထို့ကြောင့် လက်ထောက်ခေါင်းဆောင်ကျန်းက သူ့သားကြီးကိုလည်း ထိုမိသားစုနှင့် အဆင်ပြေစေချင်သည်။ အဆင်ပြေနိုင်ပါက သူ့ခေါင်းကို အစ်ကိုကြီးခြေရာနောက် လိုက်နင်းနိုင်ပါလိမ့်မည်။ သူ့အဖွဲ့ထဲသို့ပင် ရောက်သွားနိုင်သည်။
သူက ထိုနယ်ပယ်မှ အနားယူခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ထို့ကြောင့် အဆက်အသွယ်လည်း မရှိတော့ပါ။
ရွှယ်မိန်လီက သူပြောသည့်စကားကြောင့် အနည်းငယ် စိုးရိမ်သွားပြီး ပြောလိုက်ပါသည်။ "ဒါဆို ရှောင်ကမ်းရဲ့ ပညာရေးကို ထိခိုက်မှု ရှိမှာလား။"
"သူ့ကိုဒီတိုင်းသာ ပြောလိုက်။ သူမြို့တော်မှာ ကျောင်းဝင်ခွင့်ရဖို့ အစွမ်းအစရှိရင် သူ့ကိုသွားခွင့်ပြုမယ်လို့ ကတိပေးလိုက်။ ကိုယ်ပြောတာ နားထောင်စမ်းပါ။ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။
သူက ဒီလိုကိစ္စများကို ဝင်မပါတတ်သလောက် ရှားပါသည်။ ဘာပဲဖြစ်ဖြစ် သူက အလွန်အလုပ်များသူဖြစ်သည်။ အထူးသဖြင့် ဒီနှစ်တွင် ရာထူးတိုးခံရနိုင်ချေရှိသောကြောင့်ဖြစ်ပါသည်။
သို့သော်လည်း သူ့သား၏ အနာဂတ်ကိစ္စဖြစ်သဖြင့် သူပါးစပ်ဟလိုက်ရခြင်းဖြစ်သည်။ သူ့သားကို ခေါင်းကိုင်မိဘများ၏ မိသားစုနဲ့ ပိုပြီး ပတ်သက်ခွင့်ပြုရပါမည်။ သူ့သားအတွက် ကောင်းသည်။ ပထမဆုံး သူ့အမြင်များ ပြောင်းလဲသွားလိမ့်မမည်။
ရွှယ်မိန်လီက တွန့်ဆုတ်နေသော်လည်း သူ့သား၏ ပညာရေးကို ထိခိုက်မည်စိုးရိမ်သောကြောင့် ခေါင်းငြိမ့်လိုက်ရပါသည်။
နောက်တစ်နေ့မနက် အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်နေသော ကျန်းကမ်းကို ပြောလိုက်သည်။ ကျန်းကမ်းက ပျော်ရွှင်သွားပြီး စာမေးပွဲမှာ သေချာပေါက်ရလဒ်ကောင်းအောင် လုပ်ပါ့မည်ဟု ပြောလိုက်သည်။
ဒီနေ့ကစပြီး သူ့ခေါင်းကိုင်အမေဆီသို့ သွားပြီး အိမ်စာလုပ်တော့မည်။
"ကောင်စုတ်လေး အိမ်ကိုလည်း လုံးဝ မချစ်ဘူး။ ကိုယ့်အမေနဲ့ ခွဲရမှာလည်း မတွန့်ဆုတ်ဘူး" ရွှယ်မိန်လီက သူ့သား ပျော်ရွှင်နေသည်ကို မြင်သောအခါ ဆူပူလိုက်ပါသည်။ ကျန်းကမ်းက အစားတောင် မစားတော့ဘဲ သူ့ခေါင်းကိုင်အမေဆီသို့ ကျောင်းလွယ်အိတ်ဖြင့် ပြေးသွားတော့သည်။
"သမီးအမေနဲ့ မခွဲနိုင်ဘူး" ကျန်းယွီက သူမအမေ၏ ခြေသလုံးကိုဖက်ပြီး ပြောလိုက်ပါသည်။
ရွှယ်မိန်လီက စိတ်ရွှင်နေသဖြင့် သူမ သမီးကို ချီလိုက်ပြီး တီဗီသွားကြည့်လိုက်ပါသည်။
ကျန်းကမ်းက လင်းချင်းဟယ်တို့ဆီကိုလာပြီး မနက်စာ အတူတူ စားခဲ့သည်။ သူ့အမေ သူ့ကို ကတိပေးလိုက်သည့်အကြောင်း သူတို့ကို ပြောပြလိုက်ပါသည်။ "သတ္တိရှိတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မြို့တော်မှာ ကျောင်းဝင်ခွင့်ရဖို့က မလွယ်ဘူးနော်။ နင့်ရဲ့ လက်ရှိအဆင့်တွေနဲ့ဆို အဝေးကြီး လိုသေးတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ရပါတယ်။ ကျွန်တော် အရင်က စာသိပ်မလုပ်ဘူး။ ဒီနေ့ကစပြီး ကြိုးစားပါ့မယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဒါဆိုလည်း လုပ်ပါ။ မင်းခေါင်းကိုင်အမေက အနားယူချင်နေတယ်။ မင်းနားမလည်တာရှိရင် အစ်ကိုလတ်ပြန်လာတဲ့အခါကျမှ မေးပေါ့" ကျိုးရွှမ်က ပြောလိုက်သည်။ သူလည်း တခြားနေရာများကို လျှောက်ကြည့်ချင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် ရှန်ဟိုင်းမြို့တော်ကို လာရဖို့က ရှားပါးသည့် ခရီးဖြစ်သည်။
"သွားစမ်းပါ။ ငါက ပင်ပန်းလို့လား" လင်းချင်းဟယ်က နှင်ထုတ်လိုက်ပါသည်။
ကျိုးရွှမ်က ပြုံးလိုက်ပါသည်။ ထို့နောက် ကျောပိုးအိတ်လွယ်ပြီး ထွက်သွားတော့သည်။ နောက်တစ်ခေါက် ကော်မြောင်ကျွင်းနဲ့ ထပ်တွေ့ပြန်သည်။ သူမက သူနဲ့ စကားပြောဖို့ ကြိုးစားခဲ့သည်။
ကျိုးရွှမ်က ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ထွက်သွားပါသည်။ သူအိမ်ပြန်ရောက်မှ ဒီအိမ်နီးချင်းနဲ့ ဆက်ဆံရေး ဘယ်လိုရှိသလဲ သူ့အမေကို မေးကြည့်ဦးမည်။
ကော်မြောင်ကျွင်းက အနည်းငယ် စိတ်ပျက်သွားပါသည်။ ဒီလောက်ထိ စကားနည်းနည်းလေးပြောပြီး သူထွက်သွားလိမ့်မည်ဟု မထင်ခဲ့ပါ။
ဒီနေ့ သူမ လှလှပပ ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း အလှအပများ ပြင်ဆင်ထားသည်။ သူမ၏ အစ်မဆီက သားရေဖိနပ်ကိုလည်း ငှားဝတ်ထားခဲ့သည်။ သူမ၏ အတန်းဖော်များဆီက စကတ်ကို ငှားခဲ့၏။ မနေ့က ခေါင်းလည်း လျှော်ခဲ့ပါသည်။
"မြောင်ကျွင်း ဘာလို့ တံခါးအပြင်မှာ ရပ်နေတာလဲ" အဘွားကျန်းက ဟင်းသီးဟင်းရွက်ခြင်းတစ်ခြင်းဖြင့် ပြန်လာရင်း မေးလိုက်ပါသည်။
"အဘွားကျန်း သမီး ဒီတိုင်း ထွက်ကြည့်တာာပါ" ကော်မြောင်ကျွင်းက သူမနှင့် ကျိုးမိသားစုတို့၏ ဆက်နွယ်မှုကို သိသဖြင့် ပြုံးကာ ပြန်ပြောလိုက်ပါသည်။
အဘွားကျန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သာမန်အတိုင်း ပြောလိုက်ပါသည်။
"နင် ဒီနေ့ ဝတ်ကောင်းစားလှတွေ ဝတ်ထားလို့ပါလား။ ဘယ်သွားမလို့လဲ။"
"ဘယ်မှ မသွားပါဘူး" ကော်မြောင်ကျွင်းက ပြုံးလိုက်သော်လည်း ရင်ထဲမှာတော့ မပျော်ရွှင်ပါ။ အခုလေးတင် ထိုလူက သူမကို သိပ်ပြီးတောင် မကြည့်သွားခဲ့ပေ။
သို့သော်လည်း သူမကတော့ သူ့ကို ကြည့်ခဲ့ပါသည်။ သူက တကယ်ပဲ တောက်ပသည်။ မြို့တော်မှာ ကြီးပြင်းလာသည့် လူဆိုသည့်အတိုင်းပင်။ တကယ်ပဲ အရှိန်အဝါကောင်းမွန်လှပါသည်။