← Chapters

အခန်း(၅၈၃) ချောမောခန့်ညားတဲ့ သားလတ်

Vol. 42 Ch. 583

အခန်း(၅၈၃) ချောမောခန့်ညားတဲ့ သားလတ်

Vol. 42 Ch. 583

အခန်း(၅၈၃) ချောမောခန့်ညားတဲ့ သားလတ်

အဘွားကျန်းက ဟင်းသီးဟင်းရွက်ခြင်းဖြင့် အိမ်ထဲဝင်သွားခဲ့ပါသည်။ အမေကော်က အိမ်ထဲက ထွက်လာပြီး သူ့သမီးကို တစ်ယောက်တည်း တွေ့လိုက်ရပါသည်။ သူမ မနေနိုင်ဘဲ ပြောလိုက်မိ၏။ "သူထွက်လာတာ မမြင်လိုက်ဘူးလား။ သူလျှောက်သွားနေတာဖြစ်မယ်။ နင်လိုက်သွားပြီး အတူတူ လမ်းလျှောက်ကြပါလား။”

ကော်မြောင်ကျွင်းက နှုတ်ခမ်းစူလိုက်ပြီး ပြန်ပြောလိုက်သည်။ "သူမှ သမီးကို မခေါ်တာ"

အမေကော်က ပြန်ပြောလိုက်ပါသည်။ "အခု ဘယ်ခေတ်ရောက်နေပြီလဲ။ အခုလို မူနေတုန်းပဲလား။ သူနင့်ကို မခေါ်ရင်လည်း နင့်ဘက်က စလိုက်ပေါ့။ သူ့ကို နင်လိုက်ပြပေးမယ်လို့ ပြောလိုက်လေ၊ မဟုတ်ဘူးလား။"

သူမ၏ သမီးက တကယ်တုံးအသည်ဟု ထင်လိုက်မိကာ ဆက်ပြောလိုက်ပါသည်။ "သူက ဒီကို ရောက်တာ မကြာသေးတော့ ဒီနေရာနဲ့သိပ်ပြီး အကျွမ်းတဝင် မရှိဘူးလေ။ ဒါက အခွင့်အရေးကောင်းပဲကို နင်မယူတတ်ဘူးလား။"

"အမေ ဘာလို့ အဲ့လိုပြောရတာလဲ။ သမီးက တော်တယ်လို့ အမေပဲပြောခဲ့တာ မဟုတ်ဘူးလား။ သူသမီးကို သဘောကျမှာပါ။ သူ့နောက်ကို လိုက်ရရင် သမီးသိက္ခာကျတာပေါ့ မဟုတ်ဘူးလား" ကော်မြောင်ကျွင်းက ပြန်ပြောလိုက်ပါသည်။

အမေကော်က မျက်စောင်းရွယ်ကာ ပြောလိုက်ပါသည်။ "ထားလိုက်ပါတော့။ ကျိုးမိသားစုဆိုတာ ဘယ်လိုမိသားစုမျိုးလဲ နင်သိတယ်နော်။ ပြီးတော့လည်း ကလေးတစ်ယောက် မတော်တဆ ရထားတာ ငါသိတယ်။ သူတို့ ကိုယ်ဝန်ကို ပြုစုဖို့ ဒီလာကြတာ။ သူတို့ သေချာပေါက် မြို့တော်ကို ပြန်ကြမှာပဲ။ နင် သူတို့နဲ့အတူ ပေကျင်းကို လိုက်မသွားချင်ဘူးလား။"

လင်းချင်းဟယ်၏ ဗိုက်က ယခု ပိုပိုပြီး ကြီးလာပြီဖြစ်သဖြင့် မသိတဲ့လူ မရှိတော့ပေ။ သို့သော်လည်း သူတို့အိမ်ထောင်စုစာရင်းက ဒီကမဟုတ်သဖြင့် တိုင်ကြားလည်း အသုံးမဝင်ပါ။ လူတွေကလည်း ကျန်းမိသားစုနဲ့ ရင်းနှီးသောကြောင့် ဂရုမစိုက်ကြပါ။ ဘယ်သူမှ ဒီလို အကျိုးမရှိသည့် အလုပ်မျိုးကို လုပ်မှာ မဟုတ်ပေ။

ဒါက အမေကော်၏ ဆန္ဒများနဲ့ ကိုက်ညီနေပါသည်။ သူမရဲ့သမီးနဲ့ ကျိုးမိသားစုတို့၏ သားသာ လက်တွဲနိုင်ပါက ဒီအိမ်ကို သူမ၏ မိသားစုအတွက် ယူနိုင်မည်ဖြစ်ပါသည်။

"နင်ဒီ့ထက်ပိုပြီး အလားအလာရှိမှဖြစ်မယ် နားလည်လား။ အဲ့လောက် မူမနေနဲ့။ ကောင်လေးက ကြည့်ကောင်းပြီး ပိုက်ဆံလည်း ရှိတယ်။ ပြီးတော့ မြို့တော်က အိမ်ထောင်စု စာရင်းလည်း ရှိကြတယ်။ တခြားသူတွေတုန်းက သုံးခဲ့တဲ့ လှည့်ကွက်မျိုးတွေ သွားမသုံးနဲ့။ သူမြို့တော်ကို ပြန်သွားလိမ့်မယ်။ အဲ့ကျမှ နင် မငိုနဲ့" အမေကော်က အားမရစွာ ပြောလိုက်ပါသည်။

ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ကော်မြောင်ကျွင်းက အနည်းငယ် စိတ်ပူလာပါသည်။ သူမ ပြောလိုက်ပါသည်။ "အမေ အဘွားကျန်းဆီ သွားလည်ပြီး စုံစမ်းကြည့်ပါလား။"

"အခု မစုံစမ်းသေးဘူး။ နင် သူနဲ့ တွဲနိုင်မှ ပြောမယ်။ အခုက ဘာကိုစုံစမ်းရမှာလဲ" အမေကော်က ပြန်ပြောလိုက်ပါသည်။

ထိုကျန်းမိသားစုက ဖျက်လိုဖျက်ဆီးသာ လုပ်တတ်သည်။ အရင်တစ်ခေါက်တုန်းက အိမ်ကိစ္စဖြစ်သည်။ သူတို့ ကျိုးမိသားစုနဲ့ ဆက်နွယ်ချင်ကြောင်း သိသွားပါက အမျိုးတော်သည့် တူမတစ်ယောက်ယောက်ကို ခေါ်ပြီး ပြဿနာရှာနိုင်ပါသည်။

အမေကော်၏ အစီအစဥ်ကောင်းမှုကြောင့် လင်းချင်းဟယ်၊ ကျိုးချင်းပိုင်နှင့် ကျန်းမိသားစုတို့ ဘာမှမသိကြသေးပါ။

အဘွားကျန်းက ကော်မြောင်ကျွင်း လှလှပပ ဝတ်ထားတာကို ခဏခဏ တွေ့နေရပါသည်။ ထို့ကြောင့် လင်းချင်းဟယ်ကို ဟိုအကြောင်း ဒီအကြောင်း ပြောရင်း ထည့်ပြောလိုက်သည်။

လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "ဒီကော်မိသားစု အဆင်ပြေနေလို့လားမသိဘူး။ သူတို့ စိတ်က ပြောင်းလဲနေသလိုပဲ။"

ပြောင်းလဲနေတာပဲ မဟုတ်ဘူးလား။ အရင်တုန်းက သူမနဲ့ ချင်းပိုင်ကို မြင်ရင် မျက်စောင်းထိုးတတ်သည့် အမေကော်ကတောင် ချိုသာပြီး သဘောကောင်းနေပါသည်။

မနေ့က ဖြတ်သွားတုန်းက သူမကို ခရမ်းချဥ်သီး စားဦးမလားဟုပင် မေးခဲ့သည်။

လင်းချင်းဟယ် ထိတ်လန့်သွားရ၏။ သူမက ခရမ်းချဥ်သီး ချိုချိုချဥ်ချဥ်များကို ကြိုက်နှစ်သက်ပါသည်။ သို့သော်လည်း ဟိုဘက်အိမ်က အဘွားကျန်းတို့ ခြံထဲကသာ ယူစားတတ်ပြီး ဒီဘက်ကတော့ တခြားမှ မစားခဲ့ဖူးပါ။

သို့သော်လည်း ဒီကိစ္စကြောင့် ဇဝေဇဝါ ဖြစ်သွားရပါသည်။

စဥ်းစားလို့မရနိုင်ပေ။ လင်းချင်းဟယ်က ပြောလိုက်၏။ "ချင်းပိုင်က ဒီမနက် ပင်လယ်ငါးတွေ အများကြီး ဝယ်လာတယ်။ ပြန်ရင် နည်းနည်းယူသွားလေ ဒေါ်လေး"

"နင်တို့ဖာသာပဲ သိမ်းထားကြပါ ဒီနေ့မနက်က ငါလမ်းမှာ ဝယ်ခဲ့သေးတယ်။ ငါတို့နှစ်ယောက်အတွက် လောက်ပါတယ်" အဘွားကျန်းက ပြန်ပြောလိုက်သည်။

လင်းချင်းဟယ်က သူမ၏ ချည်လက်ရာများကို ကြည့်ရင်း မေးလိုက်ပါသည်။ "ဒေါ်လေး ဒီလို လက်ရာမျိုးတွေလုပ်ပြီး ပိုက်ဆံရှာတာလား။"

အဘွားကျန်းတစ်ယောက် ချည်ထိုးနေတာ ချည်ထိုးဦးထုတ်ဖြစ်ပြီး ချည်ထိုးထားတယ်လို့တောင် မထင်ရပါဘူး။ တစ်ချိတ်ပြီးတစ်ချိတ် အဘွားကျန်းက အလွန်မြန်ဆန်လှပါသည်။

အဘွားကျန်းက ဒီနှစ်မှ အသက် ၅၀ အစောပိုင်းသာ ရှိသေးသည်။ ထို့ကြောင့် တစ်ရက်ကို ဦးထုပ်တစ်လုံးနီးပါး ထိုးနိုင်ပါသည်။

အဘွားကျန်းက ရွှင်ပြစွာ ပြန်ဖြေလိုက်ပါသည်။ "ငါက အားနေတာကိုး။ အဲ့တာကြောင့် အိမ်မှာဝယ်ပြီး အလုပ်လုပ်နေတာပါ။ ပိုက်ဆံတော့ အများကြီးမရဘူး တစ်လကို ၁၀ ယွမ်ဝန်းကျင်လောက်ပဲ။ နေထိုင်စရိတ်တွေအတွက် လုံလောက်ပါတယ်။"

အမှန်ပင်။ သူမ၏ သားကလည်း သိတတ်ပါသည်။ သူတို့ကို လတိုင်း နေထိုင်စရိတ်များ ထောက်ပံ့ပေးသည်။ သူတို့က အကုန်အကျ အလွန်နည်းပါး၏။ နောက်ဖေးခြံမှာလည်း ဟင်းသီးဟင်းရွက် စိုက်ခင်း ရှိသဖြင့် ကြက်ဥတချို့နဲ့ ငါးတချို့သာ တစ်ခါတစ်လေ ဝယ်ပါသည်။

အဓိက အချက်က သူမ အားနေလို့မဖြစ်ပါ။ လုပ်စရာတစ်ခုခုရှိတာ ပိုကောင်းပါသည်။ ဝင်ငွေကို မုန့်ဖိုးအဖြစ် စုထားနိုင်၏။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး စာအုပ်တစ်အုပ် ယူဖတ်နေလိုက်ပါသည်။

"ရှောင်ကမ်းက နောက်ပိုင်း မြို့တော်မှာ ကောလိပ်စာမေးပွဲဖြေတော့မယ်လို့ ကြားတယ်။ ဒီကောင်လေးက အရင်တစ်ခေါက် သွားတုန်းက သဘောကျသွားတာဖြစ်မယ်။ သူသာ တကယ်သွားဖြစ်ရင် ကျေးဇူးပြုပြီး သူ့ကို အလိုမလိုက်ပါနဲ့နော် ချင်းဟယ်။ နင် ဆုံးမသင့်တာကို ဆုံးမရမယ်" အဘွားကျန်းက ပြောလိုက်ပါသည်။

"ရှောင်ကမ်းက ပွင့်လင်းပါတယ်။ သေချာပေါက် အနာဂတ်မှာ အောင်မြင်လာမှာပါ။ ဒေါ်လေး သူ့အတွက် စိတ်ပူစရာ မလိုပါဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

အဘွားကျန်းက ပြုံးလိုက်၏။ "ကျန်တာ ဘာမှ မမျှော်လင့်ဘူး။ သူ့ရဲ့ အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့လို ဖြစ်နိုင်ရင် သူ့အတွက် စိတ်ပူမှာ မဟုတ်ဘူး"

သူတို့စကားပြောနေစဥ် ကျိုးရွှမ်က အပြင်မှ ပြန်လာခဲ့ပါသည်။ ကျန်းကမ်းကိုလည်း ခေါ်လာခဲ့၏။ သူတို့ ဘတ်စ်ကတ်ဘော သွားကစားခြင်း ဖြစ်ပါသည်။ သူ ပြန်ရောက်လာသောအခါ ချွေးများပင် တိတ်နေလေပြီ။

"ဒီမလာနဲ့ခဲ့။ ချွေးနံ့တွေ နံလိုက်တာ ရေမြန်မြန်သွားချိုး" လင်ချင်ဟယ်က သားလတ်ရောက်လာသည်ကို မြင်တာနဲ့ ပြောလိုက်ပါသည်။

စိတ်ပျက်စွာဖြင့် ကျိုးရွှမ်က ကျန်းကမ်းကိုလည်း ကြည့်လိုက်သည်။ "မင်းလည်း ခဏနေရင် ရေချိုးတော့"

"အစ်ကိုလတ် အရင်ချိုးလိုက်ပါ" ကျန်းကမ်းက ခေါင်းငြိမ့်လိုက်ပါသည်။

"နင့်အစ်ကိုလတ်ရဲ့စကေးတွေက ဘယ်လိုနေလဲ" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

"အရမ်းကို တော်တာပေါ့" ကျန်းကမ်းက ကျိုးရွှမ်ဖြစ်ဖြစ်၊ ကျိုးကွေ့လိုင်ဖြစ်ဖြစ် ယုံကြည်မှုရှိပါသည်။ ကျိုးကွေ့လိုင်က ကြည့်လိုက်ရုံနဲ့ အားကစားလုပ်တတ်သူဖြစ်မှန်း သိသာပါသည်။ သို့သော်လည်း ဒီလိုနူးညံ့ပြီး ပညာတတ်ပုံစံပေါက်သည့် အစ်ကိုလတ်လည်း ဘတ်စ်ကတ်ဘောကစားရာတွင် အလွန်တော်နေလိမ့်မည်ဟု မထင်ထားခဲ့ပါ။

"ပန်းခြံထဲမှာ ကောင်မလေးတွေ အများကြီးပဲ။ သူတို့အကုန်လုံးက အစ်ကိုလတ်ကိုပဲ ကြည့်နေကြတာ။ ပြီးတော့လည်း အဘိုးအဘွားတွေက အစ်ကိုလတ်ရဲ့မိသားစုအကြောင်းကို စုံစမ်းနေကြတယ်" ကျန်းကမ်းက ထိုစကားပြောရင်း ရယ်ချင်နေပါသည်။

အရင်တစ်ခေါက် လူတချို့က သူ့အစ်ကိုငယ်အကြောင်း လာမေးခဲ့သည်။ သူ့အစ်ကိုငယ်က ပြန်ပြောခဲ့ပါသည်။ "အဘိုးတို့ စိတ်ကူးတွေပြန်သိမ်းထားလိုက်ပါ။ ကျွန်တော်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ကျောင်းတက်နေတုန်းဗျ။"

အဘိုးကြီးက စိတ်အေးသွားပါသည်။ ကျောင်းတက်နေတာ ပြဿနာမရှိဘူးဟု ဆို၏။ သူ့မြေးမလေးကို အရင်တွေ့ကြည့်ပြီး ပထမဆုံး စေ့စပ်ထားကာ ဘွဲ့ရပြီးမှ လက်ထပ်မလားဟု ပြောခဲ့ပါသည်။

ဒီတစ်ခေါက်တော့ သူ့အစ်ကိုလတ်၏ အလှည့် ဖြစ်ပါသည်။ သူ့အစ်ကိုလတ်က ဒီကိစ္စများကို စိတ်မဝင်စားပါ။ ဘတ်စ်ကတ်ဘောသာ ကစားပြီး ကစားပြီးသောအခါ ပြန်သွားပါသည်။ တော်တော်လေး အေးချမ်းပါ၏။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ "သူ့ကို အထင်ကြီးနေကြတာပေါ့။"

"ဒီလိုကောင်လေးမျိုးကို သမီးရှိတဲ့ ဘယ်လိုမိသားစုက မစဥ်းစားဘဲနေမလဲ။ ငါတို့မိသားစုမှာတောင် သမီးမိန်းကလေးရှိခဲ့ရင် သူတို့ ရေစက်ပါမလား ကြည့်ချင်သေးတယ်" အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဒေါ်လေး မနောက်ပါနဲ့" လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။

ခဏလောက်ကြာသောအခါ ကျိုးရွှမ်က ရေချိုးပြီး ပြန်လာခဲ့သည်။ လန်းဆန်းသွားသလို ခံစားလိုက်ရပါသည်။ ထို့အပြင် သူက အလွန်လည်း ချောမောပါသည်။ ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ ဒီမျက်နှာတို့က တီဗီပေါ်က ကြယ်ပွင့်များနဲ့ပင် တူနေပါသည်။

ကျိုးညီအစ်ကိုသုံးယောက်စလုံးက ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်ကောင်းမွန်ကြပါသည်။

သူရေချိုးပြီးတာကို ကျန်းကမ်းမြင်သောအခါ သူလည်း ရေသွားချိုးလိုက်ပါသည်။ ဒီအိမ်မှာ သူ့အဝတ်အစားများ ရှိသည်။ အခုတလော စာကြိုးစားနေပြီး အဝတ်အစားများပါ ယူလာခြင်း ဖြစ်သည်။

သူက ဒီမှာ စားသောက်ပြီး စာလာသင်သဖြင့် ရွှယ်မိန်လီက မကြာခဏ သူ့ကို သစ်သီးများ ယူသွားခိုင်းပါသည်။ သူတို့က ခေါင်းကိုင်ဆွေမျိုးများ ဖြစ်နေတာတောင် အားနာဖို့ကောင်းပါသည်။

ကျိုးမိသာားစုကတော့ စိတ်ထဲမထားပါ။ သူမ ဘာမှထည့်မတွက်ပေ။

အဘွားကျန်းနဲ့ ကျန်းကမ်းတို့ ရှိနေတုန်း ကျိုးရွှမ်က ဘာမှမပြောခဲါ။ အဘိုးအဘွားများနဲ့ မြေးဖြစ်သူတို့ ပြန်သွားခါမှ ကျိုးရွှမ်က သူ့အမေကို မေးလိုက်သည်။ "အမေ အဖေ ဘယ်မှာလဲ။ သူ ဘာလို့ အမြဲတမ်း အလုပ်ရှုပ်နေတာလဲ။"

နေ့တိုင်း ကားတစ်စီးနဲ့ ထွက်ထွက်သွားတတ်သည်။

All Chapters