← Chapters

အခန်း(၅၉၁) အမေတူသမီး

Vol. 43 Ch. 591

အခန်း(၅၉၁) အမေတူသမီး

Vol. 43 Ch. 591

အခန်း(၅၉၁) အမေတူသမီး

"ဒါဆိုလည်း အမေ့ကို အသိမပေးနဲ့ပေါ့။ ကျွန်မတို့ အနာဂတ်မျိုးဆက်ကလူတွေဆို မီးဖွားပြီးကာလ ဒီလိုပဲဖြတ်သန်းကြတာပဲ။ ဒါက ကျန်းမာပြီး ဘေးကင်းပါတယ်" လင်းချင်းဟယ်က ဂရုမစိုက်ပါ။

ဒီမျိုးဆက်ကလူတွေကတော့ မီးဖွားပြီးကာစ လူတွေကို အခန်းထဲမှာသာ ပိတ်လှောင်ထားချင်ပါသည်။ ခေါင်းမလျှော်ရ၊ ရေမချိုးရ၊ မျက်နှာမသစ်ရနဲ့ သွားတောင် တိုက်လို့မရပါ။ သူမသာ ဒီမှာမွေးပြီး ဒီမှာကြီးပြင်းလာသူဖြစ်ပါက သူမ ခံနိုင်ရည်ရှိလောက်သည်။ သို့သော်လည်း အနာဂတ်မျိုးဆက်က မီးဖွားပြီးချိန် ပြုစုစောင့်ရှောက်နည်းများကို သိထာားသဖြင့် သေချာပေါက် ထိန်းမထားနိုင်ပါ။

အမှန်ပင်။ အကြောင်းအရင်းကတော့ အခြေအနေများမှာ နောက်ပိုင်းမျိုးဆက်များနဲ့ မယှဥ်နိုင်သောကြောင့်ဖြစ်ပါသည်။ နောက်ပိုင်းမျိုးဆက်များလိုတော့ မလုပ်ရဲပါ။ သို့သော်လည်း သူမကိုယ်သူမ ကျန်းမာပြီး သင့်တော်သည့် ပြုစုစောင့်ရှောက်မှုရအောင်တော့ အကောင်းဆုံးကြိုးစားရပါလိမ့်မည်။

စစ်နီက မိမိလေးနဲ့ ထွက်လာတာကို မြင်သောအခါ လင်းချင်းဟယ်က စကားမဆက်တော့ဘဲ ပြောလိုက်ပါသည်။ "နိုးလာပြန်ပြီလား"

"ဒီတစ်ခါ ဗိုက်ဆာလို့ဖြစ်မယ်" ကျိုးစစ်နီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ သူမ ဆံပင်ကို အရင်စည်းလိုက်ပြီး နို့တိုက်ဖို့ အခန်းထဲပြန်ဝင်သွားပါသည်။ ကျိုးစစ်နီက သူမ၏ ဦးလေးနဲ့ ဒေါ်လေးတို့မှာထူးဆန်းကြသည်ဟု ခံစားမိသည်။ ကျေးရွာမှာသာဆို ရောက်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်း နို့တိုက်ကြလိမ့်မည်။

သူမ၏စတုတ္ထဒေါ်လေးက နို့တိုက်ဖို့ အမြဲတမ်း အခန်းထဲပဲ ပြန်ဝင်သွားတတ်သည်။ သို့သော်လည်း ဒီလိုလုပ်တာ ပိုကောင်းမည်ဟု ကျိုးစစ်နီလည်း ထင်မိပါသည်။ အနာဂတ်တွင် သူမလည်း သူမ၏ စတုတ္ထဒေါ်လေး၏ နို့တိုက်နည်းလမ်းကို လိုက်နာကျင့်သုံးပါမည်။

ရုတ်တရက် ကျိုးစစ်နီ  မျက်နှာ နီလာသည်။ သူမ ဘာတွေတွေးနေတာလဲ။ သူမမှာ ရည်းစားတောင် မရှိသေးတာကို ဘာကြောင့် ဒီလောက်ဝေးဝေး စဥ်းစားလိုက်ရတာလဲ။

"ချင်းပိုင် ရေနွေးယူလာခဲ့" လင်းချင်းဟယ်က အမိန့်ပေးလိုက်သည်။

ကျိုးချင်းပိုင်က ရေနွေးသွားခပ်လိုက်သည်။ လင်းချင်းဟယ်က သူမ၏ အငယ်ဆုံးသမီးလေးကို အမြန်နို့တိုက်ပြီး သူ့အဖေဆီသို့ ပေးလိုက်ပါသည်။

"ဘာကြည့်တာလဲ" ကလေးအဖေ၏ မျက်လုံးများကို လင်းချင်းဟယ် သတိထားမိသွားပြီး မကျေနပ်စွာ ပြောလိုက်ပါသည်။

မျက်လုံးထဲမှာ ရွှင်ပျမှုများဖြင့် ကျိုးချင်းပိုင်က သူ့သမီးကို ချော့မြူလိုက်ပါသည်။

အခုက နိုဝင်ဘာလ ရောက်နေပြီဖြစ်သည်။ လူနာပြက္ခဒိန်တွင် အောက်တိုဘာလဝင်နေပြီဖြစ်သည်။ ရာသီဥတုက အေးလာခဲ့ပါပြီ။

မနက်စောစောအချိန်ဆိုလျှင် မြို့တော်တွင် ခေတ္တ နှင်းကျတတ်သည်။ ရှန်ဟိုင်းမြို့တော်မှာတော့ နှင်းကျသော်လည်း သိပ်ပြီးမစောပါ။

လင်းချင်းဟယ်က ဘယ်အချိန်ပြရင်ကောင်းမလဲ စဥ်းစားနေပါသည်။

"ကိုယ်တို့ ပြန်သွားလည်း ဘာမှလုပ်စရာမရှိသေးဘူး။ သူက အရမ်းငယ်သေးတယ်။ နည်းနည်းလောက် နေပြီးမှ ပြန်ကြတာပေါ့" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။

ဒီအချိန်တွင် အငယ်ဆုံးသမီးလေးက မွေးကင်းစသာ ရှိသေးသည်။ ကျိုးချင်းပိုင်က နည်းနည်းလောက် လျှောက်လည်ပြီးမှ မြို့တော်သို့ ပြန်သွားဖို့ စီစဥ်ထားပါသည်။ သူမ ကြီးလာသည့် အချိန်အထိ စောင့်လိုက်ဦးမည်။

လင်းချင်းဟယ်ကလည်း မကန့်ကွက်ပါ။ ဘာပဲဖြစ်ဖြစ် မြို့တော်နဲ့ ဒီကို သွားရလာရသည့် အကွာအဝေးက မကြီးမားပါ။ ပိုက်ဆံရှိရင် ဘယ်မှာပဲဖြစ်ဖြစ် ကောင်းကောင်းနေလို့ရပါသည်။ ပိုက်ဆံမရှိပါက ဘယ်နေရာမဆို ဆိုးရွားနိုင်ပါသည်။

လောလောဆယ် ပိုက်ဆံလည်း မပြတ်လတ်သေးသဖြင့် ဒီမှာနေလို့ရပါသေးသည်။

မီးဖွားပြီးကာလ ပြီးသွားတာနဲ့ လင်းချင်းဟယ်နဲ့ ကျိုးစစ်နီတို့က အဝတ်အစားများ ထွက်ဝယ်ကြသည်။ အစကတော့ ကျိုးချင်းပိုင်ကို လိုက်ခွင့်မပေးပါ။ သို့သော်လည်း ကျိုးချင်းပိုင်က သူ့သမီးကိုချီပြီး အတင်းလိုက်လာခဲ့ပါသည်။ သူ့အဖိုးတန်သမီးလေး ဗိုက်မဆာအောင် တစ်ချိန်လုံး ချီထားသည်။

လင်းချင်းဟယ်က ဂျတ်ကတ်တစ်ထည် ဝယ်ခဲ့သည်။ ကျိုးစစ်နီအတွက်လည်း တစ်ထည် ဝယ်ပေးလိုက်ပါသည်။ တစ်ထည်ကို ယွမ် ၁၀၀ ကျော်တန်ပြီး စျေးမကြီးပါ။ သို့သော်လည်း ငွေတန်ဖိုးရှိပါသည်။ တကယ်တော့ သူမဆိုင်မှာလည်း ဂျတ်ကတ်များ ရောင်းပြီး စျေးမပေါပါ။ အရည်အသွေးကတော့ ကောင်းမွန်ပါသည်။

တခြားဆိုင်များက အတွင်းခံနဲ့ ဖိနပ်များ ရောင်းချနေကြသည်။ အမှန်ပင်။ ကျိုးချင်းပိုင်အတွက်လည်း ညဝတ်အဝတ်အစား ၂ စုံ ထပ်ဝယ်ပေးခဲ့ပါသည်။

ဒီအချိန်တောအတွင်း သူမ၏ အငယ်ဆုံး သမီးလေးကို ရှော့ပင်းမောလ်ထဲက အလုံပိတ် အခန်းတစ်ခုထဲ ချီလာပြီး နို့ထပ်တိုက်လိုက်ပါသည်။ လင်းချင်းဟယ်တစ်ယောက် တော်တော်လေး ခါးကိုင်းနေပါပြီ။

အစကတည်းက ဘာလို့ နို့မှုန့်ဝယ်ဖို့ မစဥ်းစားမိတာလဲဟု ပြန်တွေးနေမိသည်။

ရှော့ပင်းထွက်ပြီးသွားသောအခါ သူမတို့ ပြန်လာခဲ့ပါသည်။

ရွှယ်မိန်လီက ကျန်းကမ်းနဲ့ ကျန်းယွီတို့ကို ခေါ်ပြီး ရောက်လာခဲ့သော်လည်း သူတို့ အိမ်မှာ မရှိကြပါ။ ထို့ကြောင့် အဘွားကျန်းအိမ်မှာသာ စောင့်နေခဲ့ပါသည်။

သူတို့ ကားသံကြားတာနဲ့ လာခဲ့ကြ၏။

"ဘယ်တုန်းက ရောက်နေကြတာလဲ" လင်းချင်းဟယ်က ဒရိုင်ဘာခုံမှ ဆင်းလိုက်ပြီး ပြုံးကာ မေးလိုက်ပါသည်။

သူမက ကားမောင်းပြီး ကျိုးချင်းပိုင်က ကလေးချီထားပေးသည်။ ကျိုးစစ်နီက သူတို့ကို နှုတ်ဆက်ပြီး ပစ္စည်းများကို အထဲယူသွားပါသည်။ ကျိုးချင်းပိုင်က ပြောလိုက်၏။ "အပြင်မှာအေးတယ်။ အထဲဝင်ပြီး စကားပြောကြလေ"

"ခေါင်းကိုင်အဖေ မိမိလေး အိပ်ပျော်နေတာလား" ကျန်းကမ်းက အထဲလိုက်ဝင်လာပြီး မေးလိုက်ပါသည်။

"အခုလေးတင်ပဲ အိပ်ပျော်သွားတာ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

"သူက ဘာလို့ အမြဲတမ်း အိပ်နေတာလဲ။ သမီးတို့လာတိုင်း သူက အိပ်နေတာချည်းပဲ" ကျန်းယွီက ပြောလိုက်သည်။ သူမလည်း ညီမလေးကို မြင်ချင်ပါသည်။ သို့သော်လည်း ညီမလေးက အမြင်မခံပါ။ အခုထိ နိုးလျက်သား မတွေ့ဖူးကြသေးပေ။

"သမီးညီမလေးက ငယ်သေးတယ်လေ။ စားတာနဲ့ အိပ်တာပဲ လုပ်တတ်တယ်။ မဟုတ်ရင် မြန်မြန်အရွယ်ရောက်နိုင်ပါ့မလား။ အခု သူဘယ်လောက်တောင် နူးညံ့နေလဲကြည့်ပါဦး။” ရွှယ်မိန်လီက ပြောလိုက်ပါသည်။

ကျန်းယွီက မငြင်းပါ။ အခု ညီမလေးက ပိုလှလာပါသည်။ အရင်တုန်းက အနည်းငယ် အသားနီသည်။ သို့သော်လည်း အခုတော့ လုံးဝ ဖြူဖွေး နူးညံ့နေပါပြီ။

သူမ အိပ်ပျော်နေသော်လည်း နည်းနည်းလောက် ကြည့်လိုက်ပြီး ကျေနပ်သွားပါသည်။

ကျန်းကမ်းက ပြောလိုက်သည်။ "သူကြီးလာလေလေ ခေါင်းကိုင်အမေနဲ့ ပိုတူလာလေလေပဲ။"

"သမီးတွေက အမေနဲ့ တူတာ များတယ်လေ။ နင့်ခေါင်းကိုင်အမေနဲ့ တူတာ သာမန်ပါပဲ။ ဒါပေမယ့် နှာခေါင်းကတော့ နင့်ခေါင်းကိုင်အဖေနဲ့တူတယ်" ရွှယ်မိန်လီက ပြုံးလိုက်ပါသည်။

"နှာခေါင်းအကြီးကြီး ဖြစ်သွားမှာလား " ကျန်းယွီက ကျိုးချင်းပိုင်က နှာခေါင်းကိုကြည့်လိုက်ပြီး မေးလိုက်ပါသည်။

ကျိုးချင်းပိုင်က နှာတံမြင့်မြင့်စင်းစင်းဖြစ်သည်။ သူ့နှာခေါင်းက နာမည်နဲ့ လိုက်ဖက်သည်။ ဒီလိုယောက်ျားလေးမျိုးက အလွန် အားအင်တက်ကြွတတ်ကြ၏။ သူ့သားသုံးယောက်စလုံးက သူ့နှာခေါင်းကို အမွေရထားကြသည်။ မထင်မှတ်ထားစွာဖြင့် အငယ်ဆုံး သမီးလေးကလည်း ဆက်ခံထားနိုင်ခဲ့ပါသည်။

"မိန်းကလေးတစ်ယောက် ဆက်ခံထားတယ် ဆိုရင်တောင် နှာတံစင်းတဲ့လူတွေက တကယ် ကံကောင်းတယ်" ရွှယ်မိန်လီက ပြန်ပြောလိုက်ပါသည်။

"မေမေ သမီးနှာခေါင်းကကော ကြီးလား" ကျန့်ယွီလေးက ပြောလိုက်သည်။

"သမီးက သမီးအဖေနဲ့တူတယ်။ မိမိလေးလိုပဲ ကံကောင်းတဲ့ ညီအစ်မနှစ်ယောက်ပေါ့" ရွှယ်မိန်လီက ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။

ကျန့်ယွီလေးက ကျေနပ်အားရသွားပါသည်။ လင်းချင်းဟယ်က သူတို့ကိုခေါ်ပြီး ဧည့်ခန်းထဲမှာ ထိုင်နေပါသည်။ ကျိုးချင်းပိုင်ကတော့ သူ့သမီးကို ပြုစုပြီးမှ ထွက်လာသည်။

"ဒီလရဲ့ လပတ်စာမေးပွဲရလဒ်တွေ ထွက်ပြီမလား။ ဘယ်လိုအခြေအနေရှိလဲ" လင်းချင်းဟယ်က တီဗီကိုဖွင့်လိုက်ပြီး ကျန်းကမ်းကို မေးလိုက်ပါသည်။

"အဆင့် ၇၀ ပဲ ရတယ်" ကျန်းကမ်းက အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်ပါသည်။ သူ အလွန်ကြိုးစားခဲ့သည်။ သို့သော်လည်း ကွာဟချက်ကတော့ ကြီးမားဆဲဖြစ်၏။ သူ မြို့တော်သို့ သွားချင်ပါက အဆင့်များက အဝေးကြီး လိုနေပါသေးသည်။ တစ်နှစ်လုံး၏ ထိပ်တန်း အဆင့် ၃၀ ထဲပါဖို့ လိုသည်။

သူ့အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့၏ တက္ကသိုလ်မဟုတ်ဘဲ အနီးအနားက တက္ကသိုလ်ဖြစ်သည်။ မြို့တော်မှာရှိနေခြင်းသာဖြစ်ပါသည်။

"တိုးတက်လာတာ မနည်းပါဘူး။ အရင်တုန်းက အဆင့် ၁၀၀ အောက်ပဲ ရတာမလား" ရွှယ်မိန်လီက နှစ်သိမ့်လိုက်သည်။

လင်းချင်းဟယ်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အားမငယ်ပါနဲ့။ ဒီနှစ်က အထက်တန်း ဒုတိယနှစ်ပဲရှိသေးတာ။ အချိန်ရှိပါသေးတယ်။"

၁၉၈၂ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြုပြင်ပြောင်းလဲမှုများက ယခု အထွေထွေ ဖြစ်နေပါပြီ။ အထက်တန်းကျောင်းက အရင်လို ၂ နှစ် စနစ် မဟုတ်တော့ဘဲ ၃ နှစ် စနစ် ဖြစ်ပါသည်။

ဒီနှစ်ထဲ သူက အထက်တန်းကျောင်း၏ ဒုတိယနှစ် ပထမ စာသင်ဝက်သာ ရှိသေးသည်။ အခွင့်အလမ်းတွေ အများကြီး ရှိနေပါသေးသည်။

ကျန်းကမ်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "သေချာပေါက် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး မြို့တော်ကို သွားနိုင်အောင် လုပ်ပါ့မယ်။"

ရွှယ်မိန်လီက ယခု ပိုပြီး သဘောတူလာပြီ ဖြစ်ပါသည်။ သူမက လင်းချင်းဟယ်ကို ပြောလိုက်၏။ "ဒီကလေးက အိမ်ကိုလည်း မချစ်ဘူး၊ အိမ်မှာလည်း မနေချင်ဘူး။"

"သူ အိမ်မှာ မနေချင်တာ မဟုတ်ပါဘူး။ သူ အခု အရွယ်ရောက်လာပြီမို့လို့ပါ။ အပြင်လောကကြီးကို ထွက်ကြည့်သင့်ပြီလေ" လင်းချင်းဟယ်က ပြောလိုက်သည်။

ရွှယ်မိန်လီက ပြောလိုက်၏။ "အစ်မချင်းဟယ် သူ နောက်ပိုင်း မြို့တော်ကို ရောက်လာရင် ရှင့်ကိုပဲ ဒုက္ခပေးရဦးမှာပဲ။"

"စိတ်မပူပါနဲ့။ စာသင်ဖို့အတွက် အများကြီး စွန့်စားကြတဲ့ ကောလိပ်ကျောင်းသားတွေ အများကြီး ရှိပါတယ်" လင်းချင်းဟယ်က အာမခံလိုက်ပါသည်။

"ဟုတ်တယ်။ ကျွန်တော် စာသင်ဖို့ အဝေးကြီး သွားတာကို ကောင်းကင်ပြိုသလို လုပ်နေတယ်။ ကျွန်တော် မိန်းမယူပြီး အိမ်ခွဲနေရင် ဘယ်လိုလုပ်မလဲ" ကျန်းကမ်းက ပြောလိုက်ပါသည်။

ရွှယ်မိန်လီက ထိတ်လန့်သွားပါသည်။ "ကောင်စုတ်လေး နင့်အမေဖြစ်တဲ့ ငါ့ကို မချစ်ဘူးလား။"

"မချစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေကလည်း နေသားကျအောင် နေရမှာပေါ့။ ကျွန်တော်အရွယ်ရောက်လာရင် သေချာပေါက် ခွဲနေရမှာပဲ။ အိမ်ကို မကြာမကြာ လာနိုင်မှာ မဟုတ်ဘူး" ကျန်းကမ်းက ပြောလိုက်ပါသည်။

"မွေးရကျိုးကိုမနပ်ဘူး။ နင်သွားချင်တဲ့နေရာသာသွား။ နင့်ကို ဂရုမစိုက်အားဘူး" ရွှယ်မိန်လီက ဂရုမစိုက်စွာ ပြောလိုက်သည်။

All Chapters