← Chapters

အခန်း(၅၉၄) အကူအညီတောင်းခြင်း

Vol. 43 Ch. 594

အခန်း(၅၉၄) အကူအညီတောင်းခြင်း

Vol. 43 Ch. 594

အခန်း(၅၉၄) အကူအညီတောင်းခြင်း

ရွှယ်မိန်လီ အိမ်ပြန်သွားသောအခါ လင်းချင်းဟယ်က သူမ၏ ကိုယ်ပိုင် ဘာသာပြန်အလုပ်ကို စတင်ခဲ့ပါသည်။

ကိုယ်ဝန်ဆောင်ထားရချိန်တွင် စာဖတ်ခြင်းကို မရပ်တန့်ခဲ့သော်လည်း ထိုအချိန်တုန်းက ပျင်းရိကာ ဦးနှောက်သိပ်သုံးချင်ခဲ့ပါ။

အခုတော့ ဖြည်းဖြည်းချင်း ပြန်မှီလာအောင် လုပ်ရပါမည်။

ဘာသာပြန်ရလဒ်က ပြဿနာ မရှိသော်လည်း ထင်သလောက် မလွယ်တာတော့ သိသာပါသည်။ သူမ၏ လက်ရှိ အခြေအနေနဲ့ အလွန်သင့်တော်ပါသည်။

ခဏလောက်ကြာသောအခါ ကျိုးချင်းပိုင်က သူ့အငယ်ဆုံး သမီးလေးကို အခန်းထဲမှာ ချော့သိပ်နေပါသည်။ သူမ နိုးနေသာ သိသာပါသည်။

ကျိုးစစ်နီက ပြုံးကာ ပြောလိုက်သည်။ "စတုတ္ထဦးလေးက မိမိလေးကို တကယ်ချစ်တာပဲနော်။"

"စစ်နီ နင် မနက်ဖြန် မြို့တော်ကို ပြန်သင့်ပြီ။" လင်းချင်းဟယ်က သူမကို ပြောလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူမက ဝိန်ကော်တုန်းနဲ့ တွဲနေတာ ဖြစ်သည်။ ဒီနေရာမှာ သူမကို တကယ်လိုအပ်ပါက ကိစ္စမရှိပါ။ အရင်ကတော့ စစ်နီ၏ အကူအညီကို လိုအပ်သဖြင့် မတတ်နိုင်ပေ။ သို့သော်လည်း အခုတော့ သူမ မီးဖွားပြီးကာလ ပြီးဆုံးသွားပြီဖြစ်ပြီး ကျိုးချင်းပိုင်ကလည်း အစွမ်းအစရှိသော အဖေတစ်ယောက် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် စစ်နီကို သူမ ပြန်ခိုင်းခြင်း ဖြစ်ပါသည်။

"ဟုတ်ကဲ့ပါ" ကျိုးစစ်နီက ခေတ္တ တွန့်ဆုတ်သွားခဲ့သည်။ သူမ ဘာမှ ကန့်ကွက်စရာမရှိပါ။ ဘာပဲဖြစ်ဖြစ် စတုတ္ထဦးလေးက သူမ၏ ဝမ်းကွဲညီမလေးကို ဂရုစိုက်နိုင်မှန်း သူမမျက်လုံးနဲ့ တပ်အပ်မြင်ပြီးပြီ ဖြစ်သည်။ သူမ ဆက်နေလည်း ဘာမှ အသုံးမဝင်လောက်ပါ။ ထို့ကြောင့် မြို့တော်ကို ပြန်သွားပြီး အလုပ်လုပ်တာ ပိုကောင်းပါသည်။

လင်းချင်းဟယ်က သတိပေးလိုက်သည်။ "နင်ပြန်သွားရင် ကော်တုန်းကို သေသေချာချာ ဆက်ဆံနော်။ သူက စိတ်ရင်းနဲ့ပါ။ နင့်ကိုပဲ အာရုံစိုက်ထားတယ်။"

အရင်တစ်ခေါက် ကျိုးရှောင်မိန်ကို ဖုန်းပြောတုန်းက သူမ မေးပြီးသားဖြစ်ပါသည်။ ကျိုးရှောင်မိန်က ဝိန်ကော်တုန်းမှာ အဖေကျိုးနဲ့ အမေကျိုးတို့ဆီသို့ လာလည်တတ်သည်ဟု ပြောခဲ့သည်။ သူ့ရဲ့ သဘောထားက အခုသိသာနေပြီ မဟုတ်လား။

ကျိုးစစ်နီက ပြန်ပြောလိုက်သည်။ "သမီးတို့ ဘာမှထပ်မဆွေးနွေးခင် သူ့ကို သမီးတို့အိမ် အရင် ခေါ်သွားလိုက်ပါ့မယ်။"

"ဟုတ်ပါပြီ။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

စစ်နီက မကန့်ကွက်တာ မြင်နိုင်ပါသည်။ ဝိန်ကော်တုန်းက သူမအကြောင်း မသိမှာသာ စိုးရိမ်မိသည်။ ထို့ကြောင့်လည်း သူမ သူ့ကို မွေးရပ်မြေပြန်ခေါ်သွားချင်တာ ဖြစ်ပါသည်။ ဧကန္တ သူမရဲ့ ကျေးရွာဘက်က အခြေအနေကို မြင်သွားရင် စိတ်ပြောင်းသွားလောက်မလား။

သို့သော်လည်း စစ်နီက ဂရုတစိုက် မဆုံးဖြတ်ရသေးပါ။ ဝိန်ကော်တုန်းအတွက် သူမ ဘာမှမခံစားရပါက ဘာကြောင့် သူ့ကို သူမ၏ မွေးရပ်မြေသို့ ပြန်ခေါ်သွားရမည်နည်း။ ဝိန်ကော်တုန်းသာ တကယ်ထွက်သွားလျှင် ရွာထဲက သူမ မိဘများ မျက်နှာပျက်ရမည် မဟုတ်ပါလား။

သို့သော်လည်း ဒီလိုအခြေအနေမျိုး မဖြစ်နိုင်ပါ။ အုတ်နီအိမ်က တောက်ပသည်။ ဝမ်ယွမ်က အမြွှာလေးများ ကြီးပြင်းလာပါက မွေးရပ်မြေသို့ ပြန်ခေါ်သွားပြီး သူတို့ အဘိုးအဘွားများဆီ သွားလည်ကြမည်ဟုပင် ပြောခဲ့ပါသေးသည်။

ဒီလောက်ဆို အထင်သေးစရာ မဟုတ်တာ မြင်နိုင်ပါသည်။

ဝိန်ကော်တုန်းကလည်း သိထားတာ ကြာပြီဖြစ်ပြီး သူ့စိတ်ကိုသူ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့အပြင် ဝိန်ကော်တုန်းအား ကျိုးစစ်နီက သခင်လေးဟု ခေါ်သော်လည်း သူက အဲ့လောက် မပျော့ညံ့ပါ။ စစ်မှုထမ်းဖူးသည့် လူတိုင်း အခက်အခဲများကို တောင့်ခံနိုင်သည်။

ဒီခရီးက ဝိန်ကော်တုန်း၏ စိတ်ကို ကျိုးစစ်နီအား သိမြင်စေပါလိမ့်မည်။ ထိုအခါ သူမ စိတ်ပူဖို့ လိုမှာ မဟုတ်တော့မည်။

နောက်နေ့ ကျိုးစစ်နီ ပြန်သွားခဲ့သည်။ ကျိုးကွေ့လိုင်က ဝိန်ကော်တုန်းကို သွားကြိုခိုင်းပြီးသား ဖြစ်သည်။

ထို့ကြောင့် ကျိုးစစ်နီ ဘူတာက ထွက်တာနဲ့ ဝိန်ကော်တုန်းကို စက်ဘီးတစ်စီးဖြင့် မြင်လိုက်ရပါသည်။ ဝိန်ကော်တုန်းက သူမကို လှမ်းခေါ်လိုက်ပါသည်။

ကျိုးစစ်နီက လျှောက်လာပြီး မေးလိုက်သည်။ "ရှင်စောင့်နေတာ ကြာပြီလား။"

"မကြာသေးပါဘူး။" ဝိန်ကော်တုန်းက သူမ၏ အထုပ်အပိုးကို သယ်လိုက်ပြီး စက်ဘီးပေါ် တင်လိုက်ပါသည်။ သူမကို ခေါ်လာခဲ့သည်။ "ဒေါ်လေးလင်းနဲ့ တခြားသူတွေ နှစ်ကုန်ပြန်လာတဲ့အထိ နေမယ်လို့ ထင်ထားတာ။"

"စတုတ္ထဒေါ်လေးက ကျွန်မကို စောစောပြန်ခိုင်းလိုက်လို့ပါ။" ကျိုးစစ်နီက ပြန်ပြောလိုက်ပါသည်။

ဝိန်ကော်တုန်းက ရယ်လိုက်ပါသည်။ "ဒေါ်လေးလင်းကတော့ ကိုယ့်စိတ်ကို နားလည်တာပဲ။" ထိုစကားလုံးများ ထွက်လာသောအခါ ကျိုးစစ်နီ ဘာမှမပြောတော့ပါ။ လမ်းမပေါ်ရောက်မှ ကျိုးစစ်နီသတိရသွာားပြီး ပြောလိုက်ပါသည်။ "စက်ဘီးစီးဖို့ မလိုပါဘူး။ ဘတ်စ်ကားစီးရင် ရရဲ့သားနဲ့"

"ဓာတ်ဆီနံ့က အရမ်းပြင်းလွန်းတယ်။ မင်းအသားကျမှာ မဟုတ်ဘူး" ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။

ထို့အပြင် သူမလို့ ကောင်မလေးတစ်ယောက်ကို တင်နင်းရခြင်းသာဖြစ်သဖြင့် မလုပ်နိုင်နိုင်တာလည်း မဟုတ်ပေ။ အခု သူ့ရုံးလုပ်ငန်းကို မကြည့်ဦးနဲ့။ အရင် တပ်ဖွဲ့ထဲမှာ သူက ဖိုက်တာတစ်ယောက် ဖြစ်ပါသည်။

ကျိုးစစ်နီက နှုတ်ခမ်းစုကာ သူ့စက်ဘီးပေါ်တွင် ထိုင်နေသည်။ ထို့နောက် ခေတ္တတိတ်ဆိတ်နေပြီး ပြောလိုက်ပါသည်။ "ဒီနှစ် ရှင် ဘယ်တော့ အားလပ်ရက် ရမှာလဲ။"

"၂၀ စောစောလောက်ဆို ရမယ်ထင်တယ်" ဝိန်ကော်တုန်းက ပြန်ဖြေလိုက်သည်။ တကယ်တော့ မဟုတ်ပါ။ ၂၅ ရက်နေ့ဝန်းကျင်မှဖြစ်သည်။ သို့သော်လည်း သူခွင့်ယူလိုက်လို့ရပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ကောင်မလေး၏ မွေးရပ်မြေကို ပြန်ရမည် မဟုတ်ပါလား။ သူ့အလုပ်က နားလည်ပေးပါလိမ့်မည်။

"ဒါဆို... ကျွန်မမွေးရပ်မြေကို ကျွန်မနဲ့ အတူ လိုက်ခဲ့မှာလား။" ကျိုးစစ်နီက တွန့်ဆုတ်စွာ ပြောလိုက်ပါသည်။

"အင်း ကိုယ်လည်း မင်းမိဘတွေကို တွေ့ဖို့အချိန်ကျပြီလေ။" ဝိန်ကော်တုန်းက ခေါင်းငြိမ့်လိုက်ပါသည်။

ကျိုးစစ်နီက ဘေးနားက အဆောက်အဦးများကို ငေးကြည့်ရင်း ပြောလိုက်သည်။ "ကျွန်မတို့ ကျေးရွာကို ရောက်ရင် ရှင် ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူးနော်။ အမှန်တိုင်းပြောရရင် ကျွန်မရဲ့ ဝမ်းကွဲခဲအိုတစ်ယောက်ကလည်း မြို့တော်ကပဲလေ။ သူ ကျွန်မဒေါ်လေးအိမ်ကို ရောက်တော့ မနေတတ်ခဲ့ဘူး။"

ဝိန်ကော်တုန်းက ပြန်ပြောလိုက်သည်။ "မင်းရဲ့ ဒုတိယခဲအိုက မင်းရဲ့ အိမ်ကို သဘောမကျဘူးလား။"

ကျိုးစစ်နီက သူဘာကိုဆိုလိုသလဲဆိုတာကို နားလည်ကာ ဘာမှမပြောခဲ့ပါ။ သူသာ... သူသာ သဘောကျလျှင် သူမ လက်ထပ်ပါမည်။

ဝိန်ကော်တုန်းက ကျိုးစစ်နီကို အဖေကျိုးနဲ့ အမေကျိုးသို့ အိမ်သို့ လိုက်ပို့ပေးခဲ့သည်။ အခုနောက်ကျနေပြီ ဖြစ်သဖြင့် အဖေကျိုးနဲ့ အမေကျိုးတို့က ဝိန်ကော်တုန်းကို ညစာ ခေါ်ကျွေးလိုက်ပါသည်။

လင်မယားနှစ်ယောက်၏ မျက်လုံးထဲမှာတော့ ဝိန်ကော်တုန်းကသေချာပေါက် သူတို့၏ စတုတ္ထမြောက် မြေးသားမက်ဖြစ်ပါတော့မည်။ ဘာပဲဖြစ်ဖြစ် သူက အများကြီး ကြိုးစားထားသည်။ ကျေးရွာ အခြေအနေကိုလည်း ဘာမှမကြိုက်စရာ မရှိပါ။

ကျေးရွာကလည်း မဆိုးရွားပါ။ ဆိုးရွားရင်တောင် မြို့တော်မှာ လက်ထပ်မည့် စစ်နီနဲ့ ဘာမှ မဆိုင်ပါ။ ဝိန်ကော်တုန်း ကျေးရွာမှာ နေစရာလည်း မလိုပေ။

အမေကျိုးက ကျိုးချင်းပိုင်၊ လင်းချင်းဟယ်နှင့် မမြင်ရသေးသည့် မြေးမလေးကိုသာ ပိုပြီး စိတ်ပူမိပါသည်။

မိမိလေးက တကယ်ပဲ ကျိုးမိသားစု တတိယမျိုးဆက်၏ တန်ဖိုးအကြီးဆုံးနဲ့ အသေးငယ်ဆုံး ကလေးလေး ဖြစ်သည်။

"စိတ်မပူပါနဲ့ အဘွားရယ်။ စတုတ္ထဦးလေးက အခု အရမ်းတော်နေပါပြီ။ သမီးတို့ကို မလိုဘူးလို့ ပြောတုန်းက သမီးစိတ်ပူနေတာ။ အဲ့ဒီကို သွားကြည့်လိုက်မှ စတုတ္ထဦးလေး ဘယ်လောက်တောင် တော်လဲ မြင်လိုက်ရတယ်။” ကျိုးစစ်နီက ရွှင်မြူးစွာ ပြောလိုက်ပါသည်။

ပထမ ၂ ရက် ၃ ရက်အတွင်း မကျွမ်းကျင်သေးတာကလွဲပြီး နောက်ပိုင်း စတုတ္ထဦးလေးက အလုံးစုံ ကျွမ်းကျင်သွားခဲ့ပါသည်။

"စတုတ္ထယောက်မ နေရာတောင် မရတော့ဘူးလို့ ဖုန်းထဲမှာ ပြောသွားတယ်။ စတုတ္ထအစ်ကိုက သူ့သမီးလေးနဲ့ပဲ အမြဲတမ်း အလုပ်ရှုပ်နေတာပဲတဲ့။" ကျိုးရှောင်မိန်က ပြုံးလိုက်ပါသည်။

"အဲ့လိုမဟုတ်ပါဘူး။ စတုတ္ထဒေါ်လေးက ဘာပဲတောင်းဆိုတောင်းဆို စတုတ္ထဦးလေးက ဖြည့်ဆည်းပေးပါတယ်။" ကျိုးစစ်နီက ပြုံးလိုက်ပါသည်။

"သူက အခု နည်းနည်းငယ်သေးလို့ပါ။ နောက်ပိုင်း ရာသီဥတု ပိုအေးလာမှာ စိုးရိမ်ရတယ်။" အမေကျိုးက ဘမှ စိုးရိမ်စရာမရှိကြောင်း ကြားပြီးသောအခါ ပြောလိုက်ပါသည်။

"သေသေချာချာလေး ထုပ်ပိုးထားရင် ဘာမှစိတ်ပူဖို့ မလိုပါဘူး။" ကျိုးရှောင်မိန်က အာမခံလိုက်ပါသည်။

သူတို့ မီးဖွားစဥ်ကာလပြီးကာစသာ ရှိကြသေးသည်။ ထို့ကြောင့် သူမက တကယ်ပဲ ငယ်လွန်းပါသေးသည်။ အချိန်ဆိုင်းငံ့ထားလိုက်တာ ပိုကောင်းမည်။ အကောင်းဆုံးကတော့ ၂ လ ရောက်သည်အထိ စောင့်ဖို့ပဲဖြစ်သည်။ ၂ လက ငယ်သေးသော်လည်း မတတ်နိုင်ပေ။

“နင်တို့နှစ်ယောက်ကော ဘယ်တော့ မွေးရပ်မြေပြန်ကြမှာလဲ" ကျိုးရှောင်မိန်က စကားလမ်းကြောင်းကို သူတို့နှစ်ယောက်ဘက်သို့လှည့်ကာ မေးလိုက်ပါသည်။

ကျိုးစစ်နီက ရှက်သွေးဖြာသွားသည်။ သူမ ဝိန်ကော်တုန်းကို လက်ခံသော်လည်း လူကြီးများ၏ ရှေ့မှာတော့ ရှက်နေဆဲဖြစ်ပါသည်။

"အချိန်ယူပြီး ၂၀ ဝန်းကျင်လောက် သွားလိုက်မယ်။" ဝိန်ကော်တုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။

"အဖေနဲ့ အမေ့အတွက် ကျွန်တော့်ဆီက လက်ဆောင်တွေ ယူသွားပေးပါဦး။" ဝမ်ယွမ်က ပြောလိုက်ပါသည်။

သူနဲ့ အာ့နီတို့ ကိုယ့်ထမင်းကိုယ် ချက်မစားနိုင်ကြပါ။ ထို့ကြောင့် အစားအသောက်အတွက် ယွမ် ၅၀ ပေးပြီး ဒီအိမ်မှာပဲ လာစားကြပါသည်။

"ငါယူသွားပေးပါ့မယ်။" ဝိန်ကော်တုန်းက ပြန်ပြောလိုက်သည်။

"အစ်ကိုက အစ်ကို့လက်ဆောင် အစ်ကို ယူသွားပါ။ ကျွန်တော့်လက်ဆောင်က သက်သက်ပဲ။" ဟု ဝမ်ယွမ်က ပြောလိုက်သည်။

"ကောင်းပါပြီ။" ဝိန်ကော်တုန်းက သဘောတူလိုက်ပါသည်။

ကျိုးအာ့နီက ဘာမှမပြောခဲ့ပါ။ အမြွှာနှစ်ယောက်ကိုသာ သေချာ ထိန်းကျောင်းနေရသည်။ အခုတော့ သူမ ခေါင်းကိုက်ရလောက်သည့်အထိ တော်တော် သောင်းကျန်းနေကြပါပြီ။ သို့သော်လည်း သူတို့ကို အလွန်ချစ်မြတ်နိုးကာ မရိုက်ရက် မဆူရက်ပါ။

အဘိုးဝမ်လည်း ဒီနေ့လာစားခဲ့ပါသည်။ လောင်အာ့၊ လောင်စန်း၊ ဟူကျစ်၊ ကန်းကျစ်တို့ ရောက်လာတာနဲ့ အားလုံးစုစည်းပြီး ညစာ စားသောက်လိုက်ကြပါသည်။

လူတွေ အများကြီးအတွက် ညစာကို နေ့တိုင်း ချက်ပြုတ်ရသည်။ သို့သော်လည်း လက်များစွာ ရှိသဖြင့် မပင်ပန်းပါ။

သူတို့အားလုံး ပျော်ရွှင်စွာ ညစာစားနေကြချိန် မျှော်လင့်မထားသည့် ဧည့်သည်တစ်ယောက် ရောက်ရှိလာသည်။ ရှုရှန့်မိန်တစ်ယောက် ဖြူဖတ်ဖြူရော်မျက်နှာဖြင့် အပြေးရောက်လာပြီး အကူအညီလာတောင်းခဲ့ပါသည်။

All Chapters