← Chapters

အခန်း(၅၈၈) ကျေနပ်ခြင်း

Vol. 42 Ch. 588

အခန်း(၅၈၈) ကျေနပ်ခြင်း

Vol. 42 Ch. 588

အခန်း(၅၈၈) ကျေနပ်ခြင်း

ကျိုးရှောင်မိန်နဲ့စကားပြောပြီး ဖုန်းချပြီးသွားသောအခါ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကျိုးစစ်နီလာမည့်အကြောင်း ပြောလိုက်ပါသည်။

"လာလို့ရပါတယ်" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

သူတစ်ယောက်တည်းနဲ့ လုံလောက်သော်လည်း နောက်တစ်ယောက်လောက် ထပ်ပြီး ဂရုစိုက်ပေးမည့်လူရှိလျှင် ပိုကောင်းပါသည်။

"စစ်နီနဲ့ ကော်တုန်းတို့ အဆင်မပြေလောက်ဘူး ထင်ထားတာ" လင်းချင်းဟယ်က ပြုံးရင် အိမ်ပြန်လမ်းတွင် ပြောလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်အကြား ကွာခြားလွန်းသည်။ ဝိန်ကော်တုန်းက ချေးများလွန်းသူဖြစ်၏။ မြို့သူများစွာနဲ့ ဘလိုင်းဒိတ် ပြုလုပ်ခဲ့သော်လည်း တစ်ယောက်ကိုမှ မကြိုက်ခဲ့ပါ။ သူသဘောကျသည့် လူမျိုးက ထက်မြက်ပြီး လှပသည့်မိန်းကလေးမျိုးဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့ပါသည်။

သို့သော်လည်း မထင်ထားစွာဖြင့် စစ်နီလို ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါသည်။

တကယ်တော့ သူမကို သာမန် ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးဟု သတ်မှတ်လို့ မရနိုင်ပါ။ ရှုရှန့်ဝေကိုပဲ သတ်မှတ်နိုင်သည်။ စစ်နီက အရုပ်မဆိုးပါ။ လှပသည်ဟုလည်း ပြောလို့မရနိုင်ပါ။

ထို့အပြင် သူမက ကျေးရွာမှာ ကြီးပြင်းလာသူဖြစ်သည်။ ဒါကိုလည်း သိပ်ပြီး အကောင်းမမြင်ခဲ့ပါ။

အမေဝိန်ရဲ့ စိတ်အားထက်သန်မှုကို ဆန့်ကျင်ဖို့ ခက်ခဲပြီး နောက်ဆုံးတော့ သူတို့ကို ကြိုးစားကြည့်ဖို့ ခွင့်ပြုပေးလိုက်ခြင်းသာဖြစ်သည်။ အံ့သြဖို့ ကောင်းစွာဖြင့် ဝိန်ကော်တုန်းလည်း သဘောကျသွားမိပါသည်။

ကျိုးချင်းပိုင် မအံ့သြပါ။

သူ့တူမက တော်ပါသည်။ မိန်းမတစ်ယောက်ကို လက်ထပ်ရတာက ဘဝနဲ့ဆိုင်သည်။ ဝိန်ကော်တုန်းသာ ဒီလိုလူမျိုးကို သဘောမကျပါက ဘယ်လိုလူမျိုးကို ရှာချင်နေသနည်း၊။

"စစ်နီက အသင့်မဖြစ်သေးဘူးထင်တယ်" လင်းချင်းဟယ်က ပြုံးလိုက်သည်။

"သူ လာရင် အဲ့အကြောင်း ပြောလိုက်ပေါ့" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

ဝိန်ကော်တုန်းက တော်ပါသည်။ သူနဲ့ လက်ထပ်လိုက်ရပြီးနောက် မဆိုးရွားနိုင်ပါ။ နောက်ပိုင်းတွင်လည်း သူ့တူမက လက်ထပ်ရမည်ဖြစ်သည်။ ဒီလူက တော်တော်လေး တော်ပါသည်။ ထို့ကြောင့် သင့်တော်လျှင် လက်ထပ်လိုက်တာ အကောင်းဆုံးဖြစ်မည်။ များများစားစား စဥ်းစားဖို့ မလိုပါ။

ဒီနေ့က ဆောင်းလယ်ပွဲတော်နေ့ဖြစ်သည်။ ထို့ကြောင့် ကျန့်မိသားစုကို အိမ်မှာလာစားဖို့ ဖိတ်ခဲ့၏။ လမုန့်များ စားရင်း တီဗီကြည့်ကာ စကားပြောကြသည်။

ယိုအနှစ်ဖြင့် မြေပဲငါးမျိုးအရသာ လမုန့်များက အရသာရှိလှပါသည်။

ရွှယ်မိန်လီက လမုန့်များကို လက်ဖက်ရည်ဖြင့် သောက်ကာ ပြောလိုက်သည်။ "ဒီဗိုက်ကို ကြည့်ရတာ နင်မွေးတော့မယ်ထင်တယ် ဟုတ်တယ်မလား။ အဲ့ဒီအချိန်ကျရင် တစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ တစ်ယောက်ယောက်တော့ ကူညီမှဖြစ်မယ်။ ကျွန်မအမေကို ခေါ်ထားလိုက်။ ကျွန်မလည်း လာကူညီပေးမယ်။"

"စဥ်းစားပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်မ တူမတစ်ယောက်ကို ခေါ်ထားပြီးသားပါ။ သူမကြာခင် ရောက်လာလိမ့်မယ်။ ရှင်က ယွီလေးတို့မောင်နှမကိုပဲ ဂရုစိုက်လိုက်ပါ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ရပါတယ်" ရွှယ်မိန်လီက ထိုစကားကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ တစ်ယောက်ယောက် လာကူညီပေးလျှင် အများကြီး ပိုလွယ်ကူပါလိမ့်မည်။

ကျိုးချင်းပိုင်က ဘာမှ ဝင်မပြောခဲ့ပါ။ သူတစ်ယောက်တည်းဆိုလည်း ဘာမှမဖြစ်လောက်ဘူးဟု ထင်ထားသည်။ သူတို့က ဘာကြောင့် သူ့ကို မယုံကြတာလဲ။

လက်ထောက်ခေါင်းဆောင်ကျန်းနဲ့ သူ့ရာထူးအကြောင်း စကားပြောလိုက်သည်။ လက်ထောက်ခေါင်းဆောင်ကျန်းက သူ့ကို တချို့အရာများ ထုတ်ပြောပြပါသည်။ "ဒီနှစ် ကျွန်တော် ရာထူးတိုးတော့မယ်။"

"ဒီနယ်ပယ်မှာ ကောင်းကောင်းမွန်မွန် စီမံနိုင်ပြီး အစွမ်းအစလည်းရှိတော့ ရာထူးတိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

လက်ထောက်ခေါင်းဆောင်ကျန်းက ထိုစကားများကို အတော်လေး ကျေနပ်သွားပါသည်။ ထို့ကြောင့် ကျိုးခိုင်တို့၏ အခြေအနေကို မေးလိုက်၏။ ကျိုးချင်းပိုင်ကလည်း တချို့အချက်အလက်များ ပြောပြလိုက်ပါသည်။ လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်၏။ "ရှောင်ကမ်းကို နောက်ပိုင်း လေ့ကျင့်ဖို့ ပို့ပေးမလားလို့လေ"

"အချိန်ကျရင် သားကြီးကို မေးလိုက်ပါ" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။

လက်ထောက်ခေါင်းဆောင်ကျန်း ခေါင်းငြိမ့်လိုက်သည်။ သူ့သားကြီးက အစွမ်းအစရှိသူဆိုတာ သိပါသည်။ ဘာပဲဖြစ်ဖြစ် စစ်တက္ကသိုလ်မှ ဘွဲ့ရရပြီးချင်း တပ်စုခေါင်းဆောင်ဖြစ်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည်ဟု သူတို့ ပြောခဲ့ကြသည်မဟုတ်ပါလား။

ကျိုးခိုင်တစ်ယောက် အမှတ်ကောင်းကောင်းရနိုင်ပါက တပ်မှူးအဆင့်ဖြစ်လာနိုင်သည်။

တပ်စုခေါင်းဆောင်က ဒုတပ်မှူးအဆင့်နဲ့ညီမျှ၏။

သို့သော်လည်း အသက်အရွယ်ကလည်း အရေးပါသည်။ သူက အခု ၂၁ နှစ်သာရှိသေးသည်။ သူ့အလားအလာက ကောင်းမွန်လွန်းပါသည်။

သူတို့မိသားစု ၉ နာရီလောက်မှ ပြန်သွားကြသည်။ အဘိုးကျန်းနဲ့ အဘွားကျန်းတို့လည်း အကြာကြီး ဆက်မနေကြဘဲ ပြောလိုက်သည်။ "နောက်ကျနေပြီ နင်တို့လည်း စောစောနားကြတော့လေ"

"ချင်းပိုင် ဦးလေးနဲ့ ဒေါ်လေးတို့ကို လိုက်ပို့ပေးလိုက်ဦး" လင်းချင်းဟယ်က အမိန့်ပေးလိုက်ပါသည်။

"ဒီတိုင်း လမ်းလေးနည်းနည်းလျှောက်လိုက်ရင် ရောက်တာကို လိုက်ပို့စရာမလိုပါဘူး။ အပြင်မှာ တံခါးပဲ လာပိတ်" အဘိုးကျန်းက ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူတို့ကို တံခါးအထိ လိုက်ပို့ပေးကာ တံခါးကိုလော့ချပြီးနောက် ပြန်လာခဲ့ပါသည်။ သူ့မိန်းမခြေထောက်စိမ်ဖို့အတွက်က ရေနွေးအိုးတည်လိုက်ပါသည်။

လင်းချင်းဟယ်က အနည်းငယ် အိပ်ငိုက်နေပြီး ပြောလိုက်ပါသည်။ "ဒီလောက် အလောတကြီးလုပ်တာ မကောင်းဘူး။ နောက်ထပ် ၁၀ ရက်လောက် စောင့်လိုက်ပါဦး။ ၂၅ ရက်နေ့ကျော်မှ ဖုန်းသွားဆက်ပြီး စစ်နီလာဖို့ ရက်ကို စီစဥ်ပေးလိုက်"

"အဲ့တာတွေ ကိုယ်ပဲစီစဥ်လိုက်ပါ့မယ်" ကျိုးချင်းပိုင်က ပြန်ပြောရင်း သူ့မိန်းမ၏ ခြေထောက်များကို ဆေးပေးလိုက်ပါသည်။ ပြီးမှ သူ့မိန်းမကို အိပ်ခိုင်းလိုက်သည်။

လင်းချင်းဟယ်က တကယ်ပဲ အိပ်ငိုက်နေပြီး သူ့ခေါင်းကို ခေါင်းအုံးနဲ့ ထိလိုက်တာနဲ့တပြိုင်နက် အိပ်ပျော်သွားခဲ့ပါသည်။ ဒီကာလမှာ သိပ်မပူတော့သော်လည်း သူမ အိပ်ဖို့ ပန်ကာသုံးရပါသေးသည်။ စောင်ပါးပါးလေးတော့ ခြုံထားရပါသည်။

ကျိုးချင်းပိုင်က ရေထွက်ချိုးသည်။ အဝတ်အစားများအားလုံးကို လျှော်ဖွတ်ပြီး လှမ်းလိုက်သည်။ ပြီးကာမှ အိမ်ထဲဝင်လာပြီး သူ့မိန်းမနဲ့အတူ အိပ်လိုက်လေသည်။

မျက်စိတမှိတ်အချိန်အတွင်း လကုန်ရက်ရောက်လာပါသည်။ မနေ့က ကျိုးချင်းပိုင်တစ်ယောက် သူ့တူမ ရောက်လာမည့် ရထားအချိန်ကို သားလတ်နဲ့ အတည်ပြုပြီးပြီဖြစ်ပါသည်။ ထို့ကြောင့် သူ ဒီကို တစ်နာရီလောက် စောထွက်လာခဲ့ပြီး စောင့်နေခဲ့ပါသည်။

ရထားတွဲထဲက လူတွေထွက်လာသောအခါ ကျိုးစစ်နီတစ်ယောက်တည်းမဟုတ်ဘဲ ဝိန်ကော်တုန်းလည်း ပါလာပါသည်။

"ဦးလေး" ဝိန်ကော်တုန်းက သူ့ကို မြင်သောအခါ နှုတ်ဆက်လိုက်ပါသည်။

ကျိုးစစ်နီကလည်း ပြုံးကာ ပြောလိုက်ပါသည်။ "စတုတ္ထဦးလေး စောင့်နေတာ ကြာပြီလား။"

"မကြာသေးပါဘူး" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။ "သွားကြစို့"

သူတို့ကို ကားဆီခေါ်သွားလိုက်ပြီး ကားထဲဝင်ပြီးတာနဲ့ အိိမ်ကို မောင်းခဲ့ကြပါသည်။

လင်းချင်းဟယ်ကိုကြည့်ရင်း ဝိန်ကော်တုန်း ပြုံးကာ ပြောလိုက်ပါသည်။  "ဒေါ်လေးလင်းရဲ့ အသားအရေကို ကြည့်ရတာတော့ ကျွန်တော်ပြန်သွားရင် အမေစိတ်အေးလို့ရပြီထင်တယ်"

သူ့အမေက မကြာခဏ ပြောတတ်သည်။ ဒီတစ်ခေါက် စစ်နီသွားမည်ကို ကြားသဖြင့် သူ့ကိုပါ လိုက်သွားဖို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်။

"အစ်မဝိန်က နင့်ကို တကူးတက လိုက်လာခိုင်းလိုက်တာလား" လင်းချင်းဟယ်က ပြုံးကာ မေးလိုက်ပါသည်။

"ကျွန်တော့်အမေက ဒေါ်လေးကို စိတ်ပူနေတာ" ဝိန်ကော်တုန်းက ပြန်ပြောလိုက်ပါသည်။

"ဒီဘက်မှာ ဘာစိတ်ပူစရာရှိလို့လဲ။ အားလုံး အဆင်ပြေနေတာပဲကို။ နင်အချိန်ကော အားလပ်ရဲ့လား" လင်းချင်းဟယ်က ပြန်မေးလိုက်ပါသည်။

"နောက်လအတွက် အားလပ်ရက်ကို ကြိုယူလိုက်တာပါ။ အဲ့တာကြောင့် ကျွန်တော် ရက်နည်းနည်းလောက် ပိုနေလို့ရတယ်။ အားလပ်ရက်ခရီးလိုမျိုးပဲ သဘောထားပါ" ဝိန်ကော်တုန်းက ပြုံးလိုက်ပါသည်။

"နောက်လ စစ်နီ ငါ့ကိုကူညီဖို့ လာမှာဆိုတော့ နင်အားလပ်ရက် ကြိုယူလိုက်တာမလား" လင်းချင်းဟယ်က စလိုက်ပါသည်။

ဝိန်ကော်တုန်းက ရယ်မောလိုက်ပြီး ကျိုးစစ်နီကို ပြန်လှည့်ကြည့်လိုက်ပါသည်။ ကျိုးစစ်နီက အနည်းငယ် ရှက်နေ၏။ သူ့ကို မကြည့်ခဲ့ပါ။ ထို့အစား လင်းချင်းဟယ်ကိုသာ ပြောလိုက်ပါသည်။ "စတုတ္ထဒေါ်လေး ဘယ်လိုနေသေးလဲ။"

"ဘာမှ မဖြစ်ပါဘူး။ ဒီကလေးလေးက ငြိမ်တယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ဒီရက်ပိုင်းထဲ ဗိုက်ထဲက ကလေးလှုပ်ရှားမှုက မကြာမကြာ ပေါ်လာတတ်ပါသည်။ သို့သော်လည်း မွေးဖွားမည့် လက္ခဏာတော့ မတွေ့ရသေးပါ။

သို့သော်လည်း အရင်တစ်ကြိမ်ကလွဲပြီး နောက်ထပ် ဆေးရုံမှာ ချန်းရှန်ကို မတွေ့ကြရတော့ပါ။

"အိမ်မှာ အခန်း ၂ ခန်း ရှိသေးတယ်။ နင်တို့ တစ်ယောက် တစ်ခန်း ယူလိုက်ကြ။ နောက်ရက်တွေ ရှော့ပင်းထွက်ကြ။ ဒီကို လာရတာ ရှားတယ်။ ကော်တုန်းကလည်း ပြန်ရမှာ စစ်နီကလည်း ငါ့ကို ကူညီရမှာ။ အချိန်မရှိမှာ စိုးတယ်" လင်းချင်းဟယ်က သူတို့နှစ်ယောက်စလုံးကို ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ကျိုးစစ်နီက မလိုပါဘူးဟု ပြောချကင်သော်လည်း ဝိန်ကော်တုန်းက အရင်ပြောလိုက်ပါသည်။

ထို့နောက် ကျိုးစစ်နီလည်း ဘာမှမပြောတော့ပေ။ သူတို့ကို ရေအရင်ချိုးခိုင်းလိုက်ပြီး အနည်းငယ် လန်းဆန်းသွားမှ ဗိုက်ဖြည့်ခိုင်းလိုက်ကြပါသည်။

အခု မွန်းတည့်ချိန်လောက် ရှိနေပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို အရင်နားခိုင်းလိုက်တာ ပိုကောင်းပါသည်။ ကျန်ကိစ္စများကိုတော့ အနားယူပြီးမှ ပြောတော့မည်။

"သူတို့ လိုက်ဖက်တယ်နော်" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တီးတိုးပြောလိုက်ပါသည်။

"သူလိုက်လာတယ်ဆိုတော့ သဘောကောင်းတာပေါ့" ကျိုးချင်းပိုင်ကလည်း ပြောလိုက်ပါသည်။

သူအရင်ရည်ရွယ်ထားတာကတော့ သားလတ်ကို လိုက်ပို့ခိုင်းဖို့ဖြစ်သည်။ ထို့ကြောင့် သားလတ်ကို မတွေ့ဘဲ ဝိန်ကော်တုန်းကို တွေ့လိုက်ရသောအခါ အနည်းငယ် အံ့သြသွားရပါသည်။

သို့သော်လည်း သူ့ရင်ထဲမှာတော့ ကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

All Chapters