← Chapters

အခန်း(၅၈၉) ကျိုးနွံတတ်တဲ့ စစ်နီ

Vol. 42 Ch. 589

အခန်း(၅၈၉) ကျိုးနွံတတ်တဲ့ စစ်နီ

Vol. 42 Ch. 589

အခန်း(၅၈၉) ကျိုးနွံတတ်တဲ့ စစ်နီ

ဝိန်ကော်တုန်းက လေးလေးနက်နက်လုပ်နေတာကို လင်းချင်းဟယ်ပြောနိုင်ပါသည်။ ထို့ကြောင့် ဘာမှ ဝေဖန်စရာ မရှိတော့ပါ။

ဝိန်ကော်တုန်းနဲ့ ကျိုးစစ်နီတို့ အိပ်စက်ပြီးနောက် ညစာပြင်ဆင်ကြပါသည်။

ကျိုးချင်းပိုင်က ဦးဆောင်ပြီး ဝိန်ကော်တုန်းနဲ့ အတူတူ ချက်ပြုတ်ကြပါသည်။ ကျိုးစစ်နီကိုတော့ သူမ၏ စတုတ္ထဒေါ်လေးနဲ့ စကားပြောခိုင်းထားလိုက်ပါသည်။

လင်းချင်းဟယ်က ဝိန်ကော်တုန်းအကြောင်း သူမကိုမေးဖို့ အလျှင်မလိုပါ။ ဝိန်ကော်တုန်းပြန်သွားမှ ပြောလည်း နောက်မကျလောက်ပါ။

"စတုတ္ထဒေါ်လေး ဒီမှာ ကားဝယ်ထားတာလား" ကျိုးစစ်နီက မေးလိုက်ပါသည်။

"အေး နင့်စတုတ္ထဦးလေးက လျှောက်သွားရတာ ကြိုက်တော့ ငါလည်း ဘာမှ မလုပ်နိုင်ဘူး။ ဆေးရုံနဲ့လည်း ဘယ်လောက်မှ ဝေးတာမှမဟုတ်တာကို" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးစစ်နီက ပြုံးလိုက်ပါသည်။ "စတုတ္ထဦးလေးက ဒေါ်လေးကို ချစ်လို့ပါ။"

ထို့နောက် သူမ၏ စတုတ္ထဒေါ်လေးကို ခြေထောက်မြှောက်ခိုင်းလိုက်သည်။ "စတုတ္ထဒေါ်လေး ခြေထောက်နှိပ်ပေးမယ်နော်။ ကိုယ်ဝန်ရှိနေတဲ့အချိန်ကျရင် နေရခက်တတ်တယ်။"

သူမ၏ အကြီးဆုံးအစ်မနဲ့ ဒုတိယအစ်မတို့အတွက်လည်း လုပ်ပေးဖူးပါသည်။ စတုတ္ထဒေါ်လေးကို လုပ်ပေးဖို့က ရေးကြီးခွင်ကျယ်မဟုတ်ပါ။

"ကော်တုန်းသာ ဒါကိုမြင်သွားရင် ကြည့်နိုင်မှာ မဟုတ်ဘူး" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

"သူက ဒါတွေကို ဘယ်နားလည်မှာလဲ" ကျိုးစစ်နီက ခေါင်းခါလိုက်ပါသည်။

"တကယ်ပါပဲ၊ မလိုပါဘူး။ ငါနေရခက်ရင် နင့်ဦးလေးကို လုပ်ခိုင်းလို့ရတာပဲ။ နင်ကတော့ ဒီတစ်ခေါက် ညကျောင်းကို ခွင့်ရက်အရှည်ကြီး ယူခဲ့ရတာမလား" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"စာပြန်နွှေးဖို့ စာအုပ်တွေ ယူလာခဲ့ပါတယ်။ သမီး နားမလည်ရင် ဒေါ်လေးကို မေးမယ်လေ" ကျိုးစစ်နီက ဒါကိုစိတ်မရှိပါ။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ကျိုးစစ်နီက ပြောလိုက်သည်။ "ဒီနာမှာ ဖုန်းပြောလို့ရတဲ့ နေရာရှိလား။ သမီးဖုန်းပြန်ဆက်ရဦးမယ်။ မေ့နေတာ။"

"မလိုပါဘူး။ နင်အိပ်နေတုန်းက နင့်ဦးလေး ဆက်ပြီးသွားပြီ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးစစ်နီက ပြောလိုက်၏။ "အဘိုး၊ အဘွားနဲ့ အဘိုးဝမ်တို့က ဒေါ်လေးကို သတိရနေကြတာ။ မနေ့တစ်နေ့တုန်းက အဘွားကြက်တစ်ကောင်သတ်ထားတယ်။ ဒါပေမယ့် အဘိုးက ပြောလိုက်တာ။ ဒီကိုရောက်တဲ့အချိန်ကျရင် သိုးသွားမှာကို စိုးရိမ်လို့လေ။ ဒီမှာ ဝယ်လို့မရတာလည်းမဟုတ်ဘဲနဲ့"

လင်းချင်းဟယ်က ပြောလိုက်သည်။ "နင့်အဘွားက တွေးတတ်တာပေါ့။"

သူမ၏ ယောက္ခမက အနည်းငယ် ပါးစိပါးစပ်များသော်လည်း စိတ်ထားက မဆိုးလှပါ။ သူမကို သတိရနေပါသေးသည်။

ကျိုးစစ်နီက ပိုက်ဆံထယူလိုက်ပြီး ပြောလိုက်သည်။"အဘွားက သမီးကို ယွမ် ၂၀၀ ပေးလိုက်ပြီး ဒေါ်လေးကို ပေးခိုင်းလိုက်တယ် စတုတ္ထဒေါ်လေး"

လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "ဒီမှာ ပိုက်ဆံမလိုပါဘူး"

"အဘွားက ယောက္ခမတစ်ယောက်အနေနဲ့ ဘာမှ ကူညီမပေးနိုင်လို့ ရှက်မိတယ်လို့ ပြောတယ်။ အဲ့တာကြောင့် ဒေါ်လေးကို စားကောင်းသောက်ကောင်း တချို့ဝယ်စားဖို့ ပြောလိုက်တယ်" ကျိုးစစ်နီက ရှင်းပြလိုက်ပါသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ လက်ခံလိုက်ပါသည်။

ဦးလေးဝမ်က ယွမ် ၁,၀၀၀ ပေးခဲ့သည်။ သူမ၏ ယောက္ခမက ယွမ် ၂၀၀ ပေးခဲ့၏။ ပိုက်ဆံပမာဏက အရေးမကြီးသော်လည်း လူကြီးများ၏ အတွေးကသာအရေးကြီးပါသည်။ ထို့ပြင် ဦးလေးဝမ်က အများကြီး ပေးထားခဲ့သည်။ သူမ၏ ယောက္ခမက ယွမ် ၂၀၀ ပေးတာကို ရက်ရောသည်ဟုပင် သတ်မှတ်နိုင်ပါသည်။

"တခြား ဘာပြောစရာရှိသေးလဲ" လင်းချင်းဟယ်က မေးလိုက်သည်။

"ဘာမှမရှိတော့ပါဘူး။ အားလုံး အဆင်ပြေကြပါတယ်။" ကျိုးစစ်နီက ဖြေလိုက်ပါသည်။

လင်းချင်းဟယ်က မေးလိုက်သည်။ "အမြွှာနှစ်ယောက်နဲ့ စန်းနီရဲ့ ဖန်ဖန်လေးကော ဘယ်လိုနေလဲ။"

"အဲ့ကလေးတွေ အကုန်လုံး သောင်းကျန်းနေကြတာ၊ နေရာတိုင်းမှာ ပြဿနာပဲ လိုက်ရှာနေတယ်" ကျိုးစစ်နီက ခေါင်းခါရင်း ရယ်မောလိုက်ပါသည်။

စန်းနီ၏ ဖန်ဖန်လေးက ၁ နှစ်နီးပါးလောက်ရှိပြီဖြစ်သည်။ အမြွှာနှစ်ယောက်က ပိုငယ်သည်။ သို့သော်လည်း သူတို့ ၁၁ လနီးပါးလောက်ရှိနေကြပါပြီ။ ထို့ကြောင့် သူတို့ လှုပ်တုတ်လှုပ်တုတ်ဖြင့် တွားသွားနေနိုင်ကြပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ပျောက်သွားတတ်ကြသည်။ သူတို့ကို စောင့်ကြည့်ထားမှ ဖြစ်ပါမည်။

လင်းချင်းဟယ်က ထိုမြင်ကွင်းကို စိတ်ကူးယဥ်ကြည့်လိုက်သည်။ အမြွှာနှစ်ယောက် ရထားတာ ကောင်းသော်လည်း ဒုက္ခကလည်း နှစ်ဆတိုးသွားပါသည်။

ဘာပဲဖြစ်ဖြစ် အခုခေတ်ကလေးများကို အရင်တုန်းက ကလေးများနဲ့ ယှဥ်ကြည့်လို့မရတော့ပေ။

ဒီတစ်သုတ်ကို ၈၀ အလွန်မှာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ သားသုံးယောက်စလုံးကတော့ ၆၀ ခုနှစ်များတွင် မွေးခဲ့ခြင်းဖြစ်သည်။

မျိုးဆက်တစ်ခုလောက် ကွာခြားပါသည်။

ခဏလောက်ကြာသောအခါ ကျိုးချင်းပိုင်နဲ့ ဝိန်ကော်တုန်းတို့ ချက်ပြုတ်ပြီးစီးသွားကြသည်။ ကျိုးချင်းပိုင်က ဝိန်ကော်တုန်းကို သိပ်ပြီးသဘောမကျပါ။ သူက ဘာမှမလုပ်တတ်သောလူမျိုး ဖြစ်ပါသည်။

သူ သတိမထားမိခဲ့ပါ။ သူကိုယ်တိုင်ကလည်း အရင်တုန်းက ဖက်ထုပ်များသာ လုပ်တတ်သည်။ နောက်တော့ မြို့တော်ကို ရောက်လာသောအခါ သင်ကြားပြသပေးသည့် ဆရာမရှိဘဲ အချက်အပြုတ်ကို ကျွမ်းကျင်အောင် လုပ်ခဲ့ပါသည်။

"မင်းတစ်ယောက်တည်း နေတော့မယ်လို့ကြားတယ်နော်" ညစာစားပွဲဝိုင်းတွင် ကျိုးချင်းပိုင်က သူ့မိန်းမအတွက် ငါးအရိုးနွှင်ပေးရင်း ဝိန်ကော်တုန်းကို ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ဝိန်ကော်တုန်းက ခေါင်းငြိမ့်လိုက်ပါသည်။

"လက်ထပ်ပြီးရင် အလုပ်က နေထိုင်ဖို့နေရာစီစဥ်ပေးမှာလား" ကျိုးချင်းပိုင်က မေးလိုက်ပါသည်။

သူတို့နှစ်ယောက်အကြားက ဆက်ဆံရေးကိုကြည့်ခြင်းအားဖြင့် အောင်မြင်မည့် စုံတွဲဖြစ်သည်။ လူကြီးများ၏ ကိုယ်စား သူမေးခွန်းအချို့ မေးပေးရပါလိမ့်မည်။

"နောက်ပိုင်း စီစဥ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်မှာ လွှဲပြောင်းခနဲ့ လစာလည်း ရှိတယ်။ ကျွန်တော့်ဖာသာ လိုက်ရှာဖို့ စီစဥ်ထားတယ်။ အိမ်ကောင်းကောင်းတစ်လုံးတွေ့ရင် ဝယ်လိုက်တာပေါ့" ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။

လောလောဆယ်သူက လူပျိုတစ်ယောက်သာဖြစ်သဖြင့် အလုပ်က သူ့ကို နေရာတစ်ခု ချထားပေးမည် မဟုတ်ပါ။ သူလက်ထပ်ပြီးရင်တောင် အလုပ်က နေရာကောင်းကောင်းတစ်ခုကို မစီစဥ်ပေးလောက်ပေ။ ဆိုးရွားသော နေရာများ အများကြီး ရှိပါသည်။

ထို့ကြောင့် သူ့ဖာသာသူ ဝယ်ဖို့ ဆုံးဖြတ်ထားပါသည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ သူတို့ဘယ်တော့ လက်ထပ်မလဲ ဆိုတာကိုတော့ မမေးခဲ့ပါ။

ဝိန်ကော်တုန်းက သူ့ကိုမေးဖို့ မျှော်လင့်နေမိ၏။ မထင်ထားစွာဖြင့် သူ မမေးခဲ့ပါ။ ထို့ကြောင့် သူစိတ်လျှော့လိုက်ပါသည်။

သူဒီမှာ ၃ ရက်လောက်နေခဲ့ပြီး ရထားဖြင့် ပြန်သွားခဲ့ပါသည်။

ကျိုးချင်းပိုင်က သူ့ကို ဘူတာသို့ လိုက်ပို့လိုက်သည်။ လင်းချင်းဟယ်ကတော့ ကျိုးစစ်နီနဲ့ အိမ်မှာ ဝိန်ကော်တုန်းအကြောင်းကို ပြောနေပါသည်။ အဓိကအားဖြင့် ကျိုးစစ်နီ၏ သဘောထားကို မေးနေခြင်းဖြစ်ပါသည်။

ကျိုးစစ်နီက အနည်းငယ်ရှက်နေပြီး ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး သမီးသဘောထားကတော့ ဒေါ်လေးနဲ့ အတူတူပါပဲ။ သမီးတို့ပြောစရာ စကားရှိမယ်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက ပညာအရမ်းတတ်တယ်။ သမီးက ဘယ်နှတန်း တက်ဖူးလို့လဲ။ ပြီးတော့လည်း သမီးက ရွာမှာမွေးလာတာ။ ကြည့်လိုက်ရုံနဲ့ သူနဲ့ သမီးအကြားမှာ ကွာခြားချက်က ကြီးလွန်းတယ်။"

"ဒါဆို ဒီသခင်လေးက အခုဘာလို့ ဒီလိုတွေလုပ်နေတာလဲ။ နင့်ကို လူကိုယ်တိုင်လိုက်ပို့ပြီး စိတ်မပူဘဲ ပြန်သွားတယ်" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

ကျိုးစစ်နီက ပြောလိုက်သည်။ "ဘာသဘောလဲဆိုတာ သမီးသိပါတယ်။ ဒါပေမယ့် သမီးတို့ ထပ်တွဲကြည့်ရဦးမယ်လို့ ထင်တယ်။ ပြီးတော့လည်း သူသမီးအိမ်ကို လာမကြည့်ဖူးသေးဘူးလေ။ သူ မကြိုက်လောက်ဘူး ထင်တယ်။"

သူမလည်း ဝိန်ကော်တုန်းအပေါ် ဘာခံစားချက်မှ မရှိဘူးဟု မပြောနိုင်ပါ။ သူမ သူ့ကို သဘောကျပါသည်။ သို့သော်လည်း သဘောကျရုံလောက်သာ ရှိသည်။ ဒီလို ရင့်ကျက်ပြီး တည်ငြိမ်သည့် ယောက်ျားမျိုးကို သူမ သဘောမကျဘဲနေပါ့မလား။

သို့သော်လည်း သူ့ကို လက်ထပ်ဖို့ကတော့ သူနောင်တရသွားမှာကို ကျိုးစစ်နီ စိုးရိမ်နေပါသည်။ သူထင်ထားသလောက် သူမက မတော်ဘူးဟု ထင်သွားမှာကို စိုးမိသည်။

အားလုံးခြုံကြည့်လိုက်လျှင် ကျိုးစစ်နီက အနည်းငယ် အဆင့်နိမ့်နေပါသည်။

ကိုယ့်ကိုယ်ကို ကျိုးနွံမှုကြောင့် သူမကိုယ်သူမ ကောင်းမွန်စွာ ကာကွယ်ထားသည်။

လင်းချင်းဟယ်က နားလည်ပြီး ချော့ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့။ နင့်အစ်မနဲ့ ခဲအိုတို့ကို ကြည့်ပါဦး။ သူတို့ကြားထဲက ကွာခြားချက်က မကြီးလွန်းဘူးလား။ နင့်အစ်မရဲ့ ယောက္ခမက နင့်အစ်မကို သဘောမကျတာတောင် သူနဲ့ နင့်ဒုတိယအစ်မတို့မိသားစုက အခုပျော်ရွှင်နေကြတာပဲ မဟုတ်ဘူးလား။"

"သမီးရဲ့အစ်မက ထူးချွန်ပြီး လှလည်းလှတယ်လေ" ကျိုးစစ်နီက ပြုံးလိုက်ပါသည်။

"အဲ့လိုပြောလို့တော့ မရဘူးလေ။ နင့်ရဲ့ဒုတိယအစ်မက ထက်မြက်တယ်ဆိုပေမယ့် နင်လည်း မဆိုးပါဘူး။ မဟုတ်ရင် သူ့အမေက နင့်အကြောင်း ခဏခဏပြောနေပါ့မလား။ ပြီးတော့လည်း နင်က အိမ်မှုကိစ္စ နိုင်နင်းတယ်။ ဖြစ်ချင်တော့ ကော်တုန်းကလည်း သူ့မိသားစုကို စောင့်ရှောက်နိုင်မယ့် နင့်လိုလူမျိုးကိုပဲ လိုအပ်နေတာ။ အဲ့တာကြောင့် သူ့ကို ကြိုးစားပြီး လက်ခံကြည့်လိုက်ပါ။ အဆင်မပြေရင် လူကြီးတွေက ဘာမှပြောမှာမဟုတ်ဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။

ဝိန်ကော်တုန်းနဲ့ ဝိန်မိသားစုအား ဘာမှအပြစ်ဆိုစရာမရှိပါ။ ဒီလိုမိသားစုမျိုးကိုသာ လက်ထပ်လိုက်ပါက မောက်မာခြင်းမရှိလျှင် ဘာမှမဆိုးရွားနိုင်ပါ။

ကျိုးစစ်နီက ပြုံးလိုက်ပါသည်။ "ဦးလေးနဲ့ ဒေါ်လေးတို့ရဲ့အမြင်ကို သမီး ယုံကြည်ပါတယ်။"

"ဒီနှစ်ကုန်ကျရင် ကော်တုန်းကို နင့်မိဘတွေဆီ ခေါ်သွားလိုက်လေ" လင်းချင်းဟယ်က သူမကို ကြည့်ကာ ပြောလိုက်ပါသည်။

"အဲ့အချိန်ကျရင် သမီးရဲ့ ဝမ်းကွဲညီမလေးက ငယ်သေးတော့ အားမှာမဟုတ်ဘူး" ကျိုးစစ်နီက ခေါင်းခါသည်။

"အဲ့အချိန်ကျရင် သားလတ်နဲ့ သားငယ်တို့ အားကြပါတယ်။ ကော်တုန်းကို ခေါ်ပြီး ပြန်လိုက်ပါ။ နင့်ဝမ်းကွဲညီမလေးက နင့်ကို မလိုပါဘူး" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးစစ်နီက တွန့်ဆုတ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ရင်ထဲမှာတော့ သူ့ကို ခေါ်ပြီး မွေးရပ်မြေကို ပြန်ကြည့်လိုက်တာ ကောင်းသည်ဟုခံစားမိပါသည်။ သူမြင်သောအခါ သူမက သူလိုချင်သည့် မိန်းကလေးမျိုး မဟုတ်တာကို နားလည်သွားလောက်မည်။

All Chapters