← Chapters

အခန်း(၅၉၇) အထင်မသေးတဲ့လူ ရှိပါ့မလား

Vol. 43 Ch. 597

အခန်း(၅၉၇) အထင်မသေးတဲ့လူ ရှိပါ့မလား

Vol. 43 Ch. 597

အခန်း(၅၉၇) အထင်မသေးတဲ့လူ ရှိပါ့မလား

လူတစ်ယောက်ရဲ့ နေထိုင်မှုနေထိုင်ပုံတွေက တခြားလူတစ်ယောက်ကို မထိခိုက်စေပါ။

ဥပမာအားဖြင့် ဝိန်မိန့်ကျားက ကျိုးခိုင်၏ နေထိုင်ပုံကို အလွန်သဘောကျပါသည်။ ဒေါ်လေးလင်းဆီက သင်ယူထားခြင်းဖြစ်ကြောင်းကိုလည်း သူမ သိပါသည်။

သူမ၏ ဒေါ်လေးလင်းက သစ်သီးဘာညာ ကြိုက်နှစ်သက်သည်။ ကျိုးခိုင်က အသားပိုကြိုက်သော်လည်း သစ်သီးများ မကြာခဏ စားပေးပါသည်။  လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့ဖြစ်သည်။

သူမအတွက်လည်း မကြာခဏ ယူလာပေးတတ်ပါသည်။

ဝိန်မိန့်ကျားသည်လည်း ကြိုက်နှစ်သက်ပါသည်။  အမှန်ပင်။ သူမအတွက်သူမ မကြာခဏ မဝယ်တတ်ပါ။ ကျိုးခိုင် ယူလာပေးမှသာ စားပါသည်။

ဒါတွေ အများကြီး စားရတာ ပျော်ဖို့ကောင်းပါသည်။

အနည်းဆုံးတော့ ဒီနှစ် သူမ လည်ချောင်း မနာတော့ပါ။

ဒီနှစ် အိမ်ပြန်ဖို့ အခွင့်အရေးရသွားပြီဖြစ်သည့် ကျိုးခိုင်ကတော့ အပျော်လွန်နေပါသည်။ ဝိန်မိန့်ကျားကို မြင်ပြီးနောက် သူ ဖုန်းပြန်ဆက်ခဲ့ပါသည်။

ဒေါ်လေးမာက ကိုင်လိုက်သည်။ သူ့အသံကိုကြားသောအခါ သူမ ပျော်သွားပါသည်။ "ခိုင်လေးလား"

"ဘွားလေးမာ ကျွန်တော်ပါ။ ကျွန်တော့်ညီတွေ ဆိုင်မှာ ရှိလား" ကျိုးခိုင်က မေးလိုက်ပါသည်။

"မရှိတော့ဘူး။ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းကတော့ ရှိကြသေးတယ်။" ဒေါ်လေးမာက ပြန်ဖြေလိုက်ပါသည်။

"ဒါဆို ဒေါ်လေးမာ ကျွန်တော် ဒီနှစ် နှစ်သစ်ကူးပြန်လာမယ်လို့ ပြောလိုက်ပါ" ကျိုးခိုင်က ရွှင်မြူးစွာ ပြောလိုက်ပါသည်။

"နင် ဒီနှစ်ပြန်လာနိုင်ရင် နင့်အဘိုးအဘွားနဲ့ နင့်မိဘတွေ အပျော်လွန်ကြမှာပဲ" ဒေါ်လေးမာက ထိုအကြောင်း ကြားသောအခါ အပျော်လွန်သွားခဲ့ပါသည်။

ကျန်တာ ဘာမှပြောစရာ မရှိတော့သဖြင့် ခဏလောက်ကြာသောအခါ ဖုန်းချလိုက်ပါသည်။ ကျိုးရွှမ် ရောက်လာသောအခါ ဒေါ်လေးမာက ထိုအကြောင်း ပြောပြလိုက်ပါသည်။

ကျိုးရွှမ်က မအံ့သြပါ။ သူ့အဘွားကို သွားပြောပြလိုက်ပါသည်။

အမေကျိုးကတော့ အတိုင်းထက်အလွန်ပျော်နေသည်။ "လောင်တ ပြန်လာတာ ကောင်းတာပေါ့။ ဒီမြေးကြီးကို ဘယ်နှခါလောက်ပဲ ထပ်မြင်နိုင်တော့မလဲ မသိဘူး။"

သူမ မြေးကိစ္စကြောင့် ဒီတစ်ခေါက် သတိလစ်ပြီးကတည်းက သူမ အသက်ကြီးလာပြီဆိုတာ ဝန်ခံရပါတော့မည်။ သူမ အသက်ကြီးလာပြီး ခန္ဓာကိုယ်ကလည်း ထိခိုက်လွယ်လာပါပြီ။

သူမ မြို့တော်သို့ ရောက်လာပြီးကတည်းက မူးလဲတာ ၂ ခါ ရှိပြီ ဖြစ်သည်။ တစ်ခါက သူမ၏ မြေးမကြောင့် ဖြစ်ပြီး ဒီတစ်ခေါက်က မြေးကြောင့်ဖြစ်သည်။

မောင်နှမနှစ်ယောက်စလုံးက သူမကို မူးလဲအောင် လုပ်နိုင်ခဲ့ကြသည်။ သူတို့ ဒီလိုသာ ထပ်လုပ်ကြပါက သူမ ခံနိုင်ရည်ရှိပါဦးမလား မသိတော့ပါ။

"မင်းကလည်း နှစ်သစ်ကူးတောင် ရောက်တော့မယ်။ အဲ့ဒီအရေးမပါတဲ့ ကိစ္စတွေ မပြောပါနဲ့တော့။ လောင်တကို ကံဆိုးအောင် မလုပ်နဲ့။" အဖေကျိုးက မကျေနပ်စွာ ပြောလိုက်ပါသည်။

"အဘွား ကျန်းမာရေးကို ဂရုစိုက်နော်။ ကျွန်တော့် အစ်ကိုကြီးက လက်ထပ်တော့မှာ။ ပြီးရင် အဘွား မြစ်ချီရတော့မယ်။" ကျိုးရွှမ်က ချော့ပြောလိုက်ပါသည်။

"မြစ်ချီချင်တယ်လို့ အရင်တုန်းက မင်းပဲ တဖွဖွ ပြောခဲ့တာ မဟုတ်ဘူးလား။ နောက်ပိုင်းကျရင် အဲ့ဒီ မောင်နှမတွေအကြောင်း စိတ်ပူမနေနဲ့တော့။ ဒီလိုဘဝကောင်းကောင်းမျိုးနဲ့ဆို မင်းအသက်ရှည်ရှည် နေရမှာပါ။" အဖေကျိုးက ပြောလိုက်ပါသည်။

ဒိတစ်ခေါက် သူဒေါသထွက်မိသော်လည်း အားလုံးကို ဗြောင်းဆန်သွားအောင် မလုပ်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် သူ ဖျားနာလာပါက ရှောင်မိန် သူ့ကို ဂရုစိုက်ဖို့အတွက် အချိန်ပိုယူရလိမ့်မည်။ မြေးနဲ့ မြေးသားမက်များကလည်း လူနာလာကြည့်ကြရလိမ့်မည်။ လူများစွာကို ထိခိုက်စေပါလိမ့်မည်။

အမေကျိုးက ပြောလိုက်သည်။ "သူတို့ကို ကျွန်မ ဂရုမစိုက်ပါဘူး။  ကျွန်မ ကြားလိုက်မိရင် ထိန်းမနိုင်အောင် ဒေါသထွက်မိတာပါ။" သူမ ဆုံးမချင်ရင်တောင် သူတို့ကို ဆုံးမလို့မရတော့ပါ။ သို့သော်လည်း သူမ ဒေါသထွက်နေဆဲ ဖြစ်သည်။

သူ့မြေးက ကောင်းကောင်းမွန်မွန် မနေနိုင်ဘဲ ပြဿနာ နောက်တစ်ခု ထပ်ရှာတာကို ဒေါသထွက်မိပါသည်။ ဒီတစ်ခေါက် သူ့ဝမ်းကွဲယောက်ဖ ဝမ်ယွမ်က အင်အား အများကြီး စိုက်ထုတ်ခဲ့ရသည်။ သို့သော် သူကတော့ ကျေးဇူးတင်စကားတောင် လာမပြောခဲ့ပါ။

ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့ ဆိုင်ကို ရှင်းလင်းပြီးနောက် ပြန်လာခဲ့ကြသည်။ သူတို့ ထိုစကားများကို ကြားသွားကြပါသည်။ စုတာ့လင်းက ဘာမှမပြောခဲ့ပါ။ ကျိုးရှောင်မိန်ကတော့ မျက်စောင်းရွယ်လိုက်ပါသည်။

သူမအမေ၏ ဒီအကျင့်ကို ပြောင်းလဲလို့မရဘူးဟု ခံစားမိသည်။

"ဟိုဘက်အိမ်က အဘွားကျန်းက ကျန်းမေ့လျန်ကို ရှုရှန့်ချမ်းနဲ့ ကွာရှင်းဖို့ အတင်းတိုက်တွန်းနေတာ ကြားခဲ့ရတယ်။" ကျိုးရွှမ်က မှင်သက်စရာ သတင်းတစ်ခုကို ထုတ်ပြောလိုက်ပါသည်။

ဒါက မသဲမကွဲ မဟုတ်ပါ။ သူ ရှင်းရှင်းလင်းလင်း ကြားခဲ့ရခြင်းဖြစ်သည်။ ကျန်းမေ့လျန်က ဒီလိုအဖြစ်အပျက်ကြီး ဖြစ်ပြီးနောက် အိမ်ပြန်ပြီး ငိုပြမှာ မထူးဆန်းတော့ပါ။ တခြားသွားစရာနေရာ မရှိသောကြောင့်ဖြစ်သည်။

သူမ ကျန်းမိသားစုအိမ်ကို ပြန်သွားတော့ သူမ အပြစ်တင်ခဲ့သည်။ ရှုရှန့်ချမ်းတွင် ဦးနှောက်မရှိဘဲ ပြဿနာများကို အေးအေးချမ်းချမ်း မဖြေရှင်းတတ်သူဟု အပြစ်တင်သည်။ မဟုတ်ပါက ဒီလောက် ပိုက်ဆံအများကြီး ဆုံးရှုံးစရာ အကြောင်း မရှိပေ။

အဘွားကျန်း ထိုအကြောင်းကို ကြားသောအခါ သူမ အသားဓားနဲ့ လှီးခံရသလို ခံစားလိုက်ရပါသည်။ ယွမ် ၃,၀၀၀ ကြီးများတောင်။ သူမတို့မိသားစု၏ စုဆောင်းငွေ အားလုံးပေါင်းလိုက်ရင်တောင် ထိုမျှပိုက်ဆံ မရှိပါ။

ထို့အပြင် အဘွားကျန်းက သူ့သမီးကို ဆူပူခဲ့သည်။  သူမ ပိုက်ဆံအများကြီး ရှိခဲ့စဥ်က ဒီလိုသုံးရမည့်အစား အိမ်ကိုယူလာသင့်သည်ဟု ပြောခဲ့သည်။

ထို့အပြင် သူမကိုလည်း ဘာမှ လာမပြောခဲ့ပါ။ သူမသာ ကိုင်တွယ်ရမည်ဆိုလျှင် တဖက်လူကို ဒူးထောက်ပြီး ခေါင်းကွဲအောင် နံရံကို ခေါင်းနဲ့ ဆောင့်ကာ တောင်းပန်နိုင်သည်။ ပိုက်ဆံမကုန်ဖို့သာ အရေးကြီးပါသည်။

ကျန်းမေ့လျန်လည်း ဒီတစ်ခေါက် ဒေါသထွက်ပါသည်။ ရှုရှန့်ချမ်းက သူမယောက်ျား ဖြစ်သည်။ ဒီလို ပြဿနာကြီး ဖြစ်လာပြီးနောက်  ပထမဆုံး တွေးမိတာက အဆက်အသွယ်ရှာနိုင်ဖို့ ဖြစ်သည်။ သူမ အမေကို ရှာပြီး ဒီလိုပြဿနာရှာခိုင်းဖို့ စဥ်းစားမိပါ့မလား။

သူမ အိမ်ပြန် ငိုကြွေးပြီး သူမ အမေထံမှ အပြစ်တင်စကားများ ခံလိုက်ရပြီးသောအခါ သူမ စိတ်ပြောင်းသွားသည်။ သူမသာ ပြဿနာရှာမိလျှင် ဒီလောက် ပိုက်ဆံအများကြီး ကုန်မှာ မဟုတ်ပေ။ အမှားလုပ်တာ ရှုရှန့်ချမ်းတစ်ယောက်တည်းသာ မှားတာ မဟုတ်ပေ။

သို့သော်လည်း အခုတော့ နောက်ကျသွားပါပြီ။

အဘွားကျန်းကလည်း သူမ သုံးစွဲလိုက်သည့် ပိုက်ဆံကြောင့် တကယ်ပဲ ဒေါသထွက်နေပါသည်။ ကျန်းမေ့လျန်အား ရှုရှန့်ချမ်းကို ကွာရှင်းဖို့ပင် ပြောလိုက်ပါသည်။

သို့သော်လည်း ကျန်းမေ့လျန်က သဘောမတူခဲ့ပါ။

သူမ ရှုရှန့်ချမ်းကို ဘယ်လိုလုပ်ပြီး ကွာရှင်းနိုင်မည်နည်း။ ကွာရှင်းလိုက်တာနဲ့ သူမ ရောင်းဖို့ ဒီလို အထည်ကောင်းကောင်းတွေ ဘယ်က ရနိုင်တော့မည်နည်း။

နောက်နေ့များတွင် သူမ တခြား အထည်စက်ရုံကောင်းကောင်းတချို့မှ အထည်များ ယူကြည့်ခဲ့သည်။ သို့သော်လည်း ထိုစက်ရုံများက အထည်များ၏ စတိုင်နဲ့ အရည်အသွေးတို့မှာ ဝမ်ယွမ်၏ စက်ရုံနှင့် မယှဥ်နိုင်ပါ။

အရေးအကြီးဆုံးကတော့ သူမ ကလေးမမွေးနိုင်ခြင်းပင်။

သူမ ဆေးရုံကို သွားခဲ့တုန်းက ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သူမ ခန္ဓာကိုယ် ထိခိုက်သွားခဲ့သည်ဟု ဆရာဝန်က ပြောခဲ့ပါသည်။ နောက်ပိုင်း ကိုယ်ဝန်ရဖို့လည်း ခက်ခဲသွားနိုင်သည်။ ကံကောင်းတာက ရှုရှန့်ချမ်းကလည်း ကလေးသိပ်လိုချင်ပုံမပေါ်ပါ။

ဆင်ခြင်တုံတရားမဲ့ပြီး ဦးနှောက်မရှိတာကလွဲလို့ ရှုရှန့်ချမ်းက ကျန်းမေ့လျန်၏ လိုအပ်ချက်စံနှုန်းများဖြင့် ကိုက်ညီသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကျန်းမေ့လျန်က မကွာရှင်းချင်ပါ။

သူနဲ့ အတူတူနေမှသာ ကျိုးမိသားစုနဲ့ အဆက်အသွယ်ကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

စုတာ့လင်း၊ ကျိုးရှောင်မိန်နဲ့ တခြားသူများ ကျန်းမိသားစုပြောခဲ့တာကို ကြားလိုက်ရသောအခါ အားလုံး မျက်နှာပျက်သွားကြပါသည်။

အမေကျိုးက ပြောလိုက်၏။ "အဲ့လို ကွာရှင်းလိုက်ရင် သူ လင်ကောင်းသားကောင်း ရမှာမဟုတ်ဘူး။ ကလေးတောင် မမွေးနိုင်ဘဲနဲ့။ သူ့ကိုအထင်မသေးတဲ့လူ ရှိပါ့မလား။"

"မင်း ဘာတွေပြောနေတာလဲ။" အဖေကျိုးက ပြောလိုက်သည်။

"အဲ့တာ အမှန်ပဲ မဟုတ်ဘူးလား။ သူက လူတွေ အများကြီးနဲ့ အရင်က အတူတူ နေဖူးတယ်။ အစ်မမာကို ကျွန်မ မေးကြည့်ပြီးပြီ။ သူ ကိုယ်ဝန်ဖျက်ချတာကိုတောင် တစ်ယောက်ယောက် မြင်ခဲ့တယ်တဲ့။ သူ့ကို မမိရင် ဘာဖြစ်သွားမလဲ။ မဟုတ်ရင် ဘာလို့ ကျန်းမေ့လျန့်က လက်ထပ်ပြီးတာ ဒီလောက်ကြာနေတာတောင် သားတစ်ယောက် မမွေးသေးတာလဲ။ ဘာလို့ ဘာသတင်းမှ မကြားရသေးတာလဲ။" အမေကျိုးက သွေးအေးစွာ ပြောလိုက်သည်။

ထိုမြေးက လူဆိုးလူမိုက် ဖြစ်သည်။ ပန်းသီးပုပ် ဖြစ်သည်။ ကျန်းမိသားစုကလည်း ဘာထူးသနည်း။ ဒါတောင် ကွာရှင်းချင်တယ်တဲ့လား။ ဒီတိုင်းပဲ နေလိုက်ကြတာ ပိုကောင်းမည်။

ဝမ်ယွမ်က ကျိုးအာ့နီနဲ့ အမြွှာလေးများကို ခေါ်လာသည်။ ဒီလိုနဲ့ ဒီအကြောင်း စကားဝိုင်း ပြီးဆုံးသွားခဲ့ပါသည်။

သိပ်မကြာခင် ကျိုးကွေ့လိုင် ရောက်လာခဲ့သည်။ ကျိုးအာ့နီက သူ့ကိုမေးလိုက်သည်။ "စစ်နီ ဘယ်မှာလဲ။"

"အစ်မစစ်နီက အစ်ကိုကော်တုန်းနဲ့ ထွက်သွားတယ်။ စားသောက်ဆိုင်သွားပြီး ရုပ်ရှင်သွားကြည့်ကြမလို့ထင်တယ်" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။

ထိုအကြောင်းကြားသောအခါ အမေကျိုး၏ စိတ်အခြေအနေ ကောင်းသွားပါသည်။ "ငါတို့ ကျိုးမိသားစုရဲ့ သမီးကမှ စည်းကမ်းရှိတာ။ ပြီးတော့ ကံလည်းကောင်းကြတယ်။"

ထိုစကားပြောလိုက်သော အမေကျိုးမှာ ရွာတွင် ကျိုးလျို့နီ ဘာလုပ်ခဲ့သလဲဆိုတာ မသိသေးပါ။

ကျိုးမိသားစု၏ သမီးတစ်ယောက်က ပတ်ဝန်းကျင်မှာ ဒီလိုပြက်ရယ်ပြုစရာ ကိစ္စကိုလုပ်ခဲ့တာသာ သူမ သိသွားလျှင် သူမ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

ဒီကိစ္စကို ဘယ်သူမှ မပြောရဲကြပေ။

ကျိုးအာ့နီက သူမအမေထံမှ ကြားပြီးသားဖြစ်သည်။ ကျိုးရှောင်မိန်ကလည်း စတုတ္ထယောက်မထံမှ သိပြီးသားဖြစ်၏။ သို့သော်လည်း ဘယ်သူမှ ပြန်မပြောရဲကြပေ။ မဟုတ်ပါက သူမ အသက်အန္တရာယ် ထိခိုက်လောက်သည့်အထိ ဒေါသထွက်သွားနိုင်သည်။

All Chapters