← Chapters

အခန်း(၅၉၈) နှစ်သစ်ကူးမှာ အစ်ကိုကြီးကို သွားတွေ့ခြင်း

Vol. 43 Ch. 598

အခန်း(၅၉၈) နှစ်သစ်ကူးမှာ အစ်ကိုကြီးကို သွားတွေ့ခြင်း

Vol. 43 Ch. 598

အခန်း(၅၉၈) နှစ်သစ်ကူးမှာ အစ်ကိုကြီးကို သွားတွေ့ခြင်း

ရှုရှန့်ချမ်း၏ ရန်ပွဲက ဒီနှစ်ကုန်တွင် ဖြစ်ပျက်ခဲ့သည့် တစ်ခုတည်းသော ပြဿနာသာ ဖြစ်သည်။ ကျိုးမိသားစုဘက်က ပျက်စီးဖို့လမ်းကို ဦးတည်နေသည့် လူတစ်ယောက်ကို လျစ်လျူမရှုခဲ့ဘဲ ကူညီပေးဖို့ လက်ကမ်းပေးခဲ့သည်။ ကျန်တာတော့ ဘာမှ မရှိခဲ့ပါ။

သူကတော့ ကျေးဇူးတင်စကားတောင် လာမပြောခဲ့ပေ။ ထို့ကြောင့် သူတို့မိသားစုကို သွေးအေးသွားစေခဲ့သည်။

ရှန်ဟိုင်းမြို့တော်တွင် အလုပ်များနေသဖြင့် လင်းချင်းဟယ် ဖုန်းမဆက်ခဲ့ပါ။ ဘာသာပြန်အလုပ်က မလွယ်ကူပေ။ အတော်လေး ဦးနှောက်စားရပါသည်။

သို့သော်လည်း သူမ အလုပ်တစ်ခုလို သဘောထားခဲ့သည်။ အချိန်ကုန်စရာ တစ်ခုခုဟု သဘောထားခဲ့သည်။ ဒီလိုမှ သူမ ပျင်းရိမသွားမှာ ဖြစ်ပါသည်။

"ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့ ဒီမှာ ညီမလေးနဲ့ နှစ်သစ်ကူး မနေကြဘူးလား။" ထိုနေ့က ကျန်းကမ်း အိမ်စာလာလုပ်ရင်း စာလုပ်လို့ ပြီးခါနီးသောအခါ မေးလိုက်ပါသည်။

"နှစ်သစ်ကူးအတွက် ပြန်မှဖြစ်မယ်။ နင့်အစ်ကိုကြီးက သေချာပေါက် ဒီနှစ် မိမိလေးကို တွေ့ဖို့ ပြန်လာလိမ့်မယ်။” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"ကျွန်တော် အစ်ကိုကြီးကို မတွေ့ဖူးသေးဘူး။" ကျန်းကမ်းက ပြောလိုက်သည်။

"နင့်အစ်ကိုကြီးကို တွေ့ရဖို့က မလွယ်ဘူး။ သူက နှစ်ကုန် ရက်နည်းနည်းလောက်ပဲ ပြန်လာရတာ။ ဒီနှစ် ပြန်လာရင် နောက်နှစ်ပြန်မလာလောက်ဘူးထင်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

"သြော်" ကျန်းကမ်းက သက်ပြင်းချလိုက်သည်။ သူလည်း မြို့တော်သို့ သွားချင်ပါသည်။

"ဘာတွေ လောနေတာလဲ။ နင်က အခုမှ အထက်တန်း ဒုတိယနှစ်ပဲ ရှိသေးတယ်။ နင် အထက်တန်း တတိယနှစ်ပြီးသွားပြီး မြို့တော်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်သွားရင် နင် ၄နှစ်ကြီးများတောင် လာနေလို့ရတယ်လေ။" လင်းချင်းဟယ်က ပြောပြလိုက်သည်။

သူမ၏ ခေါင်းကိုင်သားအကြောင်း သူမ သိပါသည်။ ကျန်းကမ်းက နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအတွက် မြို့တော်သို့ သွားချင်နေသည်။ သူ ပညာသင်ဖို့ သွားတာနဲ့တင် လုံလောက်ပါပြီ။ နှစ်သစ်ကူးအတွက် သူတို့နဲ့ အတူတူသွားဖို့ မစဥ်းစားပါနဲ့။

အဘွားကျန်းက ရောက်လာသည်။ လင်းချင်းဟယ်အတွက် သကြားညို ဂျင်းလက်ဖက်ရည်တစ်ခွက်လည်း ယူလာခဲ့ပါသည်။

'ကျွန်မအတွက် တကူးတကကြီး သကြားညိုဂျင်းပြုတ်ရည် လုပ်ပေးစရာ မလိုပါဘူး ဒေါ်လေးရယ်" လင်းချင်းဟယ်က အမြန်ပြောလိုက်ပါသည်။

"ဒီလထဲ သကြားညိုဂျင်းပြုတ်ရည် များများ သောက်ပေး။ နင့်အရိုးအဆစ်တွေအတွက် ကောင်းတယ်လေ" အဘွားကျန်းက တိုက်တွန်းလိုက်ပါသည်။ "ပြီးတော့ သကြားညိုနဲ့ ဂျင်းပဲ ထည့်ရတာ ဘာမှမကုန်ပါဘူး။"

"ဒါဆို ချင်းပိုင်ကို ကျွန်မအတွက် ချက်ခိုင်းဦးမှပါ။" လင်ချင််းဟယ်က ပြောလိုက်သည်။

"ဟုတ်ပါပြီ” အဘွားကျန်းက ခေါင်းငြိမ့်လိုက်သည်။ သူမ၏ မြေးကို ကြည့်ကာ ပြောလိုက်သည်။ "လူဆိုးကောင်လေး နင် ဒီမှာ နေ့တိုင်း ညစာစားသွားတာမလား။ မနက်ဖြန်ကစပြီး နင့်အစားအသောက်စရိတ်ပါ နင့်အဖေကို ပေးခိုင်းလိုက်ချေ။"

"အစားအသောက်စရိတ် ဟုတ်လား။ ဒေါ်လေး အဲ့တာတွေ ပြောမနေပါနဲ့” လင်းချင်းဟယ်က သကြားညိုဂျင်းပြုတ်ရည်ကို သောက်လိုက်ပြီး ရွှင်မြူးစွာ ပြောလိုက်ပါသည်။

သူမက တွေးတတ်သည်။ ဂျင်းချပ်များကို ထောင်းထားပြီး သကြားညိုဖြင့် ပြုတ်ထားသည်။ အကျိုးအာနိသင်က တော်တော်လေး ကောင်းမွန်လှပါသည်။

"ဒီမရင့်ကျက်သေးတဲ့ ကလေးက အစားကြီးတယ်။ တော်တော်လေး စားနိုင်တယ်။" အဘွားကျန်းက ပြောလိုက်သည်။

"ဒီတိုင် ပန်းကန်အပိုတစ်လုံး တူအပိုတစ်စုံ ပေးရတာပဲကို ကျွန်မရဲ့ ခေါင်းကိုင်သား ညစာလာစားတာ ဘာမှ အကုန်အကျမများပါဘူး။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်ပါသည်။

ကျန်းကမ်းက ပြောလိုက်သည်။ "ခေါင်းကိုင်အမေ နောက်ပိုင်းကျရင် ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့ကို သိတတ်ပါ့မယ်။"

"နင့်စကားနဲ့ နင်နော်။ နောက်ပိုင်း မေ့သွားရင် နင့်ကို ဆုံးမပြမယ်။" အဘွားကျန်းက ပြောလိုက်သည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ ကျိုးချင်းပိုင်၏ အသံက အခန်းထဲမှ ထွက်လာသည်။ "မိန်းမရေ။ ရေနွေးနည်းနည်းလောက် ယူလာခဲ့ပါဦး။"

လင်းချင်းဟယ်က ရေနွေးယူကာ အခန်းထဲ ဝင်လာခဲ့သည်။ မိမိလေးက အီးပါထားပြီး အောက်ပိုင်းဆေးဖို့ လိုနေပါသည်။

ဒီတာဝန်ကို ကျိုးချင်းပိုင်ကိုသာ ပေးလိုက်သည်။ ပုံစံကိုကြည့်ရတာတော့ အခုလေးတင်မှ နိုးလာပုံရသည်။ သို့သော်လည်း သူ့သမီးလေး၏ တင်ပါးကို စိတ်ညစ်မှုမရှိ မကျေနပ်မှုမရှိဘဲ ဆေးကြောပေးနေပါသည်။

ဒီယောကျာ်းက အလွန်အတွေ့အကြုံရှိသည်။ ဒီလို အေးစက်သည့် ရာသီဥတုမျိုးတွင် လေအေးလေး တစ်ချက်တောင် အတိုးမခံဘဲ သူ့အလုပ်သူ သွက်လက်စွာ လုပ်နိုင်ခဲ့သည်။

နောက်ဆုံးတော့ ကလေးပေါင်ဒါ လိမ်းပေးလိုက်ပြီး ပြီးဆုံးသွားပါပြီ။

ပြောရမည်ဆိုလျှင် မိမိလေး အနာမပေါက်အောင် ကျိုးချင်းပိုင် သေချာဂရုစိုက်ပြီး လုပ်ပေးရပါသည်။

"ဟင်းချက်ဖို့ အချိန်ရောက်ပြီ။ ဘာစားချင်လဲ" ကျိုးချင်းပိုင်က သူ့သမီးလေးကို သန့်ရှင်းရေးလုပ်ပေးပြီးသွားသောအခါ သူ့မိန်းမကို မေးလိုက်ပါသည်။

"ခရမ်းချဥ်သီးနဲ့ ကြက်သားခေါက်ဆွဲပြုတ် လုပ်ပေး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"ကောင်းပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။ မျက်နှာသွားသစ်လိုက်ပြီး ထွက်လာလိုက်ပါသည်။ လင်းချင်းဟယ်က မိမိလေးကို ကြည့်လိုက်သည်။ မိမိလေးက တစ်ယောက်တည်း ကုတင်ပေါ်မှာ ပျော်ရွှင်နေပါသည်။ လေးဘက်လေးရံစလုံးတွင် ခြင်ထောင်ထောင်ပေးထားပြီး လေဒဏ်လည်း ခံနိုင်ပါသည်။

ထို့ကြောင့် သူမကို ဒီတိုင်း ထားလိုက်သည်။ သူမတစ်ယောက်တည်း ကစားနေခြင်းသာဖြစ်သည်။ အေးလည်း မအေးနိုင်ပါ။

"ဒေါ်လေး ဒီနေ့ည ခေါက်ဆွဲစားသွားဦးမလား။" လင်းချင်းဟယ်က မေးလိုက်သည်။

"အဘိုးကြီးက ငါ့အတွက် ပြင်ထားပြီးသား ဖြစ်နေလို့ပါ။" အဘွားကျန်းက ပြောလိုက်သည်။

"ခေါင်းကိုင်အဖေ ကျွန်တော့်အတွက်လည်း ချက်ပေးဦးနော်။" ကျန်းကမ်းက သူ့ခေါင်းကိုင်အဖေကို ပြောလိုက်ပါသည်။

"မင်း ဝေစု မနည်းစေရဘူး" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

အဘွားကျန်းက ရွှင်ပျစွာ ဆူလိုက်ပါသည်။ "ကောင်စုတ်လေး နင်က အခု ပိုပိုပြီး အားမနာလျှာမကျိုး ဖြစ်လာပြီ။"

"ကျွန်တော့် ခေါင်းကိုင်အဖေကို ဘာအားနာဖို့ လိုလို့လဲ။” ကျန်းကမ်းက ပြန်ပြောလိုက်ပါသည်။ "နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲလုပ်ဖို့ ကျွန်တော့် ခေါင်းကိုင်အဖေနဲ့ အမေတို့နဲ့တောင် လိုက်သွားချင်နေတာ"

"ငါ့ကို စကားလာမစမ်းနဲ့။ ငါ့စကားက အသုံးမဝင်ဘူး။ နင်သွားချင်ရင် နင့်အမေကိုသာ သွားမေးချေ" အဘွားကျန်းက လက်ရမ်းပြလိုက်ပါသည်။

ကျန်းကမ်းက ခရမ်းချဥ်သီးပါသည့် ကြက်သားခေါက်ဆွဲပြုတ်ဖြင့် ဗိုက်ဖြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းကိုင်ညီမလေးကို သွားကြည့်ပြီးနောက် အိမ်ပြန်သွားပါသည်။

"မင်းခေါင်းကိုင်မိဘတွေဆီမှာ ညစာစားလာပြန်ပြီလား" ခေါင်းဆောင်ကျန်းက သတင်းစာဖတ်ရင်း သူ့သားပြန်လာသောအခါ လှမ်းကြည့်လိုက်ပါသည်။

လွန်ခဲ့သော တစ်ပတ်လောက်က ခေါင်းဆောင်ကျန်းအား လက်ထောက်ခေါင်းဆောင်နေရာမှ လက်ရှိရာထူးသို့ တရားဝင်ရာထူးတိုးပေးခဲ့သည်။

"ကျွန်တော် နေ့လည်ခင်း ထွက်သွားတုန်းက အမေ့ကို ညစာမချက်ဖို့ ပြောခဲ့တယ်လေ။" ကျန်းကမ်းက ပြောလိုက်သည်။

ခေါင်းဆောင်ကျန်းက သူ့ကို လွှတ်ထားလိုက်ပါသည်။ ရွှယ်မိန်လီက ရေချိုးအိမ်တွင် ရေသွားချိုးသည်။ ကျန်းကမ်းက သူ့ကျောပိုးအိတ်ကိုချပြီး သူ့အဖေနဲ့ လာတိုင်ပင်ပါသည်။

"နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအတွက် မြို့တော်ကို သွားချင်တယ်ဟုတ်လား" ခေါင်းဆောင်ကျန်းက သူ့ကို အံ့သြစွာ ကြည့်လိုက်ပါသည်။ "မင်း အိမ်မှာ မနေချင်ဘူးလား။"

"အဖေ ကျွန်တော့် အကြီးဆုံးအစ်ကိုက ဒီနှစ် ပြန်လာမှာလေ။ ကျွန်တော် သူနဲ့တွေ့ချင်လို့ပါ။ အစ်ကိုကြီးက အရမ်းအားကောင်းတယ်လို့ အစ်ကိုငယ်က ပြောဖူးတယ်။ အထူးသဖြင့် တိုက်ခိုက်တဲ့နေရာမှာ တော်တယ်တဲ့။ လူတစ်အုပ်လုံးနဲ့တောင် တိုက်နိုင်တဲ့လူမျိုးတဲ့” ကျန်းကမ်းက ပြောလိုက်ပါသည်။

ခေါင်းဆောင်ကျန်းက သူ့ကိုကြည့်လိုက်သည်။ "မင်းအမေကို မေးကြည့်လိုက်လေ။ မင်းအမေ သဘောတူမလား ကြည့်ပေါ့။"

ကျန်းကမ်းက ညည်းလိုက်ပါသည်။ "အမေကတော့ သေချာပေါက် သဘောတူမှာမဟုတ်ဘူး။"

"ဒါဆိုလည်း ငါ့ကို ဘာလို့ လာပြောနေသေးလဲ။" ခေါင်းဆောင်ကျန်းက သတင်းစာကို ခါလိုက်ပြီး ဆက်ဖတ်နေလိုက်ပါသည်။ သူ့သားကို လုံးဝလျစ်လျူရှုထားလိုက်ပါသည်။

တကယ်တော့ သူ့သားကို ကျိုးမိသားစုမှ ညီအစ်ကိုများနဲ့ ပိုပြီး ဆက်သွယ်စေချင်ပါသည်။ မှင်နဲ့ ထိတွေ့သူတိုင်း မည်းနက်သွားလိမ့်မည်။ ထိုလူတော်များနောက်ကို လိုက်လျှင် သူကိုယ်တိုင်လည်း ပိုတော်လာနိုင်ပါသည်။

သို့သော်လည်း မြို့တော်သို့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအတွက် သွားဖို့ကိုတော့ သူ မကန့်ကွက်ပါ။ သူ့မိန်းမ အပေါ်သာ မူတည်ပါသည်။

"အဖေ အမေ့ကို ကူပြောပေးပါဦး" ကျန်းကမ်းက တောင်းပန်လိုက်သည်။ သူနှစ်သစ်ကူးအတွက် မြို့တော်သို့ တကယ်သွားချင်ပါသည်။ ထိုအခါ သူ့အစ်ကိုကြီးနဲ့လည်း တွေ့နိုင်ပါသည်။

"မင်းအမေပြန်လာရင် ငါကြိုးစားကြည့်ပေးမယ်။" ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။

ဖြစ်ချင်တော့ ရွှယ်မိန်လီက လက်မခံပါ။ "သူ့ကို မြို့တော်မှာ ကောလိပ်တက်ခိုင်းတာတောင် လွန်လှပြီ။ နှစ်သစ်ကူးလည်း အိမ်မှာ မနေချင်ဘူးတဲ့လား။ ဘယ်လိုပုံစံဖြစ်နေပြီလဲ။"

ကျန်းကမ်းက နောက်နေ့မနက် သူ့အမေ၏ အဆုံးအဖြတ်ကို သိခဲ့ရပါသည်။ ထိုအကြံကို ဖျောက်လိုက်ပါတော့။ မြို့တော်သို့ ကောလိပ်သွားတက်ပြီး နှစ်သစ်ကူး ကုန်ဆုံးဖို့ သူမ ဘာမှ ပြောမည်မဟုတ်ပါ။ လောလောဆယ်တော့ မစဥ်းစားပါနဲ့ဦး။

ထိုအဖြေကို လင်းချင်းဟယ် မျှော်လင့်ထားပြီးသားဖြစ်ပါသည်။ ဘာမှ အံ့သြစရာမရှိပေ။

ရွှယ်မိန်လီသာ သဘောတူလိုက်လျှင် ရွှယ်မိန်လီ မဆန်ရာကျလွန်းသွားပါလိမ့်မည်။

လင်းချင်းဟယ်က ဒီကိစ္စကို သိပ်ပြီး အလေးမထားခဲ့ပါ။ လက်ရှိစာအုပ်ကို ဘာသာပြန်ပြီးနောက် တင်သွင်းဖို့ ထွက်သွားခဲ့သည်။ စာညွှန်းကို မထုတ်ခင် ဆန်းစစ်ရမည်ဖြစ်သည်။ လင်းချင်းဟယ် အလျှင်မလိုပါ။

တခြားလူ၏ ဘာသာပြန်တစ်ဝက်လောက်ကို သိပြီးသောအခါ သူမ အရင်ပြန်သွားလိုက်ပါသည်။

ဒါက သူမ၏ လတ်တလော အလုပ်များဖြစ်သည်။ ကျိုးချင်းပိုင်ကတော့ လုံးဝ ငြိမ်သွားပါပြီ။ သူက ကလေးများကိုဂရုစိုက်သည့် အိမ်ထောင်ဦးစီးကြီးဖြစ်နေပါပြီ။

"ကျွန်မတို့နှစ်ယောက် အခု မိန်းမက အလုပ်ထွက်လုပ်ပြီး ယောက်ျားက အိမ်မှုကိစ္စလုပ်ရတဲ့ လင်မယားတွေလို ဖြစ်နေပြီနော်။" လင်းချင်းဟယ် ပြန်ရောက်လာတော့ ကျိုးချင်းပိုင်တစ်ယောက် အေပရွန်ဝတ်ဆင်ထားပြီး ဝက်နံရိုးဖရုံသီးစွပ်ပြုတ် ချက်ပြုတ်နေသည်ကို မြင်သောအခါ ရွှင်မြူးစွာဖြင့် ပြောလိုက်ပါသည်။

"အလုပ်တွေ အရမ်းလုပ်မနေနဲ့ဦး။" သူမ စာအုပ်တစ်အုပ် ယူလာတာကို မြင်သောအခါ ကျိုးချင်းပိုင်က ပြုံးကာ ပြောလိုက်ပါသည်။

All Chapters