← Chapters

အခန်း(၅၉၂) အဖေ့ရဲ့အချစ်

Vol. 43 Ch. 592

အခန်း(၅၉၂) အဖေ့ရဲ့အချစ်

Vol. 43 Ch. 592

အခန်း(၅၉၂) အဖေ့ရဲ့အချစ်

သူ့အမေ စိတ်ဆိုးနေတာကို သိသဖြင့် ကျန်းကမ်းက ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။ "ကျွန်တော် တက္ကသိုလ်တက်မှ ကျွန်တော်လူကြီးဖြစ်မှာပါ။ အခုတော့ အမေစောင့်ရှောက်ရဦးမယ်။"

"နင့်ကိုမြင်ရတာ စိတ်ရှုပ်ဖို့ကောင်းတယ်" ရွှယ်မိန်လီက ပြောလိုက်သည်။

လင်းချင်းဟယ်က ပြောလိုက်၏။ "နင့်အမေက နင့်ကို စိတ်ပူတော့ နင့်အမေ ပွစိပွစိလုပ်တာကို အပြစ်တင်ရဲတယ်ပေါ့။"

"မဟုတ်ပါဘူး။ အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ကို မေးကြည့်ပြီးသွားပြီ။ ဒေါ်လေးက သူတို့ကို ဂရုမစိုက်ဘူးတဲ့။ အဲ့တာကြောင့် သူတို့ အရမ်း လွတ်လပ်တယ်တဲ့" ကျန်းကမ်းက ပြောလိုက်ပါသည်။

လင်းချင်းဟယ်၏ နှုတ်ခမ်းတွန့်သွားပြီး ရှင်းပြလိုက်ပါသည်။ "လူတွေရဲ့ စရိုက်က မတူဘူးလေ။ နင့်အမေက ငါနဲ့မတူဘူး။ ငါက အရမ်းအလုပ်များပြီး သူတို့ကို အုပ်ချုပ်ဖို့ အချိန်မရှိဘူး။ နင့်အမေကတော့ အချိန််ပြည့် အိမ်ထောင်ရှင်မ တစ်ယောက်ပဲ။ အဲ့တာကြောင့်မို့လို့ မိသားစုနဲ့ နင်တို့မောင်နှမတွေကို ပိုပြီးဂရုစိုက်တာပေါ့။"

ရွှယ်မိန်လီ စိတ်ကျေနပ်သွားပါသည်။

သူမ ပြောတာ မဟုတ်ဘူးလား။ သူမ လက်ထပ်ပြီးကတည်းက အလုပ်မသွားတော့ပါ။ အိမ်နဲ့ ကလေးတွေကိုပဲ အာရုံစိုက်ထားခဲ့သည်။ သူမ စိတ်ကို အများကြီး နှစ်ထားသဖြင့် သွားခွင့်ပြုရမှာ အလွန်တွန့်ဆုတ်နေပါသည်။

ဘာပဲဖြစ်ဖြစ် သူမ၏ အသွေးအသားများ ဖြစ်သဖြင့် ဘယ်လောက်ပဲ အရွယ်ရောက်လာပါစေ သူမမျက်လုံးထဲမှာတော့ ကလေးသေးသေးလေးများသာ ရှိကြပါသေးသည်။

ကျန်းကမ်း၏ အရင်ဆိုးသွမ်းမှုများက ရွှယ်မိန်လီကြောင့်ဟု ဆိုနိုင်သော်လည်း အခုတော့ သူ ပြောင်းလဲသွားပြီဖြစ်သည်။ အထူးသဖြင့် ညီအစ်ကိုနှစ်ယောက်ကို မြင်ပြီးသွားကတည်းက ဖြစ်ပါသည်။ သူ့ကိုသူ အများကြီး ထိန်းကျောင်းပြီး သူ့စိတ်ဓာတ်တစ်ခုလုံးကလည်း ခြားနားလာခဲ့ပါသည်။

အရင်တုန်းကတော့ အလယ်တန်းကျောင်းသားလေးလို့ ဖြစ်နေသော်လည်း အခုတော့ ပိုပြီး ရင့်ကျက်သွားသည့်ပုံစံ ပေါ်ပါသည်။

ရွှယ်မိန်လီက မောင်နှမများကို ခေါ်လာတာ အတော်ကြာပြီဖြစ်သည်။ အချိန်ကျတော့မည်ကို မြင်သဖြင့် အိမ်မှာမစားကြတော့ဘဲ ပြန်သွားပါသည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ညစာပြင်ထားခိုင်းလိုက်သည်။ စစ်နီကို အိမ်စောင့်ခိုင်းထားပြီး သူမ ဖုန်းထွက်ဆက်လေသည်။

သူမ ကလေးမွေးပြီးကတည်းက ဖုန်းမဆက်ရသေးပါ။ အမှန်ပင်။ ကျိုးချင်းပိုင်ကတော့ ကလေးမွေးပြီး နောက်နေ့တွင် ဖုန်းဆက်ခဲ့သည်။ သို့သော် သူမလည်း ဖုန်းဆက်သင့်ပါသည်။

သူမ အကြီးဆုံးမရီးကို အရင်ဆုံး ဖုန်းခေါ်လိုက်သည်။

အကြီးဆုံးမရီးက ဖုန်းလာဖြေသောအခါ သူမ၏ အသံက ပီတိများဖြင့် ပြည့်ဝနေပါသည်။

"အခုတော့ သားတွေ သမီးတွေနဲ့ ပြည့်စုံသွားပြီပေါ့။ နင်တို့နှစ်ယောက်ရဲ့ အကြာကြီး မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေ ပြည့်ဝသွားပြီ။ မိမိလေး နေကောင်းရဲ့လား။"

"စားလိုက်အိပ်လိုက်၊ အိပ်လိုက်စားလိုက်ပဲ။ ဘာမှ ဒုက္ခမများပါဘူး" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။

"အခု မွေးဖွားပြီးကာလ ပြီးသွားပြီဆိုတော့ မြို့တော်ကို ဘယ်တော့ပြန်ဖို့ စီစဥ်ထားလဲ။ ငါတို့မိဘတွေနဲ့ တခြားသူတွေအားလုံး နင့်ကို သတိရနေကြပြီထင်တယ်" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။

"ဒီရက်ပိုင်းထဲ ပြန်မယ်လို့ ကျွန်မစဥ်းစားထားတယ်။ ဒါပေမယ့် ချင်းပိုင်က ကလေးငယ်သေးတယ်လို့ ပြောတယ်။ အဲ့တာကြောင့် အေးအေးဆေးဆေးမှ ပြန်တော့မယ်။ ကျွန်မတို့ လုပ်စရာကိစ္စတွေလည်း မရှိဘူးဆိုတော့ အေးဆေးပဲလေ" လင်းချင်းဟယ်က ဖြေလိုက်ပါသည်။

ကလေး တစ်လသားအရွယ်က တကယ်ပဲ ငယ်လွန်းပါသေးသည်။ လင်းချင်းဟယ်က နောက်လမှပြန်ဖို့ စီစဥ်ထား၏။ ထိုအချိန်ကျရင် ရာသီဥတုအေးနေမှာ မှန်သော်လည်း ဘာမှစိတ်ပူဖို့ မလိုအပ်ပါ။ ကလေးကို တင်းတင်းကြပ်ကြပ်လေး ပွေ့ချီထုပ်ပိုးထားရင် အဆင်ပြေပါပြီ။

ရှန်ဟိုင်းမြို့တော်မှာ နှစ်သစ်ကူးအထိ နေဖို့ကတော့ သေချာပေါက် မဖြစ်နိုင်ပါ။ အငယ်ဆုံးသမီးလေးပါ ရောက်လာပြီဖြစ်သဖြင့် သူတို့ မြို့တော်ကို ပြန်ပြီး နှစ်သစ်ကူးမှာ ပြန်လည်စုံစည်းကြရပါမည်။

"ရထားက အရမ်းဆူမယ်ထင်တယ်။ သူ့နားရွက်လေးတွေကို အုပ်ပေးထားရမယ်" အကြီးဆုံးမရီးက သတိပေးလိုက်ပါသည်။

"ကျွန်မ သိပါတယ်။ စကားမစပ် အကြီးဆုံးမရီး၊ စစ်နီက ကော်တုန်းကို ဒီနှစ် နှစ်သစ်ကူးမှာ ဇာတိပြန်ခေါ်လာလောက်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

"ကောင်းပါပြီ။ ငါတို့နဲ့ တွေ့ဖို့ ခေါ်လာခဲ့ပေါ့" အကြီးဆုံးမရီး၏ အသံက ပို၍ပင် ဝမ်းသာလာပါသည်။ သူမ၏ တတိယသမီးလည်း မြို့တော်တွင် လက်ထပ်နိုင်ပါက ပြီးပြည့်စုံသွားပါလိမ့်မည်။

"တာ့နီ လက်ထပ်တာ စောလွန်းသွားတယ်" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်ပါတယ်။ ဒါပေမယ့် သူလည်း အခု အခြေအနေ မဆိုးပါဘူး" အကြီးဆုံးမရီးက ပြန်ပြောလိုက်ပါသည်။

သူမ၏ အကြီးဆုံးသမီး လက်ထပ်တုန်းက စတုတ္ထဒေါ်လေးမှာ မြို့တော်တွင် မတိုးတက်သေးပါ။ သူမကို ဂရုစိုက်ချင်ရင်တောင် ဂရုမစိုက်နိုင်ခဲ့ပေ။

ထို့အပြင် သူမ၏ အကြီးဆုံးသားမက်ကလည်း မဆိုးပါ။ သူမ ဘဲများမွေးပြီး  အဆင်ပြေနေတာကို မြင်သဖြင့် အရင်လက အိမ်ပြန်လာပြီး နောက်နှစ် ဘဲမွေးဖို့ အစီအစဥ်ဆွဲထားကြောင်း သားမက်က ပြောခဲ့ပါသည်။

လင်မယားနှစ်ယောက်သား မိသားစုထဲက ခွဲထွက်ပြီး အိမ်ပြောင်းနေကြပြီဖြစ်သည်။ သူတို့က အိမ်မှာ ဝက်တွေ မွေးမြူကြပြီး လယ်ဧကများလည်း  ပိုင်ဆိုင်ကြသည်။ မြို့တော်က ဘဝလောက် မကောင်းမွန်သော်လည်း မဆိုးလှပါဘူး။

အကြီးဆုံးမရီးနဲ့ စကားခဏပြောပြီးနောက် လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ဖုန်းဆက်လိုက်ပါသည်။ ကျိုးရှောင်မိန် ပြေးလာပုံရသည်။ အနည်းငယ် ဟောဟဲဆိုက်နေပါသည်။

"ဘာလို့ အလောတကြီးလာတာလဲ။ ဖုန်းက ထွက်မပြေးပါဘူး။" လင်းချင်းဟယ်က ပြုံးရယ်လိုက်ပါသည်။

"စတုတ္ထယောက်မ အဆင်ပြေရဲ့လား။ ငါ့တူမလေးက နင်နဲ့တူလား၊ စတုတ္ထအစ်ကိုနဲ့တူလား။" ကျိုးရှောင်မိန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ငါနဲ့ ပိုတူတယ်လို့ အားလုံးကတော့ ပြောတာပဲ" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။

"သေချာပေါက် လှတော့မှာပဲ။ စတုတ္ထအစ်ကိုကလည်း ချစ်တယ်။ အခုဆို အချိန်တိုင်း သူ့နားမှာပဲ နေနေပြီထင်တယ်" ကျိုးရှောင်မိန််က ရယ်မောလိုက်ပါသည်။

"ဟုတ်တာပေါ့။ မနက်ပိုင်းစျေးထွက်ဝယ်ပြီး ပြန်လာရင် အရင်ဆုံးလုပ်တာက အခန်းထဲဝင်ပြီး သူ့ကို သွားကြည့်တာပဲ" လင်းချင်းဟယ်က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

"ဘာမှ မဖြစ်ပါဘူးး။ ငါ့စတုတ္ထအစ်ကိုက ဒီလိုစောင့်ရှောက်ပေးနေရင် နင်ပိုပြီး သက်သာတာပေါ့။ စတုတ္ထယောက်မ" ကျိုးရှောင်မိန်က ရွှင်ပျစွာ ပြောလိုက်သည်။ "ဘယ်တော့ပြန်လာမှာလဲ။ အားလုံး စောင့်နေကြတယ်။"

"နောက်လထဲ ပြန်လာမယ်" လင်းချင်းဟယ်က ဖြေလိုက်သည်။

"နောက်လဆို သူက နှစ်လပဲရှိသေးမှာပေါ့။ ပြန်လာရင် အရေးကြီးကိစ္စမှ မရှိတာ။ စိတ်ပူဖို့ မလိုပါဘူး။ လောင်အာ့လည်း ရှိနေတယ်။ နှစ်ကုန်မှ ပြန်လာခဲ့ပေါ့။ အဲ့ချိန်ကျရင် ငါတို့ ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူး ပြန်လည်ဆုံဆည်းပွဲလုပ်လို့ရတာပေါ့" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

စတုတ္ထယောက်မနဲ့ စကားခဏပြောပြီးနောက် ဖုန်းချလိုက်ပြီး အိမ်ပြန်ကာ သတင်းကောင်း ပြောခဲ့ပါသည်။

"ငါ ကြက်တွေ အများကြီး မွေးထားပြီး စားတောင် မစားရသေးဘူး” အမေကျိုးက နားထောင်ပြီးနောက် ပြောလိုက်ပါသည်။

"စတုတ္ထအစ်ကိုရှိရင် စတုတ္ထယောက်မ မငတ်ပါဘူး” ကျိုးရှောင်မိန်က စိတ်မပူဘဲ ပြန်ပြောလိုက်ပါသည်။ "ဒါပေမယ့် မိမိလေးက ငယ်လွန်းသေးတယ်။ အဲ့တာကြောင့် အလာတကြီး ပြန်လာဖို့ မလိုဘူး။ စတုတ္ထယောက်မကို နှစ်ကုန်မှ ပြန်လာဖို့ သမီးပြောထားတယ်။"

"စစ်နီကို အဲ့မှာ ကြာကြာနေခိုင်းလိုက်။ အစောကြီး ပြန်လာဖို့ မလိုဘူး။ သူ့စတုတ္ထဒေါ်လေးကို ကူညီပေးရမယ်။ သူ့စတုတ္ထဦးလေးကိုပဲ အားကိုးနေလို့မရဘူး" အဖေကျိုးက ပြောလိုက်သည်။

"အဖေက စတုတ္ထအစ်ကိုကို အထင်သေးနေတာပဲ။ စစ်နီ ဘာမှလုပ်စရာမလိုဘူးလို့ စတုတ္ထယောက်မက ပြောတယ်။ စတုတ္ထအစ်ကိုက အကုန်လုံး တာဝန်ယူထားတယ်။ အိမ်မှုကိစ္စတွေ အကုန်လုံး သူတစ်ယောက်တည်းပဲ လုပ်တာ။ တော်တော် တတ်နိုင်တယ်” ကျိုးရှောင်မိန်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။

"စ... စတုတ္ထအစ်ကိုက... သူ့...သူ့သမီးလေးကို... မျှော်...မျှော်လင့်နေတာပဲ" စုတာ့လင်းက ပြုံးလိုက်ပါသည််။

ဒီတစ်ခေါက် လင်းချင်းဟယ်က သမီးလေးမွေးကာ အားလုံးကလည်း သူတို့အတွက် ဝမ်းသာကြပါသည်။ ဘာပဲဖြစ်ဖြစ် သား ၃ ယောက်ရှိပြီးသား ဖြစ်သဖြင့် သားယောကျာ်လေး မလိုအပ်တော့ပါဘူး။ သမီးတစ်ယောက်သာ လိုနေသည်။ အခုတော့ ရလာပြီ ဖြစ်သဖြင့် ဆန္ဒများ ပြည့်ဝသွားကြပါပြီ။

"အားလုံးက သားယောက်ျားလေး လိုချင်နေတာ။ ချင်းပိုင်ကတော့ သမီးလေး လိုချင်နေတယ်" အမေကျိုးက ရွှင်ပျစွာ ပြောလိုက်သည်။

သူမလည်း အတော်လေး ကောင်းမွန်သည်ဟု ခံစားမိပါသည်။ အငယ်ဆုံးသားမှာ အခုတော့ သားတွေ သမီးတွေနဲ့ ပြည့်စုံနေပါပြီ။

ညနေခင်းတွင် ကောင်လေးများက ညစာလာစားသည်။ ကျိုးရှောင်မိန်က သူတို့အမေ ဖက်ထုပ်ဆိုင်ကို ဖုန်းဆက်လားဟု မေးလိုက်ပါသည်။

"ဘွားလေးမာကတော့ ဆက်တယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့တော့ ဖုန်းမကိုင်နိုင်ခဲ့ဘူး" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။ "အငယ်ဆုံးဒေါ်လေး အမေက ဘယ်တော့ ပြန်လာမယ်တဲ့လဲ။"

"နင့်ညီမလေးက ငယ်လွန်းသေးတယ်။ အဲ့တာကြောင့် နင့်အမေက နောက်မှ ပြန်လာမယ်တဲ့။ သေချာပေါက် နှစ်မကုန်ခင်တော့ ပြန်လာမှာပါ။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"ကျွန်တော်တို့ အားလပ်ရက် မတိုင်ခင်အထိ ပြန်မလာသေးရင် ကျွန်တော်တို့သွားလိုက်မယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

လောလောဆယ် အစ်ကိုလတ်က မအားဘဲ အတန်းတက်နေရသည်။ တစ်ရက်လောက် နားရင်တောင် အချိန်မလောက်ပါ။ ထို့ကြောင့် သူတိ့ လက်လျှော့ဖို့သာရှိသည်။

သူတို့မိသားစုထဲ အခုမှ ရောက်လာသည့် ညီမလေးကို မြင်ချင်ကြသော်လည်း စောင့်နေဖို့သာ တတ်နိုင်ပါသည်။

သူတို့အဖေက အနည်းငယ် အသိတရားရှိပြီး သူတို့ညီမလေးကို တွေ့နိုင်အောင် စောစောခေါ်လာာပေးဖို့ မျှော်လင့်မိသည်။

ကျိုးချင်းပိုင်မှာတော့ ဒီလို အသိတရားမရှိတာ သိသာပါသည်။ အခု သူ့သမီးအား ဆေးကြောပေးနေပြီး ပေါင်ဒါဖြူးကာ သေးခံအသစ်လဲပေးလိုက်သည်။ ထို့နောက် သူ့အငယ်ဆုံးသမီးလေးကို ချစ်မြတ်နိုးစွာ ချီလိုက်ပါသည်။

မိမိလေးက ဒီလိုပွေ့ချီခံရတာကို သဘောကျသည်။ သူမ အဖေ၏ ပွေ့ဖက်မှုထဲတွင် ဘေးကင်းသည်ဟု ခံစားမိသည်။ ကလေးမလေးက မျက်လုံးဖွင့်လိုက်ပြီး သူ့အဖေကို ကြည့်နေသလိုမျိုး ပြုံးလိုက်ပါသည်။

ထိုအပြုံးကိုကြည့်ရင်း အသက် ၄၀ အရွယ် ကျိုးချင်းပိုင်၏ အဖေနှလုံးသား ပျော့ပြောင်းသွားခဲ့ရသည်။

All Chapters