← Chapters

အခန်း(၅၈၄) သားကောင်ချောင်း ချောင်းနေသူများ

Vol. 42 Ch. 584

အခန်း(၅၈၄) သားကောင်ချောင်း ချောင်းနေသူများ

Vol. 42 Ch. 584

အခန်း(၅၈၄) သားကောင်ချောင်း ချောင်းနေသူများ

"နင့်အဖေက နင်ဒီကိုလာတဲ့အချိန်နဲ့ ကြုံတုန်း အပြင်ထွက်ပြီး နေရာကောင်းကောင်း လိုက်ရှာနေတာ။ တွေ့ရင် ဆိုင်နည်းနည်း ဝယ်ထားမလို့" လင်းချင်းဟယ်က သူ့ကို ဖုံးကွယ်မထားပေ။

ကျိုးရွှမ်က မထင်ထားဘဲ ခေါင်းငြိမ့်လိုက်ပါသည်။ "အကြံမဆိုးပါဘူး။ ဆိုင်နဲ့အိမ်တွေက အခု စျေးပိုတက်လာပြီ။"

ကျိုးရွှမ်လည်း မသိဘဲနေပါ့မလား။ ပြောစရာမလိုအောင် အပြင်ဘက်မှာတော့ သတင်းမဖြန့်ခဲ့ပါ။ သူအနည်းငယ်သာ စိတ်ဝင်စားမိပါသည်။ "ဘာလို့ဒီလာပြီး အိမ်တွေ ဝယ်ချင်ရတာလဲ။"

"ဒီကို လာရဖို့က မရှားပါးဘူးလား။ နင့်အဖေက စိတ်ဝင်စားနေမှတော့ လွှတ်ထားလိုက်ပါ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့အငယ်ဆုံး သမီးအတွက် ဝယ်နေတာဖြစ်သည်ဟုတော့ လင်ချငင်းဟယ် မပြောနိုင်ပါ။ သူတို့က သားအမိဖြစ်နေရင်တောင် တချို့ကိစ္စများက နာကျင်နိုင်ပါသည်။

သူမယောက်ျားချင်းပိုင်က သူ့သမီးအတွက် အကာအကွယ်များ စုဆောင်းထားချင်ခဲ့သည်။ လင်းချင်းဟယ်ကတော့ သူတို့အားလုံးကို တန်းတူသာ ဆက်ဆံ၏။ သူက ဘက်လိုက်မိမှာ မစိုးရိမ်ဘဲ မျှမျှတတ မရှိမှာပဲ စိုးရိမ်မိပါသည်။ သူတို့ မောင်နှမများကို စည်းစည်းလုံးလုံး ရှိစေချင်ပါက အညီအမျှ ခွဲဝေပေးရမည် ဖြစ်သည်။ အညီအမျှ ခွဲဝေပေးဖို့ အာမ မခံရသေးခင်မှာတော့ ပိုပြီးပေးတာ အဆင်ပြေပါသည်။ သူတို့သားများက သိပ်ပြီး ဂရုမစိုက်ကြသော်လည်း မိဘများအနေဖြင့် ဒီလောက် ကွာဟမှု ကြီးကြီးမားမား မဖန်တီးသင့်ပါ။

အမှန်ပင်။ ဒီကိစ္စများက အနာဂတ်အတွက်သာဖြစ်သည်။ အခုက ဘယ်အချိန် ရှိသေးလို့လဲ။ ထိုအကြောင်းများ ပြောဖို့ စောလွန်းနေပါသေးသည်။

"အဖေက အခုချမ်းသာပြီး စိတ်ဆန္ဒပြည့်ဝနေတယ်။ ဒါပေမယ့် အနာဂတ်ကျရင် ဘယ်လို စီမံမှာလဲ။"

"စောင့်ကြည့်ရမှာပေါ့။ အချိန်ကျရင် အဘိုးကျန်းကို ငှားခိုင်းလိုက်လို့ရတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးရွှမ် ဘာမှ မပြောခဲ့ပါ။ တစ်ယောက်ယောက်ကတော့ စောင့်ရှောက်မှဖြစ်မည်။ မဟုတ်ပါက ဘယ်လိုလုပ် ဒီတိုင်း ပစ်ထားလို့ ရမည်နည်း။

ကျိုးချင်းပိုင်က မွန်းတည့်ချိန်မှ ပြန်လာခဲ့သည်။ ကျိုးရွှမ်က မိသားစု နေ့လည်စာကို ပြင်ဆင်ပြီးပြီဖြစ်ပါသည်။ သူနောက်ထပ် ဆိုင်တစ်ဆိုင်ထပ်ဝယ်ခဲ့၏။ ပေါင်းကြည့်လိုက်လျှင် ရှန်ဟိုင်းမြို့တော်ကို ရောက်လာပြီး နေရာကောင်းကောင်း ဆိုင် ၁၃ ဆိုင်ဝယ်ခဲ့ပြီး အိမ်ခြံမြေ ၅ လုံး ဝယ်ခဲ့ပါသည်။ သူတို့ အခု နေနေသည့် အိမ် မပါသေးပါ။

"အဖေ ဘယ်လို ဆိုင်မျိုး ဝယ်လိုက်တာလဲ" ကျိုးရွှမ်က မေးလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့ကိုကြည့်လိုက်သည်။ ကျိုးရွှမ်က ပြန်ပြောလိုက်၏။ "အမေပြောပြထားတာပါ"

"အေး" ကျိုးချင်းပိုင်က တွန့်ဆုတ်စွာ ဖြေရင်း လျစ်လျူရှုလိုက်ပါသည်။

လင်းချင်းဟယ်က အထဲမှာ အနားယူနေ၏။ ကျိုးချင်းပိုင် စားသောက်လို့မပြီးခင်မှာ ဝင်နားလိုက်ခြင်း ဖြစ်ပါသည်။

ကျိုးရွှမ်က သူ့အဖေနဲ့ အတူတူ နေ့လည်စာ စားခဲ့သည်။ သူပြောလိုက်၏။ "အဖေက အရမ်း အမြော်အမြင်ရှိတာပဲ။ အခုအားလုံးက ပိုပိုပြီး ချမ်းသာလာကြပြီ။ နောက်ပိုင်း ဒီဆိုင်က တန်ဖိုးတက်လာမှာပါ။"

"အချိန်တန်ရင် မင်းညီမကိုပေးမှာ" ကျိုးချင်းပိုင်က တည်တံ့စွာ ပြောလိုက်၏။

သူက တော်တော့်ကို ဘက်လိုက်ပါသည်။ လင်းချင်းဟယ်သာ ရှိရင် သေချာပေါက် သူ့ကို မျက်စောင်းထိုးလောက်သည်။

ကျိုးရွှမ်က စိတ်ထဲမထားဘဲ ခေါင်းငြိမ့်ပြလိုက်ပါသည်။ "သူ့ကိုပဲ ပေးလိုက်ပါ။"

သူတို့က ဒီအသက်အရွယ် ရောက်နေကြပြီ ဖြစ်သဖြင့် ဂရုမစိုက်ကြပါ။ သူတို့ရဲ့ ညီမက အသက်ဘယ်လောက်ရှိသေးလို့လဲ။ ထို့ကြောင့် ညီအစ်ကိုများက သူတို့ညီမကို ပေးဖို့ မကန့်ကွက်ကြပါ။

ကျိုးချင်းပိုင်က သူ့သား၏ သိတတ်သော အဖြေကို ကျေနပ်သွားပြီး ပြောလိုက်ပါသည်။ "အပြင်မှာ လျှောက်မပြောနဲ့နော်။"

"ဟုတ်ကဲ့" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။

လင်းချင်းဟယ်ကတော့ ဒီအကြောင်းများကို ဘာမှ မသိခဲ့ပေ။ ရာသီဥတု ပိုပိုပြီး ပူလာသဖြင့် ကိုယ်ဝန်သည်များက အပူကို အလွန်ကြောက်တတ်သောကြောင့် လင်းချင်းဟယ်သည်လည်း မနေတတ်တော့ပါ။

ထို့ကြောင့် ရေကို အိတ်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။ ခဲသွားသောအခါ ရေဇလားတစ်ခုထဲ ထည့်လိုက်၏။ ထို့နောက် ဇလားတစ်ခုလုံးကို ပန်ကာရှေ့တွင် ချထားလိုက်သည်။ ဒီလိုဆို လေအေးများ တိုက်ခတ်ပေးပြီး သူမလည်း ကောင်းကောင်းအိပ်စက်နိုင်ပါသည်။

လင်းချင်းဟယ် နိုးလာတော့ အလွန်ဗိုက်ဆာနေ၏။ သူမ အိပ်ယာမဝင်ခင်က စားခဲ့သေးတာ သေချာပါသည်။

"ကျွန်မရဲ့ စားနိုင်သောက်နိုင်စွမ်းက အခု တော်တော်ကြောက်ဖို့ ကောင်းနေပြီပဲ" လင်းချင်းဟယ်က ပြောလိုက်သည်။ သူမမှာ သား ၃ ယောက် ရှိသော်လည်း ပထမဆုံး ကိုယ်ဝန်ဆောင်ဖူးခြင်း ဖြစ်ပါသည်။

သူမ စိုးရိမ်မိပါသည်။ သူမသမီးလေးကို မွေးပြီးတာတောင် ဒီလိုပဲ ဆက်စားနေနိုင်ပါက ဘယ်လိုလုပ်မည်နည်း။

ကျိုးချင်းပိုင်က ခဏလောက် အိပ်စက်လိုက်ပါသည်။ ဒိတစ်ခေါက် အာလူးချိုများနဲ့ ပြောင်းဖူးများ ဝယ်လာခဲ့ပါသည်။

လင်းချင်းဟယ်က အိပ်ယာပေါ်က မထခင် အာလူးချိုနဲ့ ပြောင်းဖူးတို့ကို စားခဲ့သည်။ သူမ တကယ်စားနိုင်ပါသည်။ သူမ ထမင်းများကို အကုန်စားပြီး သက်သက်လွတ်သမားဖြစ်အောင် ကြိုးစားနေပါသည်။

သြဂုတ်လရောက်နေပြီ ဖြစ်သဖြင့် ကျိုးချင်းပိုင်က သူမကို တွဲကူညီပေးရပါသည်။ လဝက်အတွင်း စက်တင်ဘာလသို့ ရောက်တော့မည်။ အချိန်ကိုတွက်ကြည့်သောအခါ သူမ၏ ဗိုက်က ၇ လတောင် ရှိနေပါပြီ။

၇ လသား ဗိုက်က မသေးပါ။ လင်းချင်းဟယ် အနည်းငယ် ချိတုံချတုံ ဖြစ်လာပါသည်။

တစ်ခါတစ်လေ သူမက အနည်းငယ် စိတ်တိုလွယ်လာသည်။ သို့သော်လည်း ကျိုးချင်းပိုင်က ဘာမှ မကန့်ကွက်ခဲ့ပါ။

သားလတ်ပြန်သွားရင်လည်း သူ အပြင်ထွက်မှာ မဟုတ်ပေ။ သူ့မိန်းမကို သူကာကွယ်ပေးရမည်။ သူ တကယ် အပြင်ထွက်လိုပါက ဘေးအိမ်ကိုသွားပြီး အဘွားကျန်းကို အိမ်မှာ လာနေခိုင်းရပါလိမ့်မည်။

"လမ်းလျှောက်ရမယ်။ မဟုတ်ရင် ကျွန်မ ပိုဝလာတော့မယ်" လင်းချင်းဟယ်က ကိုယ့်ကိုယ်ကို သယ်ရင်း ပြောလိုက်ပါသည်။

သူမကတော်တော် အစားပုတ်ပြီး အိပ်ပုတ်ကြီးတဲ့လူဖြစ်နေပါပြီ။

ကျိုးချင်းပိုင်က ပြောလိုက်၏။ "ဒါဆို လမ်းလျှောက်ကြမယ်လေ" သူမကို တွဲပေးလိုက်သည်။

အိမ်ပေါက်ဝမှာ လေအေးခံနေသည့် အမေကော်နဲ့ သူတို့ ဆုံခဲ့ပါသည်။ သူတို့ကိုမြင်သောအခါ သူမ ပြုံးကာ နှုတ်ဆက်လိုက်ပါသည်။ "လမ်းလျှောက်ကြမလို့လား"

"ဟုတ်တယ်" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ ဒီတစ်ခေါက် သူ့မိန်းမက သူ့ဗိုက်ကို ပင့်ထားနေရပါပြီ။ အိမ်နီးချင်းများနဲ့ ပြဿနာ မဖြစ်ထားတာ အကောင်းဆုံး ဖြစ်သည်။ တစ်ဖက်လူက ဦးစွာ နှုတ်ဆက်သဖြင့် သူတို့ ပြန်နှုတ်ဆက်လိုက်ရုံပဲ ဖြစ်သည်။

"အခု ဗိုက်က အရမ်းကြီးနေပြီဆိုတော့ လမ်းများများ လျှောက်တာ ကောင်းပါတယ်။ ဒါမှ နောက်ပိုင်း မွေးရဖွားရ လွယ်ကူမှာ" အမေကော်က အကြံပေးလိုက်ပါသည်။

"အစ်မကြီးကွေ့ ကျွန်မတို့ အခုတော့ စကားမပြောတော့ဘူးနော်။ ကျွန်မတို့ ပန်းခြံမှာ လမ်းသွားလျှောက်မလို့ပါ" လင်းချင်းဟယ်က ပြောလိုက်သည်။

"သွားပါ သွားပါ" အမေကော်က ခေါင်းငြိမ့်လိုက်ပါသည်။

ခပ်ဝေးဝေးသို့ ရောက်သောအခါမှ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ "သူက သားကောင်ချောင်းနေတဲ့ မုဆိုးနဲ့ မတူဘူးလား။"

သူမ အတွေးလွန်နေတာ မဟုတ်ပေ။ သူတို့ ဒီရောက်လာတာ လပေါင်းများစွာ ရှိနေပါပြီ။ အခုအချိန် မတိုင်ခင်အထိ ကော်မိသားစုက သူတို့အပေါ် ကောင်းကောင်း မဆက်ဆံခဲ့ပါ။ အခုတော့ သူတို့ကိုမြင်ရင် ဦးစွာ နှုတ်ဆက်နေပါပြီ။ ဒါကြောင့် တစ်ခုခု ကြံနေတာ မဖြစ်နိုင်ဘူးလား။

ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဘာမှ အရေးမကြီးပါဘူး"

သူ့မိသားစုကို လာပြီးမရှုပ်လျှင် ဘာမှအရေးမကြီးပါ။ သူတို့လာရှုပ်ရင်တော့ အဆင်ပြေမှာ မဟုတ်ပေ။

အမေကော်က သူတို့ထွက်သွားတာကို ကြည့်နေခဲ့သည်။ သူမ စတင်ပြီး အစီအစဥ်ဆွဲလိုက်၏။ သူမ၏ မျှော်လင့်စရာမရှိသော သမီးက အခုထိတောင်် ဘာတိုးတက်မှုမှ မရှိသေးပေ။ သူမကပဲ ကျိုးမိသားစုနဲ့ အရင်ဆုံး စကားပြောကြည့်လိုက်သင့်လာား"

သို့သော်လည်း ထိုသို့မလုပ်ခင် အမေကော်က အဘွားကျန်းတို့အိမ်သို့ သခွားသီး နည်းနည်း ယူလာကာ ရောက်လာခဲ့ပြီး စကားပြောခဲ့ပါသည်။

အဘွားကျန်းက သူမနဲ့ ဆက်ဆံရေး သာမန်လောက်ရှိသည်။ အိမ်နီးချင်းဆက်ဆံရေးမျိုးသာ ဖြစ်၏။

"ဘာကိစ္စနဲ့ လာလည်တာတုန်း" အဘွားကျန်းက ပြောလိုက်၏။

"အိမ်က သခွားသီးတွေ ကြီးနေပြီလေ။ အဲ့တာကြောင့် ဒေါ်လေးအတွက် တကူးတက နည်းနည်း ခူးလာပေးပြီး ဟင်းချက်စားရအောင် လက်ဆောင်ပေးတာပါ။" အမေကော်က ပြန်ပြောလိုက်ပါသည်။

"ငါတို့ ဘူးစင်တွေကို ကြည့်ပါဦး။ စားလို့ရတာတွေတောင် နည်းနည်းရှိနေပါပြီ။ ကော်မိသားစုက လူဦးရေများတယ်လေ။ ငါ့ဆီက နည်းနည်းလောက် ခူးသွားပြီး အိမ်ပြန်ယူသွားဦး" အဘွားကျန်းက ပြောလိုက်ပါသည်။

အမေကော်က ဒီအကြောင်းမပြောတော့ပါ။ သူမ စကားလမ်းကြောင်းလွှဲလိုက်သည်။ "ကျိုးမိသားစုက အဲ့ဒီကောင်လေးက ဘယ်သူလဲမသိဘူး။ တော်တော်ချောတာပဲ။"

"အဲ့တာ သူတို့ရဲ့သားလတ်ပါ" အဘွားကျန်းက ပြောလိုက်ပါသည်။

"ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ" အမေကော်က သိတာကြာပြီဖြစ်သော်လည်း မေးလိုက်ပါသည်။

အဘွားကျန်းက သူမ၏ အပြုအမူကို နားလည်သွားသည်။ ထို့နောက် အခုတလော ကော်မြောင်ကျွင်း၏ လုပ်ရပ်များကိုပါ ပြန်တွေးမိသွားသည်။ သူမရင်ထဲတွင် ခန့်မှန်းလိုက်မိပြီး ပြန်ဖြေလိုက်ပါသည်။ "အသက် ၁၉ နှစ်လေ။”

"အသက် ၁၉ နှစ်ဟုတ်လား။ ကျွန်မတို့ မြောင်ကျွင်းနဲ့ အတူတူလောက်ပဲ" အမေကော်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဟုတ်တယ်။ ဒါပေမယ့် မြောင်ကျွင်းက အစွမ်းအစရှိတယ်။ အဲ့ဒီကောင်မလေးက အိမ်တွင်းအိမ်ပြင် အကုန်တာဝန်ယူနိုင်တယ်နော်။ ရှောင်ကမ်းရဲ့ အစ်ကိုလတ်ကတော့ ကောလိပ်တက်တုန်းပဲ" အဘွားကျန်းက ပြောလိုက်သည်။

"ကောလိပ်ကျောင်းသား ဟုတ်လား" အမေကော်က အံ့သြစွာ ပြောလိုက်သည်။

"ဟုတ်တာပေါ့။ အစကတော့ ငါလည်း သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တာ" အဘွားကျန်းက သူမကို ရိပ်ခနဲ ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

All Chapters