အခန်း(၅၉၀) ကလေးမွေးခြင်းနဲ့ မီးဖွားပြီးချိန်ပြုစုစောင့်ရှောက်မှု
Vol. 43 Ch. 590
အခန်း(၅၉၀) ကလေးမွေးခြင်းနဲ့ မီးဖွားပြီးချိန်ပြုစုစောင့်ရှောက်မှု
လင်းချင်းဟယ်က အမျိုးသားနေ့ဝန်းကျင်တွင် မွေးဖွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ အလွန်စည်ကားပြီး လူများလည်း များပြားလွန်းသောကြောင့် သူမ အနည်းငယ် စိတ်ပူမိပါသည်။
သို့သော်လည်း သူမ၏ ဗိုက်ထဲက ကလေးကတော့ အလွန်တည်ငြိမ်နေလှပါသည်။ သူတို့ အမျိုးသားနေ့ကို မကျင်းပနိုင်ခဲ့ကြပေ။ အောက်တိုဘာ ၁၀ ရက်နေ့တွင် သူမဗိုက်စနာလာခဲ့ပါသည်။
ပထမ သားသုံးယောက်ကို မွေးဖွားခဲ့သောကြောင့်ဖြစ်နိုင်သည်။ ဗိုက်နာလာသောအခါ သူတို့ စိတ်လှုပ်ရှားခဲ့ကြ၏။ ကလေးအား ည ၁၀ နာရီလောက်တွင် မွေးဖွားနိုင်ခဲ့ပါသည်။
လင်းချင်းဟယ်က မိန်းမ တစ်ယောက်ဖြစ်ရခြင်း၏ ခက်ခဲမှုကို သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရပါပြီ။ ဒီဘဝက ပြီးပြည့်စုံလုနီးပါးဖြစ်နေပါပြီ။
"မိန်းမ ပင်ပန်းသွားပြီ" ကျိုးချင်းပိုင်က မျှော်လင့်ထားတာ ကြာပြီဖြစ်သည့် သမီးလေးကို ရသွားပြီးနောက် သူမ၏ ပင်ပန်းနေသော မျက်နှာကိုကြည့်ရင်း ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။ သူမ အားသိပ်မရှိဘဲ သကြားညိုရည်ကို သောက်ပြီးနောက် အိပ်ပျော်သွားခဲ့ပါသည်။
တခြားကိစ္စများကို ကျိုးချင်းပိုင်နဲ့ ကျိုးစစ်နီတို့ တာဝန်သာ ထားလိုက်ပါသည်။ ကျိုးချင်းပိုင်က ဒါမျိုး အခုမှ ကြုံဖူးသဖြင့် အနည်းငယ် စိမ်းသက်နေပါသည်။ ကံကောင်းစွာဖြင့် သူက လေ့လာထားခဲ့သည်။ သူက ခေါင်းအုံးများကို အသုံးပြုရင်း လေ့ကျင့်ခဲ့၏။ ဒီလိုဆိုရင်တောင် သူ့ရဲ့ ပုလဲလုံးလေးလို တန်ဖိုးရှိသည့် သမီးလေး၏ ခပ်သေးသေးကိုယ်လေးကို မြင်သောအခါ သူ့လက်ကို လှုပ်ရှားဖို့ တွန့်ဆုတ်နေခဲ့ပါသည်။
ကျိုးစစ်နီက အတွေ့အကြုံရှိသော လူတစ်ယောက်ဖြစ်သည်။ ထို့အပြင် မွေးကင်းစ ကလေးလေးကလည်း အလွန်ငြိမ်ပါသည်။ မျက်လုံးများ ပိတ်ပြီး အိပ်စက်နေ၏။ ဘာမှစိတ်ပူဖို့ မလိုအပ်ပါ။
လောလောဆယ် ရာသီဥတုက ကောင်းမွန်ပါသည်။ ရာသီဥတုက ပူလည်းမပူ အေးလည်း မအေးလွန်းပါ။ အလွန်သင့်တော်သည်ဟု သတ်မှတ်နိုင်သည်။
လင်းချင်းဟယ်က ဆေးရုံ ၃ ရက်တက်ခဲ့ပါသည်။ အဘွားကျန်း၊ ရွှယ်မိန်လီနဲ့ ကျန်းကမ်းတို့အားလုံး သူတို့ကို လာတွေ့ခဲ့ကြသည်။ နေ့တိုင်း လာခဲ့ကြပါသည်။
လင်းချင်းဟယ်က ၃ ရက်အတွင်း အများကြီး ပြန်သက်သာသွားကာ ဆေးရုံမှာ ဆက်နေဖို့ မလိုအပ်တော့ပါ။
ရွှေသိုက်နဲ့ ငွေသိုက်တို့က ကိုယ်ပိုင်မြက်သိုက်နဲ့ ယှဥ်ရင် မကောင်းဘူးဆိုသည့် ရှေးဆိုရိုးစကားက မမှားပါဘူး။ သက်တောင့်သက်သာ အရှိဆုံးနေရာမှာ ကိုယ့်အိမ်ကိုယ့်ယာပဲ ဖြစ်ပါသည်။
သူမကို ကျိုးချင်းပိုင်က စည်းကမ်းရှိရှိ တွဲခေါ်ခဲ့သည်။ သူမကို ဝှီးချဲပေါ်တွင် တင်ကာ တွန်းလာခဲ့ပြီး ကားပေါ်သို့ ချီတင်လိုက်ပါသည။ သူ့အငယ်ဆုံး သမီးလေးကို ချီထားသည့် သူ့တူမကို ခေါ်လိုက်သည်။ ထို့နောက် သူတို့မိသားစု အိမ်ပြန်သွားကြပါသည်။
ဒီလိုနဲ့ လင်းချင်းဟယ်က မီးဖွားပြီးကာလ ပြုစုစောင့်ရှောက်မှုကို စတင်ခဲ့ပြီး ကလေးကို နို့တိုက်ခဲ့ပါသည်။ ကျိုးချင်းပိုင်က ကြိုးစားပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာသည်။
ပြောရမည်ဆိုလျှင် စိတ်နှစ်ပြီး သင်ယူပါက ဘာမှ မတတ်မြောက်နိုင်စရာအကြောင်းမရှိပါ။
ကျိုးချင်းပိုင်က သူ့အငယ်ဆုံးသမီးလေးကို အနည်းငယ် ညံ့ဖျင်းသော နာမည်တစ်ခု ပေးခဲ့ပါသည်။ ရှေ့နာမည်တစ်လုံးတည်းသာ ဖြစ်သည်။ မိ ဖြစ်သည်။ ကျိုးမိ ဖြစ်ပါသည်။
အစကတော့ သူမကို ကျိုးမိမိဟု ပေးချင်သော်လည်း လင်းချင်းဟယ်က ကန့်ကွက်ခဲ့ပါသည်။ မိ တစ်လုံးတည်းဆို လုံလောက်ပါပြီ ကျိုးမိမိဟု မခေါ်ပါနဲ့။
သို့သော်လည်း နာမည်ပြောင်ကတော့ မိမိ ဖြစ်သည်။ မိမိလေးက ထိန်းကျောင်းရလွယ်ကူသည်။ ကောင်းကောင်းမွန်မွန်စားသောက်သည်။ လုံလုံလောက်လောက် အိပ်စက်သည်။ ကောင်းကောာင်းမွန်မွန် အိပ်စက်ပြီး လုံလုံလောက်လောက်် စားသောက်ပါသည်။ သူမ ညသန်းခေါင် နို့စို့ဖို့ နိုးလာသောအခါ လင်းချင်းဟယ်က မတတ်နိုင်ပါ။ ကျိုးချင်းပိုင်သာ အားလုံး ကိုင်တွယ်ရသည်။
သူမ၏ သေးခံကို လဲပေးပြီး လျှော်ပေး၏။ ထို့နောက် သူ့မိန်းမကို သွားထူပေးလိုက်ပြီး သူတို့၏ အငယ်ဆုံးသမီးလေးကို နို့တိုက်ခိုင်းလိုက်ပါသည်။
လင်းချင်းဟယ်က ပြီးသွားသောအခါ ဆက်အိပ်သည်။ သူ့သမီးကို ချီပြီး ချော့သိပ်ဖို့ကတော့ ကျိုးချင်းပိုင်တာဝန်သာဖြစ်သည်။
မီးဖွားပြီးကာလအတွင်း လင်းချင်းဟယ်က အားဆေးများစွာ သောက်ခဲ့သည်။ သို့သော်လည်း သူမ ဝလာသည်ဟု ပြောလို့မရပါ။ ထိုအာဟာရများကို မိမိလေးကသာ ယူသွားပါသည်။
သူမမွေးဖွားပြီး ရက်နည်းနည်းလောက် ကြာတာနဲ့ မွေးဖွားစဥ်ကာလတုန်းကနဲ့ လုံးဝခြားနားနေပါပြီ။
သူမ အသားက ဖြူဖွေးနေသည်။ အသားအရည်က လင်းချင်းဟယ်ထံမှ ဆင်းသက်လာပုံရသည်။ အသားအရေသာမကဘဲ မျက်ခုံးလည်းတူသည်။ လင်းချင်းဟယ် သူမကို ကြည့်ရင်တောင် နှလုံးသား အရည်ပျော်သွားရပါသည်။
ကျိုးချင်းပိုင်က ကင်မရာကို ယူပြီး ဝင်လာခဲ့၏။ ဓာတ်ပုံရိုက်ရမည့်အချိန်ရောက်ပါပြီ။ ဒီယောက်ျားက အတော်လေး တရားလွန်သည်။ တစ်ရက်ကို ဓာတ်ပုံ ၅ ပုံတောင် ရိုက်ပါသည်။
"ရှင့်သမီးရဲ့ ဓာတ်ပုံကိုပဲရိုက်နော် ကျွန်မကို မရိုက်နဲ့" လင်းချင်းဟယ်က သူ့ကို သတိပေးလိုက်ပါသည်။
ပြောစရာမလိုအောင် အခုအချိန်မှာ သူမဘယ်လောက် ကြည့်ရဆိုးနေသလဲ သိပါသည်။ သူမကို ဓာတ်ပုံရိုက်ခွင့် မပေးနိုင်ပါ။ ကျိုးချင်းပိုင်က ဘာမှပြန်မပြောဘဲ ဓာတ်ပုံကောင်းကောင်းတချို့ ခိုးရိုက်ခဲ့ပါသည်။
"ဒီနေ့ဘာစားချင်လဲ" ဓာတ်ပုံရိုက်ပြီးနောက် ကျိုးချင်းပိုင်က သူ့မိန်းမကို စိတ်ကျေနပ်စွာ မေးလိုက်ပါသည်။
"အရမ်းကြီး ကောင်းစရာမလိုပါဘူး။ နည်းနည်းလောက်ဆို ရပါပြီ' လင်းချင်းဟယ်က လက်ကို ရမ်းပြလိုက်ပါသည်။
ထိုသို့ပြောလိုက်သော်လည်း ကျိုးချင်းပိုင်ကတော့ အလွန်ခမ်းနားသည့် စားသောက်ပွဲကို ပြင်ဆင်လာပါသည်။ အထဲမှာ ဂျင်းများထည့်ထားသည့် နှမ်းဖြူး ကြက်ဥပြုတ်ဖြစ်သည်။ ထိုဂျင်းကို ဒေါ်လေးမာက ဖန်တီးထားခြင်းဖြစ်သည်။ လတ်ဆတ်သည့် ဂျင်းကို လှီးပြီး နေရောင်အောက်တွင် အခြောက်ခံသည်။ ထို့နောက် အသုံးပြုဖို့ အသင့်ဖြစ်ပြီ ဖြစ်ပါသည်။ ကြက်ဥထဲတွင် ထည့်သုံးနိုင်သည်။
မွေးဖွားပြီးနောက် လေနဲ့စိုစွတ်မှုကို ခံနိုင်ရည် ရှိအောင် ဂျင်းစားပေးဖို့ လိုအပ်ပါသည်။ ဒါက ဒီနေရာက ဓလေ့ဖြစ်၏။ လင်းချင်းဟယ်၏ မွေးရပ်မြေမှာတော့ ဒီလိုမရှိပါ။ သို့သော်လည်း ဒီဓလေ့က ကောင်းမွန်ပါသည်။ ထို့အပြင် လူကြီးသူမများ၏ အကြံဖြစ်သဖြင့် ကျိုးချင်းပိုင်က သူ့မိန်းမအတွက် အသုံးချခဲ့ပါသည်။
လင်းချင်းဟယ်ကလည်း ကြိုက်နှစ်သက်ပါသည်။
လင်းချင်းဟယ်က ကြက်သားဟင်းနဲ့ ဝက်သားဟင်းလိုမျိုး တခြား ဟင်းများကိုတော့ အများကြီး မစားပါ။ သို့သော်လည်း နည်းနည်းတော့စားပါသည်။ ငါးကတော့ ငါးစွပ်ပြုတ် တစ်ပန်းကန်လောက်သောက်သည်။ မိမိလေး အာဟာရလုံလောက်စေဖို့အတွက် ဒီမီးဖွားပြီးကာလအတွင်း ဝိတ်တက်လာအောင် လုပ်လို့မဖြစ်ပါ။
လင်းချင်းဟယ် စားသောက်ပြီးသွားသောအခါ ကျိုးစစ်နီက ပန်းကန်များကို လာယူသည်။ ပန်းကန်များကို ဆေးပြီးနောက် သူမ၏ စတုတ္ထဒေါ်လေးနဲ့ စကားလာပြောခဲ့ပါသည်။ "စတုတ္ထဦးလေး ဒီလောက်တော်မယ်လို့ မထင်ထားဘူး။ အဲ့တာကြောင့်လည်း သမီးတို့ကို မခေါ်တာကိုး။ ဒီမှာ သမီးလုပ်စရာ ဘာမှတောင်မရှိဘူး။"
သူမ ဘာမှလုပ်စရာမရှိဘူး မဟုတ်လား။ ပန်းကန်ဆေး၊ ချက်ပြုတ်၊ ကလေးထိန်း၊ ကြမ်းတိုက်၊ တံမြက်စည်းလှမ်း စတာတွေ အားလုံးကို ကျိုးချင်းပိုင်တစ်ယောက်တည်း ကိုင်တွယ်နိုင်သည်။ သို့သော်လည်း သူမ အလကား လာနေလို့မရသဖြင့် အနည်းငယ် ကူလုပ်ပေးခဲ့ပါသည်။
လင်းချင်းဟယ်က တော်တော်လေး ဇိမ်ရှိနေပါသည်။ အခု ရာသီဥတုက အနည်းငယ် အေးလာပြီဖြစ်သည်။ သေးခံများစွာကို ပြင်ဆင်ထားရ၏။ သို့သော်လည်း နေ့တိုင်းထွက်လာသည်များက များပြားသည်။ အရင်ဆုံး လျှော်ဖွတ်လိုက်ပြီး အဝတ်လျှော်စက်ထဲထည့်ကာ အခြောက်ခံလိုက်ကာ နေပူလှမ်းလိုက်ပါသည်။ သေးခံလဲဖို့မရှိမှာကို စိတ်ပူစရာမလိုပါ။
သို့သော်လည်း ဒါတွေအပြင် ကြမ်းတိုက်ခြင်းနဲ့ တစ်ခါတစ်လေ ကူညီရတာလည်း ရှိပါသည်။ ဒါအကုန်ပဲဖြစ်သည်။ သူမ၏ စတုတ္ထဦးလေးက တကယ်ပဲ ဘက်စုံထူးချွန်သူဖြစ်ပါသည်။
လင်းချင်းဟယ်က နားလည်သည်။ သူမ၏ ချင်းပိုင်က တကယ်ပဲ သမီးကို အရမ်းအလိုလိုက်သူ ဖြစ်လာပါလိမ့်မည်။ ဒါကို ငြင်းလို့မရပါ။ ဒီလို အလိုလိုက်ပုံမျိုးနဲ့ ဆိုရင်တော့ လင်းချင်းဟယ်က စည်းကမ်းတင်းကြပ်သော အမေတစ်ယောက်လုပ်ဖို့ ပြင်ဆင်ထားရတော့မည်။ မဟုတ်ပါက သူမ ဘယ်လိုဖြစ်သွားမည်နည်း။
သို့သော်လည်း သူမယောက်ျားချင်းပိုင်က တကယ်ပဲ တော်သည့် အိမ်ရှင်ထီးတစ်ယောက်ဖြစ်ပါသည်။ ကျိုးစစ်နီ မလာခဲ့ရင်တောင် သူ အားလုံး ကိုင်တွယ်နိုင်ပါသည်။
အဘွားကျန်းကတောင် ကိုယ့်မိန်းမ မီးဖွားပြီး ကာလကို ဒီလောက် ဂရုစိုက်ပေးသည့် ယောက်ျားမျိုး မမြင်ဖူးဘူးဟု ပြောလာခဲ့ပါသည်။
မွေးဖွားပြီးကာလတွင် လင်းချင်းဟယ်က စည်းကမ်းများကို မလိုက်နာပါ။ ခေတ်မှီစံနှုန်းများအတိုင်းသာ ကျင့်သုံးခဲ့သည်။ လဝက်ကျိုးသောအခါ ခေါင်းလျှော်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အခန်းကိုလည်း လေဝင်လေထွက်ကောင်းအောင် ထိန်းသိမ်းထားဖို့ လိုအပ်သည်။ သူမ မျက်နှာကိုပဲ လေတိုးခွင့်ပေးလို့မဖြစ်ပါ။
ငါးရက်ကြာပြီးသောအခါ သူမ အိပ်ယာထဲက ထနိုင်ခဲ့ပြီး လမ်းနည်းနည်းလျှောက်နိုင်ခဲ့ပါသည်။ နေ့တိုင်း သူမ တစ်နေကုန် လှဲလျောင်းနေခဲ့ရသည်။
ဒီလို လှဲလျောင်းနေခြင်းက တကယ်ပဲ သည်းခံနိုင်ဖို့ မလွယ်ကူပါ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာသည်။
ကျိုးချင်းပိုင်က သူမ ခေါင်းလျှော်တာကို သဘောမတူပါ။ သူ မပြောနဲ့၊ အဘွားကျန်းတောင် သဘောမတူခဲ့ပါ။ နောက်ဆုံးတော့လည်း သူမကို အနိုင်မယူနိုင်သဖြင့် သစ်နံကိုင်းရွက်ဖြင့် ရေနွေးကျိုပေးလိုက်ရပါသည်။ ခေါင်းလျှော်ပြီးသွားသောအခါ အိုးဖုံးပေါ်တွင် အပူပေးထားသည့် ပဝါကို သုံးပြီး သူမ၏ ဆံပင်ကို သုတ်ပေးလိုက်ပါသည်။ ခေါင်းမြန်မြန်ခြောက်ပြီး အစိုဓာတ်မဝင်အောင်ဖြစ်သည်။
ကျိုးချင်းပိုင်က ဘာပဲပြောပြော လင်းချင်းဟယ်ကတော့ ခေါင်းလျှော်ပြီးနောက် အသက်ပြန်ဝင်လာသည်ဟု ခံစားမိပါသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပိုပြီး သက်တောင့်သက်သာ ရှိလာခဲ့ပါသည်။
ရေချိုးတာကိုတော့ ၁၂ ရက်ကြာပြီးသောအခါ ချိုးခဲ့သည်။ အလွန် ဇိမ်ရှိလှပါသည်။
မျက်စိတစ်မှိတ် အချိန်အတွင်း တစ်လ ကုန်ဆုံးသွားခဲ့သည်။ လင်းချင်းဟယ်က သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိသွားပါပြီ။ သူမ၏ မီးဖွားပြီးချိန်ကာလ ပြီးသွားတာနဲ့ သက်တောင့်သက်သာရှိစွာဖြင့် ခေါင်းလျှော်ပြီး ရေချိုးကာ နွေးထွေးသည့် နေရောင်အောက်တွင် နေပူစာလှုံနေလိုက်ပါသည်။
"အမေသာ သိရင် မင်းကို သေချာပေါက် နားပူအောင် လုပ်တော့မှာပဲ" ကျိုးချင်းပိုင်က သူမ၏ ဆံပင်ကို သုတ်ပေးပြီးနောက် ပြောလိုက်ပါသည်။