အခန်း(၅၉၆) သားကြီးက အိမ်ပြန်လာဖို့ အခွင့်အရေးစောင့်နေတယ်
Vol. 43 Ch. 596
အခန်း(၅၉၆) သားကြီးက အိမ်ပြန်လာဖို့ အခွင့်အရေးစောင့်နေတယ်
ရှုရှန့်ချမ်း၏ စိတ်ကြောင့် လင်းချင်းဟယ် သိနေပါသည်။ ဒီကိစ္စများက အစမဟုတ်လို အဆုံးသတ်လည်း မဟုတ်ပါ။ သူသာ ဒီလို စိတ်ဓာတ်မျိုးကို ဆက်ထားပါက နောက်ပိုင်း ခက်ခဲမှုများ ပိုရှိလာပါလိမ့်မည်။
သို့သော်လည်း သူတို့နဲ့ ဒီမောင်နှမနှစ်ယောက်၏ ဆက်ဆံရေးမှာ သူစိမ်းတွေလောက်တောင် မကောင်းမွန်ပါ။ ထို့ကြောင့် လင်ချင််းဟယ်က အထူးတလည် ပါးစပ်ဟမည်မဟုတ်ပေ။
သူမ ပြောလိုက်ရင်တောင် သူမစကားကို နားထောင်မည်မဟုတ်ပေ။ သူတို့ကို ပြန်ချေပဖို့ တမင်သက်သက် အခွင့်ကောင်းယူသည်ဟုပင် သတ်မှတ်သွားနိုင်ပါသည်။
ညစာစားပြီးနောက် ကျိုးချင်းပိုင် အပြင်ထွက်သွားပါသည်။ သူဖုန်းသွားဆက်တာ လင်းချင်းဟယ် သိပါသည်။
သူ ဖုန်းဆက်မှာကို သိနေသောကြောင့်လား မသိ။ ကျိုးကွေ့လိုင်က အဘိုးအဘွားများ အိမ်မှာ ညစာစားသောက်ပြီးနောက် ဖက်ထုပ်ဆိုင်မှာ လာစောင့်နေခဲ့ပါသည်။
"ဟီး အမေဖုန်းဆက်တယ်လို့ ဒေါ်လေးပြောတော့ အဖေ ဖက်ထုပ်ဆိုင်ကို ဖုန်းဆက်မယ်လို့ ထင်သားပဲ။" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။
"မင်းအဘိုးအဘွားတွေ ကျန်းမာရေး ဘယ်လိုနေလဲ။" ကျိုးချင်းပိုင်က မေးလိုက်ပါသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သိပ်ပြီး မကောင်းကြဘူး။ ခေါင်းနည်းနည်းကိုက်ပြီး အဖျားနည်းနည်းရှိတယ်။ အခုတော့ သူတို့ ပြန်ကောင်းသွားပါပြီ။ စိတ်မပူပါနဲ့ အဖေ" ကျိုးကွေ့လိုင်က အာမခံလိုက်သည်။
ကျိုးချင်းပိုင်က ရှုရှန့်ချမ်းအကြောင်း မမေးခဲ့ပါ။ ထို့အစား ဟူကျစ်နဲ့ ကန်းကျစ်တို့ကိုသာ စျေးထွက်ရောင်းရင် ဂရုစိုက်ဖို့ ပြောခိုင်းလိုက်ပါသည်။
"သူတို့နှစ်ယောက်စလုံး နားလည်ကြပါတယ်။ သူတို့ကို အထူးတလည် ဆုံးမနေစရာမလိုဘူး။ အဖေ ကျွန်တော့်ညီမလေးက ကျွန်တော်နဲ့ တူလား။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
သူ့သမီးလေးအကြောင်းပြောခါမှ ကျိုးချင်းပိုင် စိတ်ရွှင်သွားပြီး ပြန်ပြောလိုက်သည်။ "ငါနဲ့တူတယ်။"
ထိုစကားလုံးများက လိမ်ညာခြင်း ဖြစ်သည်။ သာားကြီးနဲ့ သားငယ်တို့က သူနဲ့တူကြသည်။ သားလတ်နဲ့ သမီးငယ်တို့ကတော့ သူတို့အမေနဲ့ ပိုတူပါသည်။
သားလတ်၏ ယခုပုံစံကို ကြည့်ခြင်းအားဖြင့် သမီးလေး အရွယ်ရောက်လာသောအခါ သူမကို ဘယ်လောက်ကာကွယ်ရမလဲဆိုတာ တွေးကြည့်နိုင်သည်။
ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။ "အစ်မစစ်နီပြောတော့ ကျွန်တော့်နဲ့ တူတယ်တဲ့။"
"ကျွန်တော်နဲ့တူတယ်လို့ အစ်မစစ်နီက ပြောတယ်။" ကျိုးရွှမ်က ဖုန်းကို ယူလိုက်ပြီး ပြန်ချေပလိုက်ပါသည်။ ထို့နောက် သူ့ညီမလေး အကြောင်းကို မေးလိုက်ပါသည်။
အခုက နိုဝင်ဘာလ အကုန်ပိုင်းရောက်နေပြီဖြစ်ပြီး ဒီဇင်ဘာလထဲ ဝင်နေပြီ ဖြစ်ပါသည်။ အမှန်ပင်။ ဒါက လူနာပြက္ခဒိန်အရသာဖြစ်ပါသည်။ ရာသီ၏ အေးစက်မှုကို ပြသနိုင်ပါသည်။
ဒီအချိန် တကယ်ပဲ အေးစက်နေပြီ ဖြစ်သည်။ မနက်ပိုင်း နိုးလာသောအခါ ရေခဲများကိုပင် မြင်နိုင်ပါသည်။
အစ်ကိုကြီးများအနေဖြင့် သူတို့ ညီမလေးကို စိတ်ပူတာ သာမန်ပဲဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူမကို အခုထိတောင် မမြင်ဖူးကြသေးပေ။
ကျိုးချင်းပိုင်က စိတ်ရှည်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။ "မင်းတို့အစ်ကိုကြီး ဒီနှစ် ပြန်လာမှာလား။"
"အစ်ကိုကြီးက မသိသေးဘူးတဲ့။ အမေ ညီမလေးမွေးတာတော့ သိတယ်။ အဲ့တာကြောင့် ၁၀ ပုံမှာ ၉ ပုံလောက် ဒီနှစ် ပြန်လာနိုင်ဖို့ အခွင့်အရေးကို အရရှာလိမ့်မယ်။" ကျိုးရွှမ်က ပြန်ပြောလိုက်သည်။
သူတို့ အစ်ကိုကြီး၏ စိတ်ကို သူတို့သိပါသည်။ ဒီနှစ်ထဲ သူတို့ အမေက မိသားစုအတွက် အံ့သြစရာတစ်ခု ပေးခဲ့သည်။ သူပြန်လာခွင့်မရှိရင်တောင် အခွင့်အရေးကို ဖန်တီးပါလိမ့်မည်။
သူတို့ထင်တာမမှားပါ။ ကျိုးခိုင်က သူ့ရဲဘော်ရဲဘက်များကို ဖျောင်းဖျပြီး သူ့ကို အိမ်ပြန်ခွင့်ရအောင် လုပ်ပေးဖို့ တောင်းဆိုနေပါသည်။
"ငါမရီးအပေါ် မကောင်းဘူးလို့ မြင်ချင်လည်း မြင်ပါကွာ။ ဒါပေမယ့် ဒီနှစ်တော့ ငါ့ကို အခွင့်အရေးပေးမှ ဖြစ်မယ်။ ငါ့အမေက နှစ်သစ်ကူးပြီးရင် အသက် ၄၀ ပြည့်တော့မယ်။ ဒီနှစ်အစ ငါတာဝန်နဲ့ ထွက်သွားတုန်းက သူ့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိခဲ့ဘူး။ ဒီနှစ် ငါ့အတွက် ညီမလေး မွေးပေးခဲ့တယ်။ ငါအိမ်ပြန်ပြီး တွေ့မှဖြစ်မယ်။" ကျိုးခိုင်က ရှင်းပြလိုက်ပါသည်။
တစ်ချိန်တည်းမှာပဲ ပစ္စည်းများစွာကို အိတ်ကြီးတစ်ခုထဲ ထည့်နေပါသည်။
ထိုအိတ်ကို ကြည့်ခြင်းအားဖြင့် စိတ်အားထက်သန်မှုကို မြင်နိုင်သည်။ နို့မှုန့် ၅ ထုပ် ၆ ထုပ်၊ မုယောနို့ဗူး ၄ - ၅ ဗူး၊ သစ်သီးခြင်း တချို့လည်းပါသည်။ ကျန်တာကတော့ ယုန်ဖြူ သကြားလုံး ၇ ထုပ် ၈ ထုပ် လောက် ပါသည်။ အားလုံးက ထိပ်တန်းအဆင့် ပစ္စည်းများဖြစ်ပါသည်။
ထို့ကြောင့် ပိုက်ဆံလည်း အများကြီး ကုန်ပါသည်။ တစ်လစာ လစာမသုံးဘဲ မရနိုင်ပါ။
ဒါကိုကြည့်ခြင်းအားဖြင့် ကျိုးခိုင်၏ စိတ်အားထက်သန်မှုကို မြင်နိုင်ပါသည်။
သူ့မိတ်ဆွေကလည်း အသက် ၄၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။ လောလောဆယ် သူကလည်း ကျိုးခိုင်နဲ့ ရာထူးချင်း တူပါသည်။ တကယ်တော့ သူလည်း နှစ်သစ်ကူး အိမ်ပြန်ချင်ပါသည်။ ဘာပဲဖြစ်ဖြစ် မနှစ်က သူမပြန်ခဲ့ပါ။
သူ့မိန်းမနဲ့ ကလေးတွေ အိမ်မှာစောင့်နေပါသည်။
သို့သော်လည်း ထိုပစ္စည်းများကို မြင်သောအခါ သူစိတ်ပြောင်းသွားခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုပစ္စည်းများက အရည်အသွေးမြင့်ပစ္စည်းများ ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူကိုယ်တိုင်တောင် ဒီလောက် အများကြီး ဝယ်ဖို့ တွန့်ဆုတ်ပါသည်။
"ဒီနှစ် ကျွန်တော် ပြန်လိုက်မယ်။ နောက်တစ်ခေါက် ကျွန်တော် အားလပ်ရက်ရရင် ခင်ဗျားကို လွှဲပေးလိုက်ပါ့မယ်။ အဲ့တာဆို ခင်ဗျား အိမ်ပြန်ပြီး အမျိုးတွေဆီ သွားလည်လို့ရတယ်။" ကျိုးခိုင်က ဆက်ပြောပါသည်။
"ကောင်းပါပြီ။ဒါဆိုလည်း ဒီနှစ် မင်းကိုအခွင့်အရေး ပေးလိုက်ပါ့မယ်။" သူ့မိတ်ဆွေက ပြောလိုက်ပါသည်။
သူမပြန်သော်လည်း သူ့မိန်းမနဲ့ ကလေးများက မုန့်ဖိုးနဲ့ ဒီလောက် ပစ္စည်း အများကြီးကို ရသဖြင့် ပျော်ရွှင်ကြပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူ့အိမ်အခြေအနေက သာမန်ဖြစ်သည်. သူတို့ ဒိလိုအာဟာရပစ္စည်းများစွာကို ဝယ်နိုင်မည်နည်း။ ရင်ကလို မဟုတ်တော့သော်လည်း ဒီပစ္စည်းများက စျေးမကြီးပါ။ လူအများစုက ဒီပစ္စည်းတွေကို ဝယ်ယူဖို့ တွန့်ဆုတ်ကြပါသည်။
နောက်ဆုံးတော့ ခွင့်ရလိုက်သဖြင့် ကျိုးခိုင် စိတ်အေးသွားပါသည်။ သူ ဝိန်မိန့်ကျားကို သွားတွေ့ကာ ခွင့်ပြောင်းလဲမှုကို ရှင်းပြလိုက်ပါသည်။ ထို့နောက် သူပြောလိုက်သည်။ "မိန့်ကျား ဒီနှစ် အားလပ်ရက်ရှိလား။"
"ဒိနှစ် ပြန်ကြမှာတွေ အများကြီးပဲ။ ငါအားလပ်ရက် မရလောက်ဘူး ထင်တယ်။" ဝိန်မိန့်ကျားက ပြန်ပြောလိုက်ပါသည်။
"ဒါဆိုလည်း နင့်ဌာနမှူးဆီကို သွားပြီး တောင်းဆိုပေးပါ့မယ်။ အတူတူပြန်တာ အကောင်းဆုံးပဲ။ နှစ်သစ်ကူး နင့်ကို ဒီမှာ ထားခဲ့ရမှာ စိတ်မချဘူး။" ကျိုးခိုင်က ပြောလိုက်ပါသည်။
ဝိန်မိန့်ကျားက နှုတ်ခမ်းစိုက်ပြီး သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ သူမ ပြောလိုက်၏။ "နင့်ကိုနောက်နေတာပါ။ ငါ ခွင့်ရပါတယ်။"
ထိုအခါမှ ကျိုးခိုင်က စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ "ဘာလို့ မသိဘူးလို့ ပြောတာလဲ။။"
"ဒေါ်လေးလင်းက ကလေးမွေးထားတယ်။ ငါပြန်ကြည့်ရမှာပေါ့" ဝိန်မိန့်ကျားက ပြောလိုက်သည်။
"ဒါပေါ့၊ သွားကြည့်ရမှာပေါ့။ အဲ့တာ နင့်ညီမလေးပဲကို" ကျိုးခိုင်က သူမကိုကြည့်ကာ ပြောလိုက်ပါသည်။
ဝိန်မိန့်ကျားက မရှက်တော့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ဆက်ဆံရေးက နှစ်စကတည်းက အတည်ပြုပြီးသား ဖြစ်သည်။ သူနဲ့ ဝိန်မိန့်ကျားတို့ မခွဲသလောက်ရှိ၏။ စစ်ဆေးရုံတွင် သူတို့ကို စုံတွဲအဖြစ် သတ်မှတ်ထားကြပါသည်။ သူမ ထိုစကားလုံးများကြောင့် ရှက်မှာ မဟုတ်ပါ။
သူမ အနည်းငယ်တော့ ရှက်မိပါသည်။ ဝိန်မိန့်ကျားက ကျိုးခိုင် အသားဖြူခရင်တစ်ဗူး ထုတ်နေသည်ကို မြင်လိုက်ကာ ပြောလိုက်သည်။ "အရင်တစ်ခေါက် နင်ဝယ်ထားပေးတာတောင် မသုံးရသေးဘူး။"
"ဘာလို့ မသုံးရသေးတာလဲ။ ငါပိုက်ဆံသုံးရမယ့် နေရာမရှိဘူး။ နင်ချွေတာနေဖို့ မလိုပါဘူး။ နင်သုံးနိုင်သလောက်သာ သုံး။ နင့်လက်တွေ ခြေထောက်တွေကို လိမ်းလိုက်ချေ။" ကျိုးခိုင်က တိုက်တွန်းလိုက်ပါသည်။
"ဘယ်သူက အသားဖြူခရင်မ်ကို လက်တွေ၊ ခြေထောက်တွေမှာ သုံးရမှာလဲ။" ဝိန်မိန့်ကျားက သူ့ကိုပြောလိုက်ပါသည်။
"ငါ့အမေဆို အမြဲတမ်း ငါတို့ကို သုံးပေးတယ်။" ကျိုးခိုင်က ပြန်ပြောလိုက်သည်။
အသားဖြူခရင်မ်အား လက်နဲ့ခြေထောက်တွေမှာလည်း သုံးနိုင်ပါသည်။ ဆောင်းရာသီတွင် သူတို့ဆိုးသွမ်းပြီး အအေးမိမည်စိုးသဖြင့် အသားဖြူခရင်မ်များ သုံးပေးခြင်ဖြစ်ပါသည်။
ဝိန်မိန့်ကျား၏ နှုတ်ခမ်းတွန့်သွားသည်။ သူမနဲ့ ကျိုးခိုင်တို့အား ငယ်သူငယ်ချင်းများဟု ဆိုနိုင်သည်။ ထို့ကြောင့် ဒေါ်လေးလင်း နှစ်အစောပိုင်းများတုန်းက ကျေးရွာမှာ နေခဲ့ရကြောင်းကို သူမ သိပါသည်။ သို့သော်လည်း သူမ ဘဝက မြို့တော်က သူတို့ထက် ပိုကောင်းနေပါသည်။
ဆောင်းရာသီတွင် သူမ မျက်နှာလိမ်းဖို့တောင် အသားဖြူခရင်မ်ကို မသုံးရက်ပါ။ လက်နဲ့ ခြေထောက်တွေအပေါ်မှာ သုံးနိုင်ပါ့မလား...။
"သုံးစရာနေရာမရှိလည်း ဒေါ်လေးလင်းကို ပေးလိုက်ပေါ့။" ဝိန်မိန့်ကျား ဆုံးမပေးနေရဆဲဖြစ်သည်။
"ငါ့အမေက ငါ့ပိုက်ဆံကို မယူဘူး။ ငါ ပိုက်ဆံရှာပြီးရင် ငါ့မိန်းမအတွက် စုထားဖို့သာ ပြောထားတယ်။” ကျိုးခိုင်က ပြောလိုက်ပါသည်။
ဒီတစ်ခါတော့ ဝိန်မိန့်ကျားက အနည်းငယ် ရှက်သွေးဖြာသွားပါသည်။ သူမ ခရင်မ်ကို လက်ခံလိုက်ပြီး ပြောလိုက်သည်။ "နောက်တစ်ခါ မဝယ်နဲ့နော်။"
"အင်းပါ။ ကုန်သွားရင် ငါ့ကိုပြော" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်သည်။ ပန်းသီးသုံးလုံးကို ကုတ်အင်္ကျီထဲက ထုတ်လိုက်ပြီး ဆက်ပြောသည်။ "ဒီပန်းသီးတွေယူထား။ ဆောင်းရာသီမှာ သစ်သီးများများစားပေး"
"နင့်အတွက်ကော ယူမထားဘူးလား" ဝိန်မိန့်ကျားက ပြောလိုက်သည်။
"ရှိပြီးသားပါ။ နင့်အတွက် တကူးတကယူလာပေးတာ" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။
ကျိုးခိုင်က ခေတ္တနေခဲ့ပြီး ပြန်လာခဲ့ပါသည်။
သူပြန်သွားတာနဲ့ တခြား သူနာပြုများက ရောက်လာပြီး ခရင်မ်ကို မြင်သွားကြပါသည်။ ပန်းသီးကိုတော့ ဝိန်မိန့်ကျား သိမ်းထားလိုက်ပါသည်။
ကျိုးခိုင်က တကူးတက ယူလာပေးခဲ့သည်။ တခြားသူတွေနဲ့ မျှဝေပေးလို့မဖြစ်ပါ။ ထို့အပြင် မျှဝေလည်း မပေးရက်ပါ။ အသားဖြူခရင်မ်နည်းနည်းလောက် သုံးချင်ရင်တော့ အဆင်ပြေပါသည်။